Subscribe to our RSS Feed

"တပ်က ပြင်ပေးပါမယ်လို့ ပြောထား တာကို တမင်တကာ ဇတ်နာအောင် သူတို့ ပြောလို့ပဲ တပ်ကပြင်ပေးရ တယ် ဆိုတဲ့ ပုံဖြစ်အောင် လုပ်နေတာ" ~ ဦးလှဆွေ

From : ..  ဦးလှဆွေ (မကွေးတိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

သူတို့က ပုဒ်မ ၄၃၆ ကို ပြင်ပေးပါ ဆိုပြီးတော့ ကုန်းအော်နေတယ်။ အသည်းအသန်ကို ပြောနေ တာပေါ့လေ။ အဲဒီလို ပြောတဲ့အခါမှာ တပ်မတော်ကရော ၊ သမ္မတကရော ၊ ဦးရွေမန်းကရော အခြေခံ ဥပဒေထဲမှာ ရှိတဲ့ ပြင်သင့် ပြင်ထိုက်တာ တွေ ပြင်မယ် လို့ ပြောတယ်။ ပြင်မယ်လို့ ပြောရင် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်ရမယ်။

၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်မှ အထဲက ပုဒ်မ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ဆိုတဲ့ ပုဒ်မတွေက ပြင်လို့ရမှာ ။ ဒီ ၄၃၆ ကြီးကို ဟပေးလိုက်မှ အထဲထဲကို ၀င်လို့ရမှာ ဖြစ်တဲ့အတွက် ပြင်မယ်လို့ တပ်မတော်ကရော ၊ သမ္မတ ကရော ၊ ဦးရွှေမန်းကရော ပြောထားပြီး ဖြစ်တဲ့အတွက် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးဟာ အလိုအလျောက် ပွင့်ပြီးသားလို့ ပြောချင်တယ်။ ဆိုလိုတာက တပ်မတော်က လည်း ဒါကို ထောက်ခံမဲ ပေးမှာပဲ။ ကြံခိုင်ရေးကလည်း ထောက်ခံမဲ ပေးမှာပဲ။ ဘယ်သူမှ မကန့်ကွက်လို့ ရှိရင် ၄၃၆ ကြီးက Pass ဖြစ်သွား မှာပဲ။ ၄၃၆ ကြီးအတွက်ကို ပူစရာ မလိုတော့ဘူးလို့ ကျနော်က မြင်တယ်။

ဒါပေမယ့် တပ်က ပြင်ပေးပါမယ်လို့ ပြောထား တာကို တမင်တကာ ဇတ်နာအောင် သူတို့ ပြောလို့ပဲ တပ်ကပြင်ပေးရ တယ် ဆိုတဲ့ ပုံဖြစ်အောင် လုပ်နေတာ။ ပြင်စရာ ရှိတာ ပြင်ပေးမယ် လို့ ပြောထားပြီးသားပဲ။ တပ်က ပြင်ဖို့ရှိတဲ့ အချက်အလက် တွေ အကုန်လုံး ပေးပြီးပြီလို့တောင် ကျနော်တို့ သတင်း ရထားတယ်။

.. www.MyanmarExpress.net
 
3 comments:

နိုင် ငံ တော် အ စိုး ရ က လွှတ် တော် က ချ မှတ် ထား တဲ့ ဥ ပ ဒေ တွေ ကော အ ထက် က အောက် က လုပ် ကြ ရဲ့ လား လိုက် နာ ကြ ရဲ့ လား
ဥ ပ မာ လမ်း ကျောက် ကန် ထ ရိုက် ပါ မစ် နဲ့
လုပ် ရ တဲ့ လုပ် ငန်း တွေ ကို ဘာ ပါ မစ် ဘာ ကန် ထ ရိုက် မှ မ ပါ ဘဲ နဲ့ လုပ် နေ ကြ တာ
ပန့် ဆိုင် တ ရား ဝင် လျှောက် မှ တရား ဝင် ပန် ဆိုင် ဖြစ် တာ ကို မ လျှောက် ဘဲ ပါ မစ် မ ရ ဘဲ ပန့် ဆိုင် ဖွင့် ရောင်း တာ
ဒါ တွေ ဟာ အ ထက် က ဥ ပ ဒေ ချ မှတ် ပြိး လုပ် ကြ ပေ မဲ့ တရား မ ဝင် လုပ် နေ ကြ တာ တွေ ဟာ နိုင် ငံ တော် ရဲ့ ချ မှတ် ထား တဲ့ ဥ ပ ဒေ ဟာ စာ ရွက် ပေါ် မှာ ဘဲ ရေး ထား ပြိး ဥ ပ ဒေ တွေ ဟာ အ လ ကား ဖြစ် နေ ကြ ပါ တယ်
နောက် ပြိး
အ စိုး ရ အ နေ နဲ့ ညဏ် အ မျော် အ မြင် နဲ့ လုပ် ကြ ရ မယ့် ဟာ ကို အ မျော် အ မြင် မ ရှိ သ လို ဖြစ် နေ ကြ တယ်
ဥ ပ မာ
ဘဏ် လုပ် ငန်း တွေ ပန့် ဆိုင် တွေ ပေါ့
ဒီ တစ် မြို့ မှာ ၂ ခု ဆို လောက် ရဲ့ နဲ့ အ များ ကြိး ချ ပေး လိုက် တော့ ဘဏ် တွေ ပန့် ဆိုင် တွေ က များ ပြိး ဝယ် သူ သွင်း သူ က နည်း နေ တော့ မ ကြာ ခင် ပန့် ဆိုင် တွေ ဘဏ် တွေ ဒေ ဝါ လီ ခံ ကြ ရ တော့ မယ်
နောက် ဆက် တွဲ တွဲ ပြ သ နာ တွေ က အ များ ကြိး ပါ
ဒီ လို မီူး မ ဖြစ် အောင် နိုင် ငံ တော် မှာ တာ ။န် ရှိ ပါ တယ်
စီး ပွါး ရေး စီ မန် ခန့် ခွဲ မူ ညံ့ ဖျင်း တယ် လို့ ဆို ရ မှာ ပါ တစ် ဘို့ သ မား တွေ ကြောင့် ပါ များ များ ရှောက် တော့ များ များ လဒ် လာ ဘ ရ တယ် ပေါ့
ဘယ် သူ သေ သေ ငါ မ သေ ပြိး ရော ပေါ့

ပြင် ကြ ပါ အုးံ
ပခက တာ တ်း

Auspicious news for all Myanmar !!!
၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်မှ အထဲက ပုဒ်မ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ဆိုတဲ့ ပုဒ်မတွေက ပြင်လို့ရမှာ ။ ဒီ ၄၃၆ ကြီးကို ဟပေးလိုက်မှ အထဲထဲကို ၀င်လို့ရမှာ ဖြစ်တဲ့အတွက် ပြင်မယ်လို့ တပ်မတော်ကရော ၊ သမ္မတ ကရော ၊ ဦးရွှေမန်းကရော ပြောထားပြီး ဖြစ်တဲ့အတွက် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးဟာ အလိုအလျောက် ပွင့်ပြီးသားလို့ ပြောချင်တယ်။ ဆိုလိုတာက တပ်မတော်က လည်း ဒါကို ထောက်ခံမဲ ပေးမှာပဲ။ ကြံခိုင်ရေးကလည်း ထောက်ခံမဲ ပေးမှာပဲ။ ဘယ်သူမှ မကန့်ကွက်လို့ ရှိရင် ၄၃၆ ကြီးက Pass ဖြစ်သွား မှာပဲ။ ၄၃၆ ကြီးအတွက်ကို ပူစရာ မလိုတော့ဘူးလို့ ကျနော်က မြင်တယ်။

Auspicious News for all Myanmar !!!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်