Subscribe to our RSS Feed

အသွေးအရောင်ပြောင်းလဲလာသော ကေအိုင်အေ



ယခုရက်ပိုင်း သတင်းများတွင် ထိပ်တန်းရောက်နေသော သတင်းများမှာ ကချင်ပြည်နယ်တိုက်ပွဲ သတင်းများပင်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရသစ်သည် တိုင်းရင်းသား လက်နက်ကိုင်များအား တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်၍ လက်တွေ့ကျသော ချဉ်းကပ်ဆောင်ရွက်မှုများကြောင့် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခင်က သွားရလာရခက်ခဲသော တိုက်ပွဲများအမြဲတစေဖြစ်ပွားနေသော ကရင်ပြည်နယ်လို ဒေသမျိုးတွင်ပင် တည်ငြိမ်အေးချမ်းစပြုနေပြီ ဖြစ်သည်ကို အထင်အရှား တွေ့မြင်နိုင်ပေသည်။

အလားတူပင် KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ၊ နှစ်ဘက်တပ်များ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားရန် သဘောတူညီခဲ့သော်လည်း KIA အဖွဲ့သည် လိုက်နာဆောင်ရွက်ခြင်းမပြုသည့်အပြင် တပ်မတော်စစ်ကြောင်းများအား အမြဲတစေ ရန်စ တိုက်ခိုက် နေသည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဤနေရာတွင် KIA ၏ သမိုင်းကြောင်း KIA ဘာလဲ၊ဘယ်လဲဟု စောကြာရန် လိုအပ်လာပြီဖြစ်သည်။ KIA စတင်တည်ထောင်စဉ် မူလအစက ကချင်လူမျိုးများ တန်းတူ အခွင့်အရေးရဖို့ဟုဆိုကာ အစိုးရအား လက်နက်ကိုင်ပုန်ကန်ခဲ့သော်လည်း ယခုအခါတွင် လက်နက်ကိုင်အဖွဲ့အစည်းအဖြစ်မှ တရားမ၀င် စီးပွားရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံသားများအား တရားမ၀င် ခိုးသွင်းသော၊ ကချင်ပြည်နယ်၏ အဖိုးတန်လှသော သယံဇာတများကို ဖျက်ဆီးနေသော၊ အေးချမ်းစွာလုပ်ကိုင်စားသောက်ကြသော ကချင်တိုင်းရင်းသားနှင့် ဒေသခံတို့၏ သားသမီးများအား အတင်းအကြပ် လူသစ်စုစောင်းနေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရုပ်လုံးပေါ်လာနေပြီဖြစ်သည်။


လက်ရှိတွင် KIA သည် ၀ိသမလောဘသမားများနှင့်ပေါင်းကာ သစ်များ အလွန်အကျွံ ခိုးထုတ်ခြင်း၊ ကျောက်စိမ်းများအား တစ်ဖက်နိုင်ငံသို့ ဈေးပေါပေါဖြင့်ရောင်းကာ လက်နက် ခဲယမ်းများဝယ်ယူခြင်း၊ ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေတူးရန်ဟုအကြောင်းပြကာ တရုတ်နိုင်ငံမှ အလုပ်သမားများအား တရားမ၀င်ခိုးသွင်းခြင်း၊ ၀င်ရောက်နေထိုင်ခွင့်ပြုခြင်း၊ သစ်တောများအား တရားမ၀င် ထုတ်ယူစေခြင်းတို့ကြောင့် ကချင်တစ်မျိုးသားလုံးသာမက မြန်မာ့အမွေအနှစ်ဖြစ်သည့် ခါကာဘိုရာဇီရေခဲတောင်ပင်လျှင် အရည်ပျော်စပြုလာပြီဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

ကချင်ပြည်နယ်မှ သယံဇာတများကို အလွန်အကျူးထုတ်ယူသုံးစွဲကာ ရရှိလာသော ပိုက်ဆံများဖြင့် လက်နက်ခဲယမ်းများဝယ်ယူကာ ဒေသခံများအပေါ် အတင်းအကြပ် လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများပြုလုပ်နေသည်မှာ ကချင်လူထု ကောင်းစားရေးအတွက်လား ၄င်းတို့ထိပ်ပိုင်းခေါင်းဆောင်များ၏ အကျိုးစီးပွားအတွက်လားဆိုသည်မှာ သာမန် အရပ်သားတစ်ဦးပင်လျှင် သိရှိနိုင်မည်ဖြစ်ပေသည်။

ယခုဆွေးနွေးနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာနေခြင်းမှာလည်း အထက်ပါ အကြောင်းအချက်များကြောင့်ပင်ဖြစ်သည်ကို အထင်အရှား တွေ့နိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့သည် တစ်ခုပဲရှိရမည်ဆိုသည်မှာ တစ်ကမ္ဘာလုံးက ချွင်းချက်မရှိလက်ခံ ထားသော အခြေခံ သဘောတရားဖြစ်သည်။ နောက်ထပ် လက်နက်ကိုင်အဖွဲ့ရှိရင်....... ဒါဟာသူပုန်ပါပဲ ၊ သူပုန်ကို အစိုးရက သူပုန်လိုမဆက်ဆံပဲ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ပြန်လည် တည်ဆောက်လိုတဲ့ စိတ်နဲ့ အောက်ချ ဆက်ဆံပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတာကို အကြိမ်ကြိမ်ပျက်အောင် လုပ်ဆောင်နေခြင်းမှာ စင်စစ်အားဖြင့် ကချင်လူထု ကောင်းစားရေးထက် ၄င်းတို့၏ အကျိုးစီးပွားကို ကာကွယ်လိုရင်းသာဖြစ်သည်။

ထို့အပြင် ကေအိုင်အေဖွဲ့သည် ဆက်ကြေးတောင်းယူမှုများလည်း ယခင်ကထက် ပိုမိုများပြားလာသည် ဟု ကျောက်တူးဖော်ရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့ပြီး ဒုက္ခသည်များကို အကြောင်းပြု၍ ကုမ္ပဏီအကြီးတစ်ခုကို ကျပ်သိန်း ၁၀၀၀မှ သိန်း ၁၀၀၀၀ ထိ တောင်းယူမှုများရှိကြောင်း သိရှိရသည်။ ပြီးခဲ့သော လအနည်းငယ်ကလည်း တပ်မတော် စစ်ကြောင်းများမှ တရားမ၀င်သစ်မှောင်ခိုထုတ်နေသော တရုတ်နိုင်ငံသားများအပါအ၀င် သစ်မျိုးစုံ တန်ချိန်ထောင်နှင့်ချီ၍ ဖမ်းဆီးရမိခဲ့သေးသည်။

မည်သည့်နေရာတွင်ပင်ဖြစ်စေ လောဘစိတ်ဝင်လာလျှင် အမှားများလာမည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခုအခါ ကချင်လူထုကောင်းစားရေးအတွက်ဟုဆိုတာ တည်ဆဲအစိုးရအား လက်နက်စွဲကိုင်တိုက်ခိုက်လာခဲ့သော ကေအိုင်အေသည် ၀ိသမစီးပွားရေးသမားများနှင့်ပေါင်းကာ ပြည်နယ် သယံဇာတများအား ပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးသည်အထိ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ဒေသခံများအား အတင်းအကြပ်ဖမ်းဆီးကာ လူသစ်စုဆောင်းခြင်း၊ တစ်ဖက်နိုင်ငံမှ နိုင်ငံသားများအား တရားမ၀င် လူမှောင်ခိုကူးခြင်းတို့အားလုပ်ဆောင်ကာ ကချင်လူထုအကျိုးစီးပွားအတွက် လက်နက်စွဲကိုင်သော အဖွဲ့အစည်းအဖြစ်မှ ၄င်းတို့၏ စီးပွားရေး အကျိုးစီးပွားများ မထိခိုက်စေရန်အတွက် လက်နက်စွဲကိုင်ကာ အဖျက်အမှောင့်အမျိုးမျိုးကို လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုအဖြစ် ပီပီပြင်ပြင် ပုံပေါ်လာပြီဖြစ်ပါကြောင်း ဤနေရာမှ ရေးသားလိုက်ရပေသည်။

၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် မေလ ၁၀ ရက်အထိ ကေအိုင်အေထိန်းချုပ်ရာဒေသအတွင်း တရားမ၀င်ယာဉ်၊ သစ်များ ဖမ်းဆီးရရှိခဲ့မှု

စဉ် ခုနှစ်          ယာဉ်(စီး) စက်လှေ  ဆိုင်ကယ်     သစ်(တန်)       မြန်မာ တရုတ် ပေါင်း

၁။ ၂၀၁၃ ခုနှစ် ၁၁၃       ၁၇          ၃၃              ၂၁၇၅              ၃၁   ၄          ၃၅

၁။ ၂၀၁၄ ခုနှစ် ၁၁၅        ၁           ၉                 ၅၃၀၄             ၈      ၂၃        ၃၁



၂၀၁၄ ခုနှစ်အတွင်း ကေအိုင်အေထိန်းချုပ်ရာဒေသအတွင်း တရားမ၀င်ရွှေမှော်လုပ်ငန်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၄၁ သိး၊ ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိမှုစာရင်း



၁ ။ တရုတ်နိုင်ငံလုပ် ၁၀ ဘီးယာဉ် ၁၂ စီး

၂။ လုပ်တာ ၁ စီး

၃။ ပါဂျဲရိုး ၂ စီး

၎။ ၆ ဘီး ဒိုင်နာယာဉ် ၁ စီး

၅။ ဘက်ဟိုး ၂ စီး

၆။ တရုတ်နိုင်ငံလုပ် မီးစက်ကြီး ၂ လုံး

၇။ ဆီသိုလှောင်ကန် ၂ ကန်

၈။ ဒီဇယ်တိုင်ကီ ၇ လုံး

၉။ မိုးကာလူနေတဲ ၆ လုံး

၁၀။ ရွှေတူးသံဖောင် ၄ ဖောင်

၁၁။ မှုန်စုတ်စက် ၂ လုံး

၁၂။ တရုတ်နိုင်ငံသား ၄၁ ဦး

1 comments:

We have been urging the president to revise his "peace at all costs" policy with KIA for a long time on this website. The President does not seem to hear us. Our young gallant soldiers and officers, and law abiding citizens are dying every day due to KIA. KIA has no intention of agreeing peace accord.
All of us who agree that enough is enough with KIA band together and urge the president to listen to us.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်