Subscribe to our RSS Feed

ဒေါ်စု၏ တဖက်သက် စွပ်စွဲပြောဆိုမှုများအား အမျိုးသမီးစစ်သည်တစ်ဦးမှ ကန့်ကွက်

From : .. Myanmar Female Soldiers


အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင်လေ့ရှိပါတယ်

နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အန်တီစု စကား ကိုလည်း အလေးအနက်ထားတာကြောင့်ရယ် အန်တီစုကို ပုဂ္ဂိုလ်ရေးအရ လေးစားတာကြောင့်ရယ်ပါ..

အခုနောက်ပိုင်း အန်တီစု မိန့်ခွန်းတွေဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေပါလာတာကို သတိထားမိပါတယ်…

ဒီကနေ့ ရန်ကုန်မှာ အန်တီစုပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ကျွန်မတို့ တပ်မတော်သား တွေကို အဓိပ္ပါယ်မဲ့ တိုက်ခိုက်မှုတွေ အများကြီးပါနေပါတယ်…

“အခုဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျွန်မတို့ သာမန်ပြည်သူများနဲ့ တပ်မတော်သားများကြားမှာ ခွဲခြားထားတဲ့ တန်းတူညီမျှမှုမရှိတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီလိုခွဲခြားထားတာက နိုင်ငံတော်ကိုလည် အကျိုးမပြုပါဘူး၊ တပ်မတော်ကိုလည်း အကျိုးမပြုပါဘူး”

လို့ အန်တီစုက ပြောပါတယ်။ တပ်မတော်အတွက် အကျိုးမပြုဘူး.... တပ်မတော်သားတွေက ကိုယ့်ကျိုးအတွက် လုပ်နေတာ မဟုတ်ဘူး... ဆိုတာ အန်တီစု သိပြီသားဖြစ်နေမှတော့ ဘာအတွက် တပ်မတော်သားတွေကို ပြဿနာရှာနေစရာလိုနေသေးလို့လဲ….  ပြီတော့ ၂၀၀၈ အခြေခံဥပဒေက တပ်မတော်နဲ့ ပြည်သူကို တန်းတူမရှိအောင် ခွဲခြားထာတယ် ပြောရအောင် ဥပဒေ ထဲမှာ တပ်မတော်သားတွေကို ပြည်သူတွေထက် ဘာတွေ ပိုပေးရမယ်၊ ဘာအခွင့်အရေးတွေ ရရမယ်လို့များ ပါနေလို့လဲ… အမှန်တကယ် တပ်မတော်နဲ့ ပြည်သူကို ခွဲနေတာက အန်တီစုကိုယ်တိုင်ပါ.. လွှတ်တော်ထဲမှာ တပ်မတော်သားတွေနဲ့ ပြည်သူတွေ တန်းတူညီတူ ထိုင်နေတာကို မထိုင်ရဘူးအော်နေတာ အန်တီစုပဲမဟုတ်ပါလား… သေချာလည် စဉ်းစားစေချင်ပါတယ်…

“ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး”
လို့ အန်တီစုကပြောခဲ့တယ်။ ကျွန်မတို့ တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်အားလုံးဟာ ပြည်သူကို ယုံကြည်ပြီးသားဖြစ်ပါတယ်… ကြိုက်တဲ့ တပ်မတော်သားကို မေးကြည့်လို့ရပါတယ်... အန်တီစုကို ဘယ်တပ်မတော်သား တစ်ဦးဦးကများ ပြည်သူကို မယုံဘူးလို့ ပြောခဲ့ဖူးတာရှိပါသလဲ.... မရှိပဲနဲ့ စွပ်စွဲပြောဆိုတာဆိုရင်တော့ အန်တီစုဖက်က သိက္ခာရှိရှိ ပြန်တောင်းပန်သင့်ပါတယ်.... ကျွန်မတို့ကိုယ်တိုင်ကလည် ပြည်သူထဲက ပေါက်ဖွာလာတဲ့ လူသားတွေဖြစ်ပါတယ်.. မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး… ကျွန်မတို့ နယ်လှည့်ဆေးကုချိန်မှာ ပြည်သူတွေက ကျွန်မတို့ကို ယုံကြည်မှုရှိရုံတင်မကပါဘူး.. ယုံလည်ယုံကြည်ပါတယ်.. အားလည်းအာကိုးပါတယ်… အမှန်ကတော့ ပြည်သူနဲ့ တပ်မတော်ကို မယုံတာက အန်တီစု ကိုယ်တိုင်ပါ….  အန်တီစုကလည်း ပြည်သူနဲ့ တပ်မတော်ကို ယုံတယ်ဆိုရင်.. အန်တီစုကိုလည်း ပြည်သူနဲ့ တပ်မတော်က ယုံတယ်ဆိုရင် အန်တီစု အခုလို အာပေါက်အောင်နယ်တကာလှည့် လိုက်ပြောနေစရာမလိုပါဘူး... အိမ်မှာ ပြန်ထိုင်နေလိုက်ပါ... ၂၀၁၅ မှာ အန်တီစု သမ္မတဖြစ်ပါလိမ့်မယ်... အန်တီစုကိုယ်တိုင်က ပြည်သူနဲ့ တပ်မတော်တင် မကပဲ ကိုယ့်ကိုယ်ကိုတောင် မယုံလို့သာ အခုလို လိုက်အော်နေရတာပါ...

“ကျွန်မတို့နိုင်ငံမှာ အစိုးရနဲ့ အာဏာရှိသူများကို မဝေဖန်ရဲကြဘူး…”
တဲ့..
အန်တီ့ စကားက ရီစရာ အရမ်းကောင်းပါတယ်… အန်တီ ဂျာနယ်မဖတ်လို့လား… Facebook မသုံလို့လား… ဒါမှမဟုတ် မြင်ချင်တာပဲ မြင်ပြီ မမြင်ချင်တာကို ကျော်သွားလို့လား… တစ်ခုခုပါပဲ… အဆင့်တန်းရှိရှိ ဝေဖန်တတ်ဖို့ကတော့ အန်တီနဲ့ နီးစပ်သူတွေနဲ့ အန်တီတို့ ပါတီဝင်တွေကို အရင်သင်ကြားပေးစေချင်ပါတယ်....

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထာတဲ့ ဥပဒေဖြစ်တယ်… တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်ပါတယ်။ အခြားပြည်သူများထက် ပိုပြီးတော့ အခွင့်အရေး ရနေတာဟာ တကယ်ပဲ ဝမ်းသာစရာဟုတ်ရဲ့လား.. ကိုယ့်ဘေးလူတွေထက် ကိုယ်က လက်နက်အာဏာကြောင့် အထူအခွင့်အရေးရနေတာဟာ သိက္ခာရှိရဲ့လား.. ကိုယ့်အတွက်ကောင်းရဲ့လား”

လို့ အန်တီက ပြောပါတယ်။  ကျွန်မတို့ ဘာတွေများ အထူးအခွင့်အရေးရနေတာရှိလို့လဲ… ကျွန်မတို့ စားနေတဲ့ အစားအသောက် တွေကို အန်တီစားနိုင်ပါ့မလား… အန်တီအခု ရန်ကုန်ကနေ မန္တလေးကို လေယာဉ်နဲ့ သွားနေချိန်မှာ ကျွန်မတို့ တပ်မတော်သာတွေ ရထားတောင် အနိုင်နိုင်ပါ… နေရတဲ့ အိမ်တွေ၊ လိုင်းခန်းတွေလည် လာကြည့်ပါအုံး.. အခု အန်တီစီးနေတဲ့ ကားမျိုး မစီးရရင်နေပါစေ.. တွန်းပြီး စက်မနှိုးရတဲ့ FAW ကားလောက် ဆိုရင်ကျွန်မတို့ ဝမ်းသာလှပါပြီ… အဲဒါ အထူးအခွင့်အရေတဲ့လား… ကိုယ့်ဘေးက လူတွေထက် ကိုယ်က အထူအခွင့်အရေး ရသတဲ့လား… ကျွန်မ သူငယ်ချင် ၉၀% က ကျွန်မထက် ချမ်းသာနေကြပါတယ်… ၅၀% က နိုင်ငံခြားမှာပါ.. တစ်ခါတစ်ရံ ကျွန်မတို့ သူငယ်ချင်းတွေ ဆုံလို့ရှိရင် ကျွန်မမှ အဝတ်အစားကောင်းကောင်း မဝတ်နိုင်လို့ သူငယ်ချင်တွေက သနားပြီး အလုပ်ထွက်လာဖို့နဲ့ သူတို့ဆီလာဖို့ အမြဲအခေါ်ခံရပါတယ်… အဲဒါ အန်တီပြောတဲ့ ကိုယ့်ဘေးကလူထက် ပိုပြီးရနေတဲ့ အခွင့်အရေးတဲ့လား….

အန်တီကပြောတယ်
“ဖေဖေက တပ်မတော်ထဲမှာနေရတာ ပိုမြတ်နိုးတယ်… သူ့သဘာဝနဲ့ ကိုက်တယ်… စည်းကမ်းရှိတယ်..၊ ပင်ပင်ပန်းပန်းနေရတယ်..၊ ဆင်းဆင်းရဲရဲနေတတ်တယ်…၊ စွန့်လွတ်ချင်တယ်….”
တဲ့.. တပ်မတော်သားတွေက ပင်ပင်ပန်းပန် ဆင်းဆင်းရဲရဲနေရတာ.. စည်းကမ်းနဲ့နေရတာ… မိသားစုတွေ.. သံယောဇင်တွေ.. စွန့်လွှတ်ရတာ အန်တီ သိသားနဲ့ ဘာကြောင့် အန်တီ့စကားတွေ က ရှေ့နောက် မညီဖြစ်နေရတာလဲ….

“ကျွန်မ တစိုက်မက်မက်ပြောခဲ့တယ် တပ်မတော်အပေါ် မေတ္တာထားတယ်” 
“ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်မို့…”
တဲ့…. ဘယ်လိုမေတ္တာတွေများထားတာလဲ… အန်တီစုရဲ့ ဖခင်က ဗိုလ်ချုပ်အောင်ဆန်းပါ… တပ်မတော်ရဲ့ ဖခင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းပါ… အန်တီစုနဲ့ တပ်မတော်က မောင်နှမတွေပါ.. ဒါပေမယ့် အန်တီစုက မောင်နှမလိုလည်း သဘောမထားတာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး… တစ်ခုတော့ ရှိတာပေါ့ မောင်နှမ အရင်း ဦအောင်ဆန်းဦး နဲ့တောင် ရန်သူလိုသဘောထားနေတာဆိုတော့ တပ်မတော်ကိုလည် ရန်သူလို သဘောထာတာလည်း မဆန်ပါဘူး….

“သိက္ခာရှိစေချင်တယ်၊ ပြည်သူတွေချစ်တဲ့ တပ်မတော်ဖြစ်စေချင်တယ်..” 
“အဆင့်တန်းရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်..”
တဲ့…. နိုင်ငံကလည်း အဆင့်အတန်းရှိပြီးသားပါ… တပ်မတော်သားတွေနဲ့ ပြည်သူတွေကလည်း ချစ်ပြီးသားပါ… ကျွန်မတို့ နယ်လှည့်ဆေးကုချိန်တိုင်းမှာ ပြည်သူတွေက ကျွန်မတို့ ပြန်တိုင်း တားကြပါတယ်… မျက်ရည်ကျကြပါတယ်…  နောက်နှစ်တွေ ထပ်လာဖို့ပြောကြပါတယ်.. ရှိစုမဲ့စုလေးတွေနဲ့ ကန်တော့ကြပါတယ်… အဲဒီမြင်ကွင်းမျိုးတွေကို အန်တီစုမြင်စေချင်တယ်.. ဒါပေမယ့် အန်တီစု လိုက်ကြည့်နိုင်မယ် မထင်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သွားနေတဲ့ ရွာတွေက အန်တီစုရဲ့ ကားအကောင်စားကြီးတွေ မောင်းလို့ရမှာမဟုတ်ဘူးလေ…..

နောက်ဆုံး အန်တီစု ပြောခဲ့တယ်…
“ဖေဖေကပြောတယ် သူများနိုင်ငံ လမ်းလျှောက်ချိန်မှ ကိုယ်တွေက ပြေးမှ တော်ကာကျမယ်”
တဲ့… အဲဒီစကာကို သမ္မတကြီး ဦသိန်းစိန်လည် ပြောတာကြားဖူပါတယ်.. ဟုတ်ပါပြီ.. ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံတွေထက် စီးပွားရေး၊ ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး စတာတွေအာလုံး နောက်ကျနေပါတယ်… အဲဒါတွေ တိုးတက်အောင် မပြေးပဲ အန်တီစု ဘာကြောင့် ဘေးထိုင်ဘုပြော လုပ်နေရတာလဲ… စီပွားရေးဖွင့်ဖို့ ဘာကြောင့်မပြောရတာလဲ… အခု အန်တီစု လွတ်လပ်စွာ လှုပ်ရှားနေတာ ၂ နှစ်ရှိပါပြီ… ဗိုလ်ချုပ်အောင်ဆန်းပြောတာယုံပြီး ကျွန်မတို့ ဘယ်လောက်ပြေးပြေး အန်တီစု အဲလိုလုပ်နေလို့ကတော့ ဘာမှထူးခြားမှာမဟုတ်ပါဘူး… ဒါကြောင့် အန်တီစုအနေနဲ့ အပြောလေတွေလျှော့ပြီး အလုပ်လေးတွေနဲ့ သက်သေပြဖို့ တိုက်တွန်းလိုက်ရပါတယ်…

စစ်သမီးတစ်ဦး

.. www.MyanmarExpress.net
 

15 comments:

Su kyi is committing Wa-Zee-Do-Yike.
That is she is talking Pee-Thu-Na-War-Sar.
It appears that she does not inherit any of Bo-Gyoke-Aung-San character. She has no facial or behavioral similarities with Bo-Gyoke-Aung-San.
Conclusion:
AUNG SAN SU KYI IS A DAUGHTER OF DAW KHIN KYI
BUT BO-GYOKE-AUNG-SAN IS NOT HER FATHER.

စစ်သမီးတစ်ဦး ဆိုတာ လဒူချုပ်မှူးကြီးရဲ့ သမီး စိန်စီသောဖာသယ်မ ဇာတ်ကားဖြင့် နာမည်ကြီးသူ ဖြစ်ပါကြောင်း

good, this is the truth for our country.

ဖအေနဲ့သမီး နံ့သာဆီနဲ့အီးလိုပါပဲ တခြားစီပါ

နိုင်ငံရေးဆိုတာတကယ်တော့လံကြုတ်တွေ
အရေးအခင်းတုန်းကစစ်တပ်ရက်စက်တယ်
လို့ပြောတယ်။ မင်းတို့ဆန္ဒပြတဲ့ကောင်တွေ
ရက်ရက်စက်စက်ခေါင်းဖြတ်သတ်တာတော့
ထည့်မပြောတော့ဘူးလား ၈၈ တို့ NLD တို့
ဆိုတဲ့ကောင်တွေ ။

ကောင်းတယ် ဒါမှ ဒေါ်စုနားလည်မှာ

အ မှန်တွေ မို့ လက် ခံ ပါ တယ်။တပ် မ တော် သား တွေ ရဲ့ ဘ ဝ ကို မ သိ ဘဲ သ မ္မ တ ဖြစ် ချင် စိတ် နဲ့ မ ပြော သင့်  ပါ။ တပ် မ တော် သား တွေ ရဲ့  အ ကြောင်း ကို တပ် မ တော် မှာ နေ ဘူး သူ ထက် ဘယ် သူ က ကိုယ် ချင်း စာနိုင် မှာ လဲ။NL D တိုင်း ပြည် ကောင်း ကျိုး ဘာ လုပ် ထား လဲ ။ ပြ ပါ။

ပြောချင်တာကတော့ -ီးပဲ ဒေါ်စု

အ ရေးအသားတွေမ ကောင်းကြဘူး
ကိုယ်ဇာတိကိုယ်ဖေါ်နေကြတယ်

မြန်​မာတနိုင်​ငံလုံးသိ​အောင်​TV chanel က​နေလွင့်​​ပေး​စေချင်​တယ်​ လွတ်​လပ်​စွာ​ပြောဆိုနိုင်​ပြီဆိုပြီးသူတို့က​တော့အစိုးရ​ပေါ်အပုပ်​ချလိုဒီမျိုးဖျက်​မကြီးကမြန်​မာ​တွေအားလုံးသူ့ဖက်​မှာထင်​​နေတယ်​ပြန်​ပြီးအမြီးနင်းဖို့သင်​ပြီ

သန်း ၆၀ သော ပြည်သူ တွေ အစ်မကြီး စု ဘက်က ရှိတယ် ဆို ရင် ... လာ ခဲ့ ပါ ..ရခိုင် ပြည်နယ် စစ်တွေ ကို လာခဲ့ ပါ ဖိတ်ခေါ် ပါ တယ်... သန်း ၆၀ သော ပြည်သူ တွေ အစ်မကြီး ဘက် မှာလို့ မပြော နဲ့ နား ကြားမြင်း ကပ်လို့

နိုင်ငံပိုင် ရုပ်သံတွေကနေတောင် ဒီ ပို့လေးကိုလွှင့်သင့်တယ်လို့ အကြံပြုပါရစေ

အမှန်တကယ်မြန်မာနိုင်ငံအတွက်ပေးဆပ်ချင်ရင် တစ်ခုခုလုပ်ပေးချင်ရင် သမ္မတဖြစ်မှမဟုတ်ပါဘူး၊ လူထုခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့တင် လုပ်နိုင်တာတွေအများကြီးရှိပါတယ်။ လက်ရှိသမ္မတကြီးရဲ့ သက်တမ်းပြည့်ဖို့ နီးလာလေလေ ဥပဒေပြင်ဖို့ပြောလေလေဖြစ်နေတာပဲရှိတယ်။ စရောက်ပါပြီဆိုကတည်းက ပြည်သူတွေအတွက်ဆိုတာထပ်တလဲလဲပြောပြီး ပြည်သူအတွက်ထိရောက်တဲ့ကိစ္စ ဘယ်နှစ်ခုများလုပ်ပြီးပြီလဲ၊ နိုင်ငံရပ်ခြားကိုသွားလိုက်၊ ဟိုနိုင်ငံကပေးတဲ့ဆုတစ်ခုယူလာလိုက်၊ ဒီနိုင်ငံကပေးတဲ့ဆုတစ်ခုယူလာလိုက်နဲ့ ကျွန်တော့်အမြင်မှာတော့ ဘာမှအရာမရောက်သေးဘူး၊သေချာတာကတော့ မြန်မာနိုင်ငံကမိန်းကလေးတွေတော်တော်များများ အပြင်ပန်းမှာတိုးတက်လာသလိုလိုနဲ့ လွတ်လပ်မှုဗန်းပြပြီး ဖာသာသာဖြစ်လာနေကြတယ်။ အမေစုရခဲ့တဲ့ဆုကြေးငွေတွေထဲကနေ မြန်မာပြည်မှာ လူမှုရေးလုပ်ငန်းသန့်သန့်လေးတွေ ဘယ်လောက်များလုပ်ခဲ့ပြီးပြီလဲ ၊ဘယ်မိဘမဲ့ကလေးတွေကို စောင့်ရှောက်မှုပေးပြီးပြီလဲ၊ မေးသာမေးရတယ်။ ကို့သားအရင်း ကိုတောင်မှ လမ်းမှန်ဝါဒီတစ်ယောက်ဖြစ်အောင် မပြုစုမပျိုးထောင်နိုင်ခဲ့တဲ့အမေတစ်ယောက်ကို ပြောရင်မောတာပဲရှိမှာပေါ့။
xxxဗုဒ္ဓဘာသာတစ္ဦးxxx

ဒေါ်စု တပ်မတော်ကအခွင့်ထူးခံဆိုရင် နေရာချင်းလဲရဲ လား အစားအသောက်ချင်းလဲစားမလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်