Subscribe to our RSS Feed

အမှားပြင်ဆင်ချက်နှင့် ပြင်ဆင်စရာ

၁။ အမှားပြင်ဆင်ချက်

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ ၁၉.၀၆.၂၀၁၀ ရက်နေ့ တွင် တင်ခဲ့သော Happy BD Daw Aung San Suu Kyi ပို့စ် ၏ ၄ ပိုဒ်မြောက်ရှိ၊ ၄ ကြောင်းမြောက်နှင့် ၅ ကြောင်းမြောက်တွင် ရေးသားထားသော

ဒါပေမယ့် အဲ့ဒီ ပုံကြီးချဲ့သူတွေကြောင့်ပဲ လူတော်တော်များများက အောင်ဆန်းစုကြည် ဆိုတာ သာမန်စကားလုံး တစ်ခွန်းလိုဖြစ်နေပါပြီ။"

နှင့်

"ကျွန်တော်တို့ ငယ်ငယ်က အောင်ဆန်းစုကြည် ဆိုရင် နောက်မှာ သူပြောခဲ့တဲ့စကားတွေ၊ သူ့ရဲ့ အောင်မြင်မှုတွေနဲ့၊ သူ့ရဲ့အရည်အချင်းတွေ၊ ရခဲ့တဲ့နိုဘယ်ဆုနဲ့ ရေးခဲ့တဲ့ စာအုပ်တွေ မျက်စိထဲ မြင်စေပါတယ်။“

ဟူသော စာကြောင်းများရှိ အောင်ဆန်းစုကြည်ဟူသော စာလုံးအား ဒေါ် တပ်၍ ဒေါ်အောင်ဆန်းစုကြည် ဟု ပြောင်းလဲဖတ်ရှုပါရန်.....။


၂။ အမှားပြင်ဆင်စရာ


ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်း ဆိုတာ နိုင်ငံရေးမှ မဟုတ်ပါဘူး။ ဘယ်ပက်ဝန်းကျင် ဘယ်အသိုင်းအဝိုင်းမှာဖြစ်ဖြစ် ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် မလိုအပ်ပဲ ကိုယ့်ထက် အသက်ရော၊ ဝါရော၊ အတွေ့အကြုံရော အစစအရာရာ ကြီးသူများကို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောဆို ဆက်ဆံစရာ မလိုပါဘူး။

အဲ့လို ပြောဆိုဆက်ဆံ ရေးသားလိုက်လို့လဲ ဘာမှ ပိုကောင်းလာတာ မရှိပါဘူး။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေရဲ့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုက လူကြီးသူမ များကို ဦး တို့ ဒေါ် တို့ တပ်ခေါ်ခြင်း၊ လူငယ်များကို မောင် တို့ မ တို့ တပ်ခေါ်ခြင်းပါ။ အရမ်းကောင်းပြီး တန်ဖိုး ဖျက်လို့မရတဲ့ အစဉ်လာ တစ်ခုပါ။ ဒါပေမယ့် မယောင်ရာ ဆီလူးကြရင်း၊ တလွဲဆံပင်ကောင်ကြရင်း (အတိုက်အခံတွေ သိပ်ပြောတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စကား) ယဉ်ကျေးမှု အစဉ်အလာတွေလည်း ကိုယ်ကိုယ်တိုင် ဖျက်ဆီးမှန်းမသိ ဖျက်စီးနေကြသူတွေကတော့ အဲ့ဒီ ပြည်ပရောက် အတိုက်အခံ တွေပါပဲ။

http://www.burmese.shwe.org/cartoons/Ta%20Yote%20Gyi%20Nat%20Ka%20Kyar%20Pyi%20So%20Dawt..jpg/view


http://hsainuupan.multiply.com/journal/item/7


http://luthit.myanmarbloggers.org/2009/02/blog-post_12.html


http://www.slideshare.net/yadana8888/lizard-thein-sein


http://myanmarinmalaysia.blogspot.com/2009/09/blog-post_29.html

http://picasaweb.google.com/mr.creator2008/MrCreator#


http://zawyeaung.blogspot.com/


http://thanshwepictures.blogspot.com/


http://oppositieyes.blogspot.com/


ရလဒ်တွေကတော့ မြင်တဲ့အတိုင်းပါပဲ။ အဲ့ဒီလူတွေက အစိုးရကို အတိုက်အခံလုပ်ပြီး ဒီမိုကရေစီ အတွက် နိုင်ငံရေးလှုပ်ရှားနေကြတာလား။ ဘာအတွက်လဲ။ အဲ့ဒီလူတွေကို ဘာလို့ မရှုံ့ချကြတာလဲ။ ဘာလို့အားပေးနေကြတာလဲ။ ဘာလို့ မသိကျိုးကျွန်ပြုနေကြတာလဲ။ အဲ့ဒီလူတွေ လက်ထဲကို အာဏာရောက်သွားရင် မြန်မာနိုင်ငံကြီး ဘာဖြစ်သွားမလဲ။ ကိုယ်ကြိုက်တဲ့လူကို ဗိုလ်ချုပ်၊ ဦး၊ ဒေါ် တပ်ခေါ်ပြီး၊ ကိုယ်မကြိုက်တာနဲ့ ဘယ်လောက်အသက်ကြီးကြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့ ဝန်မလေးတာ၊ ညစ်ညစ်ညမ်းညမ်းဆက်ဆံတာက တရားနည်းလည်းကျတာလား။ ဘာမှလုပ်ပိုင်ခွင့်မရှိချိန်မှာတောင် သူ့ဖက်ကိုယ့်ဖက် ခွဲခြားပြီး ဆက်ဆံတတ်နေသူတွေက ဒီမိုကရေစီ ယူပေးနိုင်ကြပါ့မလား။ အတိုက်အခံတွေ ယုံကြည် အားကိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကရော အဲ့ဒီလိုလုပ်ဖို့ သင်ပေးထားလို့လား။ အဲ့လိုလုပ်နေတာကို အားပေးလို့လား။

ဒါတွေက ဆွေးနွေးခြင်းလည်း မဟုတ်ပါဘူး။ သတင်းလည်း မဟုတ်ပါဘူး။ အတင်း သက်သက်တွေပါ။ သတင်းထက် အတင်းကို ပိုစိတ်ဝင်စားနေကြတဲ့ မြန်မာ့နိုင်ငံရေးလောကအတွက် ဒါတွေကို အတိုက်အခံပက်ဝန်းကျင်အားလုံးက လက်ခံနေကြတယ်။ အဲ့ဒီ အတိုက်အခံတွေ အဲ့ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်လား။ အဲ့ဒီလူတွေက နိုင်ငံကို ဘယ်လိုများ လုပ်ပေးနိုင်မှာတဲ့လဲ။ သူများကို မကယ်တင်ခင်၊ ကိုယ့်စိတ်ဓာတ်တွေကိုပြုပြင်ပြီး ကိုယ့်ကိုယ်ကို အရင် ကယ်တင်ကြပါအုံး ဒီမိုအတိုက်အခံ ဒေါ်လာစား အပေါင်းတို့။...။



Myanmar Express

နိုင်ငံရေးသမားဆိုသည်မှာ





ကိုယ်တိုင်လည်း ဘာတစ်ခုမှမလုပ်နိုင်ဘူး။ ဝင်လုပ်နိုင်ဖို့လည်း သတ္တိမရှိဘူး။ လုပ်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး။ လုပ်နေတဲ့လူတွေကို ဒီဟာလုပ်ရင် လုပ်ပြန်ပြီ၊ ဟိုဟာ မလုပ်ရင် မလုပ်ပြန်ဘူး။ ဘေးကနေ ကြည့်ပြီး ဘုတော နေသူများ ကို ဒီမိုကရေစီ နိုင်ငံရေး အတိုက်အခံများဟုခေါ်သည်။

Happy BD Daw Aung San Suu Kyi



Happy Birthday ပါ ဒေါ်အောင်ဆန်းစုကြည်။ ခုဆိုရင် အသက် ၆၅ နှစ်တောင်ရှိပြီဆိုတော့ တော်တော်မငယ်တော့ပါဘူး။ ဘုရားနဲ့၊ တရားနဲ့ နေသင့်ချိန်လည်း ရောက်နေပါပြီ။ လူ့ဘဝ သက်တမ်း သုံးပုံတစ်ပုံကို အကျယ်ချုပ်ထဲမှာ ကျခံနေရတာကိုတော့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဥပဒေရဲ့အထက်မှာ ဘာမှမရှိဘူး ဆိုတဲ့အတိုင်း၊ ဒီကိစ္စကိုတော့ ကျွန်တော်တို့လည်း ဘာမှဝင်မပြောနိုင်ဘူး။ ဝင်ပြောနေကြတဲ့လူတွေရှိပါတယ်၊ ကြားအောင်ပြောလိုက်၊ မကြားအောင်ပြောလိုက်။ လက်သီးပုန်းပြလိုက်၊ ”ချက်ချင်းလွှတ် ချက်ချင်းလွှတ်” အောက်လိုက် လုပ်သူတွေလည်းရှိပါတယ်။ ဒါပေမယ့် အချိန်ကုန်၊ လူပန်း၊ အလုပ်ပျက်၊ စရိတ်တက်တာပဲ အဖက်တင်တာပါ။ အမှန်တကယ်လွတ်မြောက်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်တာပါ။ ဒီတော့ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကိုယ်ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘေးလူတွေက ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ အမြန်လွတ်မြောက်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားသင့်ပါတယ်။ ထပ်ပြီးတော့လည်း အပြစ်တွေ မလုပ်ပါနဲ့တော့။


လူတိုင်းမှာ အမှားနဲ့ မကင်းပါဘူး။ အမှားတိုင်းမှာလည်း သူ့နည်းသူ့ဟန်နဲ့ ပြန်ကျေနိုင်ပါတယ်။ အမှားတွေအတွက် ပြန်ကျေပြီး စိတ်သစ်လူသစ်နဲ့ လွတ်မြောက်လာမယ့်နေ့ကို ကျွန်တော် ကြိုဆိုနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် လေးစားတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ရှုံ့ချတဲ့ အချက်တွေလည်းရှိပါတယ်။ ဒါကတော့ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေတာဆိုတော့ ဒီလိုပဲဖြစ်ရမှာပါ။

နောက်ထပ် ကျွန်တော် တစ်ခု သတိထားမိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းတဲ့ ဂုဏ်ပုဒ်တွေကို လျှော့ကျစေတဲ့ အချက်ပါ။ အဲ့ဒါက အခြားမဟုတ်ပါဘူး။ နေ့စဉ်နှင့် အမျှ လူတိုင်းသိပြီးသားတွေကို အသစ်ပြန်လုပ်နေခြင်း၊ အရမ်းအမွမ်းတင်ခြင်းတွေ က ဂုဏ်အရှိန်ပိုတက်မလာပဲ လူမြင်ကပ်စရာဖြစ်စေပါတယ်။ ကမ္ဘာကြီးမှာ ပညာရှိတွေပြောခဲ့သမျှ တန်ဖိုးရှိတဲ့ ဒဿန စကားစုတွေ တစ်ပုံကြီးရှိပါတယ်။ အဲ့ဒီ အတွေးအခေါ်ပညာရှိတွေ သေဆုံးသွားလည်း အဲ့ဒီ စကားစု တွေက ကျန်နေတာပါပဲ။ တကယ်ကောင်းမွန်တဲ့ စကားလုံးတွေကို ဘယ်သူမဆို လက်ကိုင်ထားကြတာပါ။ ဒါပေမယ့် ယနေ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပါးစပ်က ဘာစကားပဲထွက်ထွက်၊ ဘယ်လိုအပြုအမူပဲလုပ်လုပ် ဘေးလူတွေက လိုက်ပြီး ပုံကြီးချဲ့နေတော့ ကောင်းတဲ့စကားတွေပါ တန်ဖိုးကျကုန်တော့တာပါပဲ။

ယနေ့အင်တာနက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာတစ်ခုမှ မလုပ်ပါဘူး။ မြန်မာနိုင်ငံတွင်းမှာ၊ အစိုးရ လက်အောင်ခံတွေနဲ့ တပ်မတော်သားတွေ အပေါ်မှာလည်း ဘာမှမလုပ်ပါဘူး။ တစ်ကြိမ်တစ်ခါမှ ဆက်ဆံရတာလည်း မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် အဲ့ဒီ ပုံကြီးချဲ့သူတွေကြောင့်ပဲ လူတော်တော်များများက အောင်ဆန်းစုကြည် ဆိုတာ သာမန်စကားလုံး တစ်ခွန်းလိုဖြစ်နေပါပြီ။ ကျွန်တော်တို့ ငယ်ငယ်က အောင်ဆန်းစုကြည် ဆိုရင် နောက်မှာ သူပြောခဲ့တဲ့စကားတွေ၊ သူ့ရဲ့ အောင်မြင်မှုတွေနဲ့၊ သူ့ရဲ့အရည်အချင်းတွေ၊ ရခဲ့တဲ့နိုဘယ်ဆုနဲ့ ရေးခဲ့တဲ့ စာအုပ်တွေ မျက်စိထဲ မြင်စေပါတယ်။ ခုတော့ ဆုတွေကလည်း ဘာမှမလုပ်ပဲရနေ၊ ချီးမွမ်းခန်းတွေကလည်း ဘာမှမလုပ်ပဲ ဖွင့်နေကြတော့ ခုဆို အရင်ဟာတွေပါ မှေးမှိန်နေပါပြီ။

ယနေ့နိုင်ငံရေးလောကမှာ ထူးထူးခြားခြားဖြစ်သမျှကို အလျှင်မှီအောင် ဒေါ်လာစား အတိုက်အခံတွေက ပိုစ့်တင်ကြပါတယ်။ ဘာမှတင်စရာမရှိလို့ အေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှိုတက်နေတဲ့ ဖိုင်တွေ တင်ကြပြန်ရော။ အဲဒီတော့ စာဖတ်သူတွေကလည်း မျက်မုန်းကျိုးလာတော့တာပါပဲ။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခိုင်းနှိုင်းလို့ရတဲ့ တခြားလူတွေကတော့ ရုရှားက စစ်ဗိုလ်တွေပါပဲ။ သူတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပဲ နိုင်ငံရေးနဲ့ပက်သက်ပြီး ဘာမှ မလုပ်ကြပါဘူး။ နဲနဲတော့ ကွာတာပေါ့ ဒေါ်အောင်ဆန်းစုကြည်က အထဲမှာ လုပ်ခွင့်မရလို့ မလုပ်ရတာ၊ ရုရှားက စစ်ဗိုလ်တွေက စိတ်မဝင်စားလို့ မလုပ်ကျတာ (ကျွန်တော့်အထင်ပါ၊ ဘာလို့မလုပ်ကြလဲ သူတို့ပဲ သိမှာပါ)။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လျှောက်ပြီးအမွမ်းတင်သူတွေ၊ နာမည်နဲ့လုပ်စားသူတွေ၊ ပေါပေါလျှောလျှော လျှောက်ပေးနေတာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်း ပြည်ပက တပ်မတော်သားတွေနဲ့ အေးရာအေးကြောင်း နေသူတွေက မျက်မုန်းကျိုးရပါတယ်။ အမှန်တော့ သူတို့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာမှကို ဆက်ဆံမှုမရှိတာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ခမျာ အမြင်မကြည်ခံရပါတယ်။ အဲ့လိုပဲ ရုရှားက စစ်ဗိုလ်တွေမှာလည်း သူတို့ ခုချိန်ထိ ဘယ်သူ့ကိုမှ ဒုက္ခမပေး၊ ဘယ်သူ့ကိုမှ မညှင်းပမ်းရသေးဘူး။ စစ်ဗိုလ်ဖြစ်ပြီး ပညာတော်သင် ရောက်လာသူတွေကို အမြင်မကြည်ဖြစ်ကြပြန်ပါတယ်။ အမှန်တကယ် သေချာ စဉ်းစားကြည့်တော့။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း မျက်မုန်းကျိုးစရာ လူမဟုတ်သလို၊ ရုရှား ရောက် မြန်မာစစ်ဗိုလ်တွေက အမြင်မကြည်သင့်တဲ့လူတွေ မဟုတ်ပါဘူး။ နှစ်ဖက်လုံးက ကိုယ့်ဘာကို အေးရာအေးကြောင်းနေသူတွေပါ။ နောက်တစ်ခု သူတို့ တူတာ တစ်ခုက အထက်မှာ ကျွန်တော် ပြောခဲ့သလိုပဲ အင်တာနက်ပေါ်မှာ ရေးစရာမရှိရင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒါမှမဟုတ် ရုရှားက စစ်ဗိုလ်တွေ အကြောင်း ရောက်လာခြင်းပါပဲ။

ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လေးစားပါတယ်။ ယနေ့ သူ့နာမည်နဲ့ လုပ်စားသူတွေနဲ့ သူ့အကြောင်းကောင်းကြောင်းတွေ ဖတ်ရလို့၊ နေ့စဉ်နှင့်အမျှ ဆု တွေ ရနေလို့မဟုတ်ပါဘူး။ သူ့ရဲ့ အရင်တုန်းက ကောင်းချက်တွေနဲ့လေးစားတာပါ။ ဒီနေ့ ဒီလိုဖြစ်နေတာကလည်း သူ့ရဲ့ ဘုန်းကံနဲ့ ပညာအရင်အချင်းတွေကြောင့် နာမည်ကျန်ခဲ့တာပါ။ အဲ့လိုပဲ ရုရှားက စစ်ဗိုလ်တွေကိုလည်း လေးစားပါတယ် သူတို့လည်း ဒီနေ့ ဒီချိန် မှာ ခုလို အဆင့်မြင့်ပညာတွေ သင်နေရတာက သူတို့ရဲ့ ဘုန်းကံနဲ့ ပညာအရည်အချင်းကြောင့်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကမှာ ကျလူ တစ်ယောက်ဖြစ်နေပါပြီ။ ရုရှားက စစ်ဗိုလ်တွေက တက်လူတွေဆိုတော့ နောင်တစ်ချိန်မှာ ပိုပြီးအားကိုးရမှာပါ။ နောက်ဆုံးတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့ မဆိုင်တဲ့ အခြားဖြစ်ပျက်တွေကြောင့် မမုန်းသင့်သလို၊ ရုရှားကစစ်ဗိုလ်တွေကိုလည်း သူတို့နဲ့ မဆိုင်တဲ့ အခြား ပုဂ္ဂိုလ်ဆွဲတွေကြောင့် မမုန်းသင့်ပါဘူး။ အသိပညာနဲ့ အတွေးအခေါ် မြင့်မားသူတွေကလည်း ဘယ်တော့မှ အဲ့လိုမလုပ်ပါဘူး။ ဒီတော့ ကျွန်တော်လေးစားသူတွေရဲ့ မကောင်းသတင်းတွေကို ရှောင်ကြဖို့ နည်းလမ်း တစ်ခုပဲ လိုတာပါ။ အဲ့ဒါတော့ အဓိပ္ပါယ်မရှိပဲ အစိုးရကို တိုက်ခိုက်ချင်တာနဲ့ ရုရှားက စစ်ဗိုလ်တွေကို ထိပါးမုန်းတီးအောင်လုပ်တာတွေကို ဒေါ်လာစား အတိုက်အခံတို့ ရပ်တမ်းကရပ်ကြပြီး၊ ဒီမိုအတိုက်အခံတွေကို မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုးမြင်တဲ့ စကားတွေနဲ့ အနိုင်ယူတတ်တဲ့ ရုရှားကစစ်ဗိုလ်တွေကလည်း ရပ်တမ်းကရပ်ဖို့ပါပဲ။ နိုင်ငံသားချင်း၊ နိုင်ငံချစ်သူချင်း သေချာတယ်ဆိုရင် အားလုံးလက်တွဲပြီး ချစ်ချစ်ခင်ခင် ပူးပေါင်းသင့်ပါတယ်။ ဒါဆိုရင် အကျယ်ချုပ်ထဲက ဒေါ်အောင်ဆန်းစုကြည်လည်း ကျေနပ်မှာပါ။

ကန့်ကွက်လိုက်သည်


၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်လိုက်သည်။

၂၀၀၈ အခြေခံဥပဒေ အား ဆန့်ကျင်လိုက်သည်။

ဆန္ဒခံယူပွဲအား နိုး (No) လိုက်သည်။

အစိုးရ ဘာပဲလုပ်လုပ် ဆန့်ကျင်ကန့်ကွက်သည်။

အစိုးရ ဘာပဲလုပ်လုပ် ကန့်ကွက်ရှုံ့ချသည်။

အစိုးရတင်မဟုတ် အစိုးရကို မဆန့်ကျင်သူအားလုံးသည် လူဆိုးများဖြစ်ကြသည်။

ဖိုးလပြည့်၏ သူငယ်ချင်းမိန်းခလေးများသည် မိန်းမပျက်များဖြစ်ကြောင်း ကြေငြာလိုက်သည်။

ဦးသန်းရွှေသမီး လူသိရှင်ကြား မင်္ဂလာဆောင်ခြင်းကို ရှုံ့ချပြီး၊ ဦးသိန်းစိန်သမီး လူမသိအောင် မင်္ဂလာဆောင်လိုက်ခြင်းကိုလည်း ရှုံ့ချလိုက်သည်။

အစိုးရကို ဆန့်ကျင်သူအားလုံးကို ဘယ်လောက် သိမ်ဖျင်းတဲ့လူဖြစ်ဖြစ် ကြိုဆိုဂုဏ်ဖော်၍ သူကောင်းပြုလိုက်သည်။

ဘလော့စာမျက်နှာပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံ တင်ထားသူများသာလျှင် မျိုးချစ်စိတ် ရှိသူများဖြစ်ကြသည်။ သူရဲကောင်းများဖြစ်ကြသည်။

စီပွားရေးအားလုံးကို ချုပ်ကိုင်ထားတုန်းက ကန့်ကွက်သည်၊ အခု ပြည်သူတွေကို ခွဲပေးခြင်းကို ဆန့်ကျင်လိုက်သည်။

ရွေးကောက်ပွဲ မလုပ်ခင်တုန်းက ရှုံ့ချသည်၊ အခု လုပ်မည်ဆိုခြင်းကို ဘူး ခံလိုက်သည်။

အစိုးရနှင့် အစိုးရကို မဆန့်ကျင်သူများ လှူတန်းမှုများသည် စေတနာ မပါကြသောကြောင့် ကုသိုလ်မရပဲ၊ အစိုးရကို ဆန့်ကျင်ပြီး လှူသောသူများသာ စေတနာပါသဖြင့် ကုသိုလ်တွေ ရကြမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။

အစိုးရကို ဆန့်ကျင်မရေးသော ဘလော့အားလုံးမှ ရေးသမျှ ပိုစ့်အားလုံးသည် လိမ်ညာခြင်းသာဖြစ်ကြောင်း ပြန်ရေးခြင်း၊ စီဘောက်စ်များတွင် ဆဲဆိုခြင်းများကို လုပ်ဆောင်သင့်သည်။

အစိုးရကို ဆန့်ကျင်ရေးသားသော ဘလော့များမှ ပိုစ့်အားလုံးသည် (မူလတန်းတုန်းက သင်ခဲ့ရသော ကဗျာကို ပို့စ်တင်ထားခြင်းမှစပြီး) အံ့သြချီးကျူး လေးစားထာက်ခံရမည်။ ကွန်းမန့်တွေ သောက်သောက်လဲ ပေးသင့်သည်။

အစိုးရကို ဆန့်ကျင်သည့် ကွန်းမန့်များအားလုံးကို ကြိုဆိုသည်။ မိမိကိုယ် ထောက်ခံသော ကွန်းမန့်များနှင့် စီဘောက်စ်တွင် ရေးသားချက်များကို ဝမ်းသာအားရ ကြိုဆို reply ပြန်သည်။

အစိုးရကို မဆန့်ကျင်သော ကွန်းမန့်များကို ကန့်ကွက်သည်။ မိမိအား ကန့်ကွက်သော ကွန်းမန့်များနှင့် စီဘောက်စ်တွင် ရေးသားချက်များကို ဖျက်ပစ်ခြင်း၊ မတင်ပေးခြင်းများ လုပ်ရမည် ဖြစ်သည်။

မည်သည့် အစိုးဆန့်ကျင်သည့် အဖွဲ့အစည်းမှမဆို အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း စာရွက်ပေါတိုင်းထုတ်ပြန်သည့် ကြေငြာချက်အားလုံးကို ပိုစ့်တစ်ခုတင်၍ ကြိုဆိုလိုက်သည်။

မှတ်ချက်။ ။ အထက်ပါ ကြိုဆိုချက်၊ ကန့်ကွက်ချက်၊ ရှုံ့ချချက်နှင့် ဆန့်ကျင်ချက်များသည် အဓိပ္ပါယ်ရှိသော အကြောင်းပြချက် ရှိခြင်းကြောင့်မဟုတ်၊ အကြိမ်ကြိမ်အစည်းအဝေးလုပ်ပြီး ဆွေးနွေးညှိနှိုင်းတိုင်ပင်လို့ရသော ရလဒ်များမဟုတ်၊ ကျွန်ုပ်တို့ ၏ နိုင်ငံရေးအသိ နိုင်ငံရေးသတိရှိခြင်းကြောင့် မဟုတ်၊ ကျွန်ုပ်တို့၏ ဦးနောက်များမှ စဉ်းစားဆင်ခြင်၍ ရရှိလာသော ရလဒ်များ မဟုတ် ကြောင်း ဝန်ခံပါသည်။ အားလုံးသည် သူများယောင်လို့ လိုက်ယောင်ခြင်းများနှင့် ဒေါ်လာရရှိရေးအတွက် သာ ဆန့်ကျင်ကန့်ကွက်ရခြင်း ဖြစ်ပါသည်။



Myanmar Express

ဘယ်သူပို ခရီးရောက်လဲ


အတိုက်အခံတွေအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားခဲ့ပေမယ့် ခုထိ ရှေ့ကို တစ်လှမ်းမှကို မရောက်သေးပါဘူး။ အတိုက်အခံတွေရဲ့ အောင်မြင်မှု ဘယ်မှာလဲ၊ ဘာလဲ ဆိုတာ ပြစရာ တစ်ကွက်မှကို မရှိပါဘူး အောင်မြင်မှု သေးသေးလေးတောင် မရှိပါဘူး။ ပြည်တွင်းက အပြစ်မဲ့ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်ရတာနဲ့ နိုင်ငံသိက္ခကျတာပဲ အဖက်တင်တယ်။ အထူးသဖြင့် ပြည်ပကနေ လေနဲ့ တိုက်ပွဲဝင်နေသူတွေ၊ ဘလော့ပေါ်ကနေ ကီးဘုတ်နဲ့ တိုက်ပွဲဝင်နေသူတွေအနေနဲ့ သံဝေဂ တွေလည်း ရသင့်ပါပြီ။

အဝေးကနေ လေးထောင့် ဘီးကြီးပေါ်ထိုင်ပြီး ပြည်တွင်းကလူတွေကို အမျိုးမျိုးဆူအောင်လုပ်၊ ပျက်စီးအောင် လုပ်နေတဲ့ ရှေ့မရောက်တဲ့နည်းလမ်းတွေ၊ အစိုးရလုပ်သမျှ အပြစ်ထိုင်ပြောနေတဲ့ နည်းလမ်းတွေလည်း ဘယ်ပြည်သူကမှ အယုံအကြည်မရှိတော့ပါဘူး။ ကိုယ့်သက်သာမှု ကိုယ်ရှာပြီး အစွမ်းအစ မရှိလို့ လေးထောင့်ဘီး ပေါ်ထိုင်ချင်ထိုင်နေပါ။ ဖြေးဖြေးသွားနေတဲ့လူတွေကိုတော့ မိန်းမတစ်ယောက်လို အတင်းချမနေပါနဲ့တော့။ တကယ် အရည်အချင်း ရှိရင် ဒီထက်ကောင်းပြီး ရှေ့ရောက်မယ့် နည်းလမ်းနဲ့ သက်သေပြပါ။ ကိုယ်တိုင် ဝင်လုပ်ပြီး သက်သေပြပါ။ ပြည်သူတွေ ယုံကြည်လက်ခံ လာအောင် သက်သေပြပါ။ အဝေးကနေ လေနဲ့ အော်နေတာတွေ၊ စာရေး တိုက်ခိုက်နေတာတွေ ရပ်ပြီး လူကိုယ်တိုင် သွားလှုပ်ရှားကြပါ။ အင်တာနက်ပေါ်မှာပဲ သူရဲကောင်း လုပ်မနေကြပါနဲ့တော့ ဒီမို အတိုက်အခံ လေတိုက်ပွဲဝင် အပေါင်းတို့.....။


Myanmar Express

ဒေါ်လာစား အတိုက်အခံဘလော့ဂါတစ်ဦးနှင့် တွေ့ဆုံခြင်း(၂)


ဂျပန် နိုင်ငံရောက် ဒေါ်လာစား အတိုက်အခံ ဘလော့ဂါ ဟောင်း တစ်ဦးနဲ့ တွေ့ဆုံးခြင်း အကြောင်းကို ဒီနေရာ မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု နောက်တစ်ခါ မလေးရှားရောက် အမှန်တရားကို မြတ်နိုးသူ ဘလော့ဂါ တစ်ဦးနဲ့ တွေ့ဆုံခြင်းကို ဆက်လက် ဖော်ပြလိုက်ပါတယ်...။


Q - အရင်ဆုံး နာမည်နဲ့ လိပ်စာကို စာဖတ်သူတွေသိအောင် ပြောပါအုံး ညီ။
A - ရန်အောင် လို့ပဲ မှတ်ထားပါ။ လိပ်စာနဲ့ အီးမေးကိုတော့ အားလုံးသိအောင် ပြောနိုင်ဖို့ အခက်ခဲ ရှိသေးတာရယ်၊ လောလောဆယ် ကျွန်တော် ဒီအလုပ်၊ ဒီပက်ဝန်းကျင်မှာ ရှိနေသေးတာရယ်ကြောင့်ပါ။


Q - ညီလေး အသက်က ၂၃ နှစ်နော်။
A - ဟုတ်ပါတယ်။


Q - မလေးရှားကို ရောက်နေတာ ကြာပြီလား
A - သိပ်မကြာသေးပါဘူး


Q - သိပ်မကြာသေးဘူးဆိုတာ ဘယ်နှနှစ်လောက် ရှိပြီလဲ
A - ၃ နှစ် ပါ။


Q - ညီလေး အလုပ်နဲ့ ပက်သက်ပြီးပြောပါအုံး။
A - လောလောဆယ် နိုင်ငံရေး အတိုက်အခံ ဘလော့ရေးနေပါတယ်။


Q - အစ်ကိုမေးတဲ့ အလုပ်ဆိုတာ။ စီးပွားရေး အလုပ်အကိုင်တစ်ခုခု၊ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် တစ်ခုခုကို ပြောတာပါ။
A - ဟုတ်ပါတယ်။ အားလုံးအတွက် ကျနော် နိုင်ငံရေးအတိုက်အခံ ဘလော့ရေးနေတာပါ။


Q - စီးပွားရေးအတွက် ဘလော့ရေးတာပေါ့နော်။ ဒါဆို ညီလေးက။
A - အဲ့လို ပြောလို့ရပါတယ်။ အားလုံးလည်း အဲ့လိုပဲ လုပ်နေတာပါ။ တချို့ကတော့ အဖွဲ့နဲ့ အစည်းနဲ့ပေါ့။


Q - ညီလေး အခု လို ဘလော့ရေးတော့ တစ်ယောက်တည်း ရေးတာလား၊ အဖွဲ့အစည်းနဲ့ ရေးတာလား။
A - လောလောဆယ်တော့ အဖွဲ့အစည်း မရှိပါဘူး။ အချိတ်အဆက်တော့ ရှိတာပေါ့ဗျာ။ အချိတ်အဆက်ရှိမှလည်း ဒီအလုပ်က လုပ်လို့ရတာလေ။ ဘလော့ကတော့ တစ်ယောက်တည်း ရေးတဲ့ ဘလော့ပါ။


Q - တစ်ယောက်တည်း ရေးတာနဲ့ အဖွဲ့လိုက်ရေးတာက ဘယ်လိုကွာလဲ
A - တချို့ကတော့ အဖွဲ့လိုက်ရှိတယ်ဗျ၊ အဖွဲ့လိုက်က သက်သာတယ်၊ ဘလော့ ၁၀ ခုလောက်ကို ကိုယ်က author ယူထားတော့ ပိုစ့်တစ်ခု လောက်ရရင် ၁၀ ခု လုံးမှာ တင်လိုက်ရတယ်။ အဖွဲ့ဝင် ၁၀ ယောက်ဆိုတော့ သူများတွေတင်ချိန်မှာ နားလို့ရတာပေါ့။ တစ်ယောက်တည်းကတော့ ပိုစ့်ရှာရတယ်။ ကိုယ်ဘာကိုယ်ကတော့ နိုင်ငံရေးလည်း နားမလည်၊ သမိုင်းလည်း ကောင်းကောင်းမသိ၊ ပညာအရည်အချင်းကလည်း သိပ်မရှိတော့ မရေးနိုင်ဘူး။ သတင်းဌာနတွေလိုက်ဖတ်ပြီး သူများထက် ဦးအောင် ကော်ပီ ကူးရတာပေါ့။


Q - ဒါဆို အဖွဲ့နဲ့ ရေးတာ ပိုသက်သာတာပေါ့။ ဘာလို့ ညီလေးက တစ်ယောက်တည်း ရေးတာလဲ
A - အဓိကကတော့ အေးဆေးနေချင်လို့ပါ။ စရင်းဇယား မရှုပ်ချင်တာလည်းပါတယ်။


Q - အတူရေးတဲ့ လူတွေနဲ့ စာရင်းရှုပ်တာကို ဆိုလိုတာလား
A - အကုန်ပေါ့ဗျာ။ အစ်ကိုလည်း ကြားဖူးမှာပါ နစ်နေမန်းနဲ့ အာဇာနည် တို့ ဖြစ်သလိုပေါ့


Q - အော်... ဟုတ်တယ်..။ ကြားတော့ ကြားမိလိုက်တယ် သေချာမသိဘူး။ ပြာပြပါအုံး။
A - ပြောရရင် အရှည်ကြီးဗျ။ အတိုဆုံးပြောရရင်တော့ နစ်နေမန်း ဆိုတာက ဘုန်းကြီးအရေးအခင်းမှာ နေ့ချင်းညချင်း နာမည်ကြီးသွားတာဗျ။ သူနာမည် ကြီးတာကလည်း အဖွဲ့ဝင်တွေအားလုံးက အချိန်နဲ့ တပြေးညီ သတင်းတွေ၊ ဓာတ်ပုံတွေ အလျှင်အမြန်ပို့ပေးလို့ ပါ။ သူက ဘာမှ စိုက်ရတာ မဟုတ်ဘူး။ ဘလော့ပေါ် တင်ပေးရုံလေးပါ။ ဒါပေမယ့် ဘုန်းကြီးအရေးအခင်းအပြီး သူတို့ အဖွဲ့တွေ ထောက်ပံ့ကြေးတွေ ပိုးစိုးပက်စက်ရတော့ ကိုနစ်ကြီးက သူ့အဖွဲ့တွေကို နဲနဲလေးပဲ ခွဲပေးတယ်လေ။ အဲ့ဒီမှာ အချင်းချင်း အကြီးအကျယ် ပြဿနာ တက်ကြတာပါ။ အာဇာနည် ဘလော့က အဖွဲ့ဝင်တွေကဆိုရင် ကိုနစ် ကို ဓါးကျိန်းကျိန်းထားတာ။


Q - ဒါဆိုရင်တော့ နစ်နေမန်း မှားတာပေါ့။ မလုပ်သင့်ဘူးနော
A - အဲ့ချိန်တုန်းက သူနဲ့ မဿဒ္ဒါ နဲ့ ကိစ္စရှုပ်နေချိန်ဖြစ်တာကတစ်ကြောင်း၊ တခြား NLD-LA တွေက သူ့ထက် ပိုရနေတာတွေက တစ်ကြောင်း ဆိုတော့ သူလည်း မပေးချင်တော့တာထင်ပါတယ်။


Q - အစ်ကိုလည်း အဲ့ဒါ မေးမလို့။ နစ်နေမန်းနဲ့ မဿဒ္ဒါ ကိစ္စ ညီ သိလား။
A - အဲ့ဒါကျတော့ လူမှုရေး ကိစ္စဖြစ်သွားပြီဗျ။ အစ်ကိုသိချင်ရင်တော့ ပြောပြပါမယ်။ ဘလော့ပေါ်တော့ မတင်စေချင်ဘူး။


Q - အစ်ကို နားလည်ပါတယ် ညီ။ ဘလော့ ရေးဖို့ စပြီး စီစဉ်တော့ အချိတ်အဆက်လိုတယ်လို့ ပြောခဲ့တယ်နော်။ အချိတ်အဆက်ဆိုတာ ဘယ်လိုအချိတ်အဆက်တွေလဲ
A - အချိတ်အဆက်ကတော့ မျိုးစုံပဲ။


Q - နဲနဲလောက် ပြောပြလို့ ရမလား စာဖတ်သူတွေလည်း နားလည်သွားအောင်
A - ဒီမှာက အများကြီးပဲဗျ။ တချို့ လူတွေ လုပ်သွားတာတွေဆိုရင် ကျွန်တော်တို့ မသိတဲ့နည်းတွေနဲ့ လုပ်သွားတာ။


Q - လုပ်သွားတာဆိုတာ ဘာတွေ လုပ်သွားကြတာလဲ၊ ဘယ်နည်းတွေနဲ့ လုပ်သွားတာလဲ
A - ပြောရင်တော့ အကုန်ပါတော့မှာဗျ။ ပြီးတော့ ကျွန်တော်က ပြောတာထက် အစ်ကို မေးတဲ့ မေးခွန်းလောက်ပဲ ဖြေချင်ပါတယ်။


Q - ရပါတယ်ညီ။ ညီက လောလောဆယ် ဒီအလုပ်ထဲမှာပဲဆိုတော့ အစ်ကို နားလည်ပါတယ်။
A - ကျေးဇူးပါ။ မေးစရာရှိတာ ဆက်မေးပါ။


Q - ခုလို နိုငံရေး ဘလော့တွေ ရေး၊ ဒီမိုကရေစီအကြောင်းတွေ ရေးတော့ နိုင်ငံရေးနဲ့ပက်သက်ပြီ၊ ဒီမိုကရေစီနဲ့ ပက်သက်ပြီး ညီလေး သဘောထားက ဘယ်လိုရှိလဲ
A - ဘယ်လိုမှမရှိပါဘူး။ ဘာမှလည်း နားမလည်ပါဘူး။ နားလည်ရအောင်လည်း ကျွန်တော့မှာ ပညာမရှိပါဘူး။ အထက်မှာ ကျွန်တော် ပြောခဲ့သလို စားဖို့နဲ့ နေဖို့ အတွက် ရေးနေတာပါ။


Q - နားလည်ရအောင် ပညာမရှိဘူးဆိုတော့ ညီလေးက ကျောင်းပြီးထားပြီးသား မဟုတ်ဘူးလား။
A - ဟား ဟား။ ကျောင်းပြီးပြီ။ အလယ်တန်းကျောင်း ပြီးတာဗျ။ ၁၀ တန်း ၂ ခါ ကျပြီး ဒီကိုထွက်လာတာ။


Q - ညီတို့ ဆွေမျိုးထဲမှာရော နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ ရှိလဲ
A - တစ်မျိုးလုံး နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ဘယ်သူမှလည်း ဘာမှမလုပ်ကြပါဘူး။ စီးပွားရေး သိပ်အဆင်မပြေတာကြောင့်လည်း ပါတယ်။ ရန်ကုန်မှာ တစ်နေ့စာ တစ်နေ့ စားဖို့က လွယ်တာမဟုတ်ဘူး။


Q - ညီလေးက ရန်ကုန် ဘယ်မြို့နယ်မှာ နေတာလဲ
A - ကျွန်တော် မဖြေချင်ဘူး အစ်ကို


Q - နားလည်ပါတယ်။ ရန်ကုန်ကနေ မလေးရှားကို ရောက်လာပုံလေး ပြောပါအုံး
A - ရန်ကုန်မှာ တုန်းက စာမေးပွဲ ပထမ တစ်နှစ် ကျတော့ ကျွန်တော် စားသောက်ဆိုင် တစ်ဆိုင်မှာ ဝိတ်တာလုပ်ရင် အကြော်ဆရာနဲ့ ပေါင်းပြီး သူ့ဆီက တရုတ်အစားအစာ တော်တော်များများ ကြော်တတ်အောင် သင်ခဲ့ဖူးတယ်။ အဲ့ဒီနောက် တခြာဆိုင် တစ်ဆိုင်မှာ အကြော်ဆရာ ဝင်လုပ်တယ်။


Q - ၁၀ တန်း ဆက်မဖြေတော့ဘူးလား
A - ၂ နှစ် ဖြေသေးတယ်။ မအောင်တာ။ အကြော်ဆရာ လုပ်ရင်း နဲနဲ အဆင်ပြေလာတာလည်း ပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ စီးပွားရေးတွေ မကောင်းတဲ့ နောက်ပိုင်း စားသောက်ဆိုင် အငယ်လေးတွေ အရမ်းရှုံးကြတယ်။ အလုပ်သမားတွေ လျှော့ကြတယ်။ အဲ့ချိန်မှာ ကျွန်တော်က တက်ခါစပဲ ရှိသေးတာရယ်၊ ကျွန်တော့်ထက် အများကြီး အတွေ့အကြုံရှိတဲ့ အကြော်ဆရာရှိတာရယ်ကြောင့် ကျွန်တော် အထုပ်ခံလိုက်ရတယ်။ အဲ့ဒီဆိုင်ကို ခုထိလည်း မကျေနပ်ပါဘူး။ အဲ့ဒီနောက် ကျွန်တော် ဝေလေလေဖြစ်နေတုန်း မလေးရှားကို ပိုက်ဆံမကုန်ပဲ သွားနိုင်တယ် ဆိုပြီး ကြားတာနဲ့ အေးဂျင့်နဲ့ချိတ်ပြီး ထွက်ခဲ့တာ။


Q – ဒါဆို အဲ့ဒီချိန်ထိ နိုင်ငံရေး ခံယူချက်တွေ ဘာတွေ မရှိသေးဘူးပေါ့နော်
A - အဲ့ဒီချိန်ကမှ မဟုတ်ဘူး။ ခုထိလည်း ဘာခံယူချက်မှမရှိဘူး။


Q - အေးဂျင့်က ချိတ်ပေးလိုက်တာလား။ ဒီအလုပ်က
A - ဟာ..။ မဟုတ်ဘူးလေဗျာ။ ကျွန်တော့် အရင်အလုပ်က သံချည်သံကွေး (စာလုံးပေါင်းမှားနိုင်သည်) လုပ်ငန်းဗျ။ မြန်မှာနိုင်ငံမှာ တွေ့ဖူးတယ် မို့လား။ အဲ့လိုပဲ။ ဒါပေမယ့် ဒီမှာက အဲ့ဒီမှာထက်တော့ သာတာပေါ့။


Q - အလုပ်မှာ အဆင်မပြေဘူးလား။
A - အဆင်ပြေတယ်ဆိုတာလည်း ဘာမှန်းမသိဘူး။ မပြေတာလည်း မသိဘူး။ ကျွန်တော့် လစာ တစ်နှစ်ခွဲစာက အေးဂျင့်ကို ပေးရတာလေ။ ဒီတော့ ဘာမှန်းကို မသိလိုက်ဘူး တစ်နှစ်ကုန်သွားတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မရဘူး။ ဒါပေမယ့် တန်ပါတယ်။ ဘာမှစိုက်စရာမလိုပဲ၊ ဘာမှနားမလည်ပါးမလည်နဲ့ ရောက်လာတာပဲ။


Q - နိုင်ငံရေး ဘလော့ စရေးဖြစ်တဲ့အကြောင်းကရော
A - ကျွန်တော် သံ လုပ်ငန်းလုပ်ရင်း တစ်နှစ် ကျော်ကျော်ကြာတော့ ဖြစ်ချင်တော့ မလေးရှားမှာ စီးပွားရေး မကောင်းလို့ဆိုပြီး အလုပ်သမားတွေလျှော့ကြ၊ ဖမ်းကြလုပ်တယ်လည်း။ အဲ့ဒီမှာ ကျွန်တော်လည်း “အို“ ဖြစ်သွားတယ်။ အဲ့ဒီနောက် ပိုက်ဆံ7လည်း တစ်ပြားမှမရှိ၊ နေစရာလည်း မရှိ၊ အဖမ်းခံလိုက် ထွက်ပြေးလိုက်နဲ့ နောက်ဆုံး နိုင်ငံရေး သမား လုပ်ခဲ့တာပါ။


Q - ညီတို့ကကလည်း နောက်ဆုံး စားစရာမရှိ၊ နေစရာမရှိတော့တာနဲ့ ဘလော့ပေါ်မှာ ခံယူချက်ရှိသလိုလိုနဲ့ ကိုယ့်စီးပွားရေး ကိုယ်လုပ်နေသလို ဖြစ်နေတာပေါ့
A - ပြောလို့တော့ ရပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ကလည်း မလွယ်ဘူး။ အထက်မှာ ကျွန်တော် ပြောခဲ့သလိုပေါ့။ အဆက်အသွယ်ဆိုတာ။


Q - သေချာရှင်းပြပေးပါအုံး
A - ဒီမှာက UNHCR (မလေးရှား) ဆိုတာ ရှိတယ်ဗျ။ အဲ့ဒီမှာ ကျွန်တော်တို့ စားရာမဲ့၊ နေရမဲ့ မြန်မာတွေ တစ်ပုံကြီး မှတ်ပုံတင်ကြတယ်။ အဲ့ဒါကလည်း မလွယ်ဘူးဗျ တော်တော်ခက်တယ်။


Q - မှတ်ပုံတင်ဖို့ ဘာတွေ လိုအပ်တာလဲ
A - လိုအပ်တာတွေက အများကြီးဗျ။ ဒါပေမယ့် အဲ့ဒီလိုအပ်တာက ဘာမှလုပ်လို့မရဘူး။


Q - နားလည်နိုင်မယ့် ဥပမာလေးတွေနဲ့ ပြန်ရှင်းပေးပါအုံး
A - ဒီလိုဗျာ။ ဥပမာ ကျွန်တော်က ရန်ကုန်မှာနေခဲ့တယ်၊ ဗုဒ္ဓဘာသာဖြစ်နေတယ်၊ ဗမာလူမျိုးဖြစ်နေတယ်။ အဲ့ဒီအချက်တွေနဲ့ပဲ ကျွန်တော် ဘယ်တော့မှ UNHCR မှာ ဒုက္ခသည် မဖြစ်နိုင်တော့ဘူး။


Q - ဒါပေမယ့် ညီလေးက အမှန်တကယ် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်စစ်စစ်ပဲ ဆိုတာကို ပြောပြလို့မရဘူးလား
A - ဘယ်လိုမှမရဘူး အစ်ကို။ အစ်ကိုမသိလို့ UNHCR ကို မကျေနပ်တဲ့ ဗမာတွေ တစ်ပုံကြီး မလေးရှားမှာရှိတယ်။ မြန်မာနိုင်ငံထဲက လာတဲ့ လူချင်း အတူတူ၊ တိုင်းရင်းသားမှ လက်ခံပြီး ဗမာ ကို လက်မခံဘူး။ ဗုဒ္ဓဘာသာဆိုရင် လက်မခံဘူး။


Q - UNHCR ရဲ့ အလုပ်က ဘာလဲ ညီ သိလား
A - ကျွန်တော်သိသလောက်တော့ အသင်းဝင်ကြေးနဲ့ လစဉ်ကြေး ကောက်နေတာပဲ တွေ့တယ်။


Q - အသင်းဝင်ဖြစ်ဖို့ လိမ်ပြောလို့ရော မရဘူးလား
A - လိမ်တာပေါ့။ ကျွန်တော်တို့ ပက်ပက်စက်စက်ကိုလိမ်တာ။ ဒါပေမယ့် ကရင်ဆို ကရင် ကစစ်တာဗျ။ ချင်းဆိုရင် ချင်းက စစ်တာ။ စကားကောင်းကောင်း ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ကျွန်တော်တို့ အားလုံးက ဗမာတွေ၊ ပြီးတော့ တော်တော်များများက ၅ တန်းအောင် ၆ တန်းအောင်တွေ


Q - အတုတွေ ဘာတွေရော လုပ်လို့မရဘူးလား
A - ရတဲ့လူတွေရတယ်။ အတုတွေကလည်း အစုံပဲ။ လိမ်နည်းတွေကလည်း အစုံပဲ။ ကျွန်တော်ဆို အားလုံး လိမ်ဖူးတယ်။ ရွာမီးရှို့ခံရတယ်၊ ပေါ်တာဆွဲခံရတယ်၊ မေးတုန်းက ခရစ်ယာန်ဘာသာပါ။ တစ်ရွာလုံး မုဒိန်းအကျင့်ခံရတာပါ။ စုံနေအောင်လိမ်ပြောဖူးတယ်။ ပြီးတော့ ကျွန်တော့မှာ တိုင်းရင်းသားကဒ် ၆ ကဒ်လည်း ရှိတယ်။


Q - နောက်ဆုံး အဆင်ပြေသွားတယ်ဆိုပါတော့
A - ပြောတော့ ပြေသွားပါတယ်။ တခြား အဆင့်တွေလည်း အများကြီး ဖြတ်ကျော်ခဲ့ရတယ်


Q - ခုလို ဒုက္ခသည်ဆိုပြီး အမျိုးမျိုးလိမ်ခဲ့ပြီး ခု ဘလော့ပေါ်မှာ နိုင်ငံအကြောင်း မဟုတ်တာတွေရော ဟုတ်တာတွေရော ရေးနေရတာနဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကို နောင်တရတာတွေ ရှိလား
A - နောင်တရတယ်လို့တော့ မဟုတ်ဘူး။ လောလောဆယ် အစဉ်ပြေတယ်။ နောက်ပိုင်း လူတွေထပ်ရောက်လာရင် ကျွန်တော်တို့က လူဟောင်းတွေဆိုတော့ နဲနဲ လုပ်လည်းလုပ်ဟန်လေးတွေ သင်ပြလို့ရတယ်။ ပြီးတော့ ကျွန်တော့ ဘလော့လည်း နဲနဲ နာမည်လေးလည်းရနေ။ အနေထားလေးလည်း ကျနေပြီဆိုတော့။ လက်ရှိအနေမထားလေးကို သဘောကျပါတယ်။ အစ်ကို ပြောသလို တစ်ခါ တစ်လေ စဉ်းစားမိတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီချိန်ကြရင် ကျွန်တော့်ထက်ဆိုး၊ ကျွန်တော့ထက် နိုင်ငံအကြောင်း မဟုတ်တာ ပြော၊ ဒီမှာ မြန်မာအချင်းချင်း အမြတ်ထုပ်ပြီး သူဌေးဖြစ်နေတဲ့လူတွေနဲ့ ယှဉ်လိုက်တော့ ကျွန်တော် လုပ်နေတာလေးက ဘာဆို ဘာမှမဟုတ်ဘူး ဆိုပြီး ဖြေသိမ့်ပါတယ်။


Q - နိုင်ငံအတွက် မကြည့်တော့ဘူးလား။
A - နိုင်ငံအတွက်ကတော့ ကျွန်တော်တင်မဟုတ်ဘူး။ ဒီက လုပ်ဖော်ကိုင်ဖက်အားလုံး တစ်ယောက်မှ နိုင်ငံအတွက်ဆိုပြီး လုပ်တဲ့လူ မရှိဘူး။ ကျွန်တော့် အမျိုးတွေထဲမှာလဲ မရှိခဲ့ဘူး။ ကျွန်တော်လည်း မရှိဘူး။


Q - ဒီအလုပ်လုပ်တော့ ရန်ကုန်က မိဘတွေက ဘာမှမပြောဘူးလား
A - ဟာ..။ ဒါတော့ ကျွန်တော် ဘယ်အသိပေးမလဲ။ တခြားလုပ်ငန်းလုပ်တယ်ပဲပြောတာပေါ့။ ဒီအလုပ်လုပ်ရင် အဖေ က သဘောမတူဘူးဆိုတာ ကျွန်တော် သိတယ်။


Q - ညီ တို့ အလုပ်ကလည်း ကိုယ့်အလုပ်ကိုယ် ဂုဏ်ယူဝင့်ကြားစွာ ထုတ်ဖော်ပြောဖို့နေနေသာသာ အသိတောင် မခံရဲရတဲ့ အလုပ်ပါလား။
A - ဒါကလည်း ဒီအလုပ်လုပ်နေသူ အားလုံးပါ။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှာတော့ သူရဲကောင်းလုပ်ရဲ၊ ကိုယ့်အလုပ်ကို ထုတ်ပြောရဲပါတယ်.. ဟားဟား။ (ရယ်လျှက်)


Q - နေ့စဉ် အလုပ်က ဘာတွေလုပ်ရတာလဲ
A - ကျွန်တော်ကတော့ ဒေါက်တာလွမ်းဆွေဘလော့နဲ့ ပိတောက်မြေ ဘလော့ကို သွားပြီး သတင်းအသစ်လင့်တွေ လိုက်ကြည့်တယ်။ နောက် လူကြီးတွေ ကြိုက်မယ်ထင်တဲ့ ပိုစ့်တွေကို ကိုယ့်ဘလော့မှာ ပြန်တင်တယ်။ စီဘောက်စ်တွေမှာ လိုက်အော်တယ်။ နေ့တပိုင်းလောက်ဆို ကျွန်တော့တာဝန် ပြီးပါပြီ။ ညနေပိုင်းတော့ အရက်လေး သောက်လိုက်၊ စော်နဲ့ စကားပြောလိုက်ပဲ။ ထူးထူးခြားခြားနေ့တွေ့ ဘာတွေဆိုရင်တော့ သူတို့ ခေါ်တဲ့နေရာတွေဘာတွေသွားရတယ်။ ဥပမာ - ညောင်ရေ သွန်းပွဲမှာ ဘယ်မှာစုမယ်၊ ဘာလုပ်မယ်ပေါ့။ အဲ့ဒါလည်းကောင်းပါတယ်၊ ပိုက်ဆံလည်း ရတယ်။ ပိုစ့်တစ်ခုရတယ်လေ။


Q - လူကြီးတွေကြိုက်မယ့် ပိုစ့်ဆိုတာ ဘယ်လို ပိုစ့်လဲ ညီ
A - နဲနဲ ထူးထူးခြားခြားဖြစ်တာနဲ့ အဓိကကတော့ စစ်အစိုးရ မကောင်းကြောင်းပေါ့။ မရှိရင်လည်း ကို့်ဘာကို စဉ်းစားပြီး ရွာမီးရှို့တာတွေ၊ မုတိမ်းကျင့်တာတွေ လုပ်ရတာပေါ့။ ဘလော့ပေါ်မှာ ကျွန်တော် မီးရှို့ခဲ့တဲ့ ရွာတွေတောင်တော်တော်များနေပြီ။


Q - ခု န ပြောတော့ ညီ့မိဘတွေကို ညီ့မလုပ်ကို ပြောမပြဘူးလို့ပြောတယ်။ ပြီးတော့ ညီ့ မှာ ချစ်သူ ရှိတယ်ဆိုတော့ သူကရော
A - သူ့ကိုတော့ နည်းနည်း ပြောပြထားတယ်။ သူကလည်း မလေးရှားကပဲလေ။ ဆိုးဆိုးရွားရွား တွေ အကုန်သိတယ်။ အဲ့ဒီထဲကမှ ကျွန်တော်က သူများတွေလို မဟုတ်ကြောင်း။ ဒီအလုပ်ကို မလုပ်ချင်လုပ်ချင်လုပ်နေရကြောင်းနဲ့ တစ်နေ့ကျရင် အမေရိကားကို သူနဲ့ အတူထွက်ဖို့ လုပ်နေကြောင်း ဖောရတာပေါ့။


Q - ကောင်းပါ့ဗျာ။ ညီ့ ချစ်သူက မလေးရှားကပေါ့။
A - ဟုတ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေ စော် ရရင် မလေးရှားကနဲ့ မြန်မာနိုင်ငံကပဲ များပါတယ်။ ဒါတောင် အကြောင်း မသိတဲ့လူတွေလောက်နဲ့ပဲ အဆင်ပြေတာ။ စင်္ကာပူတို့၊ ထိုင်းတို့၊ ကိုရီးယား၊ ဂျပန်၊ ယူအက်စ်၊ ယူကေ က ကောင်မတွေ က ကြီးကျယ်တယ်။ ကျွန်တော်တို့ ကို မေးလို့ မလေးရှားက ဆိုတာနဲ့ စကားမပြောချင်ကြတော့ဘူး။ ဘလော့ပေး၊ ဒလိ လုပ်တော့တာပဲ။


Q - ညီ ခုန ပြောခဲ့တာ အမေရိကားကို သွားဖို့ဆိုတာက တကယ်လား
A - ဟုတ်တယ် အစ်ကို။ ကျွန်တော်တို့က ဒီကနေ တတိယနိုင်ငံ ဆက်ပြီး ချိတ်လို့ရတယ်။


Q - ဟုတ်လား။ ဘယ်နိုင်ငံတွေလဲ
A - အမေရိကားရယ်။ သြစတေးလျ ရယ်၊ နော်ဝေ ရယ်ပါ။


Q - ဒါဆို အဲ့ဒီ နိုင်ငံ မှာ ခုရောက်နေတဲ့ ဒုက္ခသည်တွေကလည်း တစ်ချိန်က ညီတို့လိုပဲပေါ့နော်
A - တစ်ချိန်တင်မဟုတ်ပါဘူး။ ဘယ်နိုင်ငံရောက်ရောက် အားလုံး အတူတူပါပဲ။ ကျွန်တော်တို့ အချင်းချင်း ပိုသိပါတယ်။


Q - ဒါဆို ညီ က တောက်လျှောက် ဒီ နိုင်ငံရေး ဘလော့ရေးတဲ့ အလုပ်ကို ဘာခံယူချက်မှမရှိပဲ ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောလား
A - အမှန်တိုင်းပြောရရင်တော့ ဒီလောက်သက်သာပြီး အရင်းမစိုက် ရတဲ့ အလုပ်ကို နေသားကျနေပြီးမှတော့ ကျွန်တော် လက်မလွှတ်တော့ပါဘူး။


Q - ချမ်းချမ်းသာသာ နေနိုင်ပါ့မလား
A - NLD LA တွေလောက်တော့ ချမ်းသာမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ကြားကျတယ်ဗျ။ နိုင်ငံရေး လုပ်ချင်ရင် NLD ကိုလာ UN လိုချင်ရင် UN ရုံးသွားဆိုပြီး NLD ရုံးရှေ့မှာ စာကပ်ထားတာ တွေ့ဖူးတယ်ဗျ။ NLD LA တွေက တော့ ကျွန်တော်တို့ထက် မိုက်တွင်းနက်၊ ကျွန်တော်တို့ထက် အရှက်မရှိတဲ့လူတွေ၊ ကျွန်တော်တို့ထက် လူလည်ကြပြီး ချမ်းသားနေတဲ့ လူတွေပါ။ သူတို့ချင်း သိပါတယ်။ ကျန်တဲ့ အေးအေးဆေးဆေး နေတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ကျွန်တော်က သာမန်ဒုက္ခသည်ထက် ဆိုးပေးမယ့် NLD လောက် မမိုက်တဲ့ ထဲမှာ ပါတယ်လို့ ပြောရမယ်။ ပစ္စည်းဥစ္စာကတော့ ထိုက်သင့်သလောက်ပေါ့။ မြန်မာနိုင်ငံလည်း ပြန်လို့မှမရတော့တာ။ ထူးမခြားနားအခြေနေဆိုတော့ နိုင်ငံမကောင်းကြောင်းရေးလည်း အရင်တုန်းကတော့ နဲနဲ ထိန်းသေးတယ်။ ခုတော့ သတင်း အတုတွေ ကျွန်တော် ထုတ်ထုတ်ပေးလိုက်လို့ သူများတွေ ကော်ပီ ကူးကြတာတွေတောင် မနည်းတော့ပါဘူး။


Q - စာဖတ်သူတွေကို ညီလေး ဘာပြောချင်သေးလဲ
A - ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ နိုင်ငံရေးသမားတွေ ပြောတိုင်း မယုံပါနဲ့လို့။ ပြီးတော့ အဲ့ဒီ နိုင်ငံရေး ဘလော့ရေးသူတွေကိုလည်း အချင်းချင်း သိတယ်လို့။ သိပ်ပြီးတော့ သူရဲကောင်း လုပ်မနေကြနဲ့ လို့။ ဒါပဲပြောချင်တာပါ။ အဲ့ဒါကလည်း ကျွန်တော် ပြောနေကျ စကားပါပဲ။


Q - ဟုတ်ကဲ့ပါ။ ခုလို စော်နဲ့ စကားပြောရမယ့်အချိန်ထဲကနေ အများကြီးပေးပြီး ဖြေကြားသွားတဲ့ ညီလေး မောင်ရန်အောင် ကို ကျေးဇူး အများကြီး တင်ပါတယ်။
A - ရပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း တစ်နေ့ မဟုတ် တစ်နေ့ အားလုံး ထုတ်ပြောဖို့ စီစဉ်ထားပြီးသားပါ။


Q - ပထမ ကိုသွင်ကြီး (ကိုသွင်ကိုကို) နဲ့ အမေးအဖြေလုပ်တော့ ဒီအမေးအဖြေတွေ အားလုံး အမှန်ကန်မှန်း သိအောင် တစ်ခုခု သက်သေထားခဲ့ဖို့ ပြောတော့ ကို သွင်ကြီးက သူ့အီးမေး ပေးခဲ့တယ် ညီ။ ညီ့ အနေနဲ့ကျတော့ နာမည်ကလည်း သိပ်မပြည့်စုံ၊ လိပ်စာတွေကလည်း မတိကျတော့ တစ်မျိုးဖြစ်နေမလားလို့။ အစ်ကိုတို့က နားလည်တယ်။ စာဖတ်သူတွေအနေနဲ့ပေါ့။
A - ကျွန်တော် ပြောတာ အားလုံး အမှန်တွေဆိုတာ ကျွန်တော်တို့ ပက်ဝန်းကျင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း အားလုံး သိပါတယ်။ ပြီးတော့...

http://liar-peoples.blogspot.com/

http://www.mgpala.com/2010/05/blog-post_05.html

အဲ့ဒါလေးတွေ ကြည့်ခိုင်းလိုက်ဗျာ။ အားလုံး ကွင်းကွင်းကွက်ကွက် သိသွားကြမှာပါ။

အုပ်ထိန်းမှုလွန်ကဲလွန်းရင် လူရာမဝင်ဖြစ်တတ်တယ်

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက် တစ်မနက်ရောက်လာပြီး “ဆရာ့ဆီက အကြံဥာဏ်လေးများ ရမလားဆိုပြီး လာတာပါ” လို့ ပြောပါတယ်။ အပူပေးချင်မှ ရောက်လာတယ်ဆိုပြီး ထိပ်ခေါက်ချင်လည်း ခေါက်ပါဆိုပြီး မျက်နှာချိုသွေးပါသေးတယ်။

တစ်ဦးတည်းသောသား

အကျိုးအကြောင်းမေးကြည့်လိုက်တော့ ၁၀ တန်းဖြေပြီးတဲ့သားက မြစ်ကြီးနားကရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်းအပြန်လိုက်လည်ချင်တယ်ဆိုပြီးနားပူနားဆာ လုပ်နေတဲ့အတွက် ဘယ်လို ကိုင်တွယ်ရမှန်းမသိဖြစ်နေရတယ်လို့ပြောပြပါတယ်။ ကလေးက မြစ်ဆုံကို သွားကြည့်ချင်တာပါတဲ့။မိဘကလည်း
တစ်ယောက်တည်းရှိတဲ့ သားကလေးကို မိဘမပါဘဲ ဘယ်မှမလွှတ်ဘူးတော့စိတ်မချဖြစ်နေတယ်။သားလေးကို ငယ်ငယ်ကတည်းက ငပလီ၊ချောင်းသာ၊ငွေဆောင်အစရှိတဲ့နေရာတွေကို အမြဲလိုက်ပို့ပေးပါတယ်။ တစ်ယောက်တည်းတော့ တစ်ခါမှမလွှတ်ဘူးပါဘူးတဲ့။သားက နေ့တိုင်း တကျီကျီနဲ့ နားပူနားဆာ လုပ်နေတာကြောင့်စိတ်ညစ်နေရပါတယ်တဲ့။သူ့သားတောင် ဆယ်တန်းဖြေပြီးတဲ့ အရွယ်ကိုရောက်နေပြီကိုးလို့ တွေးရင်းကုန်လွန်သွားခဲ့တဲ့အချိန်တွေကိုပြန်သတိရသွားပါတယ်။

ကိုယ်ချင်းစာကြည့်ပါ

တစ်ခါက ကျောင်းသားတွေနဲ့ ချောင်းသာကို သင်္ဘောနဲ့သွားမယ်လုပ်ကြတော့ သူ့မိဘက သူ့ကိုလိုက်ခွင့်မပြုပါဘူး။အဒီအချိန်မှာ သူက စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားပါ။ သူနားပူနားဆာလုပ်တာကြောင့် သူ့မိဘတွေဆီလိုက်သွားပြီး လိုက်ခွင့်ပြုဖို့ ပြောပေးရပါတယ်။ မိဘများကလည်း
ဆရာကိုယ်တိုင်လိုက်လာတယ်ဆိုတော့ အားနာပြီးထည့်လိုက်ပါတယ်။အဒီအကြောင်း သူ့ကို ပြန်သတိပေးပြီး ကိုယ်ချင်းစာကြည့်နဲ့ စဉ်းစားကြည့်ဖို့ ပြောလိုက်ပါတယ်။လိုက်ခွင့်ပြုလိုက်ပါလို့တော့ မတိုက်တွန်းလိုက်ပါဘူး။ သူပြန်သွားပြီး ညဘက်ကျ ဖုန်းဆက်ပါတယ်။သူ့ဇနီးနဲ့ တိုင်ပင်ပြီး သားကို လိုက်ခွင့်ပြုလိုက်ပါတယ်လို့ ပြောပါတယ်။


ပူညံပူညံ ဆူသံတွေ
ကျွန်တော်တို့ မြန်မာမိသားစုတွေအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပြဿနာက ဒါမျိုးချည်းပါပဲ။ ဘယ်မိဘမဆို မိဘနေရာကပဲ စဉ်းစားပြီး သားသမီးနေရာက မစဉ်းစားပါဘူး။ သားသမီးကလည်း မိဘနေရာကနေပြီး စဉ်းစားကြည့်လေ့မရှိပါဘူး။အဒီတော့ သီချင်းနားထောင်တာနဲ့ တီဗွီကြည့်တာက အစ၊ အဝတ်အစား ဝတ်ပုံစားပုံ အဆုံး ဘယ်နေရာမှ အကြိုက်ချင်းတူတယ်လို့ မရှိတော့ပါဘူး။အကြိုက်မတူရာကနေပြီး ပူညံပူညံနဲ့ ဆူသံတွေပေါ်ထွက်လာကြပါတယ်။လူငယ်တွေကတော့ မျိုးဆက်ကွာဟမှုကြောင့်လို့ လက်ညှိုးထိုးပြီး မိဘတွေကို ခေတ်နောက်ကျတဲ့ လူကြီးများအဖြစ်မြင်ကြတယ်။ကွယ်ရာမှာ ခေါ်တာကိုးက ဘိုးတော်ကြီး၊ဘွားတော်ကြီးတဲ့လေ။

ခေါင်းမအိုရင် လူမအို

အသက်ကြီးလာရင် အတွေးအခေါ်တွေပါ ခေတ်နောက်ကျန်ရစ်ခဲ့တာပဲလို့ လှေနံဓါးထစ်မမှတ်ထားသင့်ဘူး။တလောက တီဗီမှာ အဆိုတော်ချစ်ကောင်းနဲ့ သူ့သမီး အဆိုတော်မလေး အိမ့်ချစ်တို့ တွဲပြီးသီချင်းဆိုသွားတာ တွေ့လိုက်ရတယ်။ သမီးလေအိမ့်ချစ်ထက်တောင်ပိုပြီး ချစ်ကောင်းက (ခေတ်စကားနဲ့ပြောရရင်) ဟော့ရှော့ဖြစ်နေသေးတယ်။အဆိုတော် ဂျေမောင်မောင်လည်း အတူတူပါပဲ။စင်ပေါ်မှာ သမီးသီရိဂျေမောင်မောင်ထက်တောင် ခုန်ပေါက်မြူးကြွ နေသေးတာတွေ့ရပါတယ်။ အသက်ကြီးတိုင်း အတွေးအခေါ် ခေတ်နောက်ကျတာမဟုတ်ဘူး။ခေါင်းမအိုရင် လူမအိုဘူးဆိုတာကို လူငယ်တွေလည်း နားလည်ဖို့ လိုပါတယ်။


အာခံစိတ်ဖြစ်ရတဲ့ အကြောင်း

မိဘတွေဘက်ကလည်း အရာရာကို မိဘဘက်ကကြည့်ပြီး (စိုးရိမ်ပူပန်စိတ်နဲ့) တားဆီးပိတ်ပင်တာမျိုးအလွန်အမင်းမလုပ်သင့်ဘူး။ မိမိကိုယ်တိုင် သားသမီးများအရွယ်က ဘယ်လိုနေခဲ့၊ ထိုင်ခဲ့၊ ဝတ်စားဆင်ယင်ခဲ့သလဲ။ ဘာတွေကြိုက်ပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားပြီးမှ တားသင့်တာကို တားပြီး ပိတ်သင့်တာကို ပိတ်သင့်တယ်။ ကိုယ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာတွေ၊ ငပလီတွေသွားခဲ့သလို၊ သားသမီးလေးလည်း သွားချင်ရှာမှာပဲလို့ စဉ်းစားသင့်တယ်။ ပူတာကတော့ ပူတာပေါ့။သားသမီးအတွက် မပူတဲ့ မိဘ ဘယ်ရှိမှာလဲ။ဒါပေမယ့် သဘာဝထက်လွန်ကဲပြီး ပူတာမျိုးကတော့ မကောင်းဘူး။မိဘလည်း စိတ်ဆင်းရဲရပြီး သားသမီးလည်း မကျေနပ်မှုတွေဖြစ်ရတယ်။မကျေမနပ်ဖြစ်ရတောတွေက အစိုင်အခဲကြီး ဖြစ်သွားရင် အာခံစိတ်၊တွန်းလှန်ပုန်ကန်ချင်စိတ် အထိရောက်သွားနိုင်တယ်။


ဗိုင်းကောင်းကျောက်ဖိလေးတွေ

တစ်ဦးတည်း သားသမီးရဲ့ မိဘတွေက ပိုပြီး ပူပန်တတ်ကြတယ်။ဟိုဟာ စိတ်မချ၊ ဒီဟာစိတ်မချနဲ့ ကာကွယ်စောင့်ရှောက်မှု အလွန်အကျွံလုပ်လေ့ရှိတယ်။အနှစ် နှစ်ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ မိဘအအုပ်အထိန်း သိပ်ကောင်းတဲ့ဗိုင်းကောင်းကျောက်ဖိ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ အများကြီး တွေ့ခဲ့ဘူးတယ်။စာလည်း သိပ်တော်ကြတယ်။ ဒါပေမယ့် အားမနာတမ်းမှန်တဲ့အတိုင်းပြောရရင် သူတို့အများစုဟာ လူအဖွဲ့အစည်းအတွင်း ဝင်ရောက်သွားတဲ့အခါကျတော့ ဘယ်နေရာမှကို သုံးစားမရတာကို တွေ့ရပါတယ်။မိဘအုပ်ထိန်းမှု လွန်ကဲလေတော့ ဘယ်အရာကိုမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘူး။ သူများကိုချည်း အားကိုးနေရပါတော့တယ်။ အားကိုးရင်း အာကိုးရင်းနဲ့ အလုပ်တူလုပ်ကြတဲ့ အသက်ကြီးကြီး အိမ်ထောင်သည်တွေနဲ့ ညားသွားကြတဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေကိုလည်း ရင့်နင့်စွာနဲ့တွေ့ခဲ့ဖူးပါတယ်။

စိတ်သဘာဝသိဖို့လို

သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲသွားတဲ့ ကလေးများရဲ့စိတ်သဘာဝနဲ့ လိုက်လျော ညီထွေဖြစ်အောင် ပြုစုပျိုးထောင်တတ်ဖို့လိုပါတယ်။ ကလေးဟာ အမိဝမ်းတွင်းကထွက်လာကတည်းက အမေဆိုတာ အားကိုးအားထားပြုစရာ ဧရာမတန်ခိုးရှင်ကြီးလို့ မှတ်ယူထားပြီး အမေ့နားကမခွာဘဲ တကပ်ကပ်လုပ်နေလေ့ရှိတယ်။ကျောင်း စ နေရတော့လည်း စာသင်ခန်းအပြင်ဘက်က အမေစောင့်နေမှ ကျေနပ်တယ်။ နေ့စဉ်နေ့တိုင်း အမေပို့မှ အမေကြိုမှ ကြိုက်တယ်။ အမေခွံ့ကျွေးမှစားတယ်။ အမေသိပ်မှ အိပ်တယ်။ ၁၁ နှစ်၊၁၂ နှစ်အရွယ်၊ခြောက်တန်း၊ခုနှစ်တန်းရောက်တော့ အမေလာမကြိုစေချင်တော့ဘူး။ သူငယ်ချင်းတွေနဲ့ပဲ သွားချင်ပြန်ချင်တယ်။ဒါမှမဟုတ် ဒရိုင်ဘာ လာကြိုစေချင်တယ်။ သူကိုယ့်သူ အရွယ်ရောက်လာပြီ။ သူ့ကိုယ်သူထိန်းနိုင်ပြီဆိုတာကို ဖော်ပြချင်လာတယ်။


သူ့ခြေထောက်နဲ့ သူလမ်းလျှောက်

ဒါသဘာဝတရားရဲ့ ပြောင်းလဲမှု့ဖြစ်တယ်။ ဘယ်သူမှတားလို့မရဘူး။ ဒီအချက်ကို မိဘက နားလည်ပြီး သူအရွယ်ရောက်လာပြီ၊ သူ့ကိုယ်သူစောင့်ရှောက်နိုင်ပြီဆိုတာ အသိအမှတ်ပြုကြောင်း၊ထုတ်ဖော်ပြသဖို့လိုတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို မိဘကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားရမယ့်အကြောင်း၊ ဒီလိုကိုယ့်အားကိုယ်ကိုးဖို့အတွက် အရာရာကို ကိုယ်ပိုင်ဥာ့ဏ်နဲ့ စဉ်းစားဝေဖန်သုံးသပ်ပြီး လုပ်ရမယ့်အကြောင်း၊ သားသမီးနားလည်အောင်ရှင်းပြပြီး စဉ်းစားတဲ့အကျင့်ရအောင်လုပ်ပေးရပါမယ်။အကျိုးအကြောင်းစပ်ဆက်စဉ်းစားတတ်တဲ့ အကျင့်ရသွားတဲ့ ကလေးဟာ သူ့ဘဝတစ်လျှောက်လုံး ဘယ်သူ့မှ အားမကိုးဘဲ သူ့ခြေထောက်နဲ့သူ ကောင်းကောင်းလမ်းလျှောက်သွားနိုင်မှာ သေချာပါတယ်။


အုပ်ထိန်းမှုလွန်ကဲလို့

အနောက်နိုင်ငံတွေမှာဆိုရင် မူလတန်း ကျောင်းသူ ကျောင်းသားလေးတွေကို ဆရာ၊ဆရာမတွေက ဦးဆောင်ပြီး တစ်ညအိပ် နှစ်ညအိပ် တောစခန်းထွက်တဲ့ အလေ့အကျင့်လုပ်ပေးလေ့ရှိတယ်။ ကလေးဘဝကတည်းက ကိုယ်ရောစိတ်ပါ ကြံခိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောဖြစ်တယ်။ ဒါကြောင့် သူတို့ဆီက အသက် ၁၂ အရွယ်၊ ၁၃ နှစ်အရွယ် မိန်းကလေး တွေတောင် မိဘမပါဘဲနဲ့ ကျောပိုးအိတ်ကလေးတစ်လုံးနဲ့ ကမ္ဘာပတ်ဝံ့တဲ့ သတ္တိရှိနေကြတာဖြစ်တယ်။မြန်မာပြည်မှာတော့ အအုပ်အထိန်းလွန်ကဲလွန်းတော့ ဆရာဝန်မလေး၊ ကျူတာမလေး ဖြစ်နေတာတောင် မိဘ သို့မဟုတ် အဖော်တစ်ယောက်ယောက်မပါဘဲ ရန်ကုန်-မန္တလေး ခရီးလောက်ကို မသွားရဲကြတာတွေ အများကြီး ရှိတယ်။ အုပ်ထိန်းမှုလွန်ကဲခြင်းက တရားခံပဲ။


ပင်ပန်းရှာကြတယ်

ဒီခေတ် ကျောင်းသူ ကျောင်းသားအရွယ်ကလေးတွေဟာ ရှေးခတ်နဲ့ မတူ အင်မတန်ပင်ပန်းကြရှာတယ်။ သုံးနှစ်သားအရွယ်က စပြီး ဆယ်တန်းကျောင်းသားအရွယ်အထိ ကျောင်းနဲ့၊ ကျူရှင်နဲ့၊ ဂိုက်နဲ့ လုံးချာလိုက်နေကြတယ်။ ကလေးသဘာဝ အမေ့နား ကပ်ချွဲချိန်၊ ဆော့ချိန်၊ကစားချိန်ရယ်လို့ ဟုတ်တိပတ်တိ ရှိကြတာမဟုတ်ဘူး။ တစာစာနဲ့ စာတွေနဲ့ ပိပြီး နုနယ်တဲ့ ကလေးဦးနှောက်လေးတွေ ထုံထိုင်းသွားမှာတောင်စိုး၇ိမ်မိတယ်။ ကလေးဆိုတာ သွက်သွက်လက်လက်၊ လန်းလန်းဆန်းဆန်းနဲ့ ကြီးပြင်းလာရမှ ထူးချွန်တဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်မှာပါ။

ပူတူးတူးလေးလို

၁၀ တန်းစာမေးပွဲ ကြီး ဖြေပြီးတဲ့အချိန်မျိုးမှာတော့ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ သူတို့စိတ်ကြိုက်နေခွင့် ပေးသင့်တယ်။အဒီအသက်အရွယ်ဟာ ကလေးဘဝကနေ လူကြီးဘဝ စတင်ပြောင်းလဲဖို့ စတင်ခြေလှမ်းလိုက်ချိန်ဖြစ်တယ်။ အစစ အရာရာ ကိုယ်ပိုင်အသိနဲ့ဆင်ခြင်စဉ်းစား ဆုံးဖြတ်တတ်အောင် မိဘများက ညွှန်ပြဖို့လိုပါတယ်။ သူတို့အရွယ်ဟာ ကလေးမဟုတ်တော့ဘူးဆိုတာ သူတို့ကိုယ်တိုင်သိလာအောင် လုပ်ပေးပါ။မိဘများကလည်း အဒီအရွယ်တွေကို ပူတူးတူးလေး” လိုသဘောထားပြီး ထမင်းခွံ့ကျွေးမနေပါနဲ့တော့။ ဒါမှ သူတို့လေးတွေ ရင့်ကျက်လာမှာဖြစ်တယ်။


လူထုစိန်ဝင်း