
အတိုက်အခံတွေအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားခဲ့ပေမယ့် ခုထိ ရှေ့ကို တစ်လှမ်းမှကို မရောက်သေးပါဘူး။ အတိုက်အခံတွေရဲ့ အောင်မြင်မှု ဘယ်မှာလဲ၊ ဘာလဲ ဆိုတာ ပြစရာ တစ်ကွက်မှကို မရှိပါဘူး အောင်မြင်မှု သေးသေးလေးတောင် မရှိပါဘူး။ ပြည်တွင်းက အပြစ်မဲ့ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်ရတာနဲ့ နိုင်ငံသိက္ခကျတာပဲ အဖက်တင်တယ်။ အထူးသဖြင့် ပြည်ပကနေ လေနဲ့ တိုက်ပွဲဝင်နေသူတွေ၊ ဘလော့ပေါ်ကနေ ကီးဘုတ်နဲ့ တိုက်ပွဲဝင်နေသူတွေအနေနဲ့ သံဝေဂ တွေလည်း ရသင့်ပါပြီ။
အဝေးကနေ လေးထောင့် ဘီးကြီးပေါ်ထိုင်ပြီး ပြည်တွင်းကလူတွေကို အမျိုးမျိုးဆူအောင်လုပ်၊ ပျက်စီးအောင် လုပ်နေတဲ့ ရှေ့မရောက်တဲ့နည်းလမ်းတွေ၊ အစိုးရလုပ်သမျှ အပြစ်ထိုင်ပြောနေတဲ့ နည်းလမ်းတွေလည်း ဘယ်ပြည်သူကမှ အယုံအကြည်မရှိတော့ပါဘူး။ ကိုယ့်သက်သာမှု ကိုယ်ရှာပြီး အစွမ်းအစ မရှိလို့ လေးထောင့်ဘီး ပေါ်ထိုင်ချင်ထိုင်နေပါ။ ဖြေးဖြေးသွားနေတဲ့လူတွေကိုတော့ မိန်းမတစ်ယောက်လို အတင်းချမနေပါနဲ့တော့။ တကယ် အရည်အချင်း ရှိရင် ဒီထက်ကောင်းပြီး ရှေ့ရောက်မယ့် နည်းလမ်းနဲ့ သက်သေပြပါ။ ကိုယ်တိုင် ဝင်လုပ်ပြီး သက်သေပြပါ။ ပြည်သူတွေ ယုံကြည်လက်ခံ လာအောင် သက်သေပြပါ။ အဝေးကနေ လေနဲ့ အော်နေတာတွေ၊ စာရေး တိုက်ခိုက်နေတာတွေ ရပ်ပြီး လူကိုယ်တိုင် သွားလှုပ်ရှားကြပါ။ အင်တာနက်ပေါ်မှာပဲ သူရဲကောင်း လုပ်မနေကြပါနဲ့တော့ ဒီမို အတိုက်အခံ လေတိုက်ပွဲဝင် အပေါင်းတို့.....။
Myanmar Express
3 comments:
မနာလို ၀န်တိုစိတ်နဲ့ သူများကို ဒုက္ခမပေးရလျှင် စားမ၀င် အိပ်မပျော်သည့် မသမာ သူများ Nge-Naing..
အဟမ်း.. ၂၀၁၀ အမတ်လောင်းလျာ (ခ) ကျော်ရဲအောင် ချစ်ချစ် mabaydar88..
ဒီအတိုင်းပဲကြည့်နေတော့မှာလားဗျာ.. ကျွန်တော်က နိုင်ငံရေးသမား လုံးဝမဟုတ်ရပါဘူးဗျာ. blog တွေကို ၂၀၀၇ လောက်ကစပြီးဖတ်နေတာပါ စာဖတ် အရမ်းဝါသနာပါလို့ အကုန်နီးပါးလိုက်ဖတ်ပါတယ်.ခုက ဘယ်နေရာ သွားသွား အဲ့အဖွားကြီး နှာထ အရူးထနေတာ မြင်ရတော့ မိုးလင်းတာနဲ့ကို ကျက်သရေး တုန်းတယ်. :(
Whatever
မရဘူးရှင့်..ကျမတို့ကတော့ရေးရဦးမှာပဲ...ကျမသမီးလေးနောင်ရေးကလဲရှိသေးတယ်လေ....နားလည်ပေးပါကိုဒေါ်လာစားရယ်...နော်..နော်လို့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်