Subscribe to our RSS Feed

အမှားပြင်ဆင်ချက်နှင့် ပြင်ဆင်စရာ

၁။ အမှားပြင်ဆင်ချက်

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ ၁၉.၀၆.၂၀၁၀ ရက်နေ့ တွင် တင်ခဲ့သော Happy BD Daw Aung San Suu Kyi ပို့စ် ၏ ၄ ပိုဒ်မြောက်ရှိ၊ ၄ ကြောင်းမြောက်နှင့် ၅ ကြောင်းမြောက်တွင် ရေးသားထားသော

ဒါပေမယ့် အဲ့ဒီ ပုံကြီးချဲ့သူတွေကြောင့်ပဲ လူတော်တော်များများက အောင်ဆန်းစုကြည် ဆိုတာ သာမန်စကားလုံး တစ်ခွန်းလိုဖြစ်နေပါပြီ။"

နှင့်

"ကျွန်တော်တို့ ငယ်ငယ်က အောင်ဆန်းစုကြည် ဆိုရင် နောက်မှာ သူပြောခဲ့တဲ့စကားတွေ၊ သူ့ရဲ့ အောင်မြင်မှုတွေနဲ့၊ သူ့ရဲ့အရည်အချင်းတွေ၊ ရခဲ့တဲ့နိုဘယ်ဆုနဲ့ ရေးခဲ့တဲ့ စာအုပ်တွေ မျက်စိထဲ မြင်စေပါတယ်။“

ဟူသော စာကြောင်းများရှိ အောင်ဆန်းစုကြည်ဟူသော စာလုံးအား ဒေါ် တပ်၍ ဒေါ်အောင်ဆန်းစုကြည် ဟု ပြောင်းလဲဖတ်ရှုပါရန်.....။


၂။ အမှားပြင်ဆင်စရာ


ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်း ဆိုတာ နိုင်ငံရေးမှ မဟုတ်ပါဘူး။ ဘယ်ပက်ဝန်းကျင် ဘယ်အသိုင်းအဝိုင်းမှာဖြစ်ဖြစ် ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် မလိုအပ်ပဲ ကိုယ့်ထက် အသက်ရော၊ ဝါရော၊ အတွေ့အကြုံရော အစစအရာရာ ကြီးသူများကို ရိုင်းရိုင်းဆိုင်းဆိုင်း ပြောဆို ဆက်ဆံစရာ မလိုပါဘူး။

အဲ့လို ပြောဆိုဆက်ဆံ ရေးသားလိုက်လို့လဲ ဘာမှ ပိုကောင်းလာတာ မရှိပါဘူး။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေရဲ့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုက လူကြီးသူမ များကို ဦး တို့ ဒေါ် တို့ တပ်ခေါ်ခြင်း၊ လူငယ်များကို မောင် တို့ မ တို့ တပ်ခေါ်ခြင်းပါ။ အရမ်းကောင်းပြီး တန်ဖိုး ဖျက်လို့မရတဲ့ အစဉ်လာ တစ်ခုပါ။ ဒါပေမယ့် မယောင်ရာ ဆီလူးကြရင်း၊ တလွဲဆံပင်ကောင်ကြရင်း (အတိုက်အခံတွေ သိပ်ပြောတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စကား) ယဉ်ကျေးမှု အစဉ်အလာတွေလည်း ကိုယ်ကိုယ်တိုင် ဖျက်ဆီးမှန်းမသိ ဖျက်စီးနေကြသူတွေကတော့ အဲ့ဒီ ပြည်ပရောက် အတိုက်အခံ တွေပါပဲ။

http://www.burmese.shwe.org/cartoons/Ta%20Yote%20Gyi%20Nat%20Ka%20Kyar%20Pyi%20So%20Dawt..jpg/view


http://hsainuupan.multiply.com/journal/item/7


http://luthit.myanmarbloggers.org/2009/02/blog-post_12.html


http://www.slideshare.net/yadana8888/lizard-thein-sein


http://myanmarinmalaysia.blogspot.com/2009/09/blog-post_29.html

http://picasaweb.google.com/mr.creator2008/MrCreator#


http://zawyeaung.blogspot.com/


http://thanshwepictures.blogspot.com/


http://oppositieyes.blogspot.com/


ရလဒ်တွေကတော့ မြင်တဲ့အတိုင်းပါပဲ။ အဲ့ဒီလူတွေက အစိုးရကို အတိုက်အခံလုပ်ပြီး ဒီမိုကရေစီ အတွက် နိုင်ငံရေးလှုပ်ရှားနေကြတာလား။ ဘာအတွက်လဲ။ အဲ့ဒီလူတွေကို ဘာလို့ မရှုံ့ချကြတာလဲ။ ဘာလို့အားပေးနေကြတာလဲ။ ဘာလို့ မသိကျိုးကျွန်ပြုနေကြတာလဲ။ အဲ့ဒီလူတွေ လက်ထဲကို အာဏာရောက်သွားရင် မြန်မာနိုင်ငံကြီး ဘာဖြစ်သွားမလဲ။ ကိုယ်ကြိုက်တဲ့လူကို ဗိုလ်ချုပ်၊ ဦး၊ ဒေါ် တပ်ခေါ်ပြီး၊ ကိုယ်မကြိုက်တာနဲ့ ဘယ်လောက်အသက်ကြီးကြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့ ဝန်မလေးတာ၊ ညစ်ညစ်ညမ်းညမ်းဆက်ဆံတာက တရားနည်းလည်းကျတာလား။ ဘာမှလုပ်ပိုင်ခွင့်မရှိချိန်မှာတောင် သူ့ဖက်ကိုယ့်ဖက် ခွဲခြားပြီး ဆက်ဆံတတ်နေသူတွေက ဒီမိုကရေစီ ယူပေးနိုင်ကြပါ့မလား။ အတိုက်အခံတွေ ယုံကြည် အားကိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကရော အဲ့ဒီလိုလုပ်ဖို့ သင်ပေးထားလို့လား။ အဲ့လိုလုပ်နေတာကို အားပေးလို့လား။

ဒါတွေက ဆွေးနွေးခြင်းလည်း မဟုတ်ပါဘူး။ သတင်းလည်း မဟုတ်ပါဘူး။ အတင်း သက်သက်တွေပါ။ သတင်းထက် အတင်းကို ပိုစိတ်ဝင်စားနေကြတဲ့ မြန်မာ့နိုင်ငံရေးလောကအတွက် ဒါတွေကို အတိုက်အခံပက်ဝန်းကျင်အားလုံးက လက်ခံနေကြတယ်။ အဲ့ဒီ အတိုက်အခံတွေ အဲ့ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်လား။ အဲ့ဒီလူတွေက နိုင်ငံကို ဘယ်လိုများ လုပ်ပေးနိုင်မှာတဲ့လဲ။ သူများကို မကယ်တင်ခင်၊ ကိုယ့်စိတ်ဓာတ်တွေကိုပြုပြင်ပြီး ကိုယ့်ကိုယ်ကို အရင် ကယ်တင်ကြပါအုံး ဒီမိုအတိုက်အခံ ဒေါ်လာစား အပေါင်းတို့။...။



Myanmar Express

2 comments:

တောင်းပန်ပါတယ် ရေးတာမှားလို့ပါ ဒီပို့စ်ကို အပြည့်အဝ ထောက်ခံတယ်...

ဒီပို့စ် ရေးတဲ့သူကို အပြည့်အဝထောက်ခံပါတယ်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်