အသက်မရှိတော့တဲ့ ခန္ဓာကိုကြည့်ပြီး ငိုကြွေးသူ၊ ဝမ်းနည်းသူဟာ တရားမဲ့သူတွေဖြစ်တယ်။ ရုပ်နဲ့ နမ်ကို ခွဲပြီးသိရမယ်။ ဒီခန္ဓာကြီးကို လူတိုင်းစွန့်ပယ်ရမယ်ဆိုပြီး တရားသိနိုင်မှ သူတော်ကောင်းမည်တယ်။ ကလေးတွေက တရားနဲ့ ဝေးလို့ ငိုတာကို သင်ကြားလို့မရနိုင်သေးပေမယ့် တချို့လူကြီးတွေက အသက်တော်တော်ကြီးတဲ့အထိ တရားချလို့မရနိုင်တာတွေ ဘုန်းကြီးတွေ့ဖူးတယ်။
.
သေခြင်းတရားဆိုတာ လူတိုင်းရင်ဆိုင်ရမှာဖြစ်တယ်။ တခြားသူတွေသေတာကို ငိုကြွေးဝမ်းနည်းဖို့မလိုဘူး။ ကိုယ်တိုင်လည်း သေရမှာကို မကြောက်ရဘူး။ အမှန် တကယ်တော့ လူတိုင်း လူတိုင်း လူ့ဘ၀ လူ့ဌာနကို ရရှိရောက်ရှိ လာကြခြင်းဟာ ရှေးအတိတ် ကုသိုလ် ကံကြောင့် ဖြစ်တယ်။ ရှေးအတိတ်ကုသိုလ်ကံ များကို အမှတ်တမဲ့ သုံးစွဲမိလို့ ကုန်ဆုံး သွားကြရင်ဖြင့်နောင် ဖြစ်လာမည့် ဘ၀က မသေချာ။ “ကံမခိုင် သံတိုင် အိမ်ဆောက်တော့ကံမှောက်လျှင် ကျိုး” ဆိုသလို ကုသိုလ် ကံက အခြေမခိုင်လျင် ဘာလုပ်လုပ်အဆင်မပြေ နိုင်တော့။ သံတိုင် သံကွန်ကရစ် များနှင့် ဆောက်လုပ် ထားသည့်အိမ်တောင်မှ ကုသိုလ်ကံ မရှိတော့ သည်နှင့် ပျက်စီး ဆုံးရှုံးရ နိုင်၏။ကုသိုလ် ကောင်းမှု ကုန်ဆုံးသွား သည်နှင့် တပြိုင်နက် သတ္တ၀ါ အားလုံးမည်သူမဆို ပျက်စီးကြရ တော့တာပါပဲ။ မပျက်စီးတဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး။ဒါဟာ ဓမ္မ နိယာမပဲ။
သေမည်မှန်- လူရယ်လို့ ဖြစ်လာပြန်
ရင်လည်း လူတိုင်း အမှန်အကန်သေရဦးမှာပါပဲ။ ဒီနေ့ သေမလား မနက်ဖြန် သေမလား။
အခု ချက်ချင်းပဲ သေမလားစသည်ဖြင့် လားပေါင်း များစွာနဲ့ပဲ စောင့်ဆိုင်း
နေရတာပါ။ သေခြင်း တရားဟာလာဘ်ပေးလို့လည်း မရနိုင်၊ ရင်းနှီးလို့ နေပါဦး
တားလို့လဲ မရနိုင်၊ပစ္စည်းဥစ္စာ ဂုဏ် အရှိန်အ၀ါ သြဇာ အာဏာတွေနဲ့ တားလို့လည်း
မရနိုင်၊ အနုမြူလက်နက် အင်းအားတွေ ပိုင်ဆိုင်လို့ ရင်ဆိုင် ယှဉ်ပြိုင်
အနိုင်ယူ လို့လည်းမရနိုင်ပါဘူး။ ဆိုလိုတာက မွေးဖွားလာတဲ့ ဘယ်သူမဆို
အမှန်တကယ် သေကြရအုံးမယ် ဆိုတာကို သတိထားဖို့ပါ။
လေးတန်သေမျိုးပြ၊ အဘိဓမ္မာမှာ သေခြင်း လေးမျိုး ပြောပြ ထားတယ်။
၁။သက်တမ်းကုန်လို့ သေခြင်းမျိုးက လူ့ဘ၀မှာ ခေတ်အခြေအနေ အချိန်အခါအရ ကန့်သတ်ထားတဲ့ အပိုင်း အခြားမျိုး။ ၇၅-နှစ်ဆို ၇၅-နှစ်ပေါ့။ အဲဒီလို သက်တမ်းပြည့်လို့၊ ကုန်လို့ သေတာကို ဆိုလိုတာ။
၂။ကံကုန်လို့ သေခြင်းဆိုတာ ၁၅-နှစ် နဲ့လည်း သေချင် သေမယ်၊ မွေးပြီး ကာစလည်းသေချင် သေမယ်။ ကံပါ သလောက်ပဲ အသက်ရှင်ခွင့် နေခွင့် ရခြင်းမျိုးကိုဆိုလိုတယ်။
၃။သက်တမ်းရယ် ကံရယ် နှစ်မျိုးကုန်လို့ သေခြင်း ဆိုတာက သက်တမ်း ကလည်းကျော်လွန် သွားပြီ၊ ကံကလည်း ကုန်ပြီ၊ ခုခေတ်ဆို အသက် ၈၀-အရွယ်၊ ၉၀-အရွယ်တွေကို ဆိုလိုတာပေါ့။
၎။ရုတ်တရက် သေခြင်း (ဥပစ္ဆေဒက+accideint) မျိုးကတော့ ရေနစ်တာတို့၊ ကားတိုက်ခံရတာတို့၊ သူများသတ်လို့ သေတာတို့ စသည်ဖြင့် ရုတ်တရက် သေဆုံးရ တာတွေကိုပြောတာပါ။ တချို့များ အဲဒီကံ (ဥပစ္ဆေဒကကံ) မပါလာလို့ ကတော့ သူများကကိုယ့်ကို ဘယ်လိုပင် လုပ်ကြံ လုပ်ကြံ၊ ဖျက်ဆီး ဖျက်ဆီး မပျက်စီးနိုင်မသေနိုင်ဘူး။ ဒါက သတိ ထားစရာ လေးတွေကို ပြောတာပါ။
ကုသိုလ်ရွေးချယ်- မတည်မြဲတဲ့ အရာတွေနဲ့ နှိပ်စက် ၀န်းရံနေလို့ လူတိုင်းဟာသေကြရ ဦးမှာ။ ဘယ်နေ့ သေမှာမှန်း မသိရလို့လဲ သတ္တ၀ါတိုင်း လူသားတိုင်းဟာကောင်းမှု ကုသိုလ် တရားတွေကို လုပ်သင့်တာ ပါပဲ။ တချို့က ငါမသေ နိုင်ဘူးအမှတ်မျိုးနဲ့ ကုသိုလ်တွေကို မေ့လျော့ ပေါ့ဆပြီး မလုပ်ဘဲ နေတတ်၊ နေရဲလိုက်ကြတာ။ ကြောက်စရာကြီး။ ကုသိုလ် လုပ်တဲ့ နေရာမှာ ခုဘ၀ရော နောင် ဘ၀ပါအကျိုး များစေမယ့် ကုသိုလ်မျိုး တွေကို ရွေးချယ်ပြီး လုပ်သင့်တယ်။
လုပ်ကြကွယ်- ဒီလိုမှ မဟုတ်ဘဲ ပါတီလုပ် ၀ိုင်းဖွဲ့ပြီး အရက်ဒကာ ခံတာမျိုး၊ကိုယ့် ဘော်ဒါတွေ နိုက်ကလာပ် သွားဖို့ ပိုက်ဆံပေးလိုက်တာမျိုး တွေဟာခုဘ၀ရော နောင်ဘ၀ပါ အကျိုစီးပွား ဖြစ်ထွန်း စေမယ့် ကိစ္စမျိုး မဟုတ်ဘူး။သက်ရောက် မှုက ဆိုးကျိုးဖက်ကို ဦးတည် သွားစေတယ်။ ပြောချင်တာက သူများဆီကမျှော်လင့်ချက် မထားဘဲ၊ အကျိုးလိုလို့ ညောင်ပင် ရေလောင်းတာမျိုး မဟုတ်ဘဲဖြူစင်တဲ့ စေတနာမျိုးနဲ့ ကုသိုလ် ကောင်းမှုကို လုပ်သင့်တယ်။
သူက ငါ့ကို ရေတိုက် လိုက်လို့ ငါက သူ့ကို ပြန်ပြီး ထမင်းစား ဖိတ်ကျွေးလိုက်တဲ့ ကုသိုလ်မျိုးက စစ်မှန်တဲ့ ကုသိုလ်မျိုး မဟုတ်သလို၊ သူက ငါ့ကိုကူညီလို့ ထမင်း ဖိတ်ကျွေးတာ၊ သူက ချမ်းသာလို့၊ သူ့ကို ခိုင်းလို့ရလို့သူ့ဆီက ရမယ့် အကူအညီကို မျှောင်လင့် တောင့်တပြီး လုပ်တဲ့ ကုသိုလ်မျိုးကလည်း စစ်မှန်တဲ့ ကုသိုလ်မျိုး မဖြစ်နိုင်ဘူး။ မြတ်ဗုဒ္ဓ ဟောထားသလို(တတြာနန္ဒ တိရစ္ဆာ နဂတေ ဒါနံ ဒတွာ သတဂုဏာ ပါဋိကင်္ခိ တဗ္ဗာ)မျိုးကိုယ့်အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို ကြွက်ခုတ်လို့ အစာကျွေး တာမျိုးမဟုတ်ဘဲ စေတနာ သန့်သန့်လေးနဲ့ ကျွေးမွေး လိုက်ရင် အဆတစ်ရာ၊ ဘ၀တစ်ရာအကျိုးပေး နိုင်တယ်တဲ့။ စေတနာ စစ်မှနော်။ စစ်မှန်မှ ခုဘ၀ရော နောင်ဘ၀ပါသာမက နိဗ္ဗာန်ထိအောင် အကျိုးပေး များနိုင်တယ်။ အဲဒီလို ကုသိုလ်မျိုးတွေရွေးချယ်ပြီးလုပ်သင့်တယ်။
သုံးသွယ်- ကုသိုလ် မလုပ်မီ အရင်ဖြစ်တဲ့ စေတနာ၊ လုပ်နေဆဲ စေတနာ၊လုပ်ပြီးနောက် ၀မ်းသာနေတဲ့ စေတနာ။ အဲဒီ စေတနာ သုံးမျိုးဟာ ဘ၀အတွက် သိပ်အရေးပါတယ်။ ကုသိုလ် မလုပ်မီ သြော် ငါဖြင့် ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်၊ဘယ်နာရီမှာဖြင့် ကုသိုလ် လုပ်အုံးမှပဲ။ အဲဒီလို လုပ်ရမယ့် ကုသိုလ်တွေကိုတွေးပြီး ၀မ်းသာကြည်နူး နေခြင်းဟာ အရမ်းကို အကျိုးကျေးဇူး များနေပါပြီ။ကုသိုလ် လုပ်နေဆဲ အချိန် ကိုတော့ မပြောလိုတော့ ပါဘူး သူက သိပ်သိသာနေတာကိုး။
သတိ ထားသင့်တာက ကုသိုလ် လုပ်ပြီးနောက် ကိုယ့်လုပ်ထား ခဲ့တဲ့ကုသိုလ်တွေကို ပြန်ပြီး ၀မ်းသာ ကြည်နူးနေမယ်။ အောက်မေ့ သတိရနေမယ်။သို့မဟုတ် တည်မြဲခြင်း မရှိတာတွေကို ပြန်လှန် သုံးသပ် မယ်ဆို အဲဒီကုသိုလ်တွေဟာ ပွားပြီးရင်းပွား တားမနိုင် ဆီးမရ ဖြစ်နေတဲ့ ကုသိုလ်မျိုး၊ခုဘ၀ နောင်ဘ၀ အကျိုး များမယ့်၊ နိဗ္ဗာန် ထိအောင် အကျိုးများမယ့်ကုသိုလ်မျိုး တွေပါပဲ။
တန်ဖိုးလှ- သိတဲ့ အမျိုးသမီး တစ်ယောက် ဆိုရင် သူ့ပိုက်ဆံကိုတန်ဖိုးထားရုံ (ကပ်စေးနည်းဟု မသုံးပါ) သာမက၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကိုလည်း အရမ်း တန်ဖိုးထား ပါတယ်။ နောက်ပြီး တရားတွေ တော်တော် သိနေလို့လားမသိ၊ သူလုပ်ထားတဲ့ ကုသိုလ်တွေကို (ကြွားတာမျိုး မဟုတ်ဘဲ) ၀မ်းမြောက်ဝမ်းသာ ပြောတတ်၊ သူများကိုလည်း သာဓု ခေါ်စေတတ် ပါတယ်။
မှတ်မှတ်ရရ တစ်ခါတုန်းက သူများက သူမကို အအေး (အိတ်နဲ့ ထည့်ပေပြီး)တိုက်လိုက် ပါတယ်။ အဲဒီ အအေးကို သူမက မသောက်ချင်ဘူး (မတည့်တာလည်းပါမယ်)ပေါ့။ ပေးတဲ့ သူရဲ့ ရှေ့မှာ လွှင့်ပစ်ဖို့ ကလည်း မကောင်းတာမို့လွှင့်ပစ်ရမယ့် နေရာကို ရွေးချယ်ရင်း ဒီအတိုင်း လက်ထဲမှာ ပါလာခဲ့တယ်။အဲဒီနောက် လမ်းဘေးက အလှူခံ တစ်ယောက်က (သူတောင်းစားဟု မသုံးပါ) သူမ လက်ထဲကအအေးထုပ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်နေလို့ သူမက ၀မ်းသာ ကြည်နူးစွာနဲ့(အမှိုက်ပုံးထဲ ထည့်မယ့် အထုပ်ကို) ငါ့လက်ကလွတ် ပြီးရော သဘောမျိုးမဟုတ်ဘဲ ကြည်ကြည်နူးနူး ၀မ်းမြောက် ၀မ်းသာနဲ့ ပေးလှူခဲ့ပြီး။ သူမလှူခဲ့တဲ့ အလှူကို ဧရာမ အလှူကြီး တစ်ခုအလား သဘောထားကို သူတပါး (မိမိ)အားသာဓုခေါ်စေ၊ ၀မ်းမြောက်စေ ခဲ့ပါတယ်။ အဲဒီ အမျိုးသမီး ချမ်းသာ ပါတယ်။ပစ္စည်း ဥစ္စာရော ကုသိုလ် ရောပေါ့။ တန်ဖိုး ထားတတ်ပုံကို ပြောတာပဲ။ တန်ဖိုးထားတာနဲ့ အမျှ ကုသိုလ်တွေ ပိုပြီး ပေါများ တတ်ပုံကို ပြောတာပါ။ တန်ဖိုးထားတာနဲ့ အမျှ တန်ဖိုး ရှိတော့ တာပါပဲ။
ပန်းကိုပုံပြု- ကုသိုလ်လုပ်တဲ့ အခါမှာ ပန်းတွေကို ဥပမာထားပြီး ကုသိုလ်လုပ်ရမယ်လို့ မြတ်ဗုဒ္ဓ ဟောတော် မူခဲ့ပါတယ်။ ဥပမာ အားဖြင့် စပါယ်ပန်းတို့၊ခရေပန်း တို့ကို တော်တော် များများ မြင်ဖူးကြ ပါလိမ့်မယ်။ အဲဒီပန်းလေးတွေဟာ တစ်ပွင့်တည်း ရှိနေရင် တန်ဖိုး မဲ့နေတတ် ကြပေမယ့်သီကြိုးနဲ့ သီကုံးလိုက်တဲ့ အချိန် မှာတော့ အရမ်းတန်ဖိုး မြင့်တက်သွားပါပြီ၊ အရာရာဟာ အမြင်တင့် အဆင်တင့် အသွင်တင့် သွားပါပြီ။ ပိုက်ဆံဟာတစ်ကျပ်ထဲဆို တန်ဖိုး သိပ်မရှိ တတ်ပေမယ့် ရာတို့ ထောင်တို့ သောင်းတို့သိန်းတို့ဆိုရင် လိုချင်တာ တွေကို ၀ယ်လို့ ရပါပြီ။ အဲဒီလိုပါပဲ ကုသိုလ်ဟာနည်းနေ သေးရင် မသိသာ သေးပေမယ့် ကုသိုလ်တွေ များလာတာနဲ့ တပြိုင်နက် လူ့ဘ၀၊နတ်ဘ၀၊ အဆင့်မြင့် ဘ၀တွေကို ၀ယ်လို့ ရပါပြီ။ နိဗ္ဗာန်ကို
ဝယ်ဖို့အထောက်အပံ့ ပေးနိုင်ပါပြီ။ ဆိုလိုတာက ပန်းပွင့်တွေကို ဥပမာထားပြီးကုသိုလ် လုပ်တဲ့အခါ နေ့စဉ်နေ့စဉ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊လုပ်နိုင် သလောက် လုပ်သွားကြဖို့ပါ။
ကုသိုလ်စု- တစ်စက္ကန့်ဟာ တန်ဖိုး မရှိတတ် ပေမယ့် စက္ကန်ပေါင်း များစွာရှိလာရင်၊ တစ်မိနစ်ကို သတိ မထားတတ်ကြ ပေမယ့် မိနစ်ပေါင်း များစွာရှိလာရင်၊ တစ်နေ့ တစ်လေဟာ မသိသာ ပေမယ့် နေ့ပေါင်း များစွာ ကြာလာရင်သိပ်ကို ထူးထူးခြားခြား ဖြစ်တတ် ရှိလာတတ် ပါတယ်။ ကုသိုလ်လုပ်တဲ့အခါမှာလည်း ဒီအတိုင်း ပါပဲ တစ်စက္ကန့်လောက် လုပ်လိုက်တဲ့ ကုသိုလ်၊တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်လောက် လုပ်လိုက်တဲ့ ကုသိုလ် တွေဟာ မသိသာ ပေမယ့်စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့တွေ ထပ်လာ ဆက်လာရင်၊ ကုသိုလ်တွေစုနိုင်လာတာနဲ့ တပြိုင်နက် အဲဒီ ကုသိုလ်ရဲ့ အကျိုးတရား တွေကို လိုသလိုအသုံးချလို့ ရနိုင်တော့ တာပါပဲ။
တစ်ခုခုတော့- ကုသိုလ် လုပ်တယ် ဆိုတာ ပိုက်ဆံရှိမှ လုပ်လို့ ရတာမဟုတ်ပါဘူး။ မရှိလည်း လုပ်လို့ ရတာပါပဲ။ နံနက် ညနေ ဘုရားရှိခိုး တာတို့၊ဘုရား ဂုဏ်တော်၊ တရား ဂုဏ်တော်၊ သံဃာ ဂုဏ်တော် ပွားများတာတို့၊ ရွတ်ဆိုတာတို့၊ မေတ္တာ ပို့တာတို့၊ သူများ အကျိုး စီးပွားကို လိုလား တာတို့၊သူများ အဆင် ပြေနေတာ တွေ့ရင် ၀မ်းမြောက် ၀မ်းသာ ရှိတာတို့၊ သူများမကောင်း မပြောတာတို့၊ ကူညီနိုင်တာ တွေ့ရင် ကာယအား၊ ဥာဏအားဖြင့်ကူညီတာတို့ စတာတွေဟာ ပိုက်ဆံ မကုန်ဘဲ ရတတ်တဲ့ ကုသိုလ်တွေပါ။ ပိုက်ဆံမကုန်တဲ့ တန်ဖိုး အကြီးဆုံး ကုသိုလ် ကတော့ နေ့စဉ်နေ့တိုင်း မိမိ ရှူနေထုတ်နေတဲ့ ၀င်လေ၊ ထွက်လေကို သတိထား စောင်းကြည့် နေရင်၊ ဒါမှမဟုတ်မိမိလုပ်နေတဲ အရာတွေကို မျက်ခြေ မပြတ် သတိနဲ့ စောင့်ကြည့်နေ၊ မိမိရဲ့ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်၊ မိမိစိတ်ရဲ့ ပြောင်းလဲ တတ်တဲ့ ဖြစ်စဉ်တွေကိုစောင့်ကြည့် နေနိုင်မယ် ဆိုရင် တန်ဖိုး ဖြတ်လို့ မရနိုင်တဲ့ ကုသိုလ်တွေပါပဲ။ တစ်ခုခု ကိုတော့ မျက်ခြေ မပျက် သတိနဲ့ မှတ်နေဖို့ပါပဲ။
လုပ်ရမှ- အလုပ်ကတော့ နေ့စဉ် လုပ်နေရ တာပါပဲ။ ဆင်းရဲ သူလည်း ဆင်းရဲတဲ့အလျောက်၊ ချမ်းသာ သူလည်း ချမ်းသာတဲ့ အလျောက် လုပ်နေကြရ တာပါပဲ။ အလုပ်မလုပ်တဲ့ သူရယ် လို့တော့ တစ်ဦးမှ ရှိမယ် မထင်ပါဘူ၊ တန်ဖိုးရှိတဲ့ အလုပ်၊တန်ဖိုးမဲ့တဲ့ အလုပ် ဒါတွေပဲ ကွာခြား သွားကြ လိမ့်မယ်လို့ ထင်ပါတယ်။အလုပ် လုပ်နေကြ ပေမယ့် ကုသိုလ် ပညာ၊ ဥစ္စာ ရှာမှု၊ တစ်ခုခု၊ မရသူမှာအရှုံးသာ ဆုံးမ စကားတွေ ရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက် အဓိပ္ပါယ် ရှိဖို့ဘ၀မရှုံးဖို့ ကတော့ နေ့စဉ်နေ့စဉ် ကုသိုလ် လုပ်ရမှ ဖြစ်မယ်။
အိပ်ခါနီး နဖူးပေါ် လက်တင် စဉ်းစား ကြည့်လိုက် ဒီနေ့ ငါ ဘာကုသိုလ်တွေလုပ်ပြီးပြီလဲ။ တကယ်လို့ ဘာမှ မလုပ်ရ သေးရင်၊ မလုပ်ဖြစ် ခဲ့ရင် အရှုံးတော့မခံပါနဲ့၊ နှာသီးဖျားက ၀င်လေ ထွက်လေကို သတိထားလို့ ဖြစ်စေ၊ ၀မ်းဗိုက်ပေါ်လက်တင်ပြီး ဖောင်းတာ ပိန်တာကို သတိထားလို့ ဖြစ်စေ၊ ဘုရား၊ တရား၊ သံဃာ၊မိဘ၊ ဆရာသမား တို့ရဲ့ ဂုဏ်တော် တွေကို ပွားလို့ပဲ ဖြစ်စေ၊ မေတ္တာပွားလို့ပဲ ဖြစ်စေ တစ်နေ့တာ အတွက် ဘ၀ မရှုံးအောင် လုပ်ဖို့တော့ လိုအပ်ပေလိမ့်မယ်။ ဆိုလိုရင်း ကတော့ နေ့စဉ် နေ့စဉ် လုပ်နိုင် သလောက် ကုသိုလ်တွေကို တစ်ခုပြီး တစ်ခု လုပ်ဆောင် နေမယ် ဆိုရင် နေ့ပေါင်း များစွာကြာမြင့်လာသော အခါ…
အချုပ်။ ပါဠိမြန်မာ၊ အနက်ရှာ၊ လိပ်မှာ မူရင်းက။ရှေး အတိတ်ကံ၊ သေမည် မှန်၊ လေးတန်သေမျိုးပြ။ ကုသိုလ်ရွေးချယ်၊ လုပ်ကြကွယ်၊ သုံးသွယ် တန်ဖိုးလှ။ပန်းကို ပုံပြု ကုသိုလ်စု၊ တစ်ခုခုတော့ လုပ်ရမှ။
..
www.MyanmarExpress.netလေးတန်သေမျိုးပြ၊ အဘိဓမ္မာမှာ သေခြင်း လေးမျိုး ပြောပြ ထားတယ်။

4 comments:
Excellent ta yar taw. Thardu, thardu thardu.
သာဓုပါဗျာ မှန်ပါတယ်
ခက် တယ် ဗျာ မ မြဲ ဘူး ဆ်ျ တာ သိ ပေ မဲ့ ငို ကြွေး ကြ ရ တာ ပါ ဘဲ
သင် သား သ မိး သေ ကြည့် ပါ လား
ငို ကြ ရ တာ ပါ ဘဲ
ရ ဟန်းတာ မ ဟုတ် ဘူး လေ
့
ပု ထု စင် တွေ ပါ
စာ ရေး သူ ကော ချင့် ချိန် ပါ ခအုးံ
ငို ကျွေး တာ နဲ့ တ ရား မဲ့ သွား ကြ ပြိ လား
သေသွားမှ့လာပြီးကောင်းပြနေတယ်
အကယ်ဒမီရအုန်မယ်ဖာစု
ခွေးသူတောင်းစား လူငံ လီးလိုလို မိုလိုလို
ဇာဂနာ တကောင်ဘယ်ရောက်နေလဲ
ဝင်းတင် အရင်သွားနေတာများလား လီး
ကုတုံး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်