Subscribe to our RSS Feed

ဥပဒေစိုးမိုးရေး တွင်တွင်အော်နေသော်လည်း စည်းကမ်းမဲ့စွာဖြင့် အရှက်မဲ့စွာ ဆန္ဒပြခဲ့သည့် ၀င်းချိုနှင့် နေမျိုးဇင်အား တရားရုံးမှ သက်ညှာစွာဖြင့် ထောင်ဒဏ်သုံးလချမှတ်



ဆန္ဒထုတ်ဖော်မှုအများစုတွင် ပါဝင်လှုပ်ရှားသူ ပါလေရာငါးပိချက်ဟု လူသိများသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို အနောက်ပိုင်း ခရိုင်တရားရုံးက ဧပြီ ၁ ရက်တွင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်သည်ဟု ဦးဝင်းချို၏ဇနီး ဒေါ်အေးအေးသန်းက မဇ္ဈိမကို ပြောသည်။


“သုံးလလို့ပြောတယ်။ ဒဏ်ငွေဖြစ်မယ်လို့ ထင်ထားတာ မဟုတ်ဘဲ ထောင်ဒဏ်ချလိုက်တာ။ ဒီနေ့ ၁၂နာရီ က အမိန့်ချလိုက်တာ”ဟု ပြောသည်။

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးဝင်းချိုနှင့် နေမျိုးဇင်တို့သည် ဇန်န၀ါရီလ ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တရားဝင်ခွင့်ပြုချက်မရရှိဘဲ မိမိသဘောဖြင့် ဆန္ဒထုတ်ဖော်ခဲ့ရာမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

“ရုံးချိန်လေးကြိမ်မြောက်တွင် တရားရုံးက အမိန့်ချမှတ်လိုက်တာ”ဟု ဒေါ်အေးအေးသန်းက ပြောသည်။


- Mizzima

1 comments:

အပြင် မှာ လုပ်ကိုင် မစားတတ်တော့ ထောင် ထဲဝင် ထမင်းစား သူများထောက်ပံ့တာယူ စစ်သားဟောင်း ဂုဏ်ပျောက်အောင် လုပ် စားဖို့ဆသာက်ဖို့အတွက်နဲ့ တော့ ထောင် ထဲ ၀င်မနေပါနဲ့ သူတောင်းစားလုပ်စား ကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်