Subscribe to our RSS Feed

တကယ်ရော အလေးပြုထိုက်ရဲ့လား?


အားလုံးသိထားကြတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံမှာက လက်နက်ကိုင်တပ်ဖွဲ့တွေအများကြီးရှိပါတယ်။ တပ်ဖွဲ့တိုင်းဟာ သူ့အင်အားနဲ့သူရှိပေမယ့် army တစ်ခုအရွယ်အစားထိတော့ မရှိကြပါဘူး။ 
ဒါပေမယ့် အဆိုပါလက်နက်ကိုင်များဟာ reference မရှိပဲ 
ရာထူးအဆင့်အတန်းအမျိုးမျိုးကို မိမိဘာသာ သတ်မှတ်ထားကြတာကို တွေ့ရပါတယ်။
ပြည်တွင်းပြည်ပမီဒီယာများကလည်း ဒါကိုမသိတာပဲလား၊ 
မသိချင်ယောင်ဆောင်တာပဲလားမသိပါ။ 
အင်အား(၅၀၀၀)ခန့်သာ အလွန်ဆုံးရှိသည့်တပ်မှူးက ဗိုလ်ချုပ်ကြီးရာထူးဆိုလဲ 
ဒုဗိုလ်ချုပ်ကြီးအဖြစ်သာ ဖေါ်ပြတတ်သဖြင့် တခါတရံ ယင်းထက်အင်အားကြီးသော အခြားတပ်မဟာမှူးများပင် နောက်ရောက်သွားတတ်ပါတယ်။ 

ရာထူးကြီးလျှင်အဆောင်အယောင်ကြီးရစမြဲမို့ အဆိုပါဗိုလ်ချုပ်ကြီးကို ရှေ့တင်ပါက အခြားလက်နက်ကိုင်တပ်မှူးများက ခံပြင်းရပါတယ်။ 
အခုကတော့ အများရည်ညွှန်းလို့ရစေဖို့ ကမ္ဘာတဝှမ်းက စံသတ်မှတ်ထားတဲ့ တပ်မတော်(ကြည်း)ဖွဲ့စည်းပုံကို အင်အားနဲ့တကွ ဖေါ်ပြလိုက်ပါတယ်။ ငယ်စဉ်ကြီးလိုက်ဖေါ်ပြရမယ်ဆိုရင်-

တိုက်ခိုက်ရေးအဖွဲ့ငယ် (fire and manoeuvre team)
အင်အား - ၂ ယောက်
ခေါင်းဆောင် - senior တပ်သား

တိုက်ခိုက်ရေးအဖွဲ့ (fire team)
အင်အား - ၄ ယောက်
ခေါင်းဆောင် - ဒုတပ်ကြပ်

တပ်စိတ် (squad / crew)
အနည်းဆုံးတိုက်ခိုက်ရေးအဖွဲ့နှစ်ဖွဲ့ပါဝင်
အင်အား - ၈ ယောက်မှ ၁၃ ယောက်
ခေါင်းဆောင် - တပ်ကြပ် သို့မဟုတ် တပ်ကြပ်ကြီး

တပ်စု (platoon / troop)
အနည်းဆုံးတပ်စိတ်နှစ်စိတ်ပါဝင်
အင်အား - ၂၆ ယောက်မှ ၅၅ ယောက်
ခေါင်းဆောင် - ဒုအရာခံဗိုလ် သို့မဟုတ် ဒုဗိုလ်

တပ်ခွဲ (infantry company / squadron)
တပ်စုနှစ်စုမှ ရှစ်စုအထိပါဝင်
အင်အား - ၈၀ ယောက်မှ ၂၂၅ ယောက်
ခေါင်းဆောင် - အရာခံဗိုလ် သို့မဟုတ် ဒုဗိုလ် သို့မဟုတ် ဗိုလ်

တပ်ရင်း (infantry battalion)
တပ်ခွဲနှစ်ခွဲမှ ခြောက်ခွဲအထိပါဝင်
အင်အား - ၃၀၀ မှ ၁၃၀၀
ခေါင်းဆောင် - ဒုဗိုလ်မှူးကြီး

တပ်ရင်းကြီး (regiment / group)
အနည်းဆုံးတပ်ရင်းနှစ်ရင်းပါဝင်
အင်အား - ၁၅၀၀ မှ ၃၀၀၀
ခေါင်းဆောင် - ဗိုလ်မှူးကြီး

တပ်မဟာ (brigade)
အနည်းဆုံးတပ်ရင်းကြီးနှစ်ရင်းပါဝင်
အင်အား - ၃၀၀၀ မှ ၅၀၀၀
ခေါင်းဆောင် - ဗိုလ်မှူးကြီး မှ ဗိုလ်မှူးချုပ် (one star general)

တပ်မ (division)
အနည်းဆုံးတပ်မဟာနှစ်ခုမှ လေးခုထိပါဝင်
အင်အား - ၁၀၀၀၀ မှ ၃၀၀၀၀
ခေါင်းဆောင် - ဗိုလ်ချုပ် (two star general)

တပ်မကြီး (corps)
အနည်းဆုံးတပ်မနှစ်ခုပါဝင်
အင်အား - ၄၀၀၀၀ မှ ၈၀၀၀၀
ခေါင်းဆောင် - ဒုတိယဗိုလ်ချုပ်ကြီး (three star general)

တပ်တော် (army)
အနည်းဆုံးတပ်မကြီးနှစ်ခုမှ လေးခုထိပါဝင်
အင်အား - တစ်သိန်းမှနှစ်သိန်း
ခေါင်းဆောင် - ဗိုလ်ချုပ်ကြီး (four star general)

တပ်မတော် (army group/ front)
အနည်းဆုံးတပ်တော်နှစ်ခုပါဝင်
အင်အား -လေးသိန်းမှဆယ်သိန်း
ခေါင်းဆောင် - စစ်ဦးစီးချုပ် (Field Marshal) (five star general)

တပ်ပေါင်းစု (region / theater)
အနည်းဆုံးတပ်မတော်လေးခုပါဝင်
အင်အား - ဆယ်သိန်းမှသိန်း(၁၀၀)ထိ
ခေါင်းဆောင် - စစ်ဦးစီးချုပ် (Field Marshal) (five star general)

စသည်တို့ဖြစ်ပါတယ်။ တပ်ပေါင်းစုအဆင့်ကိုတော့ ဒုတိယကမ္ဘာစစ်မှာ အမေရိကန်မဟာမိတ်တပ်တွေ အသုံးပြုခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာလည်း တချိန်က အင်အားမညီမျှမှုတွေဖြစ်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ်က ရုရှားရဲ့တပ်မတွေဟာ ဂျာမန်တွေရဲ့တပ်ရင်းအင်အားသာသာ သာဖြစ်လို့ တိုက်တိုင်းရှုံးခဲ့ရပါတယ်။ကိုရီးယားစစ်ပွဲအတွင်းမှာလည်း တရုတ်တွေရဲ့တပ်မကြီးတွေဟာ အမေရိကန်ရဲ့တပ်ရင်းကြီးတွေနဲ့ အင်အားတူနေတာတွေ တွေ့ခဲ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ ယခု post ကြောင့် စာဖတ်သူတွေခေါင်းထဲမှာ ရာထူးကြီးတိုင်းတကယ်ရောအလေးပြုထိုက်ရဲ့လား ဆိုတဲ့ အတွေးလေးတစ်ခုဝင်သွားခဲ့ရင်ကျေနပ်ပါပြီ

ကိုဆေး

10 comments:

ရေး ခဲ့ ပြိး ပပါ ပြိ တတ် ချသ် ရာ တတ် ထား ကြ တာ ပါ ငွါ လဲ ဘိုလ် ခူပ် မူး ကြိး မောင် ရွှီး ပါ လို့

ပခက တာ တီး

ကျွန်တော်တို့ မြန်မာ့တပ်မတော်က အင်အား ၄ သိန်းအနည်းဆုံးရှိသလား
သိသူရှိရင်ပြောပြပေးပါ

မြန်မာ့တပ်မတော် အင်အား ၄သိန်းရှိသလား

တပ်မတော်က ၄သိန်းရှိရင် မြန်မာ့တပ်မတော်မှာရောရှိလား

ဗျူ ဟာ မှူး ဆို တာ ကို လည်း သိ ချင် ပါ တယ် ပြည့် စုံ စွာ ဖြေ ဆို ပေး ပါ

စစ် မူ ထမ်း ဟောင်း တွေ ကော ဆို ရင် ၅၀၀၀၀၀ ရှိ တယ်

ကျေးဇူးပါ ဒါမျိုးလေးတွေများများတင်ပေးပါ

တပ်ရင်းသုံးရင်းကိုဗျုဟားမူးကဦးစီးတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်