Subscribe to our RSS Feed

“ လူသတ်သမား ”


      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ယခုအခါ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်လျက်ရှိရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျ လှသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်သမ္မတကြီးမှဦးဆောင်ကာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုအဖွဲ့အစည်းများဖွဲ့စည်းပြီး တိုင်းရင်းသားညီအစ်ကို လက်နက်ကိုင်အဖွဲ့အစည်းများအား လိုက်လျောမှုများစွာဖြင့် စေ့စပ်ဆွေးနွေးခဲ့ကြရာ မိမိတို့၏လုပ်ရပ်များကို အမြင်မှန်ရရှိလာခြင်းနှင့် နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ကြသည့် များစွာသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံတော်အစိုးရနှင့် နွေးထွေးစွာပူးပေါင်းပြီး အနာဂတ်နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းဖွံ့ဖြိုးရေးအတွက် ဦးတည်ကာ ငြိမ်းချက်ရေးလက်များ အပြန်အလှန်ကမ်းဆင့်နေကြပြီ ဖြစ်ပါသည်။


       သို့သော်လည်း အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ကမ်းဆင့် လာသည့် ငြိမ်းချမ်းရေးလက်တွဲများကို ဖြုတ်ချပြီး လူမျိုးစုကောင်းစားရေးအတွေးအခေါ်ကိုဗန်းပြကာ  လူတစ်စုကောင်းစားရေးအတွက် ပညာရည်ချိန်နိမ့်ပါးသော အပြစ်မဲ့တိုင်းရင်းသားပြည်သူများကို ခုတုံးလုပ်ကာ တရားဥပဒေမဲ့စွာစီးပွားရှာ၊ လက်နက်တပ်ဆင်ကာ နိုင်ငံတော်၏အကျိုးစီးပွားများကို ဟန့်တား လုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ကြရမည်ဖြစ်ပါသည်။ 

      မြန်မာနိုင်ငံတွင် လက်ရှိအကြမ်းဖက်သောင်းကျန်းသူအမျိုးအစားများမှာ လူမျိုးစုခွဲထွက်ရေးသမား အမျိုးအစားများ (Irredentists) တွင် ပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း အကြမ်းဖက်သောင်းကျန်းသူများသမိုင်းကို ကြည့်ပါကလည်း လူမျိုးရေးစိတ်ဓာတ်၊ ဘာသာရေးအယူဝါဒ ကွဲပြားမှု၊ နိုင်ငံရေးခံယူချက်နှင့် မသာမာသောဖြတ်လမ်းနည်းဖြင့် စီးပွားရေးပြုလုပ်၍ ကြီးပွားရေးအပွကြံ ရန် စသည့်အကြောင်းများကြောင့် သောင်းကျန်းသူများဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုအခါ လူမျိုးစုခွဲထွက်ရေးကိုအကြောင်းပြကာ ဒေသခံပညာရည်ချိန်နိမ့်ပါးသော အပြစ်မဲ့ပြည်သူများကို စည်းရုံးသိမ်းသွင်းပြီး ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်အချို့၏ အကျိုးစီးပွားတိုးတက်ရေးအတွက် ဆောင်ရွက် လျက် ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။

      အထက်ပါအဖွဲ့အစည်းများမှ တစ်ခုအပါအ၀င်ဖြစ်သော ကေအိုင်အေအဖွဲ့သည် မြန်မာနိုင်ငံတော် အစိုးရက စိတ်ရှည်သည်းခံမှု၊ သဘောထားကြီးမှုများဖြင့် အကြိမ်ပေါင်းမြောက်မြားစွာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ခဲ့သော်လည်း အခြားတိုင်းရင်းသားညီအစ်ကိုအဖွဲ့များနှင့် မတူခြားနားစွာ ငြိမ်းချမ်းရေးရယူလိုသည့်ဆန္ဒမရှိဘဲ အစိုးရတပ်ဖွဲ့များနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်သည့် နည်းလမ်းများကျင့်သုံးခြင်းနှင့် ၎င်းတို့ခေါင်းဆောင်ပိုင်းအကျိုးစီးပွားအတွက် မြေပေါ်၊ မြေအောက် သယံဇာတများကို ထုတ်ယူသုံးစွဲပြီး လူနည်းစုကောင်းစားရေးအတွက် ဦးတည်ဆောင်ရွက်လာကြကာ ကမ္ဘာကသတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းတို့၏ စံချိန်စံညွှန်းများနှင့် တဖြည်းဖြည်း တူသည် ထက်တူလာသည်ကို တွေ့ရှိရပြီး တိုင်းပြည်ရန်စွယ်အကြမ်းဖက်အဖွဲ့ဟုပင် တင်စားခေါ်ဝေါ်ရမလိုပင် ဖြစ်လာပါသည်။

    တစ်ဖက်တွင်လည်းနယ်စပ်ဒေသအနီးတွင်နေထိုင်သော တစ်ဖက်နိုင်ငံစီးပွားရေးသမားများက ကေအိုင်အေထံမှ ကျောက်စိမ်း၊ သစ်နှင့် အခြားအဖိုးတန်သယံဇာတပစ္စည်းများကို မတရားသဖြင့် မှောင်ခို ဈေးဖြင့်ဝယ်ယူခြင်း၊ ကေအိုင်အေအနေဖြင့်လည်း ခိုးကြောင်ခိုးဝှက်ရောင်းချရသည့်အတွက် ဈေးနှိမ်မှန်း သိနေသော်လည်း ရသည့်ဈေးဖြင့်ရောင်းရခြင်း၊ ရရှိလာသောဝင်ငွေနှင့် အကြမ်းဖက်ရန် လက်နက်ဝယ်ယူ စုဆောင်းတပ်ဆင်ခြင်း၊ ပြည်သူ့အား လက်နက်နှင့်ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ ပြုမူ ဆောင်ရွက်ခြင်း စသည့် နိုင်ငံတော်နှင့်ပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်စေမည့်လုပ်ရပ်များကိုလည်း လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

        ကေအိုင်အေ အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်နေသည့်တိုင် လူထုအသက်အန္တရာယ်ကို ဘေး ဖြ စ်စေတတ်သော မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားခြင်းနှင့် လူကုန်ကူးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိလာသည်ကို တွေ့ရှိရပါသည်။ မသမာသောကိုယ်ကျိုးအတ္တကြည့်သူတို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူပြည်သူများ သေကျေပျက်စီးခံရခြင်း၊ လူကုန်ကူးမှုတွင်လည်း အခြားနိုင်ငံများရှိ ၀ိသမလောဘသမားများကြောင့် အပြစ်မဲ့နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံ များတွင် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လိင်ကျေးကျွန်ပြုခံရခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် နောက်ဆုံးရက်စက်စွာ သတ်ဖြတ်ခံရခြင်း စသည့်အသက်အန္တရာယ်များပါ ရင်ဆိုင်နေရကြောင်းကိုလည်း ကြားသိနေရသည့် အတွက် များစွာစိတ်မကောင်းဖြစ်ကြရပါသည်။

     ဒါတွင်မက အပြစ်မဲ့တိုင်းရင်းသားလူငယ်၊ လူရွယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အကြပ် ကိုင်စေခိုင်းပြီး တရားဥပဒေမဲ့လုပ်ရပ်များကို လုပ်ကိုင်စေသည့်အတွက် ထိုလူငယ်၊ လူရွယ်များ အနေဖြင့် အမှောင်လောကအတွင်းသာ ကျင်လည်ကျက်စားကာ အမှန်အသိအလင်းမရှိသည့်အတွက် လမ်းမှန် မရောက်နိုင်ရှာဘဲ ဘ၀ကိုဇာတ်သိမ်းသွားကြသည်မှာလည်း ထုနှင့်ဒေးရှိသည်ကိုလည်း သိရှိရသည့် အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြရမည့် ပညာတတ်လူငယ် လူရွယ်များဘ၀သည် အမှောင်ထဲတွင် အဆုံးသတ်နေရကာ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ် မည့် လူသားအရင်းအမြစ်များ ဆုံးရှုံးနေသည်ကိုလည်း ရင်နင့်စွာတွေ့မြင်ကြားသိနေကြရပါသည်။

 တစ်နိုင်ငံလုံးအတွက်အရေးပါသော သန်းခေါင်းစာရင်းကောက်ယူရာတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ရသော ခမရ(၅၆၇)မှ ဒုရင်းမှူးတစ်ယောက်သည်လည်း ကေအိုင်အေလက်ချက်ဖြင့် မန်ဝိန်းကြီးဒေသ၌ကျဆုံးခဲ့ရကြောင်း နိုင်ငံတော်ပိုင်သတင်းစာရှိ နာရေးကြော်ငြာစာကဏ္ဍတွင် လည်းကောင်း၊ အင်တာနက်စာမျက်နှာတွင်လည်းကောင်း ဖော်ပြထားသည်ကို ကြားသိရပါသည်။ ၎င်းအပြင် မန်ဝိန်းကြီးဒေသတစ်ဝိုက်အတွင်းရှိ တပ်မတော်စစ်ကြောင်းများအား ကေအိုင်အေတပ်ဖွဲ့များမှ သဘောတူညီချက်ချိုးဖောက်ကာ ချောင်းမြောင်းပစ်ခတ်မှုများကြောင့် စစ်တပ်မှ ပြန်လည်ခုခံ တိုက်ခိုက် မှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေကြောင်း သိရှိရပါသည်။    

 အထက်ပါတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ ကေအိုင်အေအပေါ် သုံးသပ်ရာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကော်မတီ (NCCT) တို့၏ တစ်နိုင်ငံလိုင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဧပြီလ ၉ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ ၎င်းဆွေးနွေးပွဲတွင် တစ်ခုတည်းသော သဘောတူညီ ချက် (Single Text) (ပထမမူကြမ်း) ကို သဘောတူညီခဲ့ပြီးဖြစ်ကြောင်း သိရှိရပြီး ဆွေးနွေးပွဲသို့ ကေအိုင်အေမှ ဂွမ်မော်တက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိဖြစ်ပေါ်နေသော ကေအိုင်အေနှင့် တပ်မတော်စစ်ကြောင်းများ၏ တိုက်ပွဲဖြစ်စဉ်များမှာ ဂွမ်မော်ဖန်တီးနေခြင်းမဟုတ်သည် မှာ သေချာသလောက်ရှိသွားပါပြီ။ ကေအိုင်အေမှ ကိုယ်စားလှယ်ဂွမ်မော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်စေလျက်နောက်ပိုင်းတွင် ကေအိုင်အေစစ်သည်များအား ထိုးစစ်ဆင်စေခဲ့သူမှာ အင်ဘန်လ ဖြစ်သည်မှာ များစွာသေချာသွားခဲ့ပေပြီ။

 ယနေ့နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာတွင် ယခုလို လူသားချင်းသေကျေပျက်စီးနိုင်သော လက်နက်ကိရိယာများနှင့် တိုက်ခိုက်လာမှုကို ကာကွယ်ခြင်း၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ခြင်း စသည့်လုပ်ငန်းစဉ်တွေသာမက နိုင်ငံတော်ကာကွယ်ရေးတွင်ပါဝင်သည့်အစိတ်အပိုင်းများ ကို ဟန်ချက်ညီစတင်ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ကာကွယ်ရေးဟာ ဘက်ပေါင်းစုံမှ ပြည့်စုံမှုရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏အကျိုးစီးပွားကို လစ်လျူရှုပြီး လူနည်းစု ကောင်းစားရေးအတွက် တိုင်းရင်းသားလူမျိုးစု၏အကျိုးကို ဗန်းပြကာ တစ်နိုင်ငံလုံး၏ မျှော်လင့်ချက်ဖြစ် သော ငြိမ်းချမ်းရေးကို ပျက်စီးအောင် ထိုးစစ်ဆင်နေသော ကေအိုင်အေလက်နက်ကိုင်ခေါင်းဆောင် အင်ဘန်လ၏ လုပ်ရပ်များနှင့် ကိုက်ညီသောအပိုအလိုမရှိအမည်ပေးရပါလျှင် “လူသတ်သမား ” ဟုသာ အမည်ပေးလိုက်ချင်ပါတော့
သည်။


စိုင်းဘုန်းထူး


5 comments:

အ ဘန်လ ဆို တာ လူ လား ခွေး လား

ဖား တု လို့ ခ ရု ခုန် ဆို သ လို ဖြစ် နေ ပြိ

KIA ဆိုတာ သူ ခိုး ဓး ပြ ပါ

င အို့ မြို့ အ နိး နော ပင် ကြိး ရွာ စု စည်း မိုးလုးံ ကွင်း ချောင်း ရန် ဘို ရွာ များ လမ်း မှ အင်း ကြိး လေ ယဉ် ကွင်း အထိ မှ တရုတ် ပြည် သို့ သစ် ကား အ စိး ပေါင်း ၅၀၀ ကျော် ဖြင့် သစ် မ လန်း သား များ ခိုး ထုတ် နေ ပါ သည်
ုမြန် မာ နိုင် ငံ သည် သစ် မ လန်း မိုး တုးံ ပါ တော့ မည်
မ ကြာ ခင် ကာ လ မှာ တော တောင် ထူ ထပ် သော မြန် မာ နိုင် င တောင် ဂ တုးံ တွေ ဘဲ ကျန် ပါ တော့ မည်
မြန် မာ ပြည် အ တွင်း ဘက် ရောက် အောင် သစ် ခိုး ထုတ် နေ တာ တောင် အစိုး ရ မှ မ တား နိုင် ခြင်း သည် နိုင် ငံ တော် ရဲ့ ဥ ပ ဒေ အာ ဏာ စက် ယို့ ယွင်း ခြင်း ပင် ဖြစ် ပါ သည်
အ ဓိ က သူ ခိုး ဟာ KIA သူ ပုန် ဖြစ် ပါ သည်

မ ကြာ မှိ ကန္တာ ရ ဖြစ် ပါ တော့ မည်
ပခက

We know the KIO character long time ago. It is merely mafia gang cloaked in political garb.

လူ့ အ ခွင့် ရေး အ ဖွှဲ့ လို အ မည် ခံ ပြိး ရမ်း မ အော် နဲ့

ထိုင်း ဘက် မှာ အ ခြေ ချ နေ တဲ့ က ချင် အ ဖွဲ့ အ စည်း တွေ မင်း တို့ က ချင် သူ ပုန် KIA မိုက် ရီုင်း တာ တွေ သိ ရဲ့ လား
လူ မ ဆန် တာ တွေ တိုင်း ပြည် ပျက် အောင် လုပ် နေ တာ တွေ သိ ရဲ့ လား
မိ ဒီ ယာ အ စုတ် ပ လုတ် တွေ အ ဖေ ကျော် ပြိး ပ ထွေး တော် ချင် နေ တဲ့ ကောင် တွေ
မင်း တို အ ဖေ KIA မိုက် ရီုင်း တာ သိ လား

ရှင်း ရှင်း ဘဲ ပြော မယ် KIA KIO အ ပြုတ် တုက် ပစ် မယ် လူ စတ် ကောင် တွေ သူ ခိုး တွေ ပြည် ဖျက် မဲ့ ကောင် တွေ မြန် မာ့ တပ် မ တော် ကြိး ရေ က ချင် သူ ပုန် တွေ ကို အ ပြက် ရှင်း ပစ် ပါ

နိုင် ငံ စား ဖား တွေ မင်း တို့ သိ ထား ဘို့ က
တပ် မ တော် သာ မ ရှိ ရင် တိုင် ပြာ် ပျက် တာ ကြာ ပြိ

နိုင် ငံ ရေး လုပ် စား တဲ့ NLD ကြံ့ ဖွတ် တို့
တိုင်း ပြာ် တော့ ချစ် ကြ ရဲ့ လား

ကိုယ့ ကို ကိုယ် လဲ ဆန်း စစ် ကြ ပါ အုးံ
ကု လား ပါ တီ က NLD ဖြစ် နေ ပြိ
ပြည် သူ တို့ လူ မိုး ဘာ သာ မ ပြောက် အောင် NLD ကို မဲ မ ပေး ကြ ပါ နဲ့
ပခက

မ အေ လိုး KIO မှ ဒေါင်း ခါး မင့် အ ဖေ ထေး တွေ ခြောင်း ထု တာ သ ခေါင် စာ ရင်း မ ကောက် ရ အောင် လုပ် တာ ကြ တော့ မ ပြော ဘူး ဒေါင်း ခါး ငါ့ သား မ အေ လိုး တပ် မ တော် ဆို တာ မြန် မာ ပြည် မြေ ပုံ အ တိုင်း ဘယ် သွား သွား ကွ မ အေ လိုး ဒေါင်း စား
အ ခြား နယ် မှာ ဖြစ် လို့ လား
မ အေ လိုး ဒေါင်း စား

ကချင်ပြည်နယ်ငြိမ်းချမ်းပါစေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်