Subscribe to our RSS Feed

ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၁)



၂၀၁၃ နှောင်းပိုင်းကာလတစ်လျောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားဆောင်ရွက် မှုတွေ အရှိန်အဟုန်မြင့်တက်လာခဲ့တယ်။ နယ်ပယ်တော်တော်များများမှာ ကျယ်ကျယ်လောင်လောင် အသံထွက်လာတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း()၊ နိုင်ငံတော်သမ္မတအခန်း၊ ပုဒ်မ ၅၉()ပါ ပြဌာန်းချက်များအကြောင်း ဖြစ်ပါတယ်။


ပုဒ်မတူဖြစ်တဲ့ ၅၉()ထက်တောင် အသံပိုကျယ်၊ အသံပိုထွက်တဲ့ ပိုဒ်ခွဲဖြစ်တယ်။ ဒီဥပဒေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လုံးဝလွတ်ကင်းပြီး နိုင်ငံသားတစ်ယောက်ရဲ့ တန်းတူညီမျှ ရပိုင်ခွင့်ကို ပိတ်ပင်ထားဆီးထားတဲ့ ဥပဒေဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုတချို့က ထောက်ပြလာခဲ့တယ်။ တစ်ချို့ကလည်း ဒါဟာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ချမှတ်ခဲ့တဲ့ သဘောတရားပါဆိုပြီး တုန့်ပြန်ကြတယ်။ အမျိုးသားရေးဝါဒီတွေကတော့ ၅၉()ဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။ 
    လုံးဝမပြင်ကြပါနဲ့တဲ့၊ ပြင်မယ်ဆိုရင်တောင် အမျိုး၊ ဘာသာ၊ သာသနာကို မထိခိုက်စေနိုင်မယ့် ပြင်နည်းမျိုးနဲ့ ပြင်ရမယ်လို့ အကြံပြုတယ်။ ကေ၀ဋ်ပုဏ္ဍားတွေကျပြန် တော့လည်း အနာဟောင်းကို မတွေ့တွေ့အောင်ရှာပြီး ထုံးစံအတိုင်း အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ကြတဲ့အထိ ပွဲဆူခဲ့ပါတယ်။ အဲ့ဒီတော့ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာ သဘောကွဲလွဲခွင့်၊ ပြောခွင့်၊ ဆိုခွင့်၊ ရေးသားခွင့်တွေကို အခြေတည်ပြီး နိုင်ငံတကာမှာ သမ္မတ အရည်အချင်းနဲ့ ပတ်သက်လို့ သူတို့တစ်တွေရဲ့ အခြေခံဥပဒေတွေရယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေရယ်၊ လက်လှမ်းမီသလောက် နည်းနည်းဖြစ်ဖြစ် တီးခေါက်ကြည့်ရအောင်ပါ။


   အမေရိကန်မှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတလုပ်မယ့်သူတွေဟာ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ရုံတင်မကပါဘူး၊ အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေဒေသတစ်ခုခုအတွင်းမှာ မွေးဖွား ခဲ့ကြတဲ့သူတွေဖြစ်ရမယ်လို့ ပြတ်ပြတ်သားသားဆိုထားပါတယ်။ ဒါတောင် အမေရိကန်နိုင်ငံဆိုတာ သမိုင်းကြောင်းယဉ်ကျေးမှု မလှပခဲ့တဲ့နိုင်ငံပါ။ တည့်တည့်ပြောရရင်၊ ဒါငါ့လူမျိုး၊ ဒါငါ့ယဉ်ကျေးမှုလို့ မ ၀ံ့ထည်နိုင်ခဲ့တဲ့ နိုင်ငံနဲ့လူမျိုးပါ။ အမေရိကန်ရယ်လို့မဖြစ်ခင်က Red Indian တွေနေတဲ့တိုက်၊ အဲ့ဒီကို ကိုလံဘတ်ကရောက်သွားခဲ့တာ။ ရောက်ပြီးနောက်ပိုင်းမှာ အင်္ဂလန်က သေဒဏ်ကျတဲ့သူတွေ၊ တစ်ကျွန်းသမားတွေ အဲ့ဒီကိုသွားပို့တာ သွားပို့ရင်း သယံဇာတကြွယ်ဝတော့ ဝင်ကျူးကျော်တယ်။ Red Indian တွေ မျိုးတုန်းကုန်ပါရောလား၊ အဲ့ဒါက အမေရိကန်သမိုင်းပါပဲ။ 

    သူတို့လူမျိုးရဲ့ မရှိခဲ့၊ မလှခဲ့တဲ့ သမိုင်းကြောင်းကို အပုပ်ချတာမဟုတ်ပါဘူး၊ သို့ပေသည့် သူတို့လိုနိုင်ငံမျိုးမှာတောင် သမ္မတဖြစ်ခွင့်ကို နိုင်ငံသားဖြစ်ရမယ်၊ မွေးတဲ့အချိန်မှာ နိုင်ငံခြားကိုရောက်နေခဲ့ရင် သမ္မတဖြစ်ခွင့်မရှိဘူးလို့ ကန့်သတ် ထားပါတယ်။ အဲ့ဒီလို ဥပဒေသတ်မှတ်ချက်မျိုး နယ်သာလန်မှာလည်းရှိတာပါ။ ဒုတိယ ကမ္ဘာစစ်တုန်းက နယ်သာလန်ဘုရင်မဟာ ဂျာမန်ရန်ကလွတ်အောင် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကနေဒါကို တိမ်းရှောင် ခဲ့ရပါတယ်။ နန်းလျာရင်သွေးကို မွေးတော့ ကနေဒါမှာမမွေးဘဲ နယ်သာလန် နိုင်ငံ အလံထောင်ထားတဲ့ သူတို့နိုင်ငံပိုင် သင်္ဘောတစ်စီးပေါ်မှာ ခက်ခက်ခဲခဲ မွေးဖွားခဲ့တာပါ။

     ဗြိတိသျှစည်းမျဉ်း ဥပဒေအရ ဘုရင်ဖြစ်မယ့်သူနဲ့ အိမ်ထောင်ဘက်တွေဟာ ရိုမန်ကက်သလစ် ကိုးကွယ်သူ မဖြစ်စေရပါဘူးတဲ့။ နိုင်ငံခြားသားကို လက်ထပ်ရမည်ဆိုရင်လည်း ပါလီမန်တွေရဲ့ ခွင့်ပြု ချက်ကို တောင်းရပါတယ်။ ဒါကြောင့် အက်ဒွက်ဘုရင်ဟာ နိုင်ငံခြားသူကို ယူခဲ့လို့ နန်းစွန်ခဲ့ရတယ်။ သူတို့  ဆီမှာ သမ္မတဖြစ်ခွင့် ၊ ဘုရင်ဖြစ်ခွင့်ကို အခြေခံဥပဒေအရ အဲ့ဒီလိုကန့် သတ်ထားတာပါ။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာ၊ ကိုယ့်သမ္မကို ကိုယ့်အမျိုးစစ်စေချင်တာ၊နိုင်ငံတိုင်း လူမျိုးတိုင်းရဲ့  သဘာဝလေ။



ကိုင်း--ဒါဖြင့် ကျွန်တော်တို  နိုင်ငံမှာတော့၊ မြန်မာနိုင်ငံအကြောင်း ပြောရရင်၊ ၅၉(အကြောင်းကို ပြင်ကြပြုကြမယ်ဆိုရင် ကျွန်တော်တို့ မလွှဲမသွေထည့်စဉ်းစားရမယ့်အချက်က ကျွန်တော်တို  တိုင်းပြည်ရဲ့  ပထ၀ီနိုင်ငံရေးပါပဲ။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်