Subscribe to our RSS Feed
Showing posts with label ကမ္ဘာ့သတင်း. Show all posts
Showing posts with label ကမ္ဘာ့သတင်း. Show all posts

အမေရိကန်က အာဖဂန်စစ်ဘက်စစ်ဆေးရေးဂိတ်ကို မှားယွင်း ဗုံးကြဲမိသဖြင့် ၁၀ ဦးသေဆုံး

From : .. ဆင်ဟွာ။

အာဖဂန်နစ္စတန်အရှေ့ပိုင်း လိုကာပြည်နယ်ရှိ စစ်ဘက်စစ်ဆေးရေးဂိတ်ကို အမေရိကန် ရဟတ်ယာဉ်၏ မှားယွင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသောကြောင့် တပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံ စစ်ဘက် အရာရှိတစ်ဦးက ဇူလိုင် ၂ဝ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန် ရဟတ်ယာဉ်များသည် ယနေ့နံနက် ပိုင်းတွင် စစ်ဘက်စစ်ဆေးရေးဂိတ်ကို ဗုံးကြဲတိုက်ခိုက် ခဲ့ကြကြောင်း၊ အနည်းဆုံး တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုသည် မှားယွင်းတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါစစ်ဆေးရေးဂိတ်သည် အမေရိကန်၏ တိုက်ခိုက်ရေးပစ်မှတ်မဟုတ်ခဲ့ကြောင်း အမည်မဖော်လိုသူစစ်ဘက်အရာရှိတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံကာကွယ်ရေးဌာန ပြောရေး ဆိုခွင့်ရှိသူက ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် မှားယွင်းတိုက်ခိုက်မှုဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် စစ်ဘက်ဆိုင်ရာမှ ယခုကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စု မဟာမိတ်အဖွဲ့သည် ၂ဝ၁၄ ခုနှစ် နှစ်ကုန်တွင် အာဖဂန်နစ္စတန်နိုင်ငံ စစ်ဆင်ရေး တရားဝင်ပြီးဆုံးခဲ့ပြီး လက်ရှိ အချိန်တွင် စစ်သည် ၁၃ဝဝဝ ထားရှိပြီး ဒေသတွင်းလုံခြုံရေး တပ်ဖွဲ့အား လေ့ကျင့်ရေးနှင့် ညွှန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


.. https://www.facebook.com/MyanmarExpress
 

အမျိုးသမီး ၅၀၀၀ ကိုယ်လုံးတီးချွတ်၍ အိုဘားမားအား ဆန္ဒပြမည်

From : ..messenger


       လာမည့်အပတ်တွင် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ကင်ညာကို သွားသည့်အခါ ကိုယ်လုံးတီး ပြည့်တန်ဆာ ငါးထောင်နဲ့ တိုးလိမ့်မည်။

      ကင်ညာတွင် လိင်တူအရေးကို ဥပဒေဖြင့် တရားဝင် ခွင့်ပြုပေးဖို့ အိုဘားမားက ဖိအားပေးနေခြင်းကြောင့် ယောက်ျားနဲ့ မိန်းမ မတူကြောင်း အိုဘားမား မြင်ရအောင် ပြည့်တန်ဆာ (၅၀၀၀)က နှစ်ရက်ကြာ ကိုယ်လုံးတီး ဆန္ဒပြကြမည်ဟု ဆိုသည်။ ထိုပွဲကို လိင်တူအရေး ကန့်ကွက်သည့် ကင်ညာ ရီပတ်ဘလီကန် လစ်ဘာတီ ပါတီက ကြီးမှူး ကျင်းပသည်။ ပါတီခေါင်းဆောင် ဗင်းဆင့် ကီဒါလာက ကင်ညာတွင် လိင်တူအရေးကို ပြည်သူများက လက်မခံသလို၊ လိင်တူအရေး ဥပဒေဖြင့် ခွင့်ပြု ပေးလိုက် ပါကလည်း ပြည့်တန်ဆာများ အလုပ်ပါးသွားမည် ဖြစ်သောကြောင့် ပြည့်တန်ဆာများ ကိုယ်တိုင်က နှစ်ရက်ကြာ ကိုယ်လုံးတီး ဆန္ဒပြပွဲကို အခမဲ့ ဆင်နွှဲပေးဖို့ သဘောတူထားပြီ ဖြစ်ကြောင်း ပြောသည်။ နိုင်ငံတစ်ဝန်း ပြည်နယ်အတော် များများမှ ပြည့်တန်ဆာ အမျိုးသမီး၊ အမျိုးသားများ ပါဝင်မည်ဟု ဆိုသည်။

       မြို့တော် နိုင်ရိုဘီရှိ ဟူရူပန်းခြံအတွင်း လွတ်လပ်မှုရင်ပြင်တွင် ဇူလိုင် (၂၂) ၊ (၂၃) တွင် လုံးတီးဆန္ဒပြပွဲ ဆင်နွှဲကြမည် ဖြစ်သည်။     


.. https://www.facebook.com/MyanmarExpress
 

IS စစ်သွေးကြွအဖွဲ့တွင် ပြည်ပတပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ မှ ဗြိတိန်နိုင်ငံမှဖြစ်ကြောင်း အစိုးရ ထုတ်ပြန်

From : .. mizzima


ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် လှုပ်ရှားနေသည့် အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့တွင် ပါဝင်နေသော ပြည်ပတပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ သည် ဗြိတိန် နိုင်ငံ တွင်းမှဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား ၅၀၀ ခန့် ရောက်ရှိနေပြီး ၂၅၀ သည် နိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိနေ သောကြောင့် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များက ၎င်းတို့ အား စောင့်ကြည့်လျက်ရှိကြောင်း ဗြိတိန်အစိုးရ က ပြောကြားသည်။

ဘာမင်ဟန် ပါရီဘာ မဲဆန္ဒနယ် အမတ် ခါလစ်မာမွတ်က IS အဖွဲ့သို့ ဗြိတိန်နယ်စပ်များမှ ထွက်ခွာ သွားသူများလည်း ရှိနေသောကြောင့် အစိုးရခန့်မှန်းထားသည့် အရေအတွက် ၅၀၀ ထက် ပိုမိုများ ပြားပြီး ၂၀၀၀ ခန့်ရှိနိုင်သောကြောင့်  ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အရေအ တွက်ထက် IS အဖွဲ့တွင် ရောက်ရှိနေသည့် အရေအတွက်က သုံးဆခန့် ပိုများနေကြောင်း ပြောကြား သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ကြည်းတပ်ဖွဲ့တွင် မွတ်စလင် တပ်ဖွဲ့ဝင် ၆၀၀ ခန့်ရှိနေသောကြောင့် တပ်ဖွဲ့ဝင် စုစုပေါင်း၏ ၀ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတွင်းမှ ထွက်ခွာပြီး IS အဖွဲ့သို့ ပြန်သွားမည့်သူ ၂၃ ဦးကိုလည်း လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


.. www.MyanmarExpress.net
 

ပျောက်ဆုံးနေသည့် အီဘိုလာ ရောဂါသည်များ ပြန်လည်ရှာတွေ့ကြောင်း လိုက်ဘေးရီးယား ကြေညာ

From : .. 7 day
 လိုက်ဘေးရီးယား နိုင်ငံတွင် ကုသရေးစင်တာတစ်ခု တိုက်ခိုက်ခံရချိန်၌ ပျောက်ဆုံးသွားသည့် အီဘိုလာ ရောဂါသည်များကို  ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရ၏ ရောဂါထိန်းချုပ်ရေး လုပ်ဆောင်မှုများကို မကျေမနပ်ဖြင့် ဆန္ဒပြသူ အချို့က ဩဂုတ် (၁၆)ရက်တွင် မြို့တော် မွန်ရိုဗီရာရှိ အီဘိုလာ ကုသရေး စင်တာတစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် ရောဂါကူးစက် ခံရသူ (၁၇)ဦး ပျောက်ဆုံးသွားသည့်အတွက် မြို့ခံများ ခြောက်ခြားခဲ့ရသည်။

အီဘိုလာ ကူးစက်မှုသည် အာဖရိက အနောက်ပိုင်းဒေသ နိုင်ငံများတွင် ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေရာ ရောဂါသည်များက လူအများကြား ရောနှောသွားသည့် ကိစ္စသည် အစိုးရအတွက် ခေါင်းခဲစရာ အကျပ်အတည်းတစ်ရပ် ဖြစ်ခဲ့သည်။

သို့သော်လည်း ဩဂုတ်(၁၉)ရက်တွင် အဆိုပါ ပျောက်ဆုံးလူနာ အားလုံးကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး လူးဝစ်ဘရောင်းက BBCသို့ အတည်ပြု ပြောကြားခဲ့သည်။ “ရောဂါသည်တွေကို အောင်အောင်မြင်မြင် ရှာတွေ့ခဲ့ပါပြီ။ သူတို့ကိုယ်တိုင် တာဝန်ရှိသူတွေဆီ ပြန်လာပြီး ကိုယ့်ကိုယ်ကိုယ် အပ်နှံခဲ့ကြတာပါ”ဟု ၎င်းက ဆိုသည်။

လိုက်ဘေးရီးယား အစိုးရသည် အစောပိုင်းက ကုသရေးစင်တာမှ လူနာများ လွတ်မြောက်ခဲ့သည်ဆိုသော သတင်းကို ငြင်းဆန်ခဲ့သေးသည်။ လိုက်ဘေးရီးယားတွင် အီဘိုလာရောဂါ ကူးစက်နေသည် ဆိုခြင်းကို ယုံတမ်းတစ်ခုဟု ထင်မှတ်နေပြီး လက်မခံနိုင်သူများ ရှိနေသေးကြောင်းလည်း သိရသည်။ ထို့အပြင် အီဘိုလာ ရောဂါသည် အချို့ကို ၎င်းတို့၏ မိသားစုများက အတင်းအကျပ် ပြန်လည် ခေါ်ယူသွားခြင်းမျိုးလည်း ရှိနေသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO၏ ကြေညာချက်အရ ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ အရေအတွက်သည် (၁၂၉၉)ဦးထိ ရှိနေပြီဟု သိရှိရသည်။ ထို့အပြင် ဩဂုတ် (၁၄)မှ (၁၆)ရက်ထိ (၃)ရက်အတွင်း လိုက်ဘေးရီးယား၊ ဆီအာရာလီယွန်၊ ဂီနီရာနှင့် နိုက်ဂျီးရီးယားတို့တွင် အီဘိုလာကြောင့် လူ(၈၄)ဦးထိ အသက်ဆုံးရှုံးခဲ့သည်။ အနောက်အာဖရိကတွင် ကူးစက်နေသည့် အီဘိုလာ ရောဂါသည် သမိုင်းတစ်လျှောက် အီဘိုလာ ကပ်ဘေးများတွင် သေနှုန်း အမြင့်ဆုံး ဖြစ်သည်။ အဆိုပါ ရောဂါကို ကုသနိုင်သည့် ဆေးဝါးမျိုး မရှိသေးချေ။
.
. www.MyanmarExpress.net
 

ဆေးရုံးပေါ်တွင် ဓာတ်ဆားရည် ချိတ်ထားရင်းတန်းလန်း လိင်ဆက်ဆံကာ Facebook ပေါ်တင်သည့် အမျိုးသမီး တရားဆွဲခံရနိုင်



ထိုင်းနိုင်ငံရှိအသက် ၂၂ အရွယ်အမျိုးသမီး တစ်ဦး ဆေးရုံတတ်နေစဉ်အတွင်း လက် မှာလည်း ဓါတ်ဆားရည် ချိတ်ထားရင်း တန်းလန်းဖြင့် လိင်ဆက်ဆံနေတဲ့ ဓါတ်ပုံကို မိမိဖေ့ဘွတ် ရှိစာမျက်နှာမှာတင်ပြီး ဆေးရုံကဆင်းလာပါပြီ။

"ဝါသနာပါလျှင် VIP chat box မှာဝင်ပြီး ဗီဒီယိုကြည့်နိုင်ပါကြောင်း အမှန်ကန်နော် လိမ်တာဟုတ်ဖူး အခြားသူများလည်းကြည့်လို့ရအောင် ရှယ်ပေးနိုင်ပါကြောင်း" ဆိုပြီးတင်ထားတဲ့ status နှင့်ပါတ်သတ်ရ်ျထိုင်းနိုင်ငံသတင်းစာမျက်နှာတွေမှာ နာမည်ကြီးနေပါတယ်၊၊

အမျိုးသမီးကတော့ သားအိမ်ခေါင်းနာလို့ ဆေးရုံတတ်ကုသခဲ့တာပဲဖြစ်ပါတယ်။ ဆေးရုံဘက်ကလည်း မိမိတို့ ဆေးရုံကို ဂုဏ်သရေနဲ့နာမည်ပျက်စေတဲ့အတွက် အဲဒီအမျိုးသမီးကို တရားစွဲမည်ဆိုတဲ့သတင်းလည်းထွက်နေပါတယ်၊၊


.. www.MyanmarExpress.net
 

လျှို့ဝှက်ချက် ဖွင့်ချသူ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့မည်ဟု ပြောကြား

From : .. mizzima


မြန်မာနိုင်ငံတွင် လျှို့ဝှက်ချက် ဖွင့်ချသူများ ထောင် ၁၀ နှစ်ချမှုအတွက် မကျေနပ်ကြောင်း ပြောဆိုနေကြစဉ် ဝီကီလိခ်ထူထောင်သူ အက်ဆန်းသည် အီကွေဒေါသံရုံးတွင် ခိုလုံနေရာမှ ထွက်ခွာရတော့မည်ဟု ပြောဆိုလိုက်သည်။ အက်ဆန်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ဗြိတိန်သို့ ရောက်ရှိစဉ် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံး၌ ခိုလှုံနေခဲ့ခြင်းဖြစ်သည်။

အသားအရေဖျော့တော့ကာ မုတ်ဆိတ်မွှေးများထူနေသည့် အက်ဆန်းက “ကျွန်တော် သံရုံးကနေ မကြာမီစွန့်ခွာတော့မှာပါ” ဟု ပြောကြား ခဲ့သည်။

အက်ဆန်းသည် နှလုံးရောဂါ၊အဆုတ်ရောဂါနှင့် သွေးတိုးရောဂါတို့ကို ခံစားနေရကြောင်း ၀ီကီလိခ်၏ သတင်းရင်းမြစ်တစ်ဦး ပြောကြားချက်ကို ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် အက်ဆန်က သံရုံးတွင်းမှ မည်သည့်အချိန်တွင် မည်သို့ ထွက်ခွာမည်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အက်ဆန်းအနေဖြင့် ၎င်း၏ အမှုအား ဗြိတိန်အစိုးရနှင့် ညှိနှိုင်းပြီးမှသာ သံရုံးအတွင်းမှ ထွက်ခွာ သင့်ကြောင်း ၀ီကီလိခ်၏ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတင်းဟာရက်ဖ်ဆွန်က သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားသည်။

အက်ဆန်းအနေဖြင့် ဗြိတိန်အစိုးရက ဆွီဒင်သို့ ပြန်ပို့ပါက အမေရိကန်နိုင်ငံသို့  ထပ်မံလွှဲပြောင်းခံရပြီး အမေရိကန်စစ်ဘက်နှင့် သံတမန်ရေး ရာ အချက်အလက်များကို ၀ီကီလိခ်က ဖွင့်ချခဲ့မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံရမည်ကိုလည်း ၎င်းက စိုးရိမ်လျက်ရှိသည်။

အမေရိကန်ကြည်းတပ် တပ်သွားဟောင်း ချဲလ်စီမန်နင်ခေါ် ဘရက်ဒလေမန်နင်သည်လည်း လျှို့ဝှက် အချက်အလက်များကို ၀ီကီလိခ်သို့ ပေးပို့ခဲ့ မှုကြောင့် ယမန်နှစ်က ထောင်ဒဏ်  ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အက်ဆန်းနှင့်ပတ်သက်၍ မိမိတို့ သဘောထားသည် ပြောင်းသွား မည်မဟုတ်ဘဲ သံတမန်လုပ်ထုံး လုပ်နည်းများအတိုင်း ၎င်း၏ ဆွီဒင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ် ကြောင်းနှင့် အီကွေဒေါသံရုံးအနေဖြင့်လည်း ယခုပြဿနာအား အဆုံးသတ်နိုင်ရန် ပါဝင်ကူညီရေး အတွက် တောင်းဆိုထားသည်။


.. www.MyanmarExpress.net
 

အမေရိကန်တွင် အဆိပ်သင့်နိုင်သည့် ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားနှစ်စီးတိုက်မိ

From : .. 7day


အမေရိကန် နိုင်ငံတွင် အဆိပ်သင့်နိုင်သည့် ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ရထားနှစ်စီး တိုက်မိပြီး လူ(၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်(၁၇)ရက်က အာကန်ဆက်စ် ပြည်နယ်တွင် ရထားနှစ်စီး ရင်ဆိုင်တိုက်မိခဲ့ခြင်းဖြစ်ပြီး (၂)ဦးသေကာ၊ (၂)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူ အားလုံးတို့သည် ရထားမောင်းနှင်သည့် အဖွဲ့သားများ ဖြစ်နိုင်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ကြိုတင်ကာကွယ်မှု စံနှုန်းတွေအရ ဟော့စီနဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေကို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းပေးထားပါတယ်”ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “ရထားတိုက်မိပြီးတဲ့နောက် စက်ခေါင်းတစ်လုံးဟာ အချိန်ကြာကြာ မီးလောင်နေပါတယ်။ ဒါပေမဲ့ အဆိပ်အတောက် ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွဲတွေမှာ နောက်ထပ် အပျက်အစီး မရှိနိုင်ဘူးလို့ ယုံကြည်ရပါတယ်”ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ရထားနှစ်စီးလုံးကို Union Pacific မီးရထား ကုမ္ပဏီက ပိုင်ဆိုင်ပြီး ရထားတွဲများတွင် ဓာတုပစ္စည်းများ သယ်ယူလာကြောင်း ကုမ္ပဏီက အတည်ပြု ကြေညာထားသည်။


.. www.MyanmarExpress.net
 

ရွာလုံးကျွတ် အီဘိုလာ ဖြစ်တဲ့ဒေသ

From : .. planet

အာဖရိကအနောက်ပိုင်းနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့နေတာဟာ အခုဆို သေဆုံးသူတစ်ထောင်ကျော်ရှိပြီး သောကြာနေ့ကစလို့ နိုင်ငံတကာကပ်ဘေးဆိုးတစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အနောက်အာဖရိကနိုင်ငံအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရပြီဖြစ်ပါတယ်။


ဒါကြောင့် အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုအကြောင်းကို သိရအောင် အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီယာရာလီယွန်မှာ ဆေးကုသရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)မှ အရေးပေါ်ကုသရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စအန်ဂျာဝေါ့ဇ်ကို စီအင်န်အင်န်မှ ပလိုက်ဂျင်က မေးမြန်းထားတာတွေ ကောက်နုတ်
ဖော်ပြလိုက်ပါတယ်။

မေး- ဒီအစီအစဉ်မှာပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်ဆုံး ဆရာမအလုပ်လုပ်နေတဲ့ အခြေအနေနဲ့ ဘယ်လိုအနေအထားတွေအောက်မှာ လုပ်နေရတယ်ဆိုတာကို
ပြောပြပေးပါ။ ဘာကြောင့်လဲဆိုတော့ ဆရာမရဲ့ အလုပ်တွေက အရမ်းခက်ခဲတယ်ဆိုတော့လေ။ ဟုတ်တယ်နော်။

ဖြေ- ဟုတ်ပါတယ်။ ကိုင်လာဟန် (ဆီယာရာလီယွန်)မှာတော့ တော်တော်လေးခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဆီမှာ နေ့တိုင်းလာနေတဲ့
လူနာတွေ အများကြီးဖြစ်နေပြီး အဲဒါတကယ်ပဲလည်း ထိန်းမရဖြစ်နေပြီလို့ ကျွန်မထင်ပါတယ်။ ဒီတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ဒီလို ရောဂါပိုးပျံ့နှံ့လာမှုကို ထိန်းနိုင်ဖို့ တကယ်ပဲခက်နေပါတယ်။

ကျန်းမာရေးစောင့်ရှောက်တဲ့ ဆေးပညာရှင်တွေအတွက် ခက်ခဲတဲ့ကိစ္စတွေထဲက တစ်ခုကလည်း ဒီလိုအီဘိုလာဗိုင်းရပ်စ်ကို ကုသနေရတဲ့သူတွေ ကိုယ်တိုင်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမယ့် အခြေအနေအောက်မှာ လုပ်နေရတယ်နော်။ ဆရာမအတွက်ရော ဒီမှာလုပ်နေတာဟာ ကိုယ်တိုင်အတွက် အန္တရာယ်ဘယ်လောက်ကြီးပါသလဲ။ ပြီးတော့ ဆရာမရော ဒီရောဂါကို ကြောက်နေပါသလား။ ဟင့်အင်း။ ကျွန်မတို့အပိုင်းက ပြောရရင်တော့ ဒါဟာ ပထမဆုံး အီဘိုလာဖြစ်တဲ့ အချိန်မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့တွေအနေနဲ့လည်း အဖွဲ့တွင်း
တင်းကျပ်တဲ့ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဆေးဝါးတွေ အကုန်လုံးရှိသလို ၀န်ထမ်းတွေအားလုံးကလည်း ကောင်းကောင်း လေ့ကျင့်ပြီးသားလူတွေ ဖြစ်ပါတယ်။ သန့်ရှင်းရေးစနစ်အားလုံး၊ ကူးစက်ရောဂါထိန်းချုပ်ရေး နည်းလမ်းအားလုံးကို ကျွန်မတို့လုပ်ထားပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကို ကြောက်ရွံ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကိုင်တွယ်ကုသနေရတာတွေကို ကောင်းကောင်းသိထားပါတယ်။

မေး- အခု ဒီအီဘိုလာရောဂါ ဖြစ်စဉ်အကုန်လုံးကို ကိုင်တွယ်နေတော့ ဆရာမတို့ ချဉ်းကပ်မှုနည်းလမ်းက ဘယ်လိုမျိုးလဲ။ ကုသရေးအပိုင်းရော ထိန်းချုပ်ရေးအပိုင်းမှာပါရောပေါ့။ လုပ်ဖို့လိုနေတယ်ဆိုတဲ့ နည်းလမ်းတွေရော ရှိပါသလား။

ဖြေ- ဟုတ်ကဲ့။ ဒီကိုင်လာဟန်မှာရှိတဲ့ ကျွန်မတို့အတွက်ကတော့ ကုသရေးဌာနကိုပဲ အဓိကထားလုပ်ထားတာပါ။ ဆိုလိုတာက လူနာတွေ ဒီကိုလာရင် သူတို့ကို သီးခြားထားလိုက်ပြီး ကုသမှုပေးလိုက်တာပါ။ ကုသမှုပိုင်းမှာလည်း ကျွန်မတို့ သက်သာရုံပဲ ကုသနိုင်တာပါ။ လူနာတွေရဲ့ ဝေဒနာပိုင်းပြောဆိုမှုတွေကို ကုသမှုပေးပါတယ်။ ဒါပေမဲ့ ဒါက မလုံလောက်ပါဘူး။ ပုံမှန်အားဖြင့် ရောဂါပြန့်ပွားမှု စတင်လာပြီဆိုရင် ထိစပ်မှုတွေကို လိုက်ကြည့်ရပါမယ်။ နေရာအနှံ့ ရွှေ့ပြောင်းကုသနိုင်ဖို့ ကောင်းမွန်တဲ့ သတိပေးစနစ်တစ်ရပ် ရှိရပါမယ်။ ကပ်ဘေးမှ
ရှင်သန်ရေး စနစ်ကောင်းတစ်ရပ် ထားရှိရပါမယ်။ အဲဒါ ဒီမှာမရှိပါ။ ပြီးတော့ ကျွန်မတို့ နယ်စည်းမခြားအဖွဲ့အနေနဲ့ လိုအပ်နေတဲ့ နေရာတိုင်းမှာ လိုက်လုပ်နိုင်တဲ့ စွမ်းရည်မျိုးလည်း
ရှိမထားပါဘူး။

မေး- ဒီအနောက်အာဖရိကနိုင်ငံတွေ အထူးသဖြင့် ဆရာမအလုပ်လုပ်နေတဲ့ နိုင်ငံဖြစ်တဲ့ ဆီယာရာလီယွန်မှာ အနည်းဆုံးတော့ သူတို့တွေ အကောင်းဆုံးလုပ်နိုင်မယ်ထင်လား။ ဘာကြောင့်လဲဆိုတော့ သူတို့က တချို့နေရာတွေမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပြီး တချို့နေရာကို ကန့်သတ်ပိတ်ဆို့ထားဖို့လည်း လုပ်နေတော့လေ။ သူတို့တတ်နိုင်တာကို
သူတို့လုပ်နေတယ်လို့ ဆရာမထင်ပါသလား။

ဖြေ- အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးတို့က ဒီရောဂါပြန့်ပွားမှုကို ကိုင်တွယ်နိုင်စွမ်းမရှိပါဘူး။ သူတို့အနေနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ Dabijo (ph) နဲ့ CDC လို အဖွဲ့မျိုးတွေက အစိုးရကို ပိုမိုထောက်ပံ့တာကို လိုအပ်နေပါတယ်။ လက်ရှိမှာ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်တယ်ဆိုရင် ဒီကိုင်လာစန်ခရိုင်မှာ ဘာတွေချမှတ်လုပ်ဆောင်ထားသလဲဆိုတာ ကျွန်မတို့ မမြင်ခဲ့ရဘူး။ ဒါပေမဲ့ နောက်ထပ် ကျန်းမာရေးပညာရှင်တွေ လိုမယ်။ ရောဂါကူးစက်မှုထိန်းချုပ်ရေး အထူးကျွမ်းကျင်ပညာရှင်တွေ လိုမယ်။ ကပ်ရောဂါဗေဒပညာရှင်တွေ ဒီခရိုင်ထဲကို များများပို့ဖို့လိုပါမယ်။

မေး- လူထုတွေကို အီဘိုလာရောဂါပိုးနဲ့ ပတ်သက်လို့ ပညာပေးရေး၊ ဒေသခံပြည်သူတွေကို ဒီရောဂါအကြောင်း သိနားလည်ဖို့နဲ့ ကုသမှုသေချာခံယူဖို့ အကြောင်းတွေက ဘယ်လောက်အရေးကြီးပါသလဲ။

ဖြေ- ကျွန်မတို့ လုပ်ဆောင်နေတဲ့ နယ်ပယ်တွေထဲမှာ ဒါလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျွန်မတို့မှာ ရပ်ရွာအခြေခံ ကျန်းမာရေးလုပ်သား ၂၅၀ လောက်က တစ်ရွာပြီးတစ်ရွာ ကူးသန်းသွားရင်းနဲ့ လူထုဆီကို မှန်ကန်တဲ့သတင်းပေးပို့မှုတွေ လုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုထိ လုံခြုံမှုရှိတဲ့နေရာရယ်လို့ မရှိသေးဘူး။ လူတွေက (ရောဂါကြောင့်သေဆုံးတဲ့) အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ကြတဲ့အခါ ကူးစက်ခံရတာမျိုးတွေ၊ ရောဂါဖြစ်ပြီး အကုမခံရှောင်ပုန်းနေတဲ့ လူတွေလည်း ရှိပါသေးတယ်။ အဲဒီနေရာတွေမှာ လူနာတွေရှိနေဆဲပါပဲ။ ဒါကြောင့် လူထုကို နေရာစုံလိုက်ကုသရေး ဒီမှာလုပ်နေတာဟာ ကျွန်မတို့ လိုအပ်နေတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

မေး- အခုလိုဖြစ်နေတာတွေဟာ ဒေသခံလူထုအတွက် အရမ်းဝမ်းနည်းစရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရေအတွက် ကိန်းဂဏန်းတွေအကြောင်း ဆက်ပြောနေရလို့ပါ။
ဥရောပ (သို့မဟုတ်) အမေရိကတိုက်ကို ဒီရောဂါပျံ့နှံ့လာမှာကို ကြောက်နေရတဲ့အကြောင်းလည်း ပြောနေရပါတယ်။ ဒါပေမဲ့ ဒါဟာ ဆရာမ အခု ဒီမှာ ဆေးကုသစောင့်ရှောက်မှုပေးနေတဲ့ ရပ်ရွာတွေအတွက် တကယ်ဆုံးရှုံးရမှု၊ ထိခိုက်ရမှုတွေပါပဲ။ ဟုတ်တယ်နော်။

ဖြေ- တကယ်ပဲ ၀မ်းနည်းကြေကွဲစရာပါ။ ရွာလုံးကျွတ်လို ဖြစ်နေပါတယ်။ တနင်္ဂနွေနေ့မှာ ရွာတစ်ရွာက နောက်ဆုံးကျန်တဲ့လေးဦးကို ကျွန်မတို့ ကုပေးခဲ့ရတယ်။ တစ်ရွာလုံးက အီဘိုလာနဲ့ သေသွားတာ။ ဒါမှမဟုတ် ကျွန်မတို့ ဆေးကုသရေးဌာနထဲ ရောက်လာတာတွေရှိတယ်။ ရွာတစ်ရွာကဆိုရင် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း လူနာ ၃၀ လောက် ရောက်လာတယ်။
ဘာကြောင့် သူတို့ ဖြစ်သလဲဆိုရင် (ရောဂါမကူးစက်အောင် သေချာမလုပ်ထားတဲ့) မလုံခြုံတဲ့ အသုဘချတာတွေကို တက်ခဲ့ကြလို့ပဲ။ လူ ၂၀၀ ရှိတဲ့ ရွာမှာ လူနာ ၃၀ လောက် ရောက်လာတယ်ဆိုတာ ကပ်ဘေးဆိုးပါပဲ။ အထူးသဖြင့်တော့ ကျွန်မတို့အနာဂတ်ကို ကြည့်ရမယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် အကျိုးသက်ရောက်မှုက လူတိုင်းဖျားနာနေတာပဲ။ ဒါပေမဲ့ ဖျားတဲ့လူတွေကို ဘယ်သူက ဂရုစိုက်ကြသလဲ။ မိန်းမတွေ နာဖျားနေတယ်။ အခုတော့ လူတော်တော်များများ စိုက်ပျိုးရေးမလုပ်နိုင်ကြတော့ဘူး။ အနာဂတ်က ဘာလဲ။ ဒီမှာ အနာဂတ်မှာကော ကျွန်မတို့ ဘာစားသောက်ကြရမလဲပေါ့။

.. www.MyanmarExpress.net
 

ISIS ဖြစ်လာရန် အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့ ပူပေါင်းကြံစည်ဟု စနိုဒင်ဖွင့်ချ

From : .. News Watch


ယူအက်စ် အမျိုးသားလုံခြုံရေးအေဂျင်စီ ဝန်ထမ်းဟောင်း၊ အရေးကြီးသော လျို့ဝှက်သတင်းအလက်များကို ဖွင့်ချသူ အက်ဝပ်စနိုဒင်က အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးနိုင်ငံတို့ ပူပေါင်း၍ ISIS အဖွဲ့ကို ဖန်တီးခဲ့သည်ဟု ဆိုသည်၊၊

အဆိုပါနိုင်ငံ ၃ နိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီများသည် ကမ္ဘနှင့်အဝှမ်းမှ အစ္စလာမ်အစွန်းရောက် စစ်သွေးကြွများကို တနေရာထဲသို့ စွဲဆောင်နိုင်သည့် အကြမ်းဖက်အဖွဲ့အစည်းတခုအား "ပျားအုံနည်းဗျုဟာ" ဟုခေါ်သော ဗျုဟာကို အသုံးပြုခဲ့ကြသည် ဟုဆိုသည်၊၊

အစ္စရေးနိုင်ငံအား အကာအကွယ်ပေးနိုင်မည့် တခုတည်းသောနည်းလမ်းမှာ ၎င်းနယ်စပ်၌ ရန်သူများရှိနေစေခြင်းပင်ဖြစ်သည်ဟု စနိုဒင်၏ မှတ်တမ်းများအရ သိရသည်။

ISIS ခေါင်းဆောင် အာဘူဘာကာအယ်လ်ဘဂ္ဂဒါဒီသည် စစ်ရေးလေ့ကျင့်မှုအပြင် သဘောတရားရေးရာများ၊ စကားပြောစွမ်းရည်သင်တန်းများကိုပါ အစ္စရေးထောက်လှမ်းရေး မိုးဇတ်ထံ၌ ၁နှစ်တိတိ သင်ယူခဲ့သည်ဟု အဆိုပါဖွင့်ဟချက်အရ သိရသည်၊၊.. 


 www.MyanmarExpress.net
 

ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖြိုခွင့်ကာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် အမေရိကန် အာဏာပိုင်များကို လူ့အခွင့်အရေးသမားများနှင့် နိုဘယ်ဆုရှင်များ ဝေဖန်တာ မတွေ့ရ

From : .. mizzima

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်၊ ဖာဂူဆန်မြို့တွင် သြဂုတ် ၉ ရက်က လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အပြန်အလှန် တိုက်ခိုက်ရာမှ အသက် ၁၈ နှစ်အရွယ် လူမည်းတစ်ဦး သေဆုံးသွာခဲ့ပြီးနောက် ဆူပူမှုများ ထပ်မံဖြစ်ပွားခဲ့ရာ အဆိုပါ မြို့တွင် သြဂုတ် ၁၆ ရက်က ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

သို့သော် လူ ၁၅၀ ခန့်က ညမထွက်ရ အမိန့်ကို လိုက်နာခြင်းမရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး များဖြင့် ပစ်ပေါက်ခဲ့ရသည်။

ညမထွက်ရအမိန့် သတ်မှတ်ချိန်မပြည့်မီ ရာပေါင်းများစွာသော ဆန္ဒပြသူများက ရာသီဥတု ဆိုးရွားနေသော် လည်း ဖာဂူဆန်မြို့ရှိ လမ်းမကြီးပေါ်တွင် စုဝေးခဲ့ကြသည်။

ဆန္ဒပြသူအများစုက သတ်မှတ်ချိန်တွင် လူစုခွဲသွားခဲ့သော်လည်း အချို့က ညမထွက်ရအမိန့်ကို မလိုက်နာနိုင် ကြောင်း  အော်ဟစ်ခဲ့ကြသည်။

.. www.MyanmarExpress.net
 

သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ

From : ..7Day

ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

လေယာဉ်များတွင် ပါရှိသည့် Black Boxများသည် လေယာဉ်မှူး အခန်းထဲတွင် ပြောဆိုနေသည့် စကားများနှင့် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် ကိရိယာများ ဖြစ်ကြသည်။ ဘရာဇီး သမ္မတလောင်း အီဒွာဒို ကမ်ပို့စ်သည် စင်းလုံးငှားလေယာဉ် ပျက်ကျမှုတွင် အခြားလူ(၆)ဦးနှင့်အတူ သေဆုံးခဲ့သည်။ အဆိုပါ လေယာဉ်ပျက်၏ Black Boxများကို စစ်ဆေးကြည့်သည့်အခါ ပျံသန်းမှု ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်တမ်း တင်မထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘရာဇီး လေတပ်က Black Box အတွင်းရှိ လေယာဉ်မှူး ပြောစကားများကို စိစစ်ကြည့်သည့်အခါ အဆိုပါ လေယာဉ်ခရီးစဉ်နှင့် လုံးဝ မပတ်သက်ကြောင်း အတည်ပြုခဲ့သည်။ ဆော်ပေါ်လိုရှိ ဆန်းတို့စ် မြို့အနီးတွင် ရာသီဥတု ဆိုးရွားနေစဉ် အတောအတွင်း လေယာဉ်ပျက်ကျပြီး ကမ်းပို့စ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြို့တော် ဘရာစီလီယာရှိ လေကြောင်း မတော်တဆမှုများ စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးရေး ဌာနမှ ကျွမ်းကျင်သူများသည် Black Boxအတွင်းရှိ အသံဖိုင်များကို ပြန်လည်စုစည်း တည်ဆောက်ပြီး စစ်ဆေးခဲ့ရာ အံ့ဩဖွယ်ရာ အခြေအနေအဖြစ် ယခုခရီးစဉ်နှင့် လုံးဝ ဆက်စပ်မှု ရှိမနေသည်ကို တွေ့ရှိခဲ့ရသည်။

“စုစုပေါင်း (၂)နာရီစာ အသံတွေကို ပြန်ပြီး စစ်ဆေး နားထောင်ကြည့်တဲ့အခါ ဩဂုတ်(၁၃)ရက်က ပျက်ကျတဲ့ လေယာဉ် ခရီးစဉ်နဲ့ မသက်ဆိုင်တာကို တွေ့ရှိခဲ့ရပါတယ်”ဟု လေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပက်ဒရိုလူးဝစ် ဖာဆစ်က ပြောကြားခဲ့သည်။ “Black Box လေယာဉ်မှူး ပြောဆိုထားတဲ့ စကားတွေဟာ ဘယ်နေ့တုန်းကလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ တပ်ဆင်ထားတဲ့ ကိရိယာက အသံဖိုင်တွေရဲ့ နေ့ရက်ကို ဖော်ထုတ်ပြနိုင်ခြင်း မရှိလို့ပါ”ဟုလည်း ဖာဆစ်က ဆိုသည်။

ကမ်းပို့စ်သည် ဘရာဇီး ဆိုရှယ်လစ် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူဖြစ်ပြီး တတိယ ရေပန်းအစားဆုံး သမ္မတလောင်းအဖြစ် ရပ်တည်နေသည်။ ၎င်းသေဆုံးသည့်နောက် မည်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘရာဇီး၏ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတလောင်း မတော်တဆ ကွယ်လွန်ပါက သက်ဆိုင်ရာ ပါတီသည် (၁၀)ရက်အတွင်း လူသစ် အစားထိုး ယှဉ်ပြိုင်ခွင့်ရှိကြောင်း သတင်းရရှိသည်။ 


.. www.MyanmarExpress.net 

အမေရိကန်တွင် ဘယ်ကမှန်းမသိရောက်လာသော ဒေါသထွက်နေသည့် လူအုပ်ကြီးမှ ဆိုင်ခန်းများကို ဖျက်ဆီးနေသော်လည်း အိုဘားမား နောက်ကွယ်က ကြိုးကိုင်ဟု မရေးကြ

From : .. voa


အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်တဲ့ မစ်ဇူရီ (Missouri) ပြည်နယ်၊ စိန့်လူးဝစ် (St.Louis) မြို့မှာ လက်နက်မဲ့ ဆယ်ကျော်သက် လူမည်း တစ်ယောက်ကို ရဲ အရာရှိ တစ်ယောက် က ပစ်သတ်လိုက်တဲ့ အတွက် ဒေသခံတွေ နဲ့ ရဲတပ်ဖွဲ့ အကြား တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။ လူမည်း အများစု နေထိုင်တဲ့ ဖာဂူဆန် ဆိုတဲ့ ရပ်ကွက်မှာ လေးရက်မြောက်အဖြစ် ဆန္ဒပြ ခဲ့ကြရမှာ အဓိကရုဏ်းထိန်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေ သုံးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ က အသက် ၁၈ အရွယ် မိုက်ကယ် ဘရောင်း (Michael Brown) ဆိုတဲ့ လူငယ် သေဆုံးပြီးကတည်းက ဒီ လူ ၂ သောင်းကျော် ရှိတဲ့ ရပ်ကွက်ဟာ ဒေါသထွက်နေကြတာပါ။ ဘရောင်းဟာ ရဲ အရာရှိနဲ့ ကားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ် ပြီး သေဆုံးသွားတာပါလို့ ဖာဂူဆန် ရဲတာဝန်ရှိသူတွေ က ပြောပါတယ်။ ဒါပေမဲ့ မျက်မြင်သက်သေ တွေကတော့ ဒီ ဆယ်ကျော်သက် လူငယ် နဲ့ သူ့သူငယ်ချင်း စတိုးဆိုင်ထဲက ထွက်လာပြီး လက်မြှောက်ထားတဲ့ အချိန်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံလိုက်ရတာလို့ ပြောပါတယ်။

တချို့ ဆန္ဒပြသူတွေဟာ ဆန္ဒပြရုံသာမကပဲ ဆိုင်တွေကို ဖျက်ဆီး၊ လုယက်ကြတဲ့ အကြမ်းဖက် အဆင့်ကို ရောက်လာကြပါတယ်။ အဲဒီ အတွက် ရဲတပ်ဖွဲ့ကလည်း လက်နက် အပြည့်အစုံတပ်ဆင်ထားပြီး စစ်တပ်ပုံစံ ယာဉ်တန်းတွေ ရပ်ကွက်ထဲမှာ ချထားတဲ့ အတွက် ဒေသခံတွေ နဲ့ ဖာဂူဆန် လူဖြူ နိုင်ငံရေး ခေါင်းဆောင်တွေ အကြား အခြေအနေတွေကို ပိုဆိုးလာစေခဲ့ပါတယ်။

အခုလို မငြိမ်သက်မှုတွေ ဖြစ်နေတဲ့ အတွက် ကျောင်းဖွင့်ရက်ကို ဒီကနေ့ ကြာသပတေးကနေ့ နောက်အပတ် တနင်္လာနေ့ကို ဖာဂူဆန် ကျောင်းတာဝန်ရှိသူတွေက ပြောင်းရွှေ့ထားရပါတယ်။


.. www.MyanmarExpress.net
 

ISIS အဖွဲ့ဆိုတာဘာလဲ

From : .. dr tint swe


• ကနေ့ ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ ထိပ်တန်းကနေပါနေတဲ့ ISIS ဆိုတာ Islamic State of Iraq and Syria ဖြစ်တယ်။ အစ္စလားမစ် ဂျီဟာဒီအဖွဲ့ဖြစ်တယ်။ အဖွဲ့နာမည်တွေ အမျိုးမျိုးပြောင်းလာတယ်။ တကမ္ဘာလုံးက မွတ်ဆလင်အားလုံးရဲ့ခေါင်းဆောင်လို့ ကိုယ့်ဖါသာကြေညာထားတယ်။
• Abu Bakr al-Baghdadi က ၂၉-၆-၂ဝ၁၄ ကတည်းက ခေါင်းဆောင်ဖြစ်တယ်။ သူ့နယ်မြေတွေဟာ ဂျော်ဒန်၊ အစ္စရေး၊ ပါလစ္စတိုင်း၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်၊ တူရကီတောင်ပိုင်းတွေလို့ ဆိုထားတယ်။
• ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ သြစတေးလျ၊ ကနေဒါအပြင် မွတ်ဆလင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကတော့ ISIS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်။
• ဆူနီးမွတ်ဆလင်အဖွဲ့ဖြစ်တယ်။ အီရတ်က Al-Qaeda အယ်လ်ကိုင်ဒါ (၂ဝဝ၃-၂ဝဝ၆)၊ Mujahideen Shura Council မူဂျာဟီဒင် ရှူရာ ကောင်စီ (၂ဝဝ၆)၊ Islamic State of Iraq (ISI) (၂ဝဝ၆-၂ဝ၁၃) တွေပြင် Jeish al-Taiifa al-Mansoura, Jaysh al-Fatiheen, Jund al-Sahaba and Katbiyan Ansar Al-Tawhid wal Sunnah တွေလဲ ပါနေကြတယ်။
• ဆီးရီးယားပြည်တွင်းစစ်မှာဝင်ပါရာကနေ အင်အားကြီးလာမယ်။ အီရတ်စစ်ပွဲမှာလဲ အီရတ်အစိုးရကနေ ကူညီခဲ့တယ်။
• တနေ့ကဘဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟယ်လရီကလင်တန်က သမ္မတအိုဘားမားရဲ့ ဆီးရီးယား ပေါ်လစီဟာ ကျဆုံးမှုဖြစ်တယ်လို့ ဝေဖန်လိုက်တယ်။ အားဆဒ်အစိုးရကို ခုခံတိုက်မဲ့ အတိုက်အခံတွေကို စစ်ရေးအရ ထိထိရောက်ရောက် မကူညီခဲ့လို့ ISIS လဲ ကြီးထွားလာတာလို့ ဆိုလိုက်တာ ဖြစ်တယ်။
• ကုလသတင်းအရ ISIS ကနေ အခုနှစ်ဇွန်လ ၅ ရက်ကနေ ၂၂ ရက်အတွင်း အီရတ်အရပ်သား ၁ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့သိရတယ်။ အမျိုးသမီးတွေကို မတရားရက်ရက်စက်စက်ပြုကျင့်တယ်။
• ၂ဝ၁၄ သြဂုတ်လအဖြစ်အပျက်များ
• ၁-၈-၂ဝ၁၄ မွတ်ဆလင်နိုင်ငံ အင်ဒိုနီးရှားကနေ အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ာခံရတယ်။
• ၂-၈-၂ဝ၁၄ အီရတ်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်တယ်။ Patriotic Union of Kurdistan (PUK) တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တယ်။
• ၃-၈-၂ဝ၁၄ ကာဒစ်အဖွဲ့တွေဆီကနေ Zumar ဇူးမားရေနံတွင်းကို သိမ်းယူနိုင်ခဲ့တယ်။
• ၅-၈-၂ဝ၁၄ အီရတ်မြောက်ပိုင်းက Yazidis ယာဗီဒီ အရပ်သား ၅ သောင်း ထွက်ပြေးကြရတယ်။ အများစုဟာခရစ်ယန်တွေဖြစ်ပြီး အစ္စလမ်ဘာသာထဲ အတင်းသွင်းခံရာမှာကြောက်လို့ ပြေးကြရတာဖြစ်တယ်။
• ၆-၈-၂ဝ၁၄ Yazidis ယာဗီဒီ အမျိုးသမီး ၄ဝဝ ကိုပြန်ပေးဆွဲတယ်။ လိင်ကျွန် အလုပ်ခိုင်းဘို့ဖြစ်တယ်။
• ၇-၈-၂ဝ၁၄ ခရစ်ယန်တွေနေတဲ့ Qaraqosh ကာရာကွက်ရှ် ကိုသိမ်းတယ်။ လူအများစုက ထွက်ပြေးကြရတယ်။ အိုဘားမားကနေ လေကြောင်းကတိုက်ဘို့ အမိန့်ပေးလိုက်တယ်။
• ၈-၈-၂ဝ၁၄ အမေရိကန်အစိုးရကနေ ISIS ဟာ Yazidis ယာဗီဒီ လူမျိုးပြုန်း သတ်နေတယ်လို့ကြေညာလိုက်တယ်။ ယူကေနိုင်ငံကပါ အမေရိကန်ဘက်ကနေ ဝင်တိုက်လာတယ်။
• ၁ဝ-၈-၂ဝ၁၄ ပြင်သစ်ကနေ ကဒ်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးမယ်လို့ကြေညာတယ်။ ISIS ကနေ အီရတ် အမျိုးသမီးနဲ့ ကလေးတွေကို အစုလိုက်အပြုံလိုက် ၅ဝဝ ကိုသတ်တယ်။
• ၁၁-၈-၂ဝ၁၄ Arab League အာရတ်လိခ် ကနေ ISIS ကို လူသားမဆန်ဘူးလို့ပြောဆိုလိုက်တယ်။
• ၁၂-၈-၂ဝ၁၄ ယူအက်စ် နဲ့ ယူကေနိုင်ငံတွေကနေ လူသားခြင်းစာနာမှု အကူအညီတွေ လေကြောင်းကနေ ချပေးနေရတယ်။ ကလေး၊ လူကြီး၊ လူအို၊ ယောက်ျား၊ မိန်းမတွေ နေစရာ၊ စားစရာမရှိ ထွက်ပြေးနေကြရတယ်။


.. www.MyanmarExpress.net
 

သရဲခြောက်သောအိမ်ကြီးရှိအိမ်ရှင်အား အင်တာဗျုးသွားလုပ်သော သတင်းထောက် သရဲ၏ကုတ်ခြစ်ခံရဟုဆို

From : .. YMG

 အမေရိကန်ပြည်ထောင်စု၊ပင်န်ဆိုင်ဗင်းနီးယား၊ဟန်နိုဗာမြို့က မာပဲလ်လမ်းသွယ်မှာရှိတဲ့ သရဲခြောက်တဲ့အိမ် တစ်အိမ်ကို အင်တာဗျူးသတင်းသွားယူတဲ့သတင်းထောက်ရဲ့လက်ကို အဲဒီအိမ်က သရဲက ကုတ်ခြစ်လိုက်တဲ့ အကြောင်း ဖောက်စ်၄၃ရုပ်သံလိုင်းကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာကရေးသားလိုက်ပါတယ်။

ကင်မရာမင်း နစ်ခ်ပက်ထရီလိုဟာ ဒင်းနာနဲ့သွမ်ဆင်ဆွမ်တို့လင်မယားနေထိုင်တဲ့ အဲဒီအိမ်ကိုရောက်သွားပြီး သူတို့သရဲခြောက်ခံရပုံကိုမေးမြန်းမှတ်တမ်းတင်လို့ မိနစ်ပိုင်းကလေးအတွင်းမှာ သူ့လက်ဖျံမှာအစင်းရာတစ်ခု ခြစ်ခံလိုက်ရပြီး လောင်ကျွမ်းသွားသလိုခံစားလိုက်ရကြောင်းပြောပါတယ်။
အဲဒီအိမ်မှာ (၇)နှစ်လောက်နေထိုင်လာခဲ့တဲ့ ဒင်းနာသွမ်ဆင်တို့က သူတို့အိမ်မှာ သရဲအနည်းဆုံးငါးကောင်နဲ့ နတ်ဆိုး(၁)ကောင်တို့ရှိနေပြီး သူတို့ကိုအမြဲတမ်းနှောက်ယှက်နေကြောင်းပြောပြပါတယ်။အိမ်ထဲက မကောင်း ဆိုးဝါးကောင်တွေဟာ အိမ်ထဲကလူတွေကို ကုတ်ခြတ်တတ်လေ့ရှိတယ်လို့လဲသူတို့ကဆိုပါတယ်။

`ရှင်ကဒီသတင်းကိုရေးမှာဆိုတော့ သူ(သရဲကောင်)တွေက သတိပေးတာဖြစ်မှာပေါ့`လို့ဒင်းနာက ပြောပါတယ်။
နေ့တိုင်း အခြောက်အလှန့်ခံနေရတယ်လို့ သူကပြောပါတယ်။စခြောက်တဲ့နေ့ကတော့ သူ့အိပ်မက် ထဲမှာ ယောက်ျားနှစ်ယောက်က သူ့ဘေးရပ်နေတာမက်ပြီးလန့်နိုးလာတော့ အိပ်မက်ထဲက နှစ်ယောက် တကယ်ပဲအိပ်ရာဘေးလာရပ်နေတာတွေ့လိုက်ရတာကစတာပဲလို့ဆိုပါတယ်။ နောက်တစ်ကြိမ်ကတော့ သူ မှန်ကြည့်နေတုန်း မှန်ထဲမှာ ဆံပင်အညိုရောင်နဲ့မိန်းကလေး လဲနေတာကိုမြင်လိုက်ရပြန်ပါတယ်လို့ပြောတယ်။
`လမ်းလျှောက်သံတွေကြားရတယ်။တံခါးကသူ့အလိုလိုဖွင့်ပိတ်တယ်။လူမရှိတဲ့အခန်းတွေထဲက ငိုညည်းသံတွေကြားရတယ်`လို့သူကပြောပါတယ်။


အဲဒီသရဲတွေထဲက အချို့အမျိုးသမီးတွေက ကျွန်မတို့ကိုစောင့်ရှောက်ပါတယ်။ဒါပေမယ့် အများ စုကတော့ အတော်ဆိုးသွမ်းကြတယ်လို့လဲ ဒင်းနာကပြောပါတယ်။


အခုထက်ထိဒီအိမ်ကိုဝယ်မယ့်သူလဲမတွေ့၊ပြီးတော့ အထက်လမ်းဆရာအမျိုးမျိုးပင့်ဖိတ်ပြီး သူတို့ကိုနှင်လို့ မရဖြစ်နေရတယ်လို့ အိမ်ရှင်လင်မယားကပြောဆိုတာကို ဒေးလီးမေးလ်နဲ့ဖောက်စ်ရုပ်သံတို့မှာဖော်ပြထား ပါတယ်။


.. www.MyanmarExpress.net
 

မှတ်သားလောက်စရာ ဆရာမ၊ သရဲ ၊ အမတ်မင်း နဲ့ လူသတ်သမား


ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာဖတ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။

 
အို ဆရာမရယ်…
အမေရိကန်ပြည်ထောင်စု၊ အိုကလားဟိုမား (Okalahoma) ပြည်နယ်က အသက် (၄၉) နှစ်၊ အထက်တန်းကျောင်းဆရာမ လော်ရီ ဟေလ် (Lorie Hill) တစ်ယောက် တညလုံး ဘယ်လောက် မော့ထားလဲ မသိ။ မနက်ပိုင်း ကျောင်းကိုတော့ မပျက်မကွက် စာသင်ဖို့ ရောက်ရှိလာခဲ့တယ်။ အတန်းထဲရောက်တော့ ဝတ်လာတဲ့ ဘောင်ဘီကိုချွတ်ပြီး အေးအေးဆေးဆေး အနားယူနေတာကို လုပ်ဖော်ကိုင်ဖက်တွေက တွေ့မြင်ပြီး တာဝန်သိသိ ရဲကိုအကြောင်းကြားလိုက်တယ်။ ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး မစ္စဟေလ် ကို ဖမ်းဖို့ရှာတော့ သူက အတန်းထဲမှာ ဘီဘောင်မရှိ ခပ်ထွေထွေနဲ့ စာသင်ဖို့ ကျောင်းသူကျောင်းသားများကို စောင့်နေကြောင်း ဖြေဆိုတယ်။ ဘုရား ဘုရား ကံကောင်းတယ်လို့ ပြောရမယ်၊ အဲဒီအချိန်အထိ ကလေးတွေ ရောက်မလာသေးဘူး။ ပြည်သူ့ရဲတပ်ဖွဲ့က မစ္စဟေလ်ကို ဟီရိသြတ္တပကင်းမဲ့၊  လူမြင်ကွင်းမှာ မဖွယ်မရာပြုကျင့်မှု၊ အရက်သေစာ သောက်စားမှု (သူ့ကားထဲမှာ သောက်လက်စ အရက်ခွက်တခွက်ကို ရှာတွေ့တယ်) နဲ့ အရေးယူ ဖမ်းဆီးလိုက်တယ်။ ဆရာမ ကျောင်းနဲ့ အရက်ဆိုင် မှားသွားတယ်ထင်တယ်။ [New York Daily News]
 
ဒဏ်ငွေရိုက်ခံရ သရဲ
အင်္ဂလန်နိုင်ငံ သုဿန်သင်္ချိုန်းမှာ အသုဘဈာပန လာပို့ကြ၊ မိသားစုဂူများကို လာလည်ပတ်ကြတဲ့ လူတွေကို အုတ်ဂူတွေ နောက်ကွယ်ကနေ ခြောက်လန့်နေတဲ့ သရဲတစ်ကောင်ကို ရဲက အများပြည်သူနှောင့်ယှက်မှုနဲ့ ဖမ်းဆီးအရေးယူပြီး ဒဏ်ငွေ ဒေါ်လာ ၁၂၅ ဒဏ်ခတ်လိုက်တယ်။ ဝူးဝူးဝါးဝါး ခြောက်လန့်၊ ညစ်ညမ်းစကားတွေ အောင်ဟစ်ပြီး ကိုယ်ရောင်မဖျောက်နိုင်တဲ့ သရဲ ဖြစ်ချင်သူ အသက် (၂၄) နှစ်အရွယ် အန်တိုနီ စတယ်လတ် (Anthony Stallard) တစ်ယောက် တရား ဥပဒေအထက်မှာ သရဲ မရှိဘူးဆိုတာ သိသွားလောက်ပြီ။ သူ သိထားဖို့က ဥပဒေအထက်မှာ မြန်မာဗိုလ်ချုပ်တွေပဲ ရှိတယ်။ [Daily Mirror]

 
ကဲ ဘာပြောချင်သေးလဲ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မဲဆန္ဒနယ်မြေ (၁၉) ကိုယ်စားပြု အောက်လွှတ်တော်အမတ် ကတ် ကလော်ဆန် – Curt Clawson (ရီပတ်ဘလင်ကန်ပါတီ) တစ်ယောက် ပထမဦးဆုံးအကြိမ် နိုင်ငံခြားဆက်ဆံရေး (အမေရိကန် – အိန္ဒိယ) လွှတ်တော်ကြားနားပွဲ တက်ရောက်လာပါတယ်။ သူ လွှတ်တော်အမတ်မဖြစ်ခင် စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုဘယ်ဝါ ဆရာကြီးလုပ်ခဲ့ကြောင်း၊ စီးပွားရေးဆိုင်ရာများ အလွန်ကျွမ်းကျင်နားလည်းကြောင်း အလုံးကြီးတွေ ပြောချင်ဇော အားကြီးနေပုံရပါတယ်။ အဲသည်ခင်းကျင်းပြီးနောက် ကြားနားပွဲ တက်ရောက်လာကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အကြီးတန်းအရာရှိနှစ်ဦးဖြစ်တဲ့ မစ္စ နီရှာ ဘီစဝဲလ် (Nisha Biswal) နဲ့ အာရွန် ကူမား (Arun Kumar) တို့ကို အိန္ဒိယနိုင်ငံမှ ရောက်ရှိလာကြတဲ့ ကိုယ်စားလှယ်များ အထင်နဲ့  အတင်းရောနှောပြီး ပြောပါတော့တယ်။ အိန္ဒိယနိုင်ငံအကြောင်း သူ ဘယ်လောက်သိကြောင်း၊ အိန္ဒိယရုပ်ရှင် ကြည့်ဖူးကြောင်း၊ အိန္ဒိယနိုင်ငံ (ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း) တို့ကို သူနှစ်သက်နားလည်းကြောင်း၊ နှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်းပြီး စီးပွားရေးဖလှယ်မှုတွေ လုပ်ကိုင်ဖို့ သူ့အနေနဲ့ လိုလားကြောင်း ပြောဆိုပြီး ကြားနားစစ်ဆေးခံ အိန္ဒိယနိုင်ငံသားနှစ်ဦးကို နှစ်နိုင်ငံအကြား အပြန်အလှန် စီးပွားရေးအတွက် အကျိုးဆောင်လုပ်ဖို့ ကတိတောင်းဆိုလိုက်တယ်။
အဲဒီအခါကြမှ တချိန်လုံး ငြိမ်နားထောင်နေတဲ့ မစ္စနီရှာ (မစ္စတာကူမား ကတော့ သဘောကျအပြုံးနဲ့ ဘာမှမပြော) က လူကြီးမင်းအနေနဲ့ ဒီမေးခွန်းကို အိန္ဒိယအစိုးရကို မေးချင်တာ ဖြစ်မယ်လို့ ထင်ကြောင်း၊ သူတို့အနေနဲ့ အိန္ဒိယအစိုးရကို အသိပေး လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရဝန်ထမ်းများဖြစ်တဲ့အတွက် နှစ်နိုင်ငံအကျိုးစီးပွားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်းစွာ ဖြေကြားလိုက်တယ်။
ဒီလို ရှက်ဖွယ်အတိ မှားပြောမိပေမယ့် အမတ်မင်းကတော့ ‘မှားတဲ့အခါ မှားပေမပေါ့’ လို့ မဝန်ခံဘဲ၊ မြန်မာပြည်က အမတ်မင်းတွေအကြောင်း ကောင်းကောင်း လေ့လာထားသလားမသိ။ မျက်နှာပြောင်နဲ့ ကောင်းပါပြီး တိုးတက်မှုအတွက် လုပ်ကြတာပေါ့လို့ ပြောလိုက်တယ်။ ဒီလောက် လေ့လာအားကောင်းတဲ့ အမတ်မင်း – တော်ပါပေစွ။ မြန်မာပြည်သွား ကြံ့ဖွတ်အမတ်မင်းအနေနဲ့ ဝင်အရွေးခံရင် နိုင်မှာသေချာတယ်။ [Foreign Affairs, အပြည့်အစုံ ဖတ်ကြည့်ချင်ရင်
http://thecable.foreignpolicy.com/posts/2014/07/25/exclusive_freshman_congressman_mistakes_senior_government_officials_for_foreigners]
(မှတ်ချက် – အမေရိကန်နိုင်ငံအစိုးရ ဌာနဆိုင်ရာများမှာ အကြီးတန်းအရာရှိ တာဝန်ထမ်းဆောင်နေကြတဲ့ အာရှနိုင်ငံဖွား အမေရိကန်-အာရှလူမျိုးများထဲမှာ အိန္ဒိယလူမျိုးက အများဆုံး။ လက်ရှိ ပြည်နယ်မြို့ တော်ဝန် (Louisiana နဲ့ South Carolina) နှစ်ယောက်ရှိပြီး၊ သမ္မတ နည်းပညာ၊ ကျန်းမာရေး၊ ဥပဒေအကြံပေးများ နဲ့ အစိုးရအဖွဲ့ဝင်များစွာ ရှိကြတယ်။)

 
မိုက်လိုက်တဲ့ကောင်
ဟောင်ကောင်မှာ အသက် (၆၀) ကျော် လင်မယားနှစ်ယောက် သတ်ဖြတ်ခံရတယ်။ လူသတ်သမားက သူတို့ကိုယ်ခန္ဓာတွေကို အပိုင်းပိုင်း ခုတ်ထစ်ဖြတ်တောက်ပြီး ရေခဲသေတ္တာထဲမှာ သိုဝှက်ထားလိုက်တယ်။ ရေခဲသေတ္တာမဆန့်လို့ ကျန်နေတဲ့ အပိုင်းတွေကို ဥာဏ်ကြီးရှင် လူသတ်သမားက မပုပ်သိုးအောင် ဆားနဲ့သိပ်၊ ချက်ပြုတ်ပြီး ထမင်းဘူးတွေထဲထည့်ပြီး အိမ်နားတဝိုက်ရှိ အမှိုက်ပုံးတွေထဲ လွှင့်ပစ်ထားလိုက်တယ်။ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားက သေဆုံးသူများ ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ မိုက်လုံးကြီးလှ မြေမြိုမယ့် သား (Henry Chau – အသက် (၃၀) နှစ်) ဖြစ်တယ်။ အခုတော့ အဲဒီ အဇာတသတ် နဲ့ အပေါင်းပါ (Tse Chun-kei) တို့ကို ရဲက ဖမ်းဆီးလိုက်ပြီး၊ တရားရုံးမှာ လူသတ်မှုနဲ့ စစ်ဆေးနေတယ်။ ဒီလောက် ဆိုးဝါးတဲ့ အဇာတသတ်ကို ဘယ်လို ပြစ်ဒဏ်ပေးသင့်တယ်ဆိုတာကို စာဖတ်သူတွေ စဉ်းစားဆုံးဖြတ်ကြပေါ့။ [The Straits Times]

.. www.MyanmarExpress.net
 

အီရန်ခရီးသည်တင်လေယာဉ် ပျက်ကျမှု နောက်ဆက်တွဲ သတင်း

From : ..mizzima

သြဂုတ် ၁၀ ရက် နံနက်ပိုင်းက ပျက်ကျသွားခဲ့သည့် အီရန်ခရီးသည်တင် လေယာဉ်နှင့် ပတ်သက်၍ တတ်စ်မင်သတင်းဌာန၏ World & FP ကဏ္ဍမှ ညွန်ကြားေ ရးမှူးချုပ် အာဘတ်စ်အတ်စ်လန်နီက လေယာဉ်၏ တောင်ပံတစ်ဖက် ပြုတ်ထွက်ရာမှ ပျက်ကျသွားခြင်းဖြစ်ကြောင်း ၎င်း၏ Twitter တွင် ရေးသားခဲ့သည်။

လေယာဉ်အောက်သို့ ပြန်ပြုတ်ကျစဉ် လူငါးဦးသည် အပြင်ဘက်သို့ ခုန်ထွက်ခဲ့ရာ သုံးဦး အသက်ရှင်ခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၄၈ ဦးရှိကြောင်း အီရန်အစိုးရ ၏ ပြဿနာဖြေရှင်းရေးဗျူရိုအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အတ်စ်လန်နီက ရေးသားခဲ့သည်။ အခြားသတင်းများတွင်မူ ခရီးသည်အား လုံး သေဆုံးသွားကြောင်း ရေးသားထား သည်။

လေယာဉ်ပျက်ကျသည့် နေရာသည် ဈေးတစ်ခုမှ မီတာ ၅၀၀ တွင် ဖြစ်ပွားခဲ့ရာ လူနေထိုင်သည့် နေရာတွင် ဖြစ်ပွားခဲ့ပါက သေဆုံးသူအရေအတွက် ပိုမိုများပြားနိုင်ကြောင်း ၎င်းက ရေးသားထား သည်။


.. www.MyanmarExpress.net
 

ဆူနာမီလှိုင်းကြောင့် ၁၀နှစ်ကြာ ကွဲကွာသွားခဲ့ရသည့် မိန်းကလေး မိသားစုနှင့် ပြန်တွေ့

From : ..mizzima


၂၀၀၄ ခုနှစ် ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့စဉ်က ရာအူဓာတုဂျာနာသည် အသက် လေးနှစ်အရွယ်သာ ရှိသေးသည်။

ဒီဇင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ဆူနာမီလှိုင်းလုံးကြီးတစ်လုံးသည် အင်ဒိုနီးရှားနိုင်ငံ  ဆူမတြာကျွန်းမကြီး အနောက်ဘက်ခြမ်းရှိ သူတို့နေထိုင်သော အာဆေးကျွန်းမှ သူတို့နေထိုင်သည့် အိမ်သို့ ရိုက်ခတ်ခဲ့ရာ ဂျာနာနှင့် အသက် ၇နှစ်အရွယ် သူ့အစ်ကိုတို့ လှိုင်းနှင့် ပါသွားခဲ့ကြသည်။

အသက် ၄၂ နှစ်အရွယ် မိခင်ဖြစ်သူ ဂျာမာလီယာနှင့် ခင်ပွန်းဖြစ်သူတို့  အသက်ရှင်ခဲ့သော်လည်း လူထောင်ပေါင်းများ စွာ သေဆုံးခဲ့ရာ ဂျာနာတို့ မောင်နှမ လည်း သေဆုံးသွားပြီဟု သတ်မှတ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လက မိခင်ဂျမာလီယာ၏ အစ်ကိုဖြစ်သူသည် ရွာတစ်ရွာတွင် ဂျာနာနှင့်အလွန်ဆင်သည့် မိန်းကလေးတစ်ဦး ကျောင်းမှ အိမ်သို့ ပြန်လာသည့် လမ်းတွင် တွေ့ရှိခဲ့၍ စုံစမ်းမိသောအခါ သူ၏ တူမ တော်သူ ဂျာနာဖြစ်နေကြောင်း ကို သိရှိခဲ့ရသည်။ ဆူနာမီလှိုင်းကြောင့် ဂျာနာသည် အာဆေးကျွန်းမှ အနောက်တောင်ဘက် ဝေးလံသော ကျွန်းများသို့ မျောပါသွားခဲ့ရာမှ တံငါသည်တစ်ဦးက ကယ်တင်ခဲ့ပြီး ကုန်းတွင်းပိုင်းရှိ သူ၏ မိခင်ထံ သွားရောက် အပ်ထားခဲ့ရာ အဆိုပါအမျိုးသမီးကြီးက ဂျာနာအား ကျွေးမွေးစောင့်ရှောက်ခဲ့သည်။

အစ်ကိုဖြစ်သူ ၏ ပြောကြားမှုကြောင့် ဂျာနာ၏ အမေနှင့်အဖေတို့သည် သမီးအရှာထွက်လာခဲ့ကြသည်။ ဂျာနာသည် ယခုအခါ အသက် ၁၄ နှစ်ရှိနေ ပြီဖြစ်သည်။ အပျိုအရွယ်သို့ပင် ရောက်နေပြီ။ မိသားစု ပြန်လည်ဆုံတွေ့ခဲ့ပြီဖြစ်သည်။

“၁၀ နှစ်ကြာတဲ့အချိန်မှာ သေပြီလို့ လက်ခံလိုက်ရတဲ့ ကျွန်မသမီးလေးကို ပြန်တွေ့ရတဲ့အချိန်မှာ အရမ်းကို ၀မ်းသာသွားပြီး ဘုရားသခင်ကို လည်း ကျေးဇူးတင်ပါတယ်” ဟု မိခင် ဂျမာလီယာက ပြော သည်။

ဂျာနာရဲ့ ကျွေးမိခင်ကတော့ ဂျာနာကို ၀င်နီလို့ အမည်ပြောင်းပေးထားပါတယ်။ အခုအခါမှာ ၀င်နီ တစ်ဖြစ်လည်း ဂျာနာဟာ မိဘတွေနဲ့အတူ ဇာတိမြို့ကို သြဂုတ် ၇ ရက်ကပဲ ပြန်ရောက်လာပါပြီ။

ဂျာနာရဲ့ အစ်ကိုဖြစ်သူကတော့ အသက်ရှင်နေသေးတယ်ဆိုတာ သိရပေမယ့် သူရှိနေတဲ့ နေရာအတိ အကျကို ရှာမတွေ့သေးပေ။

ဆူနာမီကြောင့် ဂျာနာတို့ရဲ့ အာဆေးကျွန်းတွင် လူ ၁၇၀၀၀၀ ဦး နှင့် အိန္ဒိယသမုဒ္ဒရာထဲက အခြားနိုင်ငံတွေမှာတော့ လူထောင်ပေါင်း များစွာ သေဆုံးခဲ့သည်။ 


. www.MyanmarExpress.net

မိုက်ကယ်ဂျက်ဆင်လို ဖြစ်ချင်တာကြောင့် အရေပြားပေါ် အက်ဆစ်လောင်းချခဲ့

From : .. messenger


 ပေါ့ပ်ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားတာ ငါးနှစ်ကျော်သွားပြီဖြစ်ပေမယ့် သူ့ကို ကမ္ဘာတစ်ဝန်းက ဂီတ ပရိသတ်တွေ မမေ့နိုင်ကြသေးပါဘူး။ ထူးခြားတဲ့ ကကွက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉၊ ဇွန်လမှာ ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်။မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခြင်းအထိမ်းအမှတ်ပွဲမှာလည်း သူ့လိုဝတ်စားဆင်ယင်ပြီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း မှာ မိုက်ကယ်ဂျက်ဆင်လို ၀တ်စားဆင်ယင် နေထိုင်တဲ့ ပရိသတ်တွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲမှာ ဘရာဇီးလ် နိုင်ငံသား အန်တိုနီယိုဂီ လက်ဆန် ရိုဒရီဂွက်ဇ်လည်း ပါဝင်ပါတယ်။ ဂီလက်ဆန်ဟာ မိုက်ကယ် ဂျက်ဆင်ပုံစံ အတိုင်း နေထိုင်ပြီး တစ်ထေရာတည်းဖြစ်ချင်တာမို့ သူ့အရေပြားကို အက်ဆစ် အပျော့စားနဲ့ လောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ဂီလက်ဆန်ဟာ ပေါင် (၂၀၀၀) ကုန်ကျခံပြီး မျက်နှာကို ခွဲစိတ်ကုသခဲ့ပါတယ်။

အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ ဂီလက်ဆန်ဟာ ၂၀၀၉ ခုနှစ်မှာ ခွဲစိတ်ခဲ့တာဖြစ်ပြီး နှာခေါင်းကို အဓိကထား ပြုပြင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး အကြိမ် ခွဲစိတ်မှုမှာ မျက်နှာက အသားဖြူလာဖို့ ဆေးတွေကိုလည်း ထိုးခဲ့ရပါတယ်။ နောက်ပြီး သွားတွေကို ပြုပြင်ခဲ့သလို မျက်ခုံးမွေးတွေ ကိုလည်း ဆေးမင်ကြောင်နဲ့ ရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ် ဂျက်ဆင်လို သေးသွယ်တဲ့ နှာခေါင်းပုံစံဖြစ်ဖို့ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ ဂီလက်ဆန်ဟာ ပြဇာတ် ရေးဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ပွဲတွေမှာ မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုမှုတွေ အမြဲတမ်း ပြုလုပ်လေ့ရှိပါတယ်။ ဂီလက်ဆန်ရဲ့ အဒေါ်က သူ့ရဲ့တူဖြစ်သူ ဟာ မိုက်ကယ်ဂျက်ဆင်ကို တစ်ချိန်လုံး တမ်းတနေကြောင်း၊ အချိန်တိုင်း မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့အရာတွေကို အင်တာနက်ကနေ ကြည့်ရှု တတ်ကြောင်း၊ ခွဲစိတ်မှုတွေ ပြုလုပ်နေတာမို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂီလက်ဆန်ကလည်း သူ့ရဲ့အပြုအမူတွေဟာ သဘာဝမကျတာကို ၀န်ခံခဲ့ပါတယ်။ ဂီလက်ဆန်က မိုက်ကယ်ဂျက်ဆင်လို အနုပညာရှင်မျိုး နောက်တစ်ယောက်ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အကောင်း ဆုံးကြိုးစားသွားမယ် လို့ ပြောသွားခဲ့ပါတယ်။


.. www.MyanmarExpress.net
 

အမေရိကန် ဗိုလ်ချုပ် အာဖဂန် မှာ ပစ်သတ်ခံရ

From : .. bbc


 အက်ဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူးလ် မြို့တော်ရဲ့ အနောက်ဖက်မှာ ရှိတဲ့ ဗြိတိသျှ အရာရှိတွေ စစ်သင်တန်း ပို့ချပေးနေတဲ့ စစ်တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းမှာ အာဖဂန် ကင်းစောင့် စစ်သား တဦး က ပစ်ခတ်မှု ပြုခဲ့ ပါတယ်။

အဆိုပါ စစ်သား က အမေရိကန် လုပ် M16 ရိုင်ဖယ်သေနတ် နဲ့ ပစ်ခတ် ရာမှာ ထိတ်တန်း အမေရိကန် ဗိုလ်မှူးချုပ် တဦး အပါအဝင် အာဖဂန် ဗိုလ်ချုပ်ဂူလမ် ဆာကီး၊ ဂျာမန် ဗိုလ်ချုပ် တဦး အပြင် အခြား နိုင်ငံတကာ စစ်မှုထမ်း တွေ ပါ ပစ်ခတ် ခံရပါတယ်။

ဒီအခါမှာ အမေရိကန် ဗိုလ်ချုပ် ဟာရိုလ် ဂရင်း ကတော့ ဒဏ်ရာ နဲ့ သေဆုံးသွားတဲ့ အကြောင်း၊ ပင်တာဂွန် က အတည်ပြု ပြောကြားပါတယ်။
ပင်တာဂွန် ပြန်ကြားရေး ဌာန မှ ပြောခွင့်ရ အရာရှိ ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီ က သတင်းစာ ရှင်လင်းပွဲမှာ၊ အခုလို ပစ်ခတ်မှု ကို အာဖဂန် အရာရှိတွေ နဲ့ ရော၊ မဟာမိတ် တပ် အာဏာပိုင်တွေ ပါ ပူးတွဲ စုံစမ်း စစ်ဆေးမှု တွေ ပြုနေပါပြီ။ ဒါကြောင့် မို့ အခင်းဖြစ်ပွားမှု အပေါ်မှာ ခန့်မှန်း ပြောဆို နေတာထက်၊ စုံစမ်းမှု ကို အကျအန ပြုဖို့ လိုပါတယ်လို့ ပြောပါတယ်။

အခု လတ်တလော သိရသလောက်၊ ပစ်ခတ်သူ ဟာ အာဖဂန် စစ်သား ဖြစ်တယ် ဆိုတာရယ်၊ အာဖဂန် အမျိုးသား လုံခြုံရေး တပ် က ဆိုတဲ့ အချက်ပါဘဲ လို့ သတင်းထောက် တွေ ကို ရှင်းပြပါတယ်။

အာဖဂန် စစ်သား ဟာ ကင်းစောင့်တဲ ကနေ၊ ရိုင်ဖယ် ထဲက မဂ္ဂဇင်း တကပ်လုံး ကုန်တဲ့ အထိ ပစ်ခတ် အပြီး၊ နောက်မဂ္ဂဇင်း တကပ် လဲဖို့ လုပ်ချိန် မှာပင်၊ စစ်မှုထမ်းပေါင်း ၁၂ ဦး ကျော် ကို ပစ်ခတ် ပြီးနေပါပြီ။ သူ့ ကို လည်း ပြန်လည် ပစ်ခတ် လို့ သေဆုံးသွားပါတယ်။

အခု အသတ်ခံလိုက်ရတဲ့ အမေရိကန် ဗိုလ်ချုပ် ဆိုရင်၊ ၂၀၀၁ ခုနှစ် က အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့ အာဖဂန် ကို ဝင်ရောက်ချိန် က စလို့ ရာထူးအဆင့် အမြင့်ဆုံး အရာရှိ ပစ်သတ်ခံ လိုက်ရတာပါ။
အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ သတင်းရပ်ကွက် အဆိုအရ၊ အဆိုပါ စစ်သား ဟာ ပြီးခဲ့တဲ့ ၃ နှစ် က ခန့်အပ် တာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အာဖရန် စစ်သား တဦးကလည်း၊ သူတို့ သဲကန္တာရ ထဲ ရပ်နေကြတုန်းမှာ သေနတ်သံ ၃ ချက် ကြားလိုက်ရတဲ့ အခါ မှာ၊ စစ်တက္ကသိုလ် ဘက်က ထွက်လာတဲ့ အသံတွေ ဆိုတာ ကို သိလိုက်ရတဲ့ အကြောင်း၊ ခနနေတော့ ရဟတ်ယာဉ်တွေ ရောက်လာပြီး ဒဏ်ရာရသူတွေ ကို သယ်ဆောင်သွားတာ တွေ့လိုက် ရပါတယ် လို့ ပြောပြပါတယ်။

ဒီစစ်တက္ကသိုလ် ဟာ ဗြိတိန်နိုင်ငံ က ဆဲန်းဟပ်စ် စစ်တက္ကသိုလ် ပုံစံ ယူပြီး စစ်ပညာတွေ လေ့ကျင့် သင်တန်းပေးနေတာပါ။ ဒီနှစ်ကုန် မှာ အာဖဂန် ကနေ မဟာမိတ်တပ်တွေ ရုပ်သိမ်းရင် အဆင့်သင့် ဖြစ်နေအောင်၊ ဗြိတိသျှ က ပြီးခဲ့တဲ့ အောက်တိုလာလ က၊ ဖွင့်ပေး ထားတဲ့ တခုတည်းသော စစ်တက္ကသိုလ်ပါ။ ရှေ့လ ဆိုရင် ပထမ သုတ် ဗိုလ်လောင်း ကဒက်တွေ ကျောင်းဆင်းတော့ မှာပါ။

စစ်တက္ကသိုလ် ဖွင့်ကာစ ကလည်း လုံခြုံရေး တာဝန် ယူတဲ့ သြစတြလျ နဲ့ နယူးဇီလန် စစ်သားတချို့ဟာ၊ အာဖဂန်စစ်သား တဦး ပစ်ခတ်မှု ကြောင့် ဒဏ်ရာရခဲ့ တာ ရှိခဲ့ဖူးပါတယ်။


.. www.MyanmarExpress.net
 

ဂါဇာကမ်းမြှောင်ဒေသမှ အစ္စရေးတပ်ဖွဲ့များပြန်လည်ရုတ်သိမ်း

From : .. age


အစ္စရေးတပ်မတော်သည် ဂါဇာကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေမှ ယင်း၏မြေပြင် တပ်များကို
ပြန်လည်ရုပ်သိမ်းခဲ့သည်။ အီဂျစ်နိုင်ငံ၏ ကြားဝင် စေ့စပ် ဖြန်ဖြေမှုဖြင့် သုံးရက်ကြာ
အပစ်အခတ်ရပ်စဲရေးကို စတင်ခဲ့သည်။ ယင်းသည် လပေါင်းများစွာ ကြာမြင့်နေသော
စစ်ပွဲကို အဆုံးသတ်ရန် အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။

အပစ်အခတ်ရပ်စဲခြင်း မစတင်ခင် မိနစ်ပိုင်းအတွင်း ဟားမားစ်ပြည်သူ့စစ်များက
အစ္စရေးဖက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အစ္စရေး ဒုံးခွင်းဒုံးစံနစ်ဖြင့်
ယင်းဒုံးကျည်တစ်လက်ကို ကြားဖြတ်ပစ်ချလိုက်သည်။ ထို့နောက် မနက်ရှစ်နာရီ
အချိန်တွင် အပစ်အခတ်ရပ်စဲရေးကို စတင်ခဲ့သည်။

ဂျူလိုင် ၈ ရက်နေ့မှ စတင်သော ဂါဇာတိုက်ပွဲများ အတွင်း ပါလက်စတိုင်း ၁၈၃၄ ဦး
သေဆုံးခဲ့ကာ အများစုမှာ အရပ်သားများဖြစ်သည်။ အစ္စရေးစစ်သည် စုစုပေါင်း ၆၄ ဦး
နှင့် အရပ်သား သုံးဦး သေဆုံးခဲ့သည်။

ဟားမားစ်ပြည်သူ့စစ်များက တူးထားသည့် မြေအောက်လိုဏ်ခေါင်းများကို ဖြိုဖျက်ပစ်ရန်
ရည်ရွယ်ထားခဲ့သော အစ္စရေတပ်မတော်၏ အစီအစဉ်များ အောင်မြင်ထ မြောက် ပြီးစီးခဲ့သည် ဟု
အစ္စရေးစစ်ဖက်က ပြောဆိုခဲ့သည်။


.. www.MyanmarExpress.net