Subscribe to our RSS Feed

အမျိုးသမီး ၅၀၀၀ ကိုယ်လုံးတီးချွတ်၍ အိုဘားမားအား ဆန္ဒပြမည်

From : ..messenger


       လာမည့်အပတ်တွင် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ကင်ညာကို သွားသည့်အခါ ကိုယ်လုံးတီး ပြည့်တန်ဆာ ငါးထောင်နဲ့ တိုးလိမ့်မည်။

      ကင်ညာတွင် လိင်တူအရေးကို ဥပဒေဖြင့် တရားဝင် ခွင့်ပြုပေးဖို့ အိုဘားမားက ဖိအားပေးနေခြင်းကြောင့် ယောက်ျားနဲ့ မိန်းမ မတူကြောင်း အိုဘားမား မြင်ရအောင် ပြည့်တန်ဆာ (၅၀၀၀)က နှစ်ရက်ကြာ ကိုယ်လုံးတီး ဆန္ဒပြကြမည်ဟု ဆိုသည်။ ထိုပွဲကို လိင်တူအရေး ကန့်ကွက်သည့် ကင်ညာ ရီပတ်ဘလီကန် လစ်ဘာတီ ပါတီက ကြီးမှူး ကျင်းပသည်။ ပါတီခေါင်းဆောင် ဗင်းဆင့် ကီဒါလာက ကင်ညာတွင် လိင်တူအရေးကို ပြည်သူများက လက်မခံသလို၊ လိင်တူအရေး ဥပဒေဖြင့် ခွင့်ပြု ပေးလိုက် ပါကလည်း ပြည့်တန်ဆာများ အလုပ်ပါးသွားမည် ဖြစ်သောကြောင့် ပြည့်တန်ဆာများ ကိုယ်တိုင်က နှစ်ရက်ကြာ ကိုယ်လုံးတီး ဆန္ဒပြပွဲကို အခမဲ့ ဆင်နွှဲပေးဖို့ သဘောတူထားပြီ ဖြစ်ကြောင်း ပြောသည်။ နိုင်ငံတစ်ဝန်း ပြည်နယ်အတော် များများမှ ပြည့်တန်ဆာ အမျိုးသမီး၊ အမျိုးသားများ ပါဝင်မည်ဟု ဆိုသည်။

       မြို့တော် နိုင်ရိုဘီရှိ ဟူရူပန်းခြံအတွင်း လွတ်လပ်မှုရင်ပြင်တွင် ဇူလိုင် (၂၂) ၊ (၂၃) တွင် လုံးတီးဆန္ဒပြပွဲ ဆင်နွှဲကြမည် ဖြစ်သည်။     


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်