Subscribe to our RSS Feed

မိုးဦးလေဦး မိုးထဲရေထဲက မြန်မာ့နွေဦး

From : .. မှူးဇော်

မိုးဦးလေဦး
-------------
မိုးဦးလေဦးတွင် မိုးရေတက်ရေတဖွေးဖွေးကြောင့် လယ်ကွင်းများ ရေလျှံနေကြပြီ။ မြို့ပြနေရာအတော်များ များတွင်လမ်းပေါ် ရေလျှံကျလာကြသည်။ ရေကြီးရေ လွှမ်းမိုးမှုကြောင့် ကမ်းပါးပြို၍ အိမ်ခြေအများအပြား ရေနှင့်အတူ မျောပါသွားခဲ့ကြသည်ကိုလည်း ကြုံခဲ့ရသည်။ မိုးဝသန်ဟုဆိုကြသော မိုးဥတုကား လျှပ်စီးများတလက် လက်၊ မိုးခြိမ်းသံတစ်ချက်တစ်ချက်နှင့် ကမ္ဘာမြေကို စိမ်း စိုစေပါ၏။ မြေလွှာမို့မို့ မြက်စို့စို့တွင် မိုးရေစက်များ တွဲခိုလျက် နေခြည်တစ်ချက်အဖြာတွင် လင်းလက်နေကြ သည်ကိုလည်း တွေ့မြင်ကြရပါ၏။ သို့တိုင်အောင် မိုးကြီး လေကြီး ကျရောက်မည်ကို စိုးရွံ့နေကြသည်မှာလည်း အမှန်ပင်ဖြစ်ပါ၏။

လွှတ်တော်ကိုယ်စားလှယ်များ၏ လစာနှုန်းထား တိုးမြှင့်ရေးနှင့်အတူ ဝန်ထမ်းလစာ၊ အနိမ့်ဆုံး လုပ်ခလ စာ၊ သီးနှံအာမခံဈေးနှုန်းသတ်မှတ်ချက်၊ အမေရိကန်ဒေါ် လာတန်ဖိုး မာလာမှု၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု နှေး ကွေးလာခြင်း၊ စစ်အေးအကြို စစ်အေးအရိပ်အငွေ့များ ယှက်သန်းလာမှု၊ ရွေးကောက်ပွဲများ ထုံးစံအတိုင်း နိုင်ငံ ရေးနှင့် စီးပွားရေးချိတ်ဆက်ထားမှု၊ တုံ့နှေးသွားသော ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ လမ်း ပေါ်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး စသည် စသည် အားဖြင့် နွေဦးပန်းတို့ဖြင့် လှပစွာလျှောက်လှမ်းလာခဲ့ သော 'မြန်မာ့နွေဦး' သည်လည်း မိုးရိပ်လေရိပ်များအ ကြား ပင့်သက်ရှိုက်လျက် ရှိနေချေပြီ။ မြန်မာ့နိုင်ငံရေး ရာသီဥတုအား နိုင်ငံရေးမိုးလေဝသခန့်မှန်းသူများ စိုး ထိတ်စွာဖြင့် စောင့်ကြည့်နေကြချေပြီ။

ကြွေလွင့်ခဲ့ရရှာသော နွေဦးများ
------------------------------------
၁၉၅၅ ခုနှစ်နောက်ပိုင်း နိုင်ငံပေါင်း ၈၆ နိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ၁၁၅ ကြိမ် ဖြစ်ပေါ်ခဲ့ရာ တွင် ၁၇ ရာခိုင်နှုန်းမျှသာ ခိုင်မာပြီး ရေရှည်တည်တံ့ရှင် သန်သော ဒီမိုကရေစီအဆင့်သို့ ကူးပြောင်းသွားနိုင်ခဲ့ ကြသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ဖြစ်နိုင် ခြေ လမ်းကြောင်းသုံးကြောင်းရှိနေကြောင်း ယင်းလေ့ လာချက်အရ သိရှိရသည်။ ပထမလမ်းကြောင်းမှာ အိမ်နီး ချင်းထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့ သည့်နည်းတူ ဒီမိုကရေစီ ကူးပြောင်းလိုက်၊ အာဏာသိမ်းပွဲများ ဖြစ်ပေါ်လာလိုက် နှင့် ကူး-သိမ်း တော်လှန်ရေး သံသရာလည်ခဲ့သည့် လမ်း ကြောင်းဖြစ်ပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ၄၄ ကြိမ်အ ထိ ရှိခဲ့သည်။ ဒုတိယမြောက် လမ်းကြောင်းမှာ ဒီမိုကရေ စီအသွင်ကူးပြောင်းစတွင် ပြည်တွင်းစစ် (သို့မဟုတ်) ပဋိ ပက္ခနွံအတွင်း သက်ဆင်းသွားခြင်းဖြစ်ပြီး ပဋိပက္ခသံသ ရာအတွင်း သက်ဆင်းသွားခဲ့သော နိုင်ငံပေါင်း ၄ဝ အ ထိရှိခဲ့ကြောင်း တွေ့ရှိရသည်။ တတိယလမ်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီးမှ နောက်ပြန်ဆုတ်ကာ အာဏာရှင်စနစ်အသက်ဝင် စေသည့် သံသရာပြန်လည် သွားခြင်းဖြစ်သည်။

ဒီမိုကရေစီနောက်ပြန်လှိုင်းဟုခေါ် တွင်သော ထိုလမ်းကြောင်းသို့ လိုက်ပါသွားကြသည့် နိုင်ငံပေါင်း ၄၄ နိုင်ငံအထိရှိခဲ့ကြောင်း တွေ့ရှိရသည်။ ပြည်တွင်းစစ် အဆိုးကျော့သံသရာလည်သွားချိန်တွင် နောက်ပြန်လှိုင်းများ ဆက်တိုက်ရိုက်ခတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီသည် ကူးပြောင်းရေးသွားသည်နှင့် ဣစ္ဆာ သယ လိုတိုင်းရနိုင် သည့် ပဒေသာပင်ကြီး ချက်ချင်း ပေါက်လာမည်မဟုတ်သလို မသေချာ မရေရာခြင်းများ စွာကိုရင်ဆိုင်ရန် ပိုင်းဖြတ်လိုက်သည်နှင့် အလားသဏ္ဌာန် တူပါ၏။ ဒီမိုကရေစီအကူးအပြောင်းတို့၏ သဘောသ ဘာဝကိုနားလည်၍ ပေးထားချက်များနှင့် အရှိတရား ကို နှိုင်းနှိုင်းချိန်ချိန် သုခမိန်သဖွယ် အမြော်အမြင်ဖြင့် ချွန်းအုပ်မှသာ ခိုင်မာသည့်အဆင့်သို့ တက်လှမ်းနိုင်ကြ ကြောင်း တွေ့ရှိရသည်။ မြန်မာသည် မြန်မာသာဖြစ်၍ ကမ္ဘာ့နိုင်ငံများ၏ အတွေ့အကြုံ၊ သင်ခန်းစာနှင့် မနှိုင်းယှဉ် သင့်ဟု စောဒကဆိုကြမည် ဆိုလျှင်လည်း မြန်မာ့နိုင်ငံ ရေးသမိုင်းစဉ်ကို ပြန်လည်ဆင်ခြင်ကြရန်သာ ရှိတော့ပေ သည်။

ပြောင်းလဲလိုက်သည့် အပြောင်းအလဲများ ခိုင်မာ သည့်အဆင့်သို့ ရောက်ရှိ စေ ရန်အတွက် အင်စတီကျူးရှင်း များ အုတ်မြစ်ချနိုင်မှ ခံနိုင်မည်ဖြစ် သည်။ ထို့ကြောင့်လည်း သောမတ်ဂျက်ဖာဆင်က 'ပထမခြေတစ်လှမ်းခိုင်မာပြီ ဆိုမှ နောက်ထပ်ဒုတိယခြေလှမ်းကိုလှမ်းပါ' ဟု ဆိုခဲ့ခြင်း လည်း ဖြစ်သည်။

တစ်ဆင့်ပြီးတစ်ဆင့် တစ်လှမ်းပြီးတစ် လှမ်း လျှောက်လှမ်းခြင်းသည် သတိကြီးခြင်း၊ ဆင်ခြင် တုံပြည့်ဝခြင်းနှင့် အလှုပ်အယမ်း မခံနိုင်ခြင်းတို့ကို ဖော် ညွှန်းနေပါ၏။ သန်းငါးဆယ်ကျော်သော ပြည်သူတို့မှာ နိုင်ငံရေး ခေါင်းဆောင် များ၏ အလှုပ်အယမ်းတွင် လိုက် ပါကြမည့်သူများ သာဖြစ်ကြသည်။ ဒီမိုကရေစီအလေ့အ ထ အားနည်းခဲ့လေသော မြန်မာ့ လူ့အဖွဲ့အစည်းသည် လွတ်လွတ်လပ်လပ် လုပ်ချင်ရာလုပ်နိုင်သည်မှာ ဒီမိုက ရေစီဟု ယူဆထားသူများလည်း မနည်းမနောပင်ဖြစ်ပါ ၏။ ရင့်ကျက်သော၊ ခိုင်မာသော ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်ရေး မျှော်မှန်းချက်မှာ လက်ရှိ နိုင်ငံ့အခြေ အနေနှင့်ယှဉ်လျှင် အလှမ်းကွာကောင်း ကွာနေနိုင်သည်။ သို့သော် စခဲ့ပြီးသောခရီးကိုကား နောက်ပြန်လှည့်ကြရန် မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် စခဲ့ကြလေသောအရွေ့၊ လျှောက်ခဲ့ကြလေသောလမ်းတွင် နောက်ပြန်မလှည့် အောင် ထိန်းကြရုံသာ ရှိပါတော့၏။

ဝမ်းနည်းစရာကောင်းလှသည်မှာ ပြီးခဲ့သည့်လေးနှစ် ကျော်ကာလအတွင်း ''အာဏာနိုင်ငံရေး''တစ်ခုတည်းကို သာ ဇောက်ချလုပ်ကိုင်ခဲ့ကြခြင်းကြောင့် နိုင်ငံရေးလှိုင်း လေအကြား ယိမ်းပါးခဲ့ကြရသော မြန်မာပြည်သူများပင်။ နိုင်ငံရေးခေါင်းဆောင်များ၏ နိုင်ငံရေးပစ်မှတ်များ၊ နိုင်ငံရေးလှိုင်းလေ အကြား လူထုကို လွင့်မျောစေခဲ့ပြီး အရေးကြီးလှသော စီးပွားရေးနယ်ပယ် တွင် လျစ်လျူရှု ခြင်းများသာ ခံခဲ့ရပါ၏။ နိုင်ငံရေးနယ်ပယ်တွင် နိုင်ငံရေး သမားများ အားစိုက်ကြသလောက် စုစုပေါင်း၏ ၁ဝ ရာ ခိုင်နှုန်းခန့်သာ ပြည်သူများ၏ စီးပွားရေးနယ်ပယ်တွင် အားစိုက်ခဲ့မည်ဆိုပါက မြန်မာ့စီးပွားရေးနှင့် မြန်မာလူ ထုအခြေအနေမှာ ယခုထက်အဆ

မိုးထဲရေထဲက နွေဦး
------------------------
ဖွံ့ဖြိုးဆဲနိုင်ငံများ ဖွံ့ဖြိုးရေးသို့ သွားရာလမ်းနှင့် စပ်လျဉ်း၍ ဒီမိုကရေစီက အရင်လား၊ ဖွံ့ဖြိုးရေးကအရင် လား ပညာရှင်များ ဒီဘိတ်များစွာရှိခဲ့ကြ သည်။ ဒီမိုကရေ စီအောင်မြင်နိုင်ရန်အတွက် နိုင်ငံများအနေဖြင့် ကြိုတင် ဖြည့်ဆည်းအပ်သော လိုအပ်ချက်များ ဖြစ်ကြကုန်သော (၁) ပြည်သူများ၏ ပညာရေး ရေချိန်၊ (၂) လူလတ်တန်း စား၊ (၃)အရပ်ဘက် လူ့အဖွဲ့အစည်း စသည်တို့ ပြည့်စုံ လျှင် ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်နိုင်ခြေ မြင့်မားပြီး ယင်းကနဦး လိုအပ်ချက်များအားနည်းခဲ့ပါ က ဒီမိုကရေစီ ကူးပြောင်းရေး နှောင့် နှေးကြန့်ကြာနိုင် သည် ဟူသော ကောက်ချက်များ လည်းရှိနေပါ၏။ ဒီမိုကရေစီကို ဦးစားပေး၍ ပြောင်း လဲခဲ့ကြကုန်သော နိုင်ငံအများအပြား ကသောင်းကနင်းဖြစ်စဉ်များတွင် ပိတ်မိနေခဲ့ကြပြီး အဆိုးသံသရာ လည်လျက်ရှိပါ၏။ ထို့ကြောင့် အ ကူးအပြောင်းပညာရှင် များက ''ဒီမို ကရေစီနှင့် ဖွံ့ဖြိုးရေး ဘယ်သင်း ရွေး''ဟု မဆိုကြတော့ဘဲ ''ဖွံ့ဖြိုးရေးကအရင်၊ ဒီမိုကရေ စီက နောက်မှ''ဟုလည်းကောင်း၊ နှစ်မျိုးစလုံး ပြိုင်တူ တွန်း၍လည်းကောင်း လုပ်ဆောင်ခြင်းဖြင့် အောင်မြင် နိုင်ဟု ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးမျက်နှာ စာ နှစ်ရပ်စလုံးကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေ ခြင်းဖြစ်၍ ပိတ်ဆို့မှုများကြောင့် ခရီးမတွင်ဖြစ်ရသည် မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့အတူ နိုင်ငံရေးမျက်နှာ စာက ရှေ့တန်းရောက်သည့်အပြင် ပွတ်တိုက်မှုများက လည်း များပြားလှသဖြင့် စီးပွားရေးမျက်နှာစာသို့ ကြီး မားသော သက်ရောက်မှုများဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံ ရေးမတည်ငြိမ်မှုသည် စီးပွားရေးမတည်ငြိမ်မှုကို ဖြစ် ပေါ်စေခြင်းဖြစ်၍ အပြန်အလှန် မတည်မငြိမ်မှုများ တွန်းအားပေးခြင်းအားဖြင့် မြန်မာ့စီးပွားရေးနှင်းခဲ မပျော်နိုင်ဖြစ်ခဲ့ရသည်မှာလည်း အမှန်ပင် ဖြစ်ပါ၏။

''ကမ္ဘာပေါ်တွင် ယနေ့အချိန်အထိ ဒီမိုကရေစီကို ကိုင်ဆွဲ၍ ဘော့တွန်ဘီလီယံနိုင်ငံအဖြစ်မှ ရုန်းထွက် လွတ်မြောက်နိုင်အောင် ဆောင်ရွက်နိုင်သောနိုင်ငံ တစ် နိုင်ငံမှ မရှိသေးပါ''။ ဤအချက်မှာ လက်ရှိအချိန်အထိ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများအရ မှန်ကန်နေဆဲ ဖြစ်သည်။ သို့တိုင်အောင် ''ဒီမိုကရေစီ'' တင်းပြည့်ကျပ် ပြည့်၊ ဒီမိုကရေစီ ''စံနှုန်း''များကို တွန်း၍တင်နေကြခြင်း သည် အမှန်တကယ်တွင် လူထုအတွက်လား၊ တစ်ဦးချင်း တစ်ဖွဲ့ချင်းအတွက်လား အလေးအနက်ထား စဉ်းစား သုံးသပ်ကြရန် အချိန်တန်နေပြီ ဖြစ်သည်။ သို့မဟုတ်ပါ က မြန်မာ့နွေဦးတွင် ပွင့်ဖူးခဲ့သောပန်းများ မိုးဦးလေဦး အလွန် မိုးသက်မုန်တိုင်းများနှင့်အတူြေ<ွကကျ မြေခရ နိုင်ပေသည်။

မိုးသက်မုန်တိုင်းတို့မလာမီ ရာသီဥတု၏ ရှေ့ပြေးအရိပ်အယောင်များကို မှန်းဆကြည့်နိုင်သော မိုးလေဝသအချက်ပြမှုများကို သတိပြုကြရန် လိုအပ် မည် ဖြစ်ပေသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများတွင် ဒီမိုကရေစီ တတိယလှိုင်းနှင့် တတိယလှိုင်းအလွန်ကာလများ၌ လူထုထံမှ ဖူးပွင့်ခဲ့ကြသော နွေဦးများစွာ မြင်တွေ့ခဲ့ကြ ရပါ၏။ အလားတူ မိုးသက်မုန်တိုင်းများ တွေ့ကြုံရပြီး နောက်ြေ<ွကလွင့်ခဲ့ရရှာသော နွေဦးပေါင်းများစွာကိုလည်း တွေ့နေကြရပါ၏။ မိုးဦးလေဦးတွင် မိုးထဲရေထဲသို့ရောက် ရှိတော့မည်ဖြစ်သော မြန်မာ့နွေဦး မြေ<ွကလွင့်စေရန်အ တွက် အချိန်မလွန်မီ ''အာဏာနိုင်ငံရေး''မှ ''သန်း ၅ဝ ကျော်၏ပန်းတိုင်''သို့ မျက်နှာမူကြပါမည့်အကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။ ။ ။

အတွဲ( ၂ )၊ အမှတ် (၁၇၃)၊ ဇူလိုင် (၂)ရက်၊ ကြာသပတေးနေ့


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်