Subscribe to our RSS Feed

ဦးအောင်သောင်းကျန်းမာရေး စိုးရိမ်ဖွယ်မရှိဟု စင်္ကာပူဆရာဝန်မှ ပြောကြား

From : .. CNA


ဦးအောင်သောင်း၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်မရှိကြောင်း ဒေါက်တာ Harry Aveling က CNA သတင်းဌာနသို့ ပြောကြားလိုက်ပါတယ်။ ဦးအောင်သောင်းဟာ သွေးတိုးရောဂါအခံရှိချိန် အစားမှာခြင်းကြောင့် သွေးတိုးခြင်းသာဖြစ်ပြီး သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဖြစ်တာကြောင့်  စိုးရိမ်စရာ မလိုကြောင်း ၎င်းက ဆိုပါတယ်။

ဦးအောင်သောင်းကို ဇူလိုင်လ ၈ ရက်နေ့ မနေ့က ဆေးကုသမှုခံနေပြီး ဇူလိုင်လ ၉ ရက်နေ့မနက်က သမ္မတဦးသိန်းစိန်ကိုယ်တိုင် နေပြည်တော် ဆေးရုံသို့ သွားရောက် ကြည့်ရှုပြီးနောက် စင်္ကာပူသို့ သွားရောက်ကုသစေခဲ့တာဖြစ်ပါတယ်။

"အခု အစားတော့ကျွေးလို့မရသေးဘူး.. စကားတော့ ပြောနိုင်ပြီ" လို့ စင်္ကာပူဆေးရုံကို ရောက်နေတဲ့ ဦးအောင်သောင်းရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ 
 ဦးအောင်သောင်းကို ဇူလိုင်လ ညနေ ၃ နာရီ ၆ မိနစ် မှာ စင်းလုံးငှား လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ စင်ကာပူသို့  ပို့ဆောင်ခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်သို့ ပြည်သူအများအပြားက ပို့ဆောင်ခဲ့ပါတယ်။
 
ဦးအောင်သောင်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အသက် ၇၅ နှစ် ပြည့်မှာဖြစ်ပါတယ်။  
 
.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်