Subscribe to our RSS Feed

စုံထောက်ကြီး Express နှင့် ကုန်းသီး ၆ လုံး အမှုမှ အလွဲများ




၁။ အသက် ၂၅ နှင့် ၃၀ ကြား ယောင်္ကျားကြီး ၅ ဦးမှ ၂ ပေအကွာမှ ကပ်ပစ်သည်ဟု ဆိုသော်လည်း ကားမှန်လုံးဝမကွဲသည့်အပြင် အပေါက်ငယ် တစ်ပေါက်သာ ပေါက်သွားခြင်း။

၂။ ကားမှန်တွင် ဒဏ်ရာ ၅ ချက်သာရှိသော်လည်း ကုန်းသီးက ၆ လုံးဖြစ်နေခြင်း။

၃။ ဒဏ်ရာ ၅ ချက်တွင် တစ်ချက်သာ ပေါက်သွားသော်လည်း ပေါက်သွားသည့် ကုန်းသီးက လူကို မထိခြင်း။

၎။ လူကို မထိသော်လည်း ဦးခေါင်းကို  ပစ်တာဖြစ်ကြောင်း  အတိအကျ ပြောဆိုနိုင်ခြင်း။

၅။ ပေါက်သွားသည့် အပေါက်မှာ သေချာဖောက်ထားသည့်အလား ဝိုင်းစက်နေခြင်း။

၆။ ဦးသန်းထွဋ်အောင်မှာ ဂျိန်းစဘွန်း မဟုတ်သော်လည်း ၎င်းဖြစ်စဉ်ကို တစ်ယောက်က သတင်းပို့ပြီး ကျန်တဲ့ ၅ ဦးမှ အကွက်ချ လုပ်ကြံတာဖြစ်ကြောင်း ရုတ်ချည်း အဖြေထုတ်နိုင်ခြင်း။

၇။ ၎င်း၏ ကားမှန်ကို ပစ်ခြင်းက Eleven Media ၏ ရပ်တည်ချက်ကို တားဆီးခြင်းဟု အချိန်မဆိုင်းဘဲ အတတ်ပြောနိုင်ခြင်း။

၈။ နိုင်ငံရေးအကြမ်းဖက်မှု ဆိုပါက ပထမ ၎င်းကို လုပ်ကြံ၍ ဒုတိယမှ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံနိုင်ကြောင်း ကွက်တိ သုံးသပ်ချက်ထုတ်နိုင်ခြင်း။

.. https://www.facebook.com/MyanmarExpress
 

2 comments:

သူကဒေါ်အောင်ဆန်းဆုကြည်နဲ့ နိုင်းပြီးပြောနေသေးတယ်။ဆီနဲ့ ရေဆိုတာနားမလည်ဘူးလားမသိဘူး။သူများအကြောင်းမကောင်းရေးမှစားရသောက်ရမဲ့ ဘ၀ဆိုမှတော့ ဒီလောက်တော့ ခံရမှာပေါ့ ။

၂ပေအကွာဆိုတော့ ဓားနဲ့ ထိုးချင်တောင်ရတယ်မလုပ်ချင်လို့ နေမှာပါ။ဟုတ်တယ်လေ ခွေးသတ်ယင်ခေါးသားစားရသေးတယ် သူ့ ကိုသတ်ယင်ဘာမှစားရမှာမဟုတ်လို့ မသတ်တာပေါ့ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်