Subscribe to our RSS Feed

မန်းတွင် လုံခြုံရေးအားနည်နေဟု ဦးဝီရသူဆို

From : .. messenger


 မန္တလေးတွင် လုံခြုံရေး အားနည်းနေသေး၍ ပြည်သူများ အနေဖြင့် အထူး ဂရုပြု နေထိုင်ရန် လိုအပ်ကြောင်း မစိုးရိမ် တိုက်သစ် ဦးဆောင် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

         ဇွန်လ (၂၇) ရက်နေ့တွင် မန္တလေးမြို့ ချမ်းအေးသာဇံ မြို့နယ်အတွင်း၌ လက်နက်များနှင့် ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ ရှိခဲ့မှုမှာ လုံခြုံရေး အားနည်းနေကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ပြီး၊ ဒေသခံပြည်သူ များအနေဖြင့် အန္တရာယ် မဖြစ်ပေါ်စေရန် အတွက် အထူးဂရုပြု နေထိုင်ကြရန် လိုအပ်ကြောင်း မိမိတို့၏ အိမ်နီးနားချင်းများ အားလည်း စောင့်ကြည့် လေ့လာကာ နေထိုင်ကြပါရန် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (အထက်ဗမာပြည်) ဦးဆောင် ဆရာတော်က မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

          ““လုံခြုံရေးတွေ တိုးပြီး လုပ်ဆောင် ဖို့လိုပါတယ်။ သံသယဖြစ်စရာ ကောင်းတဲ့ အနေအထားရှိတဲ့ ဘယ်နေရာမဆို ရှာဖွေ တာတွေ လုပ်ပေးသင့် ပါတယ်။ ဒေသခံတွေ အနေနဲ့လည်း အခြေအနေကို ကြည့်ပြီးနေ ထိုင်တတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ့် ကာကွယ်တတ်ဖို့၊ ဘယ်သူတွေမှာ ဘာအကြံအစည် ရှိနေလဲဆိုတာ ဦးပဉ္ဖင်းတို့ မသိနိုင်ဘူးလေ။ ပြီးတော့ ဒီလောက် လက်နက်တွေ သိမ်းထားတဲ့ အိမ်မျိုး နောက်တစ်အိမ်များ ရှိနေခဲ့ရင် ဘယ်လိုလုပ်မလဲ””ဟု ဆရာတော် ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။

          မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၂)လမ်း၊ (၂၉) လမ်းနှင့် လမ်း(၃၀) ကြားရှိ အိမ်အမှတ် (၃၃၈) တွင် လက်နက် အစိတ်အပိုင်းနှင့် ဆက်စပ်ပစ္စည်း (၁၉) မျိုး၊ ခဲယမ်းဆက်စပ် ပစ္စည်း (၁၈) မျိုးတို့အား ရှာဖွေ တွေ့ရှိခဲ့မှုဖြစ်ပွားခဲ့သည်။

          ““သက်ဆိုင်ရာ မြို့နယ်အလိုက် ထူးခြား သတင်းရရင်ရချင်းကို ကျွန်တော်တို့ အနေနဲ့ ချက်ချင်းသွားရောက် ရှာဖွေတာ မျိုးတွေ လုပ်ဆောင်ပါတယ်။ လက်နက်ခဲယမ်းတွေလည်း မြို့တွင်းကို ၀င်ရောက်လာမှု မရှိစေရေး အတွက်လည်း သင်္ဘောဆိပ်၊ ကားဂိတ်၊ လေယာဉ်ကွင်း စတဲ့ ၀င်ရောက်နိုင်တဲ့ နေရာတိုင်းမှာလည်း တားဆီးရှာဖွေ မှုတွေ ပြုလုပ်နေပါတယ်””ဟု မန္တလေးခရိုင် ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။

          မန္တလေးခရိုင် ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မြို့ဝင်၊ မြို့ထွက်များတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေမှုများပြုလုပ်နေပြီး Mobile Team အနေဖြင့်လည်း လှည့်လည် စစ်ဆေးမှုများအား မြို့တွင်းပိုင်းတွင် ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်