From : သမ္မတရုံး
Myanmar Express



အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်
ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် စက်တင်ဘာ (၂၆) ရက် ညနေ (၃) နာရီတွင်
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ် ရှင်နာဝပ်အား ခေတ္တတည်းခိုသည့်
နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကုလသမဂ္ဂ ဆိုင်ရာ
မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်နှင့် ဌာနဆိုင်ရာ
အကြီးအကဲများ တက်ရောက်ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်