Subscribe to our RSS Feed

Google ၏ ရှယ်ယာများ စံချိန်တင်အောင် အမြင့်ဆုံးသို့ ရောက်ရှိ

From :MRTV4

နိုင်ငံတကာတွင် Apple ကုမ္ပဏီထုတ်  iPhone 5 များ ရောင်းအား မြင့်တက်နေရသော်လည်း အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့်
Google မှာ ၎င်း၏ သရဖူကို ဆောင်းမြဲပင် ဖြစ်ကာ ကမ္ဘာ့ အလွှမ်းမိုးနိုင်ဆုံး နည်းပညာ ကုမ္ပဏီကြီး အဖြစ် ဆက်လက်ပြီး ရှိနေဆဲပင် ဖြစ်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။ တနင်္လာနေ့ နံနက်ပိုင်းက ကုမ္ပဏီ၏ ရှယ်ယာဈေးမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံး အဖြစ် ၇၄၇.၂၈ ဒေါ်လာသို့ ရောက်ရှိခဲ့ကာ ယခင်က စံချိန်တင် အမြင့်ဆုံး ဈေးဖြစ်သည့်  ၂၀၀၇ နိုဝင်ဘာတွင် တင်ထားခဲ့သည့် စံချိန်ကို ချိုးလိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Google တို့အနေဖြင့် ၎င်းတို့၏ အွန်လိုင်း ရှာဖွေရေး ဈေးကွက်ကို ဆက်လက်ပြီး စိုးမိုးထားနိုင်မှုနှင့်အတူ Android မိုဘိုင်း ပလက်ဖောင်းကလည်း ဆက်လက် ကြီးထွားလာခြင်းကြောင့် ကုမ္ပဏီ ရှယ်ယာများမှ ယခုနှစ် အတွင်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။ Apple ၏ စမတ်ဖုန်း ပြိုင်ဘက်ဖြစ်သည့် Google မှာ ၎င်းတို့၏ Andriod စနစ်ဖြင့် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်၏ ၆၈ ရာနှုန်းကို စိုးမိုးထားကာ ယခုလို စတော့ ရှယ်ယာဈေးများ စံချိန်တင် မြင့်တက် လာမှုမှာ ၎င်းတို့၏ ၁၄ နှစ်မြောက် စတင် ထူထောင်သည့် နေ့ရက် မတိုင်မီ အနည်းငယ်သာ လိုသည့် အချိန်တွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

source : CNN   


  
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်