Subscribe to our RSS Feed

ဂျပန်ဟွန်ဒါကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်

From : ခေတ်လူငယ်
ဂျပန်နိုင်ငံရှိ ဟွန်ဒါမော်တော်ကား ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ၄င်းတို့၏ ရုံးခွဲကို လာရောက် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက တရားဝင် ပြောကြားလိုက်သည်။ “ဂျပန်နိုင်ငံက ဟွန်ဒါမော်တော်ကား ကုမ္ပဏီ ရန်ကုန်မှာ ရုံးခွဲဖွင့်တော့မှာပါ။ ဆိုင်ကယ်တွေ ဖြန့်ဖြူးရောင်းချဖို့ကို စပြီးလုပ်ဆောင်မယ်။ အဲဒါပြီးရင် မြန်မာနိုင်ငံအတွင်းမှာပဲ ဆိုင်ကယ်တွေ ထုတ်လုပ်ဖို့ ဆက်လက်ဆောင်ရွက်မယ်” ဟု ယင်းကထုတ်ဖော် ပြောကြားခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ပြည်တွင်း၌ ၄င်းတို့၏ ဟွန်ဒါဆိုင်ကယ်များကို အရောင်းကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ တင်ပို့ရောင်းချသွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဆိုင်ကယ် အစီးရေ သုံးသန်းမှ လေးသန်းအထိ ရောင်းချ သွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ ဟွန်ဒါ ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်း ဝင်ရောက်နိုင်ရန် အတွက် ပြည်တွင်း ဆိုင်ကယ်ဈေးကွက် အခြေအနေများနှင့် ပြည်သူများနှင့် ဆိုင်သော အခြေခံ အဆောက်အဦများကို လေ့လာသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

3 comments:

ရန်ကုန်မှာဆိုင်ကယ်စီးလို့မှမရတာ ဘယ်လိုလုပ်မှာလဲ

cbr1000rrဈေးဘယ်လောက်ရှိလဲသိချင်ပါတယ်

pc8 ဈေးဘယ်လောက်ရှိလဲသိချင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်