Subscribe to our RSS Feed

Passion India ဝတ္ထုအား ပင်နီလုပ် ခရုဇ် ဝယ်ယူ

From : planet

အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်လောကကို ချစ်မြတ်နိုးကြောင်း ပြောဆိုခဲ့ဖူးသည့် စပိန်မင်းသမီးသည် အဆိုပါ ဇာတ်ကားကို ရုပ်ရှင်အဖြစ် အသက်သွင်းရန် စီစဉ်နေခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ဆိုသည်။

Passion India ဝတ္ထုအား ပင်နီလုပ် ခရုဇ် ဝယ်ယူ
ဟောလီးဝုဒ် ကြယ်ပွင့်မင်းသမီး ပင်နီလုပ် ခရုဇ်သည် Passion India ဝတ္ထုအား ရုပ်ရှင်ရိုက်ရန် မူပိုင်ခွင့် ဝယ်ယူလိုက်ကြောင်း သိရှိရသည်။ အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်လောကကို ချစ်မြတ်နိုးကြောင်း ပြောဆိုခဲ့ဖူးသည့် စပိန်မင်းသမီးသည် အဆိုပါ ဇာတ်ကားကို ရုပ်ရှင်အဖြစ် အသက်သွင်းရန် စီစဉ်နေခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ဆိုသည်။ Volvoစတား ခရုဇ်သည် ဟင်ဒီ ရုပ်ရှင်ဇာတ်လမ်းများကို နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုလေ့ရှိပြီး အိန္ဒိယတွင် ရုပ်ရှင် သွားရောက် ရိုက်ကူးရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့ဖူးသည်။ ယခုအခါ Passion India ဝတ္ထု၏ မူပိုင်ခွင့်ကို ဝယ်ယူလိုက်ပြီဖြစ်ရာ အကယ်၍ ထိုဝတ္ထုကို ဇာတ်လမ်းဆင် ရိုက်ကူးပါက အိန္ဒိယသို့ သေချာပေါက် သွားရောက်ရမည် ဖြစ်သည်။

ခရုဇ်က Times of Indiaနှင့် အင်တာဗျူးတွင် "အိန္ဒိယဟာ ယဉ်ကျေးမှုအရ အရမ်းထွန်းကား အားကောင်းတဲ့ နိုင်ငံ တစ်ခုပါ။ ပြီးတော့ မိရိုးဖလာ ဓလေ့တွေကိုလည်း သိပ်အလေးထားပါတယ်။ ဘောလီးဝုဒ်ကလည်း ခုဆိုရင် ဟောလီးဝုဒ်လိုပဲ တကယ့် ရုပ်ရှင်ရပ်ဝန်းကြီး ဖြစ်လာပါပြီ။ ကျွန်မက အိန္ဒိယ ရုပ်ရှင်တွေရဲ့ တကယ့် ပရိသတ် စစ်စစ် တစ်ယောက်ပါ။ တစ်နေ့နေ့မှာ ရှရွတ်ခန်လို မင်းသားမျိုးနဲ့ အတူတွဲ အလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်။ ခုတော့ ကျွန်မ ရုပ်ရှင်အတွက် မူပိုင်ခွင့်ရဖို့ စာအုပ်တစ်အုပ်ကို ဝယ်လိုက်ပါပြီ။ အဲဒါကို ရုပ်ရှင်ရိုက်ရင် အိန္ဒိယမှာပဲ ဇာတ်အိမ်တည်ရမှာပါ"ဟု ပြောကြားသွားသည်။
  

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်