Subscribe to our RSS Feed

Myanmar Broadcasting Comittee (MBC) ဖွဲ့စည်းသွားရန်ရှိ

From : MRTV4


နိုင်ငံတော်မှ မီဒီယာ ကဏ္ဍနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှု လုပ်နေသလို ပြည်သူ တွေကလည်း ပွင့်လင်း မြင်သာတဲ့ မီဒီယာ ကဏ္ဍကို တောင်းဆိုမှု
ရှိလာကြောင်း သိရပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး ဘက်မလိုက် မျှတဖို့နဲ့ ကြည့်ရှုသူတွေ အကျိုး ရှိစေဖို့ Myanmar Broadcasting Comittee ကို ဖွဲ့စည်း သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ တွေက Inya Lake Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Public Services Broadcasting မှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ Myanmar Broadcasting Comittee (MBC) ဟာ မကြာခင်မှာ ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းမယ့် မီဒီယာ ဥပဒေရဲ့ တစိတ်တပိုင်း ဖြစ်တာကြောင့် မီဒီယာ ဥပဒေကို ရေးဆွဲပြီးမှသာ ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Myanmar Broadasting Comittee ကို အကြမ်းဖျဉ်း အားဖြင့် အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်း သွားဖို့ရှိပြီး အရည်အချင်း ပြည့်မီသူ၊ လုပ်ငန်း အတွေ့အကြုံ ရှိသူတွေ စာရင်း တင်သွင်း နိုင်ကာ အဖွဲ့ဝင် တွေရဲ့ Chair Person ၊ Vice Person တွေအတွက် ပြည်သူတွေက ရွေးချယ် တင်မြှောက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရွေးချယ် တင်မြှောက် ထားတဲ့ အဖွဲ့ဝင် တွေကိုလည်း လွှတ်တော်ကို တင်ပြကာ နိုင်ငံတော်က အသိအမှတ် ပြုတဲ့ အဖွဲ့အစည်း ဖြစ်လာစေဖို့ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ ယခုအချိန်မှာ ပြန်ကြားရေး ကဏ္ဍ တင်မကဘဲ ကဏ္ဍအားလုံး ကနေ တိုင်းပြည် တိုးတက်အောင် ပြုပြင် ပြောင်းလဲမှု ပြုလုပ်နေတဲ့ အတွက် မီဒီယာ ကဏ္ဍ အသီးသီးမှာပါ ပြုပြင် ပြောင်းလဲမှု ပြုလုပ်နိုင်အောင် မီဒီယာ ဥပဒေကို အမြန်ဆုံး ရေးဆွဲ အကောင်အထည်ဖော် သွားမှာ ဖြစ်သလို Myanmar Broadcasting Comittee ကိုပါ အမြန်ဆုံး ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်