Subscribe to our RSS Feed

ဟင်္သာတမြို့နယ် ၊ ပြည်ခိုင်ဖြိုး ပါတီ ပထမအကြိမ် ပါတီညီလာခံ ကျင်းပ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီညီလာခံ (၂၀၁၂) အခမ်းအနားသို့ တက်ရောက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ပါတီညီလာခံသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားစဉ်

 
 
ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ပါတီညီလာခံသို့ တက်ရောက်လာသူများ


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဌေးဝင်း၊ ဟင်္သာတခရိုင်၊  ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသိန်းစိုး၊ ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ကျောင်းသား မိဘများ၊ ဆရာ/ဆရာမများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးမှ (၅) ဘာသာဂုဏ်ထူးရှင်များအား ဂုဏ်ပြုဆုချီးမြှင့်စဉ်

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)  ဦးဌေးဦးက အဖွင့် အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပေါ်ပေါက်လာမှု၊ မိမိတို့ကြိုးပမ်းတည်ဆောက်ခဲ့သော ပါတီစုံ ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာမှု ရှိရန် စုစည်းညီညွတ်စွာဖြင့် ပြည်သူများနှင့် ၀ိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရေး မှာကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင် ဒေါက်တာဌေးဝင်း နှင့် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးညွှန့်လှိုင် တို့မှ (၄) ဘာသာဂုဏ်ထူးရှင်များအား ဂုဏ်ပြုဆုချီးမြှင့်စဉ်
ဆက်လက်၍ ၂၀၁၁-၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ထူးချွန်ရရှိသူများအား ဆုချီးမြှင့်ရာတွင် အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ (၅) ဘာသာ ဂုဏ်ထူးရှင် များအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ အလုပ်အမှုဆောင် ဒေါက်တာဌေးဝင်း နှင့် ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးညွှန့်လှိုင် တို့က (၄) ဘာသာဂုဏ်ထူးရှင် များအားလည်းကောင်း အသီးသီးဆုချီးမြှင့်သည်။
၎င်းနောက် ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော လက်တွေ့စည်းရုံးရေးသင်တန်း အပတ်စဉ် (၁)၊ (၂)၊ (၃) မှ သင်တန်းသား ထူးချွန်ဆု၊ သွေးလှူရှင် စည်းရုံးရေးအကောင်းဆုံးဆု၊ ပါတီဝင်အင်အား အများဆုံးရအောင် စည်းရုံးနိုင်သောဆု၊ သဘာဝဘေးအန္တာရယ် ကာကွယ် တားဆီးမှုတွင် စွမ်းစွမ်းတမံ ဆောင် ရွက်နိုင်သောဆု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သောဆုများကို တာဝန်ရှိ သူများမှလည်းကောင်း၊ အာစရိယပူဇော်ပွဲအတွက် ငွေ ပဒေသာပင် စိုက်ထူရန် အထက်တန်းကျောင်း (၄) ကျောင်းအား အထွေထွေအတွင်းရေး မှူး ဦးဌေးဦးမှလည်းကောင်း အသီးသီး ချီးမြှင့်ပါသည်။
ထို့နောက် ဟင်္သာတမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ညီလာခံ ပထမပိုင်း အစီအစဉ်အားခေတ္တရပ်နားသည်။
နေ့လည်ပိုင်းတွင် ညီလာခံဒုတိယပိုင်း အစီအစဉ်အား ဆက်လက်ကျင်းပပြီး နေ့လည် (၁) နာရီတွင် ညီလာခံ အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်း ရရှိပါသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်