Subscribe to our RSS Feed

၂၀၁၂ ခုနှစ်တွင် ခရီးသွား ကုမ္ပဏီများ လျှောက်ထားမှု များပြားလာ

From :MRTV4

ယခု ၂၀၁၂ ခုနှစ်မှာ ခရီးသွား ကုမ္ပဏီများ လျှောက်ထားမှု များပြား လာတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက် အရ
သိရပါတယ်။  မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနမှ လိုင်စင် ထုတ်ပေး ထားတဲ့ ခရီးသွား ကုမ္ပဏီ တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁ ခု၊ ဖက်စပ် ကုမ္ပဏီ ၁၆ ခုနဲ့ တိုင်းရင်းသားပိုင် ကုမ္ပဏီ ၈၈၄ ခု အပါအ၀င် စုစုပေါင်း ၉၀၁ ခုရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခု စက်တင်ဘာလ ပထမပတ် အတွင်း မှာတော့ လျှောက်ထားမှုတွေဟာ များပြား လာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁ ခု၊ ဖက်စပ် ကုမ္ပဏီ ၁၆ ခုနဲ့ တိုင်းရင်းသားပိုင် ကုမ္ပဏီ ၉၁၉ ခုရှိအထိ ရှိလာပြီး စုစုပေါင်း ၉၃၆ ခု အထိရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု မြန်မာနိုင်ငံမှာ ဧည့်လမ်းညွှန်များ အနေနဲ့ ဘာသာစကား ၁၀ မျိုးဖြစ်တဲ့ အင်္ဂလိပ်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမန်၊ တရုတ်၊ ထိုင်း၊ စပိန်၊ အီတာလျှံ၊ ရုရှား၊ ကိုရီးယား အစရှိတဲ့ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ဧည့်လမ်းညွှန်များ အရေအတွက်မှာလည်း စုစုပေါင်း သုံးထောင့် တစ်ရာ ခြောက်ဆယ့်နှစ် ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနမှ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင် ထုတ်ပေးထားမှုမှာ ဇူလိုင်လ အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဟိုတယ်နဲ့တည်းခိုရိပ်သာ စုစုပေါင်း ၇၆၃ ခုရှိပြီး အိပ်ခန်းပေါင်း နှစ်သောင်း ခြောက်ထောင် ခြောက်ရာ ကိုးဆယ့်ငါးခန်း ရှိတယ်လို့ သိရပါတယ်။
 

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်