Subscribe to our RSS Feed

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ

From : The Mirror Daily 

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအပေါ် ကယ်လီဘရွတ်ခ် ဝေဖန်

From : Planet Myanmar Network



ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်

သီချင်းဗီဒီယိုတွင် Challenger ပျက်ကျမှုပုံရိပ် ထည့်သွင်းမှုအပေါ် ဘီယွန်းစ်ရှင်းလင်း

From : Planet Myanmar Network


XO သီချင်းဗီဒီယိုတွင် ဘီယွန်းစ်က Challenger လွန်းပျံယာဉ် ပျက်ကျခဲ့ပုံကို ရိုက်ကူးထားသော မှတ်တမ်းပုံရိပ်များကို ထည့်သွင်းထားခဲ့ရာ ထိုစဉ်က သေဆုံးခဲ့သည့် အာကာသယာဉ်မှူးများ၏ ကျန်ရစ်သူ မိသားစုများက ဒေါသထွက်ခဲ့ကြ

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးနှစ်ဦးဓားထိုးခံရပြီးသေဆုံး

From : The Union Daily



မလေးရှားနိုင်ငံ ပီနန်းခရိုင်ရှိ ဆီဘီယန်းဂျာရာမြို့တွင် မြန်မာ အမျိုးသမီးနှစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်ဟု ပီနန်းရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားနိုင်ငံထုတ် စတား သတင်းစာက ယနေ့ဖော်ပြသည်။ 

မုဆိုး တောခြောက်ခံရပြီလား




မုဆိုးအလုပ်ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ ၀ါသနာလည်း ပါမှ၊ အပင်ပန်း အဆင်းရဲလည်း ခံနိုင်မှ၊ ဇွဲကောင်းကောင်းနဲ့ စိတ်ရှည်သည်းခံတတ်မှလည်း ရတဲ့အလုပ်တစ်ခုပါ။ တော်ရုံလူကလည်း မုဆိုးလုပ်လို့မရနိုင်ပါဘူး။ သားကောင်ကို  ချောင်းမြောင်းရတာလည်း  မလွယ်ကူလှပါဘူး။ တောရဲ့ သဘောသဘာဝ အလေ့အထကို ကျွမ်းကျင်ပိုင်နိုင်ရသလို သားကောင်ရဲ့ ဓလေ့စရိုက်ကိုလည်း နားလည်ဖို့လိုပါတယ်။

တော်ရုံတန်ရုံတောထဲမှာ တောလည်ရတာ အပန်းမကြီးပေမယ့် တောနက်ထဲမှာတော့ မလွယ်ကူလှပါဘူး။ တောနက်လာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ သာကောင်တွေပေါလာသလို   တောခြောက်တာ တောမှောက်တာတွေလည်း တွေ့ကြုံရတတ်ပါတယ်။ တောကောင်ကို အလွယ်တကူနဲ့ ရှာတွေ့တဲ့အခါလည်း ရှိသလို ခက်ခက်ခဲခဲနဲ့  ချောင်းမြောင်းရှာဖွေရတဲ့အခါလည်း  ရှိတတ်တယ်။တောကောင်ကိုတွေ့ပေမယ့် ကိုယ်ကသားကောင်ကို   ထောင်ချောက်ဆင်ထားပြီးမှ       လွတ်သွားတဲ့အခါမျိုးလည်း ရှိတယ်။

   ရဲရင့်တဲ့ မုဆိုးတွေကတော့ ဘယ်လိုပဲတောနက်နက် သားကောင်နောက်ကို ခြေရာခံလိုက်ပြီး သားကောင်ကို ရအောင် ဖမ်းနိုင်ကြတယ်။ သားကောင်ရပြီဆိုရင်တော့ မုဆိုးဟာ အောင်ပွဲရစစ်သူကြီးပါပဲ။ သားကောင်ကိုထမ်းပြီး အိမ်အပြန်တော့ မျက်နှာပန်းလှပြီပေါ့။

   မုဆိုးကောင်းတို့မည်သည် ဘယ်သောအခါမှ လမ်းမမှားဘူးလို့လည်း ဆိုကြပါတယ်။ မုဆိုးကောင်းမှန်ရင် တောကောင်ကိုလည်း ရွေးပြီးပစ်တတ်တယ်။ တောကောင်ကို ကြုံသလို ပစ်လေ့မရှိဘဲ ဦးတည်ချက်၊ ရည်မှန်းချက်ထားပြီးမှ လုပ်တတ်ကြပါတယ်။

   မုဆိုးက သားကောင်ကိုခြောင်းပြီး သားကောင်က မုဆိုးကိုပြန်ချောင်းတာခံရရင်တော့ ခပ်ညံ့ညံ့မုဆိုးဖြစ်သွားပါပြီ။ ဒီထက်ပိုဆိုးတာကတော့    တောနက်ထဲကိုဝင်ပြီးမှ မုဆိုးက  တောခြောက်တာခံရပြီဆိုရင်တော့ မုဆိုးလုပ်လို့မရတော့ပါဘူး။    တောထဲက အမြန်ဆုံးပြန်ထွက်ဖို့ပဲရှိပါတော့တယ်။

    အခုတလော  တွေ့နေမြင်နေ၊ ကြားနေရတာတွေက မုဆိုးတောခြောက်ခံရတဲ့ အဖြစ်မျိုးဖြစ်နေတာကို သတိပြုမိရင်း    လွှတ်တော်ဆိုတဲ့         မှော်ရုံတောကြီးအလယ်မှာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တဲ့အဖြစ်မျိုးနဲ့         တောခြောက်ခံနေရပြီလားလို့        တစ်ယောက်ထဲ   အတွေးနယ်ချဲ့နေမိတော့တယ်။ 

From : .... http://goldenlandnew.blogspot.com

မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်

From : .... todaymyanmar


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ၃ လကြာ ယာယီ ရပ်ဆိုင်း သွားသော်လည်း နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူများနှင စေခိုင်းသူများအကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်ရဲ့ တပည့်ကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲ ပေးတယ်´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

အဆိုပါ မိကျောင်းကန်ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဆွေးနွေးပြီးနောက် သဘော တူညီမှုရရှိခဲ့ပြီး ၃ လစောင့်မည် ဟု သပိတ်စခန်းဖွင့်ဆန္ဒပြသူများက ကတိပြုခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ 
ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင်မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ 
ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ဖြတ်တယ် 
အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ 
အပြင်က လာလှူ တဲ့ ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံပယ်ဘဲလေ။ 
အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့ တောင်းကြ တာပေါ့။ 
ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူ ကိုကျော်လင်းသောင်းက ပြောပြသွားသည်။

``မိကျောင်ကန်အပိုင်း(၁၊၂၊၃) ဟာ အစိုးရဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်၊ မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက်တစ်ခုအဖြစ် နေထိုင်ခဲ့တာဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ် ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်´´ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)

မြန်မာ့လင်းရောင်ခြည်

ရုရှားမြို့မှာ ဒုတိယအကြိမ် အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးတိုးမြှင့်

From : VOA


 ရုရှားနိုင်ငံ၊ Volgograd မြို့က ဖောက်ခွဲမှုကို စစ်ဆေးနေစဉ်။ (ဒီဇင်ဘာ ၃၀၊ ၂၀၁၃)
ရုရှားနိုင်ငံ တောင်ပိုင်းက Volgograd မြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် အဲဒီမြို့တ၀ိုက်မှာ ရုရှားအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့် ချထားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက် မှုနှစ်ကြိမ် ဖြစ်ခဲ့ပြီး လူ ၃၁ဦး သေဆုံးကာ အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများအပြင် ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်းအရေးယူ ခံနေရဆဲသူအားလုံးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြု

From : EMG

နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ်ခံနေရသူများအပြင် ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများအား နိုင် ငံေ တ်ာသမ္မတရုံး (အမိန့်အမှတ်၊ ၅၁/၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန် ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအား နိုင်ငံရေးအမြင်သိပ်မရှိဟု ဇီးကွက်ကိုခြသေံင့်္က မုဒိန်းကျင့်သွားသည်ဟု ပြောဆိုခဲ့သည့် လူပျက် ဇာဂနာမှဝေဖန်

From : .... http://newmyanmarpyi.blogspot.com/2013/12/blog-post_3295.html

ဦးဇာဂနာက သူရဦးရွှေမန်းဟာ နိုင်ငံရေးအတွေး သိပ်မကောင်းဘူးလို့ ဆိုပြီး သူရဦးရွှေမန်းအပေါ် သူ၏အမြင်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။

The Messenger က သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးတည်ဆောက်မှုနဲ့ ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲလို့ မေးမြန်းခဲ့ချိန်မှာ ဦးဇာဂနာက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

"ဦးရွှေမန်းကို ပုဂ္ဂိုလ်ရေးအရတော့ သိပ်မသိပါဘူး။ သို့သော် မြင်ကြည့်တဲ့ အမြင်ကတော့ ဦးရွှေမန်းက နိုင်ငံရေးအတွေး သိပ်မကောင်းဘူးလို့မြင်တယ်။ သူရဲ့ အကြံပေးအဖွဲ့ ရှိပါလိမ့်မယ်။
ရှိပေမဲ့ ဦးရွှေမန်းရွှေ့တဲ့ အကွက်တွေက သိသာလွန်းတယ်။ ပရိယာယ်နည်းတယ်။ သမ္မတကတွေ့ဖို့ 
ရွှေ့ဆိုင်းလိုက်ချိန်မှာ ဖွဲ့စည်းပုံပြင်ဖို့ လိုတာပေါ့ ဆိုပြီး၊ ရွှေပြည်သာမှာ ပြောတယ်ဆိုတာမျိုးက သိသာလွန်းတယ်။ ထို့နည်းတူ အန်တီစုနဲ့ ခင်ဖို့ ကြိုးစားတာ၊ တစ်နည်းပြောရင် လွှတ်တော်အတွင်း အာကောင်းအောင်လုပ်တာပေါ့ အဲဒါအမြင်မှာ ဒေါ်စုဝင်ထိုင်တဲ့ လွှတ်တော် အားကောင်းတာပေါ့၊ 
သူလည်းကြိုးသားရပါတယ်။ နိုင်ငံရေးကိစ္စမှာတော့ ဦးရွှေမန်းကို သိပ်တော်တယ်လို့ မထင်ဘူး"

ဦးဇာဂနာကသာ သူရဦးရွှေမန်းဟာ နိုင်ငံရေးကိစ္စမှာမတော်ဘူးလို့ပြောနေပေမယ့်လည်း
လွှတ်တော်အတွင်းအသက်ဝင်လာတာ၊ လှုပ်ရှားမှုတွေအားကောင်းလာတာဟာ
သူရဦးရွှေမန်းရဲ့ ဦးဆောင်မှုတွေကြောင့် လို့နိုင်ငံရေးသုတေသီတွေကြားမှာ ပြောဆိုနေကြပါတယ်။ 
ဦးဇာဂနာရဲ့ ဝေဖန်မှုကို သူရဦးရွှေမန်းဘက်က ပြန်လည်တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ဦးဇာဂနာဟာ မကြာသေးမီကလည်း အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ဆီးဂိမ်းမှာ ရိုးရာအကတွေ ထည့်သွင်းပြသခြင်းကို ဝေဖန်ခဲ့ပြီး စင်္ကာပူရဲ့ Street Dance နဲ့ဖျော်ဖြေသွားပုံကိုတော့ ချီးကျုးခဲ့ကြောင့် ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ဇီးကွက်ကို ခြင်္သေ့က မုဒိန်းကျင့်သွားတာ လှလှပပခံလိုက်ရပြီလို့ သူ့ရဲ့ Facebook စာမျက်နှာမှာ  ပြောဆိုခဲ့ခြင်းကြောင့် အဆိုပါပြောဆိုမှုအပေါ် ဆန့်ကျင်ဝေဖန်မှုများလည်း ခံခဲ့ရပါသေးတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရှင်က "ဖွတ် ပဲ လွှင့်ပစ်လိုက်" လို့ ဝေဖန်ခဲ့

From : .... http://newmyanmarpyi.blogspot.com

ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပြီးမှာတော့
အကယ်ဒမီဆုရသင့်တယ်လို့ ပရိသတ်က မျှော်မှန်းထားတဲ့သူတွေရသွားလို့ ပရိသတ်များကျေနပ်ခဲ့ရသလို
မျှော်မှန်းထားသော်လည်း မရခဲ့တဲ့အတွက် မချိတင်ကဲနဲ့ ဝေဖန်ပြောဆိုသံတွေဆူညံခဲ့ပါတယ်။
နောက်ပြီး အကယ်ဒမီပေးပွဲရဲ့ အပြင်အဆင် တင်ဆက်မှုတွေအပေါ် ကြိုက်သူတွေရှိသလို
မနှစ်သက်ကြတဲ့သူတွေလည်း အများအပြားပါပဲ။

မြန်မာ့ရုပ်ရှင်လောကဟာ အစိုးရသစ်လက်ထက်ကစပြီး ဆင်ဆာအဖွဲ့တွေဖျက်သိမ်း
လွတ်လပ်တဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးတွေထူထောင်ပြီး ကိုယ့်လမ်းကိုလျှောက်ခဲ့ကြပေမဲ့
လက်တွေ့မှာ အောင်မြင်မှု မရရှိသေးသလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ လူစိတ်ဝင်စားမှု
အင်မတန်လျော့ကြလာတယ်လို့ မြန်မာရုပ်ရှင်ချစ်သူပရိသတ်ကြားမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ မြန်မာ့ရုပ်ရှင်လောကအတွက်သာမက ကမ္ဘာ့ရုပ်ရှင်လောကကိုပါ
သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထိုးဖောက်နိုင်ရမယ်လို့ ရဲရဲဝံ့ဝံ့ယုံကြည် မျှော်လင့်ထားကြတဲ့
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရုပ်ရှင်အဖြစ်ရိုက်ကူးမဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်ခဲ့တာ လာမဲ့
ဖေဖော်ဝါရီလဆို ၂ နှစ်တိတိပြည့်ခဲ့ပါပြီ။ 

လက်ရှိအချိန်ထိတော့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဇာတ်ညွှန်းရေးသားပြီးစီးသွားပြီဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ ဒီဇာတ်ညွှန်းကို နိုင်ငံတကာ Level  မှာ အဆင့်မီ မမီ ဆုံးဖြတ်ဖို့အတွက် ကနေဒါက ပရိုဂျူဆာတစ်ယောက်ကို
ဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖိတ်ခေါ်ပြသကြည့်ရာမှာ အဆိုပါ ပရိုဂျူဆာက မြန်မာ့နာမည်ကြီး အနုပညာရှင်တွေစုပေါင်းတိုင်ပင်
ရေးသားထားတဲ့ ဗိုလ်ချုပ်ဇာတ်ညွှန်းဟာ ဖွတ်ပဲ။ အဲဒီဇာတ်ညွှန်းကို လွှင့်ပစ်လိုက်လို့ ဝေဖန်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပရိုဂျူဆာက 
အဆိုပါဇာတ်ညွှန်းဟာ ရုပ်ရှင်နှင့် မတူကြောင်း အတ္ထုပ္ပတ္တိစာအုပ်လိုဖြစ်နေကြောင်း၊ ဇာတ်လမ်းရုပ်ရှင်
ပြမှာလား သတင်းကားပြမှာလားဟူ၍ သူ၏အမြင်ကို သုံးသပ်ပြောဆိုသွားခဲ့တယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်တဲ့ လူရွှင်တော်သရုပ်ဆောင် ဦးဇာဂနာက ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဆိုတာကလည်း လက်ရှိမြန်မာ့ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း အပါအ၀င် နာမည်ကြီး ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ အနုပညာရှင်၊အတတ်ပညာရှင် အသိပညာရှင်တွေအားလုံးနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးတစ်ခုပါ။ ဒီလိုအဖွဲ့က ဦးဆောင်ပြုလုပ်နေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်မှာ ဇာတ်ညွှန်းကစလို့ အခုလို နိုင်ငံခြားသားတစ်ယောက်က ဖွတ်ဆိုပြီး ဝေဖန်ခြင်းခံခဲ့ရတယ်ဆိုတာ ငါတို့ ဘာတွေ လိုနေသေးလဲလို့ စဉ်းစားသုံးသပ်စရာပါ။ ဦးဇာဂနာကပဲ ဗိုလ်ချုပ်ဇာတ်ညွှန်းအတွက် အဆင့်အတန်းမီဖို့
နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဇာတ်ညွှန်းရေးစရာတစ်ယောက်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

မြန်မာ့ရုပ်ရှင်လောက ကျဆင်းလာခဲ့ခြင်းဟာ နည်းပညာလိုအပ်မှု၊ အရင်အစိုးရရဲ့ လွှမ်းမိုးချုပ်ကိုင်မှု၊ ဆင်ဆာအဖွဲ့ရဲ့ထိန်းချုပ်မှုတွေကြောင့် လို့ အကြောင်းအမျိုးမျိုးပြခဲ့ကြပါတယ်။ ယခုအချိန်မှာ အစိုးရကလည်း
ချုပ်ကိုင်ထားမှုမရှိ၊ ဆင်ဆာအဖွဲ့ကလည်း ဖျက်သိမ်းပြီးဖြစ်လို့ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာတော့မယ်လို့ မျှော်လင့်ထားသူတွေအတွက် အထက်ပါ ဖြစ်ရပ်တွေက စိတ်ဓာတ်ကျဆင်းစေသလို အနုပညာရှင်တွေရဲ့ ဦးဆောင်နိုင်မှုအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။

အကယ်ဒမီထူးချွန်ဆုပေးပွဲဟာ အားရကျေနပ်လောက်ဖွယ် အဆင့်အတန်းတစ်ခုကို မပြနိုင်သေးသလို
မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါယုံမက ကမ္ဘာကိုပါ ချပြမဲ့ မြန်မာတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကိုလည်း နိုင်ငံတကာအဆင့်မီဖို့အတွက် ပြင်ဆင်ခဲ့တာ ၂ နှစ်ပြည့်ခါနီးပေမဲ့
အားရစရာအနေအထားတစ်ခုထိ မရောက်ရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဆီးဂိမ်းကို အစိုးရက ဦးဆောင်ကျင်းပခဲ့ရာမှာ တရုတ်ကို အားကိုးလွန်းတယ်။ တင်ပြချက်တွေဟာ နိုင်ငံတကာအဆင့်မမီသေးဘူးလို့ ဝေဖန်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ ဦးဆောင်ပါဝင်နေတဲ့ ဦးဇာဂနာကိုယ်တိုင်ကလည်း
ယခုဗိုလ်ချုပ်ရုပ်ရှင်မှာ နိုင်ငံတကာအဆင့်မီဖို့ နိုင်ငံခြားဇာတ်ညွှန်းပညာရှင် သေချာပေါက်လိုအပ်တယ်လို့ 
ပြောဆိုခဲ့ပြီး မိမိတို့ကိုယ်တိုင် ဗိုလ်ချုပ်ရုပ်ရှင်ကို အဆင့်တန်းမီအောင် လုပ်ဖို့ လိုအပ်ချက်တွေရှိသေးတယ်လို့ ၀န်ခံခဲ့ရပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင် မြန်မာ့ရုပ်ရှင်လောက ဆုတ်ယုတ်လာခြင်းဟာ အစိုးရကြောင့်လား
ဆင်ဆာကြောင့်လား မိမိတို့ကိုယ်တိုင်လားဆိုတာ စုံစုံညီညီ အဖြေရှာဖို့ လိုအပ်နေပါပြီ။
ကိုယ်မဟုတ်တဲ့ သူတစ်ပါးကို အပြစ်တင်ဝေဖန်နေကြမဲ့အစား ကိုယ့်အပြစ်ကိုယ်ရှာလို့
ပြန်လည်ဆန်းစစ်ပြုပြင်ကြမှသာလျှင် အားလုံးအားလုံးမျှော်လင့်နေကြတဲ့ ပန်းတိုင်တစ်ခုကို
ရောက်ကြလိမ့်မယ်ဆိုတာ မြန်မာ့ရုပ်ရှင်လောကက သက်သေတစ်ခုဖြစ်လာပါလိမ့်မယ်။

ကိုရင်သာဗြော(ပတ္တမြားမြေ)

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

From : YoYarLay

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။ 

လူတွေမြင်တွေ့နေတဲ့ စရိုက်ဟာ သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်တစ်ခုသာဖြစ်တယ်လို့ Miley Cyrus ပြော

From :Trend Myanmar


Miley Cyrus ဟာ လိင်စွဲနေတဲ့သူ တစ်ယောက်မဟုတ်ပါဘူးဆိုတာ သူမက ကမ္ဘာကြီး သိစေချင်နေပါတယ်။ Hannah Montana နဲ့ မြန်မြန် နာမည်ကြီးလာတဲ့ အသက်၂၁နှစ်အရွယ် ပေါ့ပ်စတား တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၆လအတွင်း သူမ ရယူခဲ့တဲ့ အာရုံစိုက်မှုအားလုံးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားသွားပါတယ်။

ဘယ်သူက ဒီမိုကရေစီ ပေးမှာလဲ

From : ပိုက်တင်

ဒီမိုကရေစီက တဖြည်းဖြည်းပဲ ဆင့်ကဲဖြစ်စဉ်နဲ့ပေါ်ပေါက်လာနိုင်ပါတယ်။ လူထုနဲ့အစိုးရများ ဟန်ချက်ညီညီအား ထုတ်နိုင်ေ လပေါ်ပေါက်ဖို့ရော တည်တံ့ဖို့ရော မျှော်လင့်နိုင်လေပါ။အဲဒီ အစိုးရနဲ့လူထု ဟန်ချက် ပျက်ရင် ကျနော်တို့ မျှော်လင့်သလိုဖြစ် လာဖို့မလွယ်တဲ့အကြောင်း သတိပေးချင်တဲ့ စေတနာပါ။ )

အရောင်ဆန်းလေးတွေ၊ အရောင်စပ် ဖက်ရှင်လေးတွေနဲ့ ဆန်းသစ်လှပခဲ့တဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်

From :Trend Myanmar


အခုဆိုရင် မြန်မာနိုင်ငံ ရုပ်ရှင်လောကသားတွေကို မှတ်တိုင်စိုက်ထူခွင့်ပေးတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီ ၂၀၁၂ခုနှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပေးတဲ့ အကယ်ဒမီပွဲကြီးကို ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ လူစုံသလို ဖက်ရှင်ကလည်း အရောင်စုံ အသွေးစုံနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုလို့တောင် သစ်လွင်ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေကို အားလုံးပဲ မြင်တွေ့ရမှာပါ။ ဒီနှစ်ရဲ့ ဖက်ရှင်အပေါ်မှာ အနည်းငယ် သုံးသပ်ကြည့်ရရင်တော့ အရောင်နုလေးတွေကို စပ်ပြီး အဓိကထား ၀တ်ဆင်သွားတာ တွေ့ရပါတယ်။

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ အနီးပေါက်ကွဲမှု ဖြစ်ပွား

From :မြ၀တီ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၏ အရှေ့မြောက် ဘက် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းခေါင်ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပြီးအဝတ်ဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းနေ ကိုရင်နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင်တစ်ပါးမှ ကောက် ယူသဖြင့် အဖော်ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန်ပြော၍ ပြန်ချခဲ့ရာ ၎င်းနေရာတွင်ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါပေါက်ကွဲမှုကြောင့် ကိုရင် ရှင်နေဝိန္ဒသည် ဦးခေါင်းမိုင်းစ ထိမှန်၍ ဦးခေါင်းခွံကွဲ၊ ဦးနှောက်ထွက်၊ ညာလက်ဖျံ၊ ညာရင်အုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ကိုရင် ရှင်စိဏ္ဏာသည် ညာတံတောင်ဆစ်၊ ညာဘက်လက်ကောက်ဝတ်၊ ဘယ်ရင်အုံ မိုင်းစထိ မှန်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။ 

အဆိုပါ ဒဏ်ရာရရှိသော ကိုရင် ရှင်စိဏ္ဏာသည် မုံးစီးတိုက်နယ် ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်ဖြစ်ပွား ရသည့် အခြေအနေ အသေးစိတ်အား စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရ ရှိသည်။
  


ဒေါ်စု သမ္မတဖြစ်လျှင်

From : ပိုက်တင်
ဒေါ်စုသာသမ္မတဖြစ်ရင် အရင်ဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေတွေနဲ့ Aidsဆိုတဲ့ ထောက်ပံ့ငွေတွေ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာတိုးပွားလာဖို့က မလွဲဧကန်ဖြစ်ပါတယ်။ နောက် ထပ်သေချာပေါက်ရ မယ့်ရလဒ်ကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲ နိုင်ငံတကာက အပြည့်အဝ အသိအမှတ်ပြုခြင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်ရှိန် ဂုဏ်ဝါ အထွတ်အထိပ်သို့ပြန်လည်ရောက်ရှိခြင်းတို့ဖြစ်ပါတယ်။

ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ

From : EMG

FF-30-12
GG-30-12
HH-30-12
II-30-12
JJ-30-12
KK-30-12
LL-30-12
၂၀၁၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားနှင့် ထူးချွန်ဆုရရှိသူများကို တွေ့ရစဉ်
ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ၌ ‘ဥ’ ဇာတ်ကားဖြင့် ဒါရိုက်တာဆုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ ‘ကယန်းအလှ’ ဇာတ်ကားဖြင့် အကောင်းဆုံးဓာတ်ပုံကို ဓာတ်ပုံဒါရိုက်တာ အောင်ကိုလတ်၊ ‘လက်ပံ’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို သရုပ်ဆောင်ဖွေးဖွေး၊ ‘ဥ’ ဇာတ်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကို သရုပ်ဆောင်ချောရတနာ၊ ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကားဖြင့် အထူးဆုကို ကလေးသရုပ်ဆောင် ယွန်းယွန်း၊ ‘ကယန်းအလှ’ ဇာတ်ကားဖြင့် အသံထူးချွန်ဆုကို အသံဖမ်းတိုနီ (လင်း)၊ ‘အမွေခံထိုက်သူ ဖြစ်ပါစေ’ ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို တေးဂီတမှူးဝင်းကိုတို့က ပထမဆုံး အကယ်ဒမီဆုများအဖြစ် ဆွတ်ခူးရရှိခဲ့ပြီး ‘လက်ပံ’ ဇာတ်ကားဖြင့် အမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ပြေတီဦး၊ ‘ဥ’ ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ဦးဇော်မင်း (ဟံသာမြေ) တို့က ထပ်ဆင့်အကယ်ဒမီဆုများအဖြစ် ဆွတ်ခူးရရှိခဲ့သည်။ ယခုနှစ်တွင် ပေးအပ်ခဲ့သည့် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများသည် ပရိသတ်ဆန္ဒနှင့် ထပ်တူကျခဲ့သည့် အကယ်ဒမီဆုများဖြစ်ပြီး ဟာသဦးစားပေး ဇာတ်ကားတစ်ကားမှ အကယ်ဒမီဆုများ ရှားရှားပါးပါး ဆွတ်ခူးနိုင်ခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကလေးသရုပ်ဆောင်များကို ရှားရှားပါးပါး ပေးအပ်ခဲသည့် အထူးဆုကိုလည်း ငါးဆုမြောက်ဆုအဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။
ထူးခြားဆန်းသစ်သည့် အကယ်ဒမီပွဲ ကျင်းပပုံ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ယခင်နှစ်များနှင့်အတူ ထူးခြားဆန်းသစ်သည့် အခမ်းအနား တင်ဆက်မှုများ၊ စင်မြင့်တည်ဆောက်မှုများ၊ မီးအလှဆင်မှုများဖြင့် တင်ဆက်နိုင်ခဲ့သည်။ အခမ်းအနား အ၀င်တစ်လျှောက်တွင် အနုပညာရှင်များအတွက် ကော်ဇောနီ လျှောက်လှမ်းဖြင့် လျှောက်လှမ်းဝင်ရောက်စေခဲ့ပြီး ပွဲကျင်းပရာ နေရာသီးသန့်တွင် အနုပညာရှင်များကိုသာ ရှိစေကာ သတင်းရယူမှုများကို သီးခြားနေရာဖြင့် ကန့်သတ်ထားခဲ့သည်။ အခမ်းအနားတွင် အစီအစဉ် တင်ဆက်သူများအဖြစ် ဆန်းထွဋ်နှင့် တင်မိုးလွင်တို့က ပါဝင်ခဲ့ကြပြီး အကယ်ဒမီဗန်း ကိုင်ဆောင်သူများအဖြစ် မေမြင့်မိုရ်၊ ဆောင်းဝတ်ရည်မေ၊ ရှင်ဝေနိုင်ဦး၊ နေစူးနိုင်း၊ လမင်းအိနြေ္ဒ၊ အင်ကြင်းထူး၊ ပန်းရောင်၊ နှင်းဆီဝိုင်တို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင် အကယ်ဒမီလူမင်းက ရုပ်ရှင်လောကသားများထံသို့ ပန်ကြားတင်ပြခဲ့သည်။
OO-30-12
၂၀၁၂ ခုနှစ် ရုပ်ရှင်အသံ အကယ်ဒမီဆုရ ဦးတိုနီ (လင်း) ဆုလက်ခံရယူနေစဉ်
ရုပ်ရှင်အသံထူးချွန်ဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်အသံထူးချွန်ဆုကို ‘ကယန်းအလှ’ ဇာတ်ကားမှ အသံဖမ်းပညာရှင်တိုနီ (လင်း) က ရရှိခဲ့သည်။ တိုနီ (လင်း) သည် ပထမဆုံး အကယ်ဒမီအဖြစ် ရရှိခြင်းဖြစ်သည်။
PP-30-12
၂၀၁၂ ခုနှစ် ရုပ်ရှင်တေးဂီတ အကယ်ဒမီဆုရ ဦးဝင်းကို ဆုလက်ခံရယူနေစဉ်
ရုပ်ရှင်တေးဂီတဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်တေးဂီတဆုကို ‘အမွေခံထိုက်သူ ဖြစ်ပါစေ’ ဇာတ်ကားမှ ဂီတမှူးဝင်းကိုက ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။
MM-30-12
၂၀၁၂ ခုနှစ် ရုပ်ရှင်တည်းဖြတ်ဆုရ ဦးဇော်မင်း (ဟံသာမြေ) ဆုလက်ခံရယူနေစဉ်
ရုပ်ရှင်တည်းဖြတ်ဆု
ရုပ်ရှင်တည်းဖြတ်ဆုကို ‘ဥ’ ဇာတ်ကားမှ ဦးဇော်မင်း (ဟံသာမြေ)က ဆွတ်ခူးရရှိပြီး ပဉ္စမမြောက် အကယ်ဒမီအဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင်ဓာတ်ပုံဆု
၂၀၁၂ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို ‘ကယန်းအလှ’ ဇာတ်ကားမှ ဓာတ်ပုံပညာရှင် ဒါရိုက်တာ အောင်ကိုလတ်က ရရှိခဲ့သည်။ ဒါရိုက်တာ အောင်ကိုလတ်၏ ပထမဆုံး ရုပ်ရှင်ဖန်တီးမှုဖြစ်ပြီး ပထမဆုံး အကယ်ဒမီဆုလည်း ဖြစ်သည်။
အထူးဆု
အကယ်ဒမီသမိုင်းတွင် ရှားရှားပါးပါး ဆုတစ်ဆုဖြစ်သည့် ကလေးသရုပ်ဆောင်များကို ပေးအပ်သည့် အထူးဆုကို သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်က ကြေညာခဲ့ရာ ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကားမှ ကလေးသရုပ်ဆောင် ယွန်းယွန်းက ရရှိခဲ့သည်။ ကလေးသရုပ်ဆောင်ယွန်းယွန်း၏ ပထမဆုံး အကယ်ဒမီဆုဖြစ်ပြီး နှစ်ကိုယ်ခွဲဇာတ်ရုပ်ဖြင့် သရုပ်ဆောင်မှုဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
NN-30-12
၂၀၁၂ ခုနှစ် အမျိုးသားဇာတ်ဆောင်ဆုရ ပြေတီဦး
အမျိုးသား ဇာတ်ဆောင်ဆု
၂၀၁၂ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆုကို ‘လက်ပံ’ ဇာတ်ကားမှ သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးက ဒုတိယမြောက် အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ‘ဥ’ ဇာတ်ကားတွင် စိတ်ဝေဒနာရှင် စာဥအဖြစ် အကောင်းဆုံး သရုပ်ဆောင်ထားသူ သရုပ်ဆောင် ချောရတနာက ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးရရှိခဲ့သည်။
အမျိုးသမီး ဇာတ်ဆောင်ဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို သရုပ်ဆောင်ဖွေးဖွေးက ‘လက်ပံ’ ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ‘လက်ပံ’ ဇာတ်ကားတွင် မိခင်၏ ရိုက်သွင်းပေးခဲ့သည့် စိတ်ခံစားချက်များအတိုင်း ဖခင်ကို မုန်းတီးနာကျည်းနေသူ လက်ပံအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။
အကောင်းဆုံး ဒါရိုက်တာဆု
၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ‘ဥ’ ဇာတ်ကားအား ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရရှိခဲ့သည်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) သည် ပထမဆုံး အကယ်ဒမီအဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဟာသဇာတ်ကား၏ ဒါရိုက်တာတစ်ဦးအဖြစ် ရှားရှားပါးပါး ရရှိခဲ့ခြင်းလည်းဖြစ်သည်။
၁၂ ဆုအနက် ၉ ဆုသာ ချီးမြှင့်ခဲ့
၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၂ ဆု လျာထားသတ်မှတ် ခဲ့သော်လည်း ဆုအရေအတွက် ၉ ဆုသာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆုနှင့် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုများကိုမူ ပေးအပ်ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပေ။
ကြားဖြတ်ဖျော်ဖြေရေး အစီအစဉ်၊ လိုတိုရှင်း ကျေးဇူးတင်စကားများနဲ့ ၂၀၁၂ အကယ်ဒမီ
၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆု ချီးမြှင့်ရာ၌ ဆုကြေညာချိန်တွင် ကြားဖြတ်ဖျော်ဖြေရေး အစီအစဉ်များကိုလည်း တင်ဆက်ခဲ့ပြီး အကယ်ဒမီဆု ရရှိသူများကလည်း ကျေးဇူးတင်စကားများကို ထိမိတိုတောင်းစွာ ပြောကြားပေးခဲ့ကာ အချိန်အကန့်အသတ်ဖြင့် အကောင်းဆုံးထုတ်နုတ် တင်ပြမှုများကိုလည်း တင်ဆက်ခဲ့သည့်အတွက် ည ၇ နာရီ ၀န်းကျင်တွင် ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့သည်။
ပရိသတ်ဆန္ဒနှင့် ထပ်တူကျသည့် အကယ်ဒမီ
၂၀၁၂ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအား ပရိသတ်အများစု သဘောကျ နှစ်ခြိုက်ခဲ့ပြီး ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်းကျသည့် အကယ်ဒမီရွေးချယ် ပေးအပ်မှု ဖြစ်စေခဲ့သည့်အပြင် ရုပ်ရှင်လောကသား အများစုကလည်း ရွေးချယ်မှုများအတွက် သဘောကျ လက်ခံစေခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ပေးအပ်မှုကို ပြန်ကြားရေး ၀န်ကြီးဌာနက နောက်ဆုံးအကြိမ်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ယူ ပေးအပ်မည်ဖြစ်သည်။    
အကယ်ဒမီ ဆုရှင်တို့၏ ကျေးဇူးတင်စကားနှင့် ပရိသတ်တို့၏ အသံများ
တိုနီ(လင်း) (ရုပ်ရှင်အသံဆု)
အရမ်းကို ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဒီဆုကိုရတဲ့အတွက် ဖခင်ဦးလင်းကိုလည်း ကန်တော့မိပါတယ်။ ဒီဆုကို ရွေးချယ်ပေးကြတဲ့ အကဲဖြတ် လူကြီးများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာအောင်ကိုလတ်နဲ့ Mr.Hector တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
ဂီတမှူးဝင်းကို (ရုပ်ရှင်တေးဂီတဆု)
ဒီဆုကို ရခဲ့တဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ဖခင် ပန်းတနော်လေးမြ၊ ဆရာဂီတမှူး လှဆန်းဦးတို့ကိုလည်း ကန်တော့ပါတယ်။ ဒီဇာတ်ကားမှာ တီးခတ်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာ ရွှေပြည်ကတုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ၀ိုင်းတော်သားတွေ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်။
ဦးဇော်မင်း (ဟံသာမြေ) (ရုပ်ရှင်တည်းဖြတ်ဆု)
ဒီဆုက ကျွန်တော့်ရဲ့ ငါးဆုမြောက်ပါ။ ကျွန်တော့်ကို အကယ်ဒမီဆုတွေ ရစေခဲ့တဲ့ ဒါရိုက်တာတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
ဒါရိုက်တာအောင်ကိုလတ် (ရုပ်ရှင်ဓာတ်ပုံဆု)
ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပါ။ ရိုက်ကူးချိန် ခုနစ်နှစ်ကြာပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။
ကလေးသရုပ်ဆောင် ယွန်းယွန်း (အထူးဆု)
သမီးအရမ်း ပျော်နေပါတယ်။ ကလေးသရုပ်ဆောင်ဆုဆိုတာ မျှော်လင့်တိုင်းလည်း မရတတ်ဘူးလို့ သမီးနားလည်ထားပါတယ်။ သမီးနဲ့ လုပ်ဖော်ကိုင်ဖက် ကလေးသရုပ်ဆောင်တွေ အားလုံးကိုယ်စား ဒီဆုကို ရလိုက်တာလို့ပဲ ခံယူထားပါတယ်။ ပထမဆုံး နှစ်ကိုယ်ခွဲဇာတ်ကားနဲ့ ဆုရတာဖြစ်တဲ့အတွက် ပိုပြီးဝမ်းသာ ဂုဏ်ယူမိပါတယ်။ သမီးဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ခွင့်ပေးခဲ့တဲ့ ဘွားဘွား ဒေါ်သဲနုခိုင်ကိုလည်း ကန်တော့ပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကြောင့် ဒီဆုကိုရခဲ့တာလို့ ခံယူထားပါတယ်။ ဒီဆုကို ရခဲ့တဲ့အတွက် အနုပညာ လောကထဲမှာလည်း တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်၊ ကျောင်းပညာရေးမှာ တာဝန်ကျေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်။
ပြေတီဦး (အမျိုးသားဇာတ်ဆောင်ဆု)
ကျွန်တော် ဒီနှစ်ကို ပိုပြီးရင်ခုန်နေပါတယ်။ မျှော်လည်း မမျှော်လင့်ရဲပါဘူး။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဖက်တွေဖြစ်တဲ့ လက်ပံဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားကို ပထမဆုံး စတင်သယ်ဆောင်လာပေးတဲ့ မဖြူနှင်းဖွေးကိုလည်း ကျေးဇူးတင်ပါတယ်။ မမျှော်လင့်ပဲ ရလိုက်တဲ့အတွက် ပိုပြီးခံစားရပါတယ်။ ပထမတစ်ဆုတုန်းက အလှုပ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ အငြိမ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။ ကျွန်တော့် အနုပညာလမ်းကြောင်း တစ်လျှောက်မှာ မျှဝေခံစားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ချောရတနာ (အမျိုးသမီးဇာတ်ပို့ဆု)
တန်ဖိုးမဖြတ်နိုင်တဲ့ ဆုပါပဲ။ ဒီနေ့လေးကလည်း တန်ဖိုးမဖြတ်နိုင်တဲ့နေ့လို့ ပြောလို့ရပါတယ်။ ဖေဖေဒါရိုက်တာပေါသျှံ ဖြစ်စေချင်တဲ့အတိုင်း သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တဲ့အတွက် ဖေဖေ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။
ဖွေးဖွေး (အမျိုးသမီးဇာတ်ဆောင်ဆု)
ဖွေးဖွေး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အရမ်းလည်း ၀မ်းသာမိပါတယ်။ ဖွေးဖွေးလို အနုပညာ ၀ါနုသေးတဲ့သူ တစ်ယောက်ကို ဆုပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ဖွေးဖွေးရဲ့ လက်ဦးဆရာ ကိုဝိုင်း၊ ဦးမျိုးမင်း၊ မမို့တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။
ဒါရိုက်တာကိုဇော် (အရုဏ်ဦး)
မိဘနှစ်ပါး၊ တည်းဖြတ်ပညာ သင်ပေးခဲ့တဲ့ ဦးမြင့်ခိုင်၊ ဦးတင်ငြိမ်း (ရှုမ၀)၊ ဒါရိုက်တာ မလုပ်မနေရလို့ပြောပြီး သင်ပေးခဲ့တဲ့ အစ်ကိုဆရာ ကိုအောင်မင်းသိမ်းနဲ့ ဒါရိုက်တာများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရိုက်ကူးခွင့်ပေးခဲ့တဲ့ ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
စမ်းချောင်းမြို့နယ်မှ ပရိသတ်တစ်ဦး
ဒီနှစ်ကယ်ဒမီကတော့ တကယ်ထိုက်တန်တဲ့သူတွေ ရတယ်လို့ ထင်ပါတယ်။ ဆုတွေအားလုံးက ပရိသတ်ဆန္ဒနဲ့ ထပ်တူကျပါတယ်။ ဖွေးဖွေးရတဲ့အတွက် အရမ်းကျေနပ်သလို ယွန်းယွန်းရတဲ့ အတွက်လည်း အရမ်းကြိုက်ပါတယ်။
လသာမြို့နယ်မှ ပရိသတ်တစ်ဦး
ဒီနှစ်ဆုတွေအားလုံး ကျေနပ်တယ်။ အားလုံးက တကယ်ထိုက်တန်တဲ့ သူတွေပါပဲ။ အရင်နှစ်တွေကလို စိတ်လှုပ်ရှားပြီးမှ စိတ်ပျက်ပြီး ကျန်ခဲ့ရတာမျိုး မရှိဘဲ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေအတွက် ပျော်ပြီးပြီးသွားတာဆိုတော့ ကျေနပ်စရာ ကောင်းတယ်လို့ ဆိုရမှာပါ။