Subscribe to our RSS Feed

မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်

From : .... todaymyanmar


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ၃ လကြာ ယာယီ ရပ်ဆိုင်း သွားသော်လည်း နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူများနှင စေခိုင်းသူများအကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်ရဲ့ တပည့်ကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲ ပေးတယ်´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

အဆိုပါ မိကျောင်းကန်ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဆွေးနွေးပြီးနောက် သဘော တူညီမှုရရှိခဲ့ပြီး ၃ လစောင့်မည် ဟု သပိတ်စခန်းဖွင့်ဆန္ဒပြသူများက ကတိပြုခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ 
ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင်မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ 
ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ဖြတ်တယ် 
အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ 
အပြင်က လာလှူ တဲ့ ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံပယ်ဘဲလေ။ 
အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့ တောင်းကြ တာပေါ့။ 
ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူ ကိုကျော်လင်းသောင်းက ပြောပြသွားသည်။

``မိကျောင်ကန်အပိုင်း(၁၊၂၊၃) ဟာ အစိုးရဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်၊ မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက်တစ်ခုအဖြစ် နေထိုင်ခဲ့တာဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ် ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်´´ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)

မြန်မာ့လင်းရောင်ခြည်

4 comments:

မိုးသီးဇွန်ကို အစိုးရကဘာကြောင့်မဖမ်းသေးတာလဲ။ သူလူသတ်ခဲ့တာဘဲ။ ဘင်္ဂလားဒေရှ့်မှာ လူသတ်မုဒိန်းကျင့်ခဲ့တဲ့ နိုင်ငံရေးသမားနံမည်ကြီးတယောက်ကို အစိုးရက သေဒဏ်ပေးခဲ့တာဘဲ။ နိုင်ငံရေးလုပ်တာနဲ့ဘဲ သူလုပ်ခဲ့တဲ့ မတရားတဲ့ပြစ်မှုတွေကို မေ့ပြစ်ရမှာလား။ အဲဒါဆိုရင်တော့ မှားနေတယ်။

ဟီးဟီးလို့သာအော်ရယ်ပစ်လိုက်ချင်တယ် မိုးသီးဇွန်တို့ရယ်



ခွေးမစားတဲ့ သောက်ခွက်နဲ့ မျောက်ထက်ဆိုးတဲ့ မိုးသီးရေ.....မင်းလည်း (Eleven) က

သန်းထွဋ်အောင်လို.......ရုပ်ကလာပ်က စုတ်ပြတ်....သောက်ခွက်က လောက်တက်...

စောက်ရှက်မရှိတဲ့ မျက်ခွက်နဲ့ မသာရုပ်က မြန်မာပြည်ထဲလာပြီး မဏာလုပ်မလို့လား

အဲ့သလို ဆိုရင်တော့ မင်းကို အသာကုတ်ပြီး...ငါ...ကဗျာတစ်ပုဒ် ပေးလိုက်မယ်.....က

ဗျာရဲ့ ( Title ) ကတော့ " လာမလုပ်နဲ့ကိုယ့်လူ " တဲ့..................................................


>>> လာမလုပ်နဲ့....ကိုယ့်လူ....ဒို့လူတွေ....ဒီလောက်မအတော့ဘူး.....မင်းချထားတဲ့...

" ငါး " စာမှာ....အသားမပါတာ....မင်းလည်းသိမှာပေါ့....တို့တစ်တွေက....သီချင်းပဲ.....

ဆိုငြီးတတ်တဲ့....ကိုထီးပဲ....မဟုတ်ဘူးလေ....လိုအပ်လာရင်....ရူးကြောင်နေကြတဲ့.....

လူစားတွေအတွက်....ဦးအောင်ဇေယျလိုလည်း....ကျင့်သုံးတတ်ပါသေးတယ်...ငါပြော

မှ....အမှန်....ငါကြံမှ....အဟုတ်....ငါလုပ်မှ....အကောင်း....ငါပေါင်းမှ....လူတော်ဆိုတဲ့..

မသူတော်တွေရဲ့....လက်သုံးစကားတွေနဲ့....တစ်သက်လုံး....သွားနေကြတဲ့....မင်းတို့ရဲ့

ပန်းတိုင်.....ဘယ်တော့မှ....လှမ်းကိုင်နိုင်မှာ....မဟုတ်ဘူးဆိုတာ.....အသိပေးလိုက်ပါရဲ့

မချိတွေးလေးနဲ့....ထပ်ပြီး....သတိပေးရအုံးမယ်ဆိုရင်.....စုတ်ပြတ်နေတဲ့....မင်းတို့ရဲ့....

လုပ်ရပ်တွေကို....ရပ်တန်းက....ရပ်လိုက်ပါတော့.....ခေတ်ပြောင်းသွားပြီ....ကိုယ့်လူ.....

စနစ်ဟောင်းက....အကြွင်းအကျန်တွေကို.....အဆင်းမမှန်တဲ့....စေတနာတွေနဲ့....လာမ

ရောင်းပါနဲ့တော့.............မင်းတို့ရဲ့....ထွင်လုံးတွေကို...." ရှင် ဖုန်း " ရဲ့....သီချင်းတစ်ပုဒ်

လောက်တောင်....ဘယ်သူမှ....စိတ်မဝင်စားကြတော့ဘူး....သမ္မတကအစ....လမ်းဘေး

ဈေးသည်အဆုံး....တယ်လီဖုန်း....သုံးနေကြတဲ့....ဒီနေ့လို...ခေတ်ကြီးမှာ....တမင်တကာ

ဝှက်ထားတဲ့....အကြောင်းအရာတွေကို....အင်တာနက်မှာ....ဆင်ဆာမဖျက်ပဲ....လူတိုင်း

နီးပါးဖတ်ရှု့....လေ့လာနိုင်နေကြပြီလေ....ဒါ့ကြောင့်...မင်းသိအောင်....ငါပြောလိုက်မယ်

................. " လာမလုပ်နဲ့ကိုယ့်လူ.....ဒို့လူတွေ....ဒါလောက်မအတော့ဘူး " ..................

မြန်​မာပြည်​က တကယ့်​ကို ဖာနိုင်​ငံကြ်ီးဖြစ်​​နေပြီဗျို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်