Subscribe to our RSS Feed

သီချင်းဗီဒီယိုတွင် Challenger ပျက်ကျမှုပုံရိပ် ထည့်သွင်းမှုအပေါ် ဘီယွန်းစ်ရှင်းလင်း

From : Planet Myanmar Network


XO သီချင်းဗီဒီယိုတွင် ဘီယွန်းစ်က Challenger လွန်းပျံယာဉ် ပျက်ကျခဲ့ပုံကို ရိုက်ကူးထားသော မှတ်တမ်းပုံရိပ်များကို ထည့်သွင်းထားခဲ့ရာ ထိုစဉ်က သေဆုံးခဲ့သည့် အာကာသယာဉ်မှူးများ၏ ကျန်ရစ်သူ မိသားစုများက ဒေါသထွက်ခဲ့ကြ


သူမ၏ သီချင်းဗီဒီယိုတွင် (၁၉၈၆)ခုနှစ်က ဖြစ်ပွားသည့် Challenger လွန်းပျံယာဉ် ပျက်ကျမှု ပုံရိပ်ကို ထည့်သွင်းထားခြင်းသည် စော်ကားလိုသည့် ရည်ရွယ်ချက် မပါကြောင်း ဘီယွန်းစ်က ရှင်းလင်းခဲ့သည်။ XO သီချင်းဗီဒီယိုတွင် ဘီယွန်းစ်က Challenger လွန်းပျံယာဉ် ပျက်ကျခဲ့ပုံကို ရိုက်ကူးထားသော မှတ်တမ်းပုံရိပ်များကို ထည့်သွင်းထားခဲ့ရာ ထိုစဉ်က သေဆုံးခဲ့သည့် အာကာသယာဉ်မှူးများ၏ ကျန်ရစ်သူ မိသားစုများက ဒေါသထွက်ခဲ့ကြသည်။ 

ထိုစဉ်က လွန်းပျံယာဉ် ပျက်စီးသွားသည်ကို NASAမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်နေပုံ စကားများကို ဘီယွန်းစ်က ထည့်သွင်းထားပြီး ယင်းလုပ်ရပ်သည် စော်ကားခြင်း မဟုတ်ဘဲ ထိုစဉ်က စိတ်ဒဏ်ရာများကို ကုစားရန်သာဖြစ်ကြောင်း သူမက ပြန်လည် ဖြေရှင်းခဲ့သည်။ အသက်(၃၂)နှစ်ရှိ နာမည်ကျော် R&B ဂီတ အဆိုတော်က "XOကို ကျွန်မက ဖန်တီးခဲ့တဲ့ နေရာမှာ ကျွန်မရဲ့ ရည်ရွယ်ချက်က ကိုယ်ချစ်ခင်မြတ်နိုးသူ တစ်ယောက်ကို ဆုံးရှုံးသွားတဲ့ သူတွေအတွက် နာကျင်မှုကို ကူညီ ကုစားဖို့က အဓိက ကျပါတယ်"ဟု ပြောကြားခဲ့သည်။

Haloစတား အဆိုတော်က "ကျွန်မတို့ ပတ်ဝန်းကျင်မှာ မျှော်မှန်းမထားတဲ့ အရာတွေ ဖြစ်ပျက်လာနိုင်တယ်။ ကိုယ်ချစ်ခင်တဲ့ သူတစ်ယောက်ကြောင့် အချိန်တိုင်း၊ မိနစ်တိုင်းမှာ ကိုယ့်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကိုပဲ ကျွန်မ ပြဆိုချင်တာပါ။ အမှန်ဆိုရင် ကျွန်မရဲ့ အသည်းနှလုံးဟာ Challenger ကပ်ဘေးကြီးမှာ အသက်ဆုံးရှုံးခဲ့သူ အားလုံးရဲ့ မိသားစုတွေနဲ့အတူ တစ်ထပ်တည်း ရှိနေတာပါ"ဟုလည်း ဖွင့်ဟခဲ့သည်။ Challenger လွန်းပျံယာဉ်သည် (၁၉၈၆)ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့က ကနေဒီ အာကာသ စခန်းမှ ပျံသန်းထွက်ခွာသွားပြီး (၇၃)စက္ကန့်အကြာ လေထုထဲ၌ ပေါက်ကွဲသွားပြီး လိုက်ပါသွားသူ အာကာသယာဉ်မှူး (၇)ဦးလုံး အသက်ဆုံးရှုံးခဲ့ရသည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်