From :The Voice 
ဂျပန်ပြည်သူများက နှစ်မြို့ခြင်းမရှိသော အိုကီနာဝါကျွန်းရှိ အမေရိကန်စစ် အခြေစိုက်စခန်း တစ်ခုကို နေရာရွှေ့ပြောင်းတော့မည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အိုကီနာဝါ ကျွန်းပေါ်တွင်ရှိသော အမေရိကန် လေတပ်အခြေစိုက် စခန်းတစ်ခု ဖြစ်သည့် ဖူတန်မာ လေတပ် အခြေစိုက်စခန်းသည် ကျွန်းတောင်ပိုင်းတွင် ရှိပြီး ယခု အိုကီနာဝါကျွန်း မြောက်ပိုင်း နာဂိုမြို့အနီးသို့ ပြောင်းရွှေ့မည် ဖြစ်သည်။
ယခုပြောင်းရွှေ့မည် နေရာမှာ မူလနေရာလောက် လူနေထူထပ်ခြင်း မရှိကြောင်း၊ အိုကီနာဝါကျွန်း အုပ်ချုပ်ရေမှူးက ယခုနေရာသို့ ပြောင်းရွှေ့မည်ကို သဘောတူညီခဲ့ကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
အိုကီနာဝါကျွန်းရှိ အမေရိကန်စစ် အခြေစိုက် စခန်းများတွင်ရှိသော အမေရိကန် စစ်သားဦးရေမှာ ၂၆,၀၀၀ ထိရှိပြီး၊ အမေရိကန် စစ်သားအချို့၏ အပြုအမူများကြောင့် ဒေသခံလူထု၏ ငြိုငြင်မှုကို ခံနေရသည်။
အိုကီနာဝါ ကျွန်းပေါ်ရှိ ဖူတန်မာ လေတပ် အခြေစိုက်စခန်းကို ပိတ်ပစ်ရန် အမေရိကန်အစိုးရနှင့် ဂျပန်တို့ ၁၉၉၆ ခုနှစ်တွင် သဘောတူညီမှု ရရှိခဲ့ပြီး မည်သည့်နေရာ ပြောင်းရွှေ့မည့် ကိစ္စမှာ နှစ်ပေါင်းများစွာ ဆွေးနွေး ခဲ့ရပြီးနောက် ယခုကဲ့သို့ သဘောတူညီမှု ရခဲ့ခြင်း ဖြစ်သည်။
အမေရိကန်လေတပ် အခြေစိုက်စခန်းကို အိုကီနာဝါကျွန်း တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပြောင်းရွှေ့မည့် ကိစ္စတွင် အိုကီနာဝါကျွန်း ဒေသခံအစိုးရက ဆန့်ကျင်ခဲ့ကြပြီး၊ ဖူတန်မာ လေတပ် အခြေစိုက်စခန်းကို အိုကီနာဝါ ပြည်နယ်မှ အလုံးစုံ ရုပ်သိမ်းရန် အချို့သော အတိုက်အခံများက လိုလားလျက် ရှိကြသည်။
ယခုအသစ် ပြောင်းရွှေ့ခြင်းကိုလည်း အချို့သော အိုကီနာဝါကျွန်းတွင် နေထိုင်သူများက ဆန့်ကျင်ကြပြီး လမ်းပိတ်ခြင်းစသည့် အင်အားသုံးသည့် နည်းလမ်းများ ဖြင့်ဆန့်ကျင် သွားမည်ဟု နာဂို အစည်းအဝေး ခေါင်းဆောင် ဥက္ကဋ္ဌ ယူချီဟိဂက ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အိုကီနာဝါ ပြည်နယ် အုပ်ချုပ်ရေးမှူး နာကာမနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန် လေတပ်အခြေစိုက် စခန်းသစ်ကို သဘောတူရန်နှင့် အိုကီနာဝါဒေသ စီးပွားရေး ဖွံ့ဖြိုး လုပ်ကိုင်နိုင်အတွက် ထောက်ပံ့ငွေများကို ၂၀၂၁ ခုနှစ်ထိ နှစ်စဉ် ပေးအပ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်။
 
.jpg) 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
.jpg) 
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်