Subscribe to our RSS Feed

မဟုတ်မမှန်ပြောဆိုပြီး ကောလဟာလ သတင်းတွေနဲ့ ရောင်းရပြီးရောဆိုပြီး Eleven Media Group ဂျာနယ်ရဲ့ သတင်းထောက် မခိုင်အား လွိုင်ကော်မြို့နယ် တရားသူကြီးက ထောင်ဒဏ်ချမှတ်ခဲ့ရသည့် ဖြစ်စဉ် အသေးစိတ်

From : .... www.MyanmarExpress.net


Eleven Media Group -၏ သတင်းထောက် မခိုင်အား လွိုင်ကော်မြို့၊ ဒုတိယမြို့နယ် တရားသူကြီး က ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် မြန်မာနိုင်ငံ စာနယ်ဇင်းအဖွဲ့၏ သဘောထားကြေငြာချက်
PEN-Myanmar \ သတင်းထုတ်ပြန်ချက်
အများပြည်သူများမှတစ်ဆင့် အသိပေးတိုင်ကြားခြင်း
Eleven Media Group မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်--- တွေနဲ့ .. ပတ်သက်ပြီး … ဖြစ်စဉ်အမှန်ကို ပြည်သူများ သိအောင် တင်ပြချက်။

ဥပဒေလောကသားတွေဖြစ်တဲ့  ရှေ့နေဥပဒေအရာရှိ တရားသူကြီး ပြည်သူရဲများ၏ ကိုယ်ကျင့်သိက္ခာချရန်အတွက် အများပြည်သူသိရှိအောင် ဂျာနယ်ထဲမှာထည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ရှေ့နေအိမ်သို့ အခွင့်မရှိဘဲ မိမိသဘောဆန္ဒနဲ့ အဓမ္မ၀င်ပြီး အိမ်ရှင်ရှေ့နေ ကို ချိန်းခြောက်ဆဲဆို အသားရေပျက်အောင် စော်ကားခဲ့တဲ့ အပြုအမူအတွက် တရားရုံးတော်က တရားခံထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ (၁၈-၁၂-၂၀၁၃)ရက်နေ့က သတင်းရရှိလိုက်ပါတယ်။
ထိုသတင်းမရမီက (၂၇-၁၀-၂၀၁၃)ရက်နေ့ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ဦးစွာသိရှိ၍ တင်ပြလိုက်ပါတယ်..
လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် မှာနေတဲ့ ဦးသန်းဝင်းဇော်က စလိုက်တဲ့ပြဿနာ ဦးသန်းဝင်းဇော်ဟာ သူများမူပိုင်ဆွဲထားတဲ့ မြန်မာမူပိုင်ဆွဲထားတဲ့ မြန်မာဗွီဒီယိုဇာတ်လမ်း(၁၃)ခွေကို ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ခိုးကူး/ငှားရမ်း/ရောင်းဝယ်/ဖြန့်ချီတဲ့အတွက် လွိုင်ကော်မြို့နယ် တရားရုံးတော်က ဗွီဒီယို အက်စ်ဥပဒေပုဒ်မ (၃၂(ခ)နဲ့ )ပြစ်ဒစ်ချမှတ်ခံထားရသူဖြစ်ကြောင်း သိရှိရပါတယ်…. မြန်မာဗွီဒီယိုဇာတ်လမ်း မူပိုင် လွိုင်ကော်မြို့ ရှမ်းစုရပ်ကွက်ရှိ သီရိမွန်ဗွီဒီယိုဖြန့်ချိရေး တာဝန်ခံ ဦးသောတာသိန်းက ၄င်းတရားဝင် ဆွဲယူထားသည့် မူပိုင် ဇာတ်လမ်းခွေ(၁၃)ခွေအတွက် နစ်နားကြေးငွေ ကျပ်သိန်း(၂၀)ရလိုမှုအတွက် လွိုကော်မြို့ လောဓမ္မရပ်ကွက်နေ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုးကို ရှေ့နေအဖြစ် ကိုယ်စားလှယ်ခန့်အပ်ပြီး ဦးသန်းဝင်းဇော်ထံ နို့တစ်စာချအပ်စေခဲ့ကြောင်း သိရှိပါသည်။ နို့တစ်စာ အချခံရတဲ့ ဦးသန်းဝင်းဇော်ဟာ နစ်နာကြေးပေးရန် ကျပ်သိန်း(၂၀)အတွက် သီရိမွန် ဦးသော်တာသိန်းထံ သွားရောက်ပြီး ငိုယိုအသနားခံ တောင်းပံခဲ့တဲ့အတွက် ဦးသော်တာသိန်းက သနားငဲ့ညာပြီး ကျပ်သိန်း(၂၀)အစား ကျပ်(၂)သိန်းသာ ပေးရန် လိုက်လျောခဲ့ကြောင်း ဦးသော်တာအား ဦးသန်းဇော်ဝင်းအား နောင်တွင် ထိုသို့ သူများ မူပိုင် ဥပဒေမဲ့ မပြုရန် ရှေ့နေ ဒေါ်အေးအေးဖြိုးထံ ငွေ(၂)သိန်းကျပ် ပေးခဲ့ပြီး ၀န်ခံကတိ ချုပ်ဆိုပေးရန် ပြောကြားခဲ့ကြောင်း သိရှိရ။


ဦးသန်းဇော်ဝင်း လောဓမ္မရပ်ကွက်ရှီ ရှေ့နေ ဒေါ်အေးအေးဖြိုး အိမ်ရောက်သည့်အခါ ၄င်းတွင် ယခု ငွေ(၂)သိန်းကျပ် မပါလာသေးကြောင်း၊ (၃/၄)ရက်နေပြီးမှ လာပြီး ပေးပါရစေဟု ပြောဆို၍ ပြန်သွားခဲ့ကြောင်း (၃)ရက်ခန့်အကြာ ဦးသန်းဝင်းဇော်မှာ ဦးသော်တာသိန်းပေးခိုင်းသော ငွေ(၂)သိန်းကို ပေးလိုသော ဆန္ဒရှိဟန်မတူ၍ မိမိတစ်ဦးတည်း ရှေ့နေအိမ်မသွားဘဲ ကယားလူမျိုးစု ဒီမိုကရေစီပါတီရုံးတွင် အခန်းငှားနေသော Eleven Media Group မှ သတင်းထောက် ဒေါ်ခိုင်ခိုင်အေးချို(ခ) မခိုင်ဆိုသူနှင့် အခြားအမည်မသိသူ (၂)ဦး စုစုပေါင်း (၄)ဦးသာ ဆိုင်ကယ်(၂)စီးနှင့် အခင်းဖြစ်သည့်ည (၇)နာရီခွဲကျော်ချိန်ခန့်အထိ လောဓမ္မရပ်ကွက်ရှိ ရှေ့နေ နေအိမ်သို့ ပိတ်ထားသော ခြံစည်းရိုးတံခါးဂလန့်ကို မိမိတို့သဘောဖြင့် ဆွဲဖွင့်၍ ၀င်ရောက်ပြီး အိမ်ရှေ့ဧည့်ခန်းရှိ ကုလားထိုင်များတွင် ၀င်ေ၇ာက်ထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုအချိန်က အိမ်ရှင်မိသားစုမှာ အဆိုပါခြံဝိုင်းအတွင်းရှိ မီးဖိုချောင်တိုက်ခန်းတွင် ညစာစားသောက်နေချိန်ဟု သိရှိရပါသည်။ စာရေးသူ လေ့လာတွေ့ရှိချက်အရ အခင်းအပြစ်အမှု ပြစ်မှုကြီးမှုအမှတ်၃၆ ၁၆/၁၃ အမှု၏ ရုံးရှေ့သက်သေ ထွက်ဆိုချက်နှင့် အိမ်ရှင်မိသားစု ပြောပြချက်အရ သတင်းထောက်မခိုင်က ခြံဝင်းထဲဝင်ဝင်ခြင်း ရှေ့နေမဆိုတာ ရှိသလား ခေါ်ပေးစမ်းဟူသော စကားလုံးဖြင့် ရင့်ရင့်သီးသီးစကားလုံးဖြင့် စတင် မိတ်ဖွဲ့လိုက်ကြောင်း သိရှိရပါသည်။


အိမ်ရှေ့ဧည့်ခန်း ကုလားထိုင်တွင် ထိုင်နေသော သတင်းထောက်မခိုင်က ထမင်းစားတိုက်ခန်းမှ မိမိထံလာနေသော ရှေ့နေ ဒေါ်အေးအေးဖြိုးအား ငါက Eleven Group သတင်းထောက်ပဲ ရှေ့နေ ဥပဒေ တရားသူကြီးတွေ၊ ရဲတွေ မရှိဆင်းရဲသားထံမှ ငွေညစ်တောင်းခံနေသည့် ကိစ္စကို အများပြည်သူသိရှိအောင် ဂျာနယ်ထဲထည့်ဖို့ သတင်းလာယူသာဟု ထပ်မံဝါးလုံးရှည်ရှည်ဖြင့် ရမ်းပြီး စော်ကားခဲ့ကြောင်း သိရှိရပါသည်။
သတင်းထောက်မခိုင် နုတ်ဖျားမှထွက်လိုက်သော နှုတ်ထွက်စကားလုံးသည် ဒီကနေ့ တရားဥပဒေ စိုးမိုးရေးအတွက် အရှိန်အဟုန်မြှင့် ဥပဒေအလုပ် လုပ်နေကြသည့် ဥပဒေလောကသားများကို တမင်တကာအပြစ်ရှာ ဖန်တီးပြုမူလိုက်သည့်အပြုအမူဖြစ်ကြောင်းကို“သတင်းထောက်မခိုင် လေးဘက်နံရံအတွင်း အခန်းကျဉ်း ထဲရောက်မှအမူးပြေပြီး မှားမှန်းသိလောက်မည်ဖြစ်ပါသည်။”
သူများမူပိုင်အား ခိုးကူးသော“ဦးသန်းဇော်ဝင်း”နောက်သို့ ဘာမသိညာမသိလိုက်ခဲ့မိသော မူးကြောင်ကြောင်ရူးကြောင်ကြောင်သတင်းထောက်မခိုင်၏လုပ်ဇာတ်ကိုမပြည့်အိုးတွေက အင်တာနက်ထဲမှာ “အများတကာထင်ယောင်ထင်မှား ဖြစ်အောင်”ရေးထည့်ကြတာအင်မတန်မှ အရုပ်ဆိုးအကျည်းတန်လှတယ်လို့ဆိုရမယ်။
အများတကာသိအောင်အများကသနားအောင် “ရေးဘို့ဆိုလျှင်ပထမဦးဆုံးဇစ်မြစ်ကို အစအဆုံး စနစ်တကျလေ့လာဆန်းစစ်သုံးသပ်သင့်တယ် ခုတော့ဒီလိုမဟုတ်ပြီ။” ညအချိန် သူများအိမ်ဝိုင်းထဲ ခွင့်ပြုချက် တစ်စုံတစ်ရာတောင်းခံခြင်းမရှိ မိမိတို့လူ(၄)ယောက် လူမိုက်လုပ်ပြီးရှေ့နေ ဒေါ်အေးအေးဖြိုးကို သွားရောက် ဆဲဆို ခြိမ်းခြောက် ကြိမ်းဝါးပြီး ကိုယ်ထိလ က်ရောက်ကျူးလွန်သည်အထိ ပြုမှုဘို့ ၀န်မလေးတဲ့ အနေအထားနဲ့ အပြုအမှုကို အချိန်မှီ အိမ်ဝိုင်းထဲက ဆွဲထုတ်လိုက်လို့သာ နောက်ထပ်ပုဒ်မ လျော့သွားတဲ့ ကိစ္စကို
*မြန်မာနိုင်ငံ စာနယ်ဇင်း အဖွဲ့ဝင်တွေ
* PEN Myanmar သတင်းထုတ်ပြန်ရေးအဖွဲ့တွေ
* Eleven Media Group ဦးဝေဖြိုးတို့ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးဝင်းရွှေတို့ မသိလိုက်တာ နာတယ်ဗျာ”
အင်တာနက်ထဲ Premur , Eleven , Sport , ဂျာနယ်ထဲ Daily ,သတင်းစာတွေထဲမှာ ရေးထဲ့ထားသည့် သတင်းထောက်မခိုင်ရဲ့ အပြုအမှုနဲ့ လုပ်ရပ်ကို သိခဲ့မည် ဆိုပါက သူ့အား မည်သူကမျှ သနားရန် အကြောင်း မမြင်လို့ပါ။
ကြည့်လေ သူ့လုပ်ရပ်က … သူ့ လူတွေကိုလည်း အဖြစ်မှန်ကို အမှန်အတိုင်း ပြော့ပခဲ့ခြင်းမရှိ ဖုံးဖိပြီး ကိုယ်လွတ်ရုံးတဲ့ သဘောနဲ့ ထွက်ဆိုချက်တွေပေးထားတဲ့ အနေအထား တွေ့ရပါတယ်…
“ ရှေ့နေ ဒေါ်အေးအေးဖြိုးကပဲ တရားဆွဲဆိုတာ မှားတယောင်ယောင် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တရား သူကြီးကပဲ လွန်သယောင်ယောင်နဲ့ ရေးထားလိုက်တာ”
ဒီကြားထဲ ရှေ့နေ အမည်ခံ ပုဂ္ဂိုလ်ကလည်း ဒီအမှုမျိုးဟာ ဒဏ်ငွေနဲ့ ပေးရမည့် အမှုမျိုးဆိုပြီး ပြစ်မှုကျူးလွန်တာကို ထောက်ခံသယောင်နဲ့ ခေတ်နောက်ပြန်ဆွဲ တဲ့ စကားတွေပြောနေတယ်.. မတရားသဖြင့် ဆွဲချက်တင်တယ်… အမှုကို စီရင်ချက်ချတယ်ဆိုပြီး တရားရုံးတော်ကို တိုင်းသိပြည်သိ စော်ကားတယ် အမှုစစ်တာမြန်တယ်. ပြစ်ဒဏ်ကို ထောက်ဒဏ်ထိ ချတယ်ဆိုပြီး တရားရုံးတော်ကို ဝေဖန်တယ် ဥပဒေနားလည်တတ်ကျွမ်းသူတိုင်း သိပြီးသား ရာဇသတ်ကြီး / ပြစ်မှုကျင့်ထုံးတွေမှာ တရားရုံးလက်ဆွဲ စီရင်ထုံးတွေမှာ ပြစ်မှုပုဒ်မကို ဘယ်လိုပြစ်ဒဏ်ကျူးလွန်လျှင် ဘယ်၍ဘယ်မျှချမည်လို့ ပါပြီးသား တရားခံအပေါ် ပြစ်မှုကျူးလွန်းကြောင်း သက်သေထင်ရှားထွက်ဆိုထားပြီးသား ဖြစ်ပါလျှက် လျှော့ပေါ့တာဆိုရင် တရားသူကြီးလတ်စားလို့ ပြစ်ဒဏမြင့်လွန်းရင်လည်း တရားသူကြီး လတ်ယူလို့ဆိုပြီး ပြောစရာတွေကြီးပဲ
အခုကြည့်လေ ရှေ့နေ ဒေါ်အေးအေးဖြိုးဆွဲဆိုတဲ့အမှုမှာ ပြစ်မှုပုဒ်မ ၄၅၁ ၂၉၄(ခ) / ပုဒ်မ ၅၀၀ တရားခံက ပြစ်မှုကျူးလွန်တာ ထင်ရှားလို့ဆိုပြီး ရုံးတော်က ဥပဒေနှင့်အညီ ချမှတ်လျှင် ပုဒ်မ ၄၅၁ အိမ်ကျော်နင်းမှု ကျူးလွန်လျှင် ထိုသူကို ထောက်ဒဏ်(၂)နှစ် အပြင် ငွေဒဏ်လည်းချမှတ်ရမည်တဲ့ … ပုဒ်မ ၅၀၀ မှာ ပြဌာန်းထားတာက အခြားသူ တစ်ဦး၏ အသားရေကို ဖျက်လျှင် ထိုသူကို (၂)နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်/ ငွေဒဏ် / ဒဏ်(၂)ရပ်လုံးဖြစ်စေ ချမှတ်ရမည်တဲ့ ပုဒ်မ ၂၉၄(ခ) ကိုကျူးလွန်လျှင် ထောင်ဒဏ်(၃)လ ငွေဒဏ် နှစ်မျိုးလုံးလဲ ချမှတ်နိုင်တယ်ဆိုပြီး ပုဒ်မ အသီးသီးက အသေအချာ ပြထားလျှက်ပါ .. ယခုအမှုမှာ တရားသူကြီးက တရားခံပြစ်မှုကျူးလွန်တာ ထင်ရှားတယ်ဆိုပြီး ပုဒ်မတစ်ခုစာ ထောင်ဒဏ်(၃)လသာ ချမှတ်ခဲ့တာဟာ တရားခံအပေါ် များစွာ သက်ညှာလွန်းသဖြင့် ပြစ်မှုကျူးလွန်သူများအနေဖြင့် ပြစ်ဒဏ်ပေါ့လျော့သည့်အပေါ် လူမသမာတွေ အခွင့်အရေးယူပြီး တရားဥပဒေစိုးမိုးရေးဆိုသည့် ရည်မှန်းချက် ပျက်သွားနိုင်တာကို Eleven Media Group သတင်ထောက်အဖွဲ့ သတိထားဖို့ လိုတယ်လို့ အသိပေးချင်တယ်…
သတင်းထောက်မခိုင်ကို တရားလိုဆွဲဆိုတဲ့ ပြစ်မှုပုဒ်မ ၄၅၁ ၊ ၅၀၀၊ ၂၉၄(ခ)၊ ပုဒ်မတွေရဲ့ ပြဌာန်းချက်တွေကို အယ်လ်ဒီတာချုပ်ကြီးတို့ ရှေ့နေကြီးတို့ သတင်းမီဒီယာအဖွဲ့တွေ ရာဇသတ်ကြီးမှာ ပြန်ရှာ ဖတ်ကြပါဦးလို့ အကြံပေးချင်တယ်… အများပြည်သူ ယုန်ထင်ကြောင်ထင်ဖြစ်အောင် သတင်းစာထဲမှာ ရေးထဲ့စရာမရှိလို့ ရှိတဲ့သတင်းကို ပြည်သူလူထုထံ ရောင်းရပြီးရောဆိုပြီး ကြိတ်ပုံးလုပ်နေတာတွေ ရပ်တန်းက ရပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်..
သတင်းထောက်မခိုင် ရဲ့ တရားလိုအပေါ် ကျူးလွန်တဲ့ ဥပဒေ ပုဒ်မ ၄၅၁၊ ၅၀၀၊ ၂၉၄(ခ)တို့ရဲ့ ပြစ်ဒဏ်(၄)နှစ်(၃)လ ထောင်ဒဏ်ကို အသက်အညှာဆုံး ထောင်ဒဏ်(၃)လချမှတ်ခဲ့ခြင်းတွင် တရားလိုရှေ့နေ ဒေါ်အေးအေးဖြိုးကလွန်သလား .. တရားသူကြီးက လွန်သလား…. Eleven Media Group က လွန်သလား… အများပြည်သူအနေဖြင့် ခွဲခြားသိနိုင်မည် ထင်ပါသည်…
သတင်းထောက်မခိုင်၏ အပြုအမှုနှင့် လုပ်ရပ်ကလည်း ကြည့်ပါဦး သတင်းထောက် ကျင့်ဝတ် သိက္ခာ သတင်းသမားတွေ လိုကနာရမည့် စည်းမျဉ်းစည်းကမ်း လောကနီတိဆိုတဲ့ လူ့ကျင့်ဝတ်ဆိုတာတွေ ဘာမှ နားမလည်ဘူးဟု ဆိုရမည် အရိပ်သုံးပါ နားမလည်လို့ ဂျီသငယ် ကျားစာဖြစ်ကိန်း သူ့ပုံစံကို ကြည့်ပါဦး ဆံပင်က စုပ်ဖွား ၊ အင်္ကျီက ကွက်ကျား ဘောင်းဘီဖင်ကျပ် လွယ်အိပ်ကို သိုင်းလွယ်ထားတဲ့ သူမရဲ့ပုံစုံကို မှန်းကြည့်ကြပါ။ ။ အဆင့်ရှိ သတင်းထောက် တစ်ယောက်ရဲ့ ပုံစံ ပေါ်မပေါ် စတိုင်လို့ ပြောချင်ပါသလား… ကာလံဒေသံ အဂ္ဂံဓနံဆိုတဲ့ လောကစကားရှိတယ်… သူ့နေရာနဲ့သူ ရိုးရိုးယဉ်ယဉ်ဝတ်စားဆင်ယင်သင့်သည်။တရားခွင်မှာ တရားသူကြီးက သူမကို အ၀တ်အစား ပြန်လဲခိုင်းရသည့် အခြေအနေရောက်ခဲ့တာတွေကော ဦးဝေဖြိုးတို့ အကြံပေး ဥာဏ်ပေး အဖွဲ့တွေ ပုဂ္ဂိုလ်တွေ သိပါရဲ့လား…
အဖြစ်သနစ် အကြောင်းအရင်းခံကို သိရဲ့ လား စနစ်တကျသိရှိအောင် လေ့လာပြီးမှ အင်တာနက်တို့ သတင်းဂျာနယ်တို့မှာ ရေးသင့်ပါတယ်.. ကိုယ့်ငါးချဉ် ကိုယ်ချဉ်သာ မဆန်းဘူးဆိုပေမယ့် အများပြည်သူကို ထင်ယောင် ထင်မှား ဖြစ်အောင် သတင်းဖြန့်ပြီး ဆွဲအထည့်ဖို့ သတိပေးလိုပါတယ်… ရှေ့နေ ဒေါ်အေးအေးဖြိုးရဲ့ ဖခင် ဦးအောင်ရှိန် မိသားစုအကြောင်း ဘာမှမသိလို့ တဇွတ်ထိုး မူးမူးရူးရူး စိတ်ထင်တိုင်း ပြုမှုခဲ့တဲ့ သတင်းထောက်မခိုင်အနေနဲ့ ရိုးသားယဉ်ကျေးသိမ်မွှေ့စွာနဲ့ အိမ်ခြံထဲ ၀င်ရောက်ခဲ့မည်ဆိုလျှင် ဦးအောင်ရှိန်မိသားစုရဲ့ နွေးထွေးတဲ့ အကြိုအပြုံးတွေနဲ့ မုချတွေမည်ဆိုတာ ပြောချင်တယ်… ကိုယ်တွေ့မို့ ပြောရဲတာ…
ရှေ့နေ ဒေါ်အေးအေးဖြိုးရဲ့ ဖခင်ဟာ မြို့မိ မြို့ဖတစ်ဦး တရားလွတ်တော်ရှေ့နေ ဂေါပက လူကြီးတစ်ဦးဖြစ်ပြီး NLD ပါတီ လွိုင်ကော်ခရိုင် ဥကဌ တစ်ဦးလည်း ဖြစ်တယ်… ရပ်ကွက်မှာ ဘာသာရေးနှင့် ပတ်သက်လို့ အထူးလေးစားဖွယ်ရာ မိသားစုဖြစ်ကြောင်း၊ စာရေးသူ သိသလို တစ်ရပ်ကွက်လုံးကလည်း စံနမူနာယူရတဲ့အထိ နူညံသိမ်မွှေ့ပြီး ဂုဏ်ယူစရာကောင်းတဲ့ မိသားစုဖြစ်ကြောင်း သိစေလိုပါတယ်…
ဒီလိုအခြေအနေတွေရှိနေတဲ့ မိသားစုကိုမှ သတင်းထောက်မခိုင် တစ်ယောက် ဆင်ခြင်တုံတရားကင်းမဲ့စွာ သွားရောက်စော်ကားမိတာ မိမိရဲ့ မဟာအမှားတစ်ခုပဲဆိုတာ… ကျန်တဲ့ မီဒီယာတွေ သိသင့်တယ်.. အကျင့်သိက္ခာကောင်းတဲ့ သတင်းဂျာနယ်လစ်ဆိုသူအပေါ် သူမှန်နေသရွေ့ တရားဥပဒေကလည်း သူ့ဘက်ကပဲ ရှိနေမှာပါ.. အဲဒီသတင်းဂျာနယ်လစ်ပဲဖြစ်ဖြစ် သူ့အဖေပဲ ဖြစ်ဖြစ် သူတစ်ပါးရဲ့လွတ်လပ်မှုကို ဥပဒေမဲ့ ကျူးလွန်သူကိုတော့ အယုတ်အလတ် အမြတ်မရွေး တရားဥပဒေက ဆုံးမသွားလိမ်မယ်ဆိုတာ ကြိုသိရလိမ်မယ်…


ငါဟာ ဘာသတင်းထောက်ပဲ ညာသတင်းထောက်ပဲ ဆိုပြီး ပိုင်စိုးပိုင်နင်းနဲ့ သူများအိမ်ခြံဝင်းထဲ အခွင့်မရှိဘဲ ခြင်ထောင်ထဲအိပ်နေတဲ့ လင်မယား အတူနေတာ သတင်ယူလိုဇောနဲ့ ၀င်ကြည့်ပါလား… ကောင်းကောင်းပါးရိုက်ခံရမည်.. သတင်းလွတ်လပ်ခွင့်ဆိုတာရှိပါတယ်… ဥပဒေကလည်း သူ့နေရာနှင့်သူ အကန့်လေးတွေနဲ့ .. ပြဌာန်းထားတယ်.. သတင်းလွတ်လပ်ခွင့် သတင်းယူခွင့် မီဒီယာတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ နိုင်ငံတော်က ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေအရ သင့်တင့်လျောက်ပတ်စွာ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုပေးထားပြီ ဖြစ်တာ အားလုံးသိနေကြပါပြီ Eleven Media Group က သတင်းသမားတွေ မသိတာ (နာတယ် .. သနားလည်း သနားမိတယ်..)။
ယခု သတင်ထောက် မခိုင်အပေါ် လွိုင်ကော်မြို့နယ် တရားရုံးဒုတိယတရားသူကြီးရဲ့ တရားခွင်က “ မခိုင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတိုင်းအတာရဲ့ ” အသက်ညှာဆုံးသော ပြစ်ဒဏ် အလုပ်နှင့် ထောင်ဒဏ် (၃)လသာ ချမှတ်ခဲ့တာကို “ ဦးဝေဖြိုးနဲ့ သတင်းမီဒီယာတွေ အကြံပေးတွေ ပေါင်းအပါတွေက မကျေနပ်လို့ သမ္မတကြီး ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်ထံကို အမိန့်ချမှတ်သည့် တရားသူကြီးကို မကျေနပ်ကြောင်း မတရားသဖြင့် ပြစ်ဒဏ်ချကြောင်း၊ ဒဏ်ငွေနှင့် လုံလောက်ပါလျှက်နဲ့ ထောင်ဒဏ်(၃)လချမှတ်တာ မကျေနပ်ကြောင်း၊ တင်ပြတာ မလုံလောက်သေးရင် CPJ, RSF, WAN, IFRA ကုလသမဂ္ဂ နိုင်ငံတကာ သံရုံးများနှင့် မလုံလောက်သေးရင် အမေရိကန် သမ္မတ တရုတ်ဝန်ကြီးတို့ ရုရှားတို့ မြောက်ကိုရီးယားတို့ ကျန်သေးတယ်… အားလုံးမကျန်စေနဲ့နှံ့အောင်သာပို့..
“ ငွေကုန်မယ်၊ အချိန်ကုန်မယ် မှင်ကုန်မယ် လူပန်း စိတ်ပင်ပန်းမယ် အရေမရ အဖတ်မရ အချီအနှီးပဲ ကိုယ့်ဟာကမှ အဆင့်မရှိတဲ့ အလုပ်ကို သွားလုပ်တာကို အဆင့်မရှိတဲ့အလုပ်ကို လုပ်မှန်းသိလျှက်နဲ့ပင် ရောပြီးလုပ်တဲ့သူလည်း အဆင့်မရှိဖြစ်လိမ်မယ်..


လွိုင်ကော်မြို့နယ် တရားရုံးဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ ပါ ပြဌာန်းချက်နှင့် ကိုက်ညီခြင်းမရှိဟု Eleven Media Group က ကန့်ကွက်ထုတ်ပြန်ချက်ဟာ မှားနေတယ်…
ပုဒ်မ ၃၅၄ မှာ ဆိုထားတာက နိုင်ငံသားတိုင်း နိုင်ငံတော်လုံခြုံရေး တရားဥပဒေ စိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ် ) ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းချက်ဥပဒေများနှင့် အဆန့်ကျင်လျှင် မိမိယုံကြည်ချက်… ထင်မြင်ချက်… လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရေးသားဖြန့်ဝေခွင့် လက်နက်မပါပဲ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် တိုင်းရင်းသား လူမျိုး တစ်မျိုးနှင့် တစ်မျိုး (သို့မဟုတ်) တိုင်းရင်းသားအချင်းချင်း… အခြားဘာသာ သာသနာကို ထိခိုက်နစ်နာမှု မရိစေဘဲ … စကားစာပေယဉ်ကျေးမှု ဓလေ့ထုံတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဌာန်းထားပါသည်။……
တရားသူကြီးက သတင်းထောက်မခိုင် သူများအိမ်ထဲ အဓမ္မ ၀င်ရောက်ပြီး ပိုင်နက်ကျူးလွန်မှု ၊ ဆဲဆိုကြိမ်းမောင်း၊ခြိမ်းခြောက်စော်ကားမှု ပြုတာကို ဒီအတိုင်း လက်ပိုက်ကြည့်ပြီး ဒဏ်ငွေလောက်နဲ့ ပြီးပြတ်ရမှာလား… လူကြီးမင်းတို့ ရှေ့နေ ဒေါ်အေးအေးဖြိုးနေရာက ခဏလောက်လာနေကြည့် လူသတ်မှုတောင် ဖြစ်မှာသေချာပါတယ်… ယခု ဒေါ်အေးအေးဖြိုးမိသားစု စိတ်နေသဘောထား တော်တော်ကိုကောင်းပြီး သူတော်ကောင်းစိတ်ရှိလို့သာပေါ့ဗျာ…
Eleven Media Group သတင်းဂျာနယ် မိသားစုနဲ့ အပေါင်းအပါများအနေနဲ့ နိုင်ငံတော်အကြီးအကဲတွေ စိတ်ဆင်းရဲအောင် အဆင့်မရှိတဲ့စာတွေ မရေးဖို့ ပါ.. ကမ္ဘာနိုင်ငံအသီးသီးကို ပေးပို့ရင်လည်း ပျက်လုံးဖြစ်သွားမယ်…


တစ်ခုအသိပေးလိုက်ပါရစေ …. ယခု တရားဥပဒေရဲ့အထက်မှာ မည်သူမှ မရှိစေရတဲ့ သိရဲ့လား… သမ္မတလည်းမရှိ၊ ဒေါ်အောင်ဆန်းစုကြည်လည်းမရှိရ ပြည်သူ့လွှတ်တော်တွေ စိစစ်ရေးကော်မတီတွေလည်း မရှိရ(လဒ်ပေးလဒ်ယူဆောင်ရွက်ရေးကော်မတီလည်းမရှိရလို့)ဆိုတဲ့အကြောင်းအရာတွေကို ကယားပြည်နယ်သူ.၊ ပြည်နယ်သား အားလုံးသိကြပါတယ်…
အထက်ပါ Eleven Media Group အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ PEN Myanmar သတင်းအဖွဲ့၊ အကြံပေးအဖွဲ့ အားလုံး (သတင်းမီိဒီယာကျင့်ဝတ် သတင်းထောက်ကျင့်ဝတ်၊ ပြည်သူ့နီတိ၊အခြေခံဥပဒေသိဘို့)နီးစပ်ရာမူကြိုကျောင်းတွေမှာ အစက ပြန်သင်ကြားကြပါဦးလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်ဗျာ… 

9 comments:

So far as I have read Myanmar media, I find that all media including BBC, VOA, RFA are worthless. (MEG, MDStar, Oppisite Eye, Kyemon, Myanmar Alin excluded).

All rubbish media must be cleaned.

Freedom of Press will lead lawless country .

cannot understand.
this disputed case should reopen
and retrial so that the argument
will settle between two groups.
the retrial will decide which side
is wrong and which side is right.

and the general public.

news is quite informative.

news is quite informative.

မင်းတို့အားလုံး အတူတူဘဲ သရေကွင်းဥပဒေ

ရှင်းတယ်နော် ME/EMG

ဥပဒေအထက်ကလူ

အဖြစ်မှန်သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်