Subscribe to our RSS Feed

၂ဝ၁၂ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ မြင်တွေ့ခွင့် ရမည့် အကယ်ဒမီဗန်းကိုင် (၈)ဦး

From : Popular 
 ၂ဝ၁၂ ခုနှစ် မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနား အတွက် ဆု ဗန်းကိုင်လျှောက် ထားသူများ၏ အရည်အချင်း စစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်နေ့ တို့က အပြီးသတ် ယှဉ်ပြိုင် စေပြီးရွေးချယ် ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီ ဗန်းကိုင် ၈ ဦးပေါ်ထွက် လာခဲ့သည်။
ယခုနှစ် အတွက် အကယ်ဒမီ ဗန်းကိုင် ရွေးချယ်မှုတွင် ပုံစံပြောင်း လဲမှုနှင့် စတင် ရွေးချယ်ခဲ့သလို အကဲ ဖြတ် အမှတ်ပေး စနစ်များဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ အကဲဖြတ် ရွေး ချယ်ရေး အဖွဲ့တွင် စာနယ်ဇင်း ဆရာ များဖြစ်သည့် ဦးဝင်းငြိမ်း (အလင်း တန်းဂျာနယ်)၊ ဆရာ ဦးမြတ်ခိုင် (လျှပ် တစ်ပြက် ဂျာနယ်)၊ ဆရာ ကိုမျိုး (မြန်မာစာ) (ပေါ်ပြူလာ ဂျာနယ်) တို့နှင့်အတူ အနုပညာရှင် များဖြစ်သည့် ရန်အောင်၊ မိုက်တီး (ဒါရိုက်တာ)၊ မျိုးသန္တာထွန်း၊ ထွန်းအိန္ဒြာဗို၊ မို့မို့မြင့်အောင်၊ မေသန်း နု၊ အိန္ဒျြာကျာ်ဇင် တို့က အကဲဖြတ် အမှတ်ပေး ရွေးချယ်ခဲ့ပြီး ယခုနှစ် အတွက် အကယ်ဒမီ ဗန်းကိုင် ၈ဦးကို မွေးထုတ်ပေးခဲ့သည်။

အဆိုပါ ၈ ဦးကို အကယ်ဒမီ ဗန်းကိုင်လျှောက်လွှာ တင်ခဲ့သည့် ၉ဝ ကျော် ထဲကမှပြန်လည် စိစစ်ရွေးထုတ်၍ ပဏာမ ၅၈ဦး ၊ထို့နောက် ဆန်ခါတင် ၁၅ ဦးထဲ ကမှရွေး ထုတ်ပေးခဲ့ ခြင်းဖြစ် သည်။

ယခုနှစ် အကယ်ဒမီ ဗန်းကိုင် ၈ ဦးမှာတော့ မေမြင့်မိုရ်၊ ဆောင်း ဝတ်ရည်မေ၊ လမင်းအိနြေ္ဒ (ခေါ်) ရွှေ ယမင်းအေး၊ အင်ကြင်းထူး၊ ရှင်ဝေ နိုင်ဦး၊ ခိုင်ဇင်သင်း (ခ) ပန်း ရောင်၊ နှင်းဆီဝိုင်(ခ)ခိုင်စံဝေကျော်၊ မေစူး နိုင်းတို့ဖြစ်သည်။

နှင်းဆီဝိုင်

“အကယ်ဒမီ ဗန်းကိုင် ဖြစ်ခွင့် ရတာကို ဂုဏ်ယူမိပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်ဒမီ ဆု ပေးပွဲကို တစ်တိုင်းပြည် လုံးမှာ ရှိတဲ့ သူတွေ အကုန် လုံးက ကြည့်ကြ တာလေ။ အဲဒီတော့ အကယ်ဒမီ ဗန်းကိုင် တစ်ဦးဟာ ပေါ့ပြက်ပြက် စိတ် နဲ့လုပ်လို့ မရပါဘူး”

မေမြင့်မိုရ်

“အကယ်ဒမီ ဆု ဆိုတာက အနုပညာရှင်တွေ ရဲ့ မှတ်တိုင် တစ်ခုပါ။ အဲဒါကြောင့် အခုလို အကယ်ဒမီ ဆု ကြီးကို ပေးအပ်ရမယ့် အကယ်ဒမီရွှေစင် ရုပ်တု ရဲ့ ဗန်း ကိုင်ဖြစ်မယ် ဆိုတော့ တအား ကို ပျော်ရွှင်မိတယ်။

ရှင်ဝေနိုင်ဦး

အကယ်ဒမီ ဗန်းကိုင် တစ်ယောက် ဖြစ်ခွင့်ရလာ တဲ့ အတွက် အနုပညာ လျှောက်လမ်းမှာ လမ်းကြောင်း တစ်ခု ပွင့်လာတယ်လို့ မျှော်လင့်မိပါ တယ်။ အနုပညာက ညီမ အတွက် ဘဝ အစိတ်အပိုင်း တစ်ခုလိုပါပဲ။”

အင်ကြင်းထူး

“အကယ်ဒမီ ဗန်းကိုင် တစ်ယောက် ဖြစ်ခွင့် ရတယ် ဆိုတော့ အနုပညာ လမ်းကြောင်း ပွင့်လာဖို့ မျှော်လင့်ထားတယ်။ ဒီကနေပဲ ရပ်တန့်နေ မှာ မဟုတ်ပါဘူး။ ဆက် ပြီးတော့ ကြိုး စားနေဦးမှာပါ။ အနုပညာလျှောက် လမ်းပေါ်မှာပေါ့”

လမင်းအိနြေ္ဒ

မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကြီးမှာ အကယ်ဒမီ ဗန်းကိုင် ခွင့်ရတဲ့အတွက် လည်းဝမ်းသာမိ တယ်။ ဒီလိုဆု ဆိုတာကလည်း တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့ အနု ပညာ ရှင်၊ အတတ်ပညာရှင်တွေ ကို ပေးတာ မို့ တအားကိုလည်း နတ်ကြီးတဲ့ ဆုကြီး လို့ ပြောရမှာပေါ့။ အဲဒါကြောင့် ဒီလို ဆုပေးပွဲ မျိုးမှာ ပါ ဝင်ခွင့်ရတဲ့ အတွက် အခု တအား ကို ပျော်ရွှင်ပြီး ဂုဏ်ယူမိနေပါတယ်”

မေစူးနိုင်း

“အကယ်ဒမီ ဗန်းကိုင်ဖြစ် ခွင့်ရတာနဲ့ အတူ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားသွားပါမယ်။ အနု ပညာ နယ်ပယ်ကို အခုမှ စဝင်တာဖြစ်တဲ့ အတွက် အနုပညာနဲ့ ပတ်သက်ရင် အစွမ်းကုန် ကြိုးစားသွားချင်တယ်”

ခိုင်ဇင်သင်း(ခ)ပန်းရောင်

အကယ်ဒမီ ဗန်းကိုင် တစ်ယောက် ဖြစ်ခွင့်ရတဲ့ အတွက် တအားကို ဂုဏ်ယူမိတယ်။ အခု ပထမဦးဆုံး အနုပညာခြေလှမ်း ဖြစ်တဲ့ အတွက် ကျောင်းပြီး သွားရင် အနုပညာ နယ်ပယ် မှာ ဆက်လက် လျှောက်လှမ်းသွားမယ်လို့ မျှော်မှန်း ထားပါတယ်။”

ဆောင်းဝတ်ရည်မေ-

“အကယ်ဒမီ ဗန်းကိုင် ဆို တာကလည်း အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကြီး အတွက် တစ်စိတ်တစ်ဒေသ အရေးပါပြီးတော့ တာဝန် နည်းနည်းကြီးတဲ့ အထဲမှာပါမယ် လို့ ထင်ပါတယ်။”

ထက်လူလူ
ဓာတ်ပုံ-မင်းမင်းထွန်း 

2 comments:

We are happy for the girls to hold BAN not the PANN like Aung San Su Kyi who holds kalar PANN.

တယောက်မှ့ ပု့မလာဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်