Subscribe to our RSS Feed

Ballon d'Or အခမ်းအနားမှူးအဖြစ် တာဝန်ယူမည့် ဖာနန်ဒါလီမာ

From : Planet Myanmar Network


ဇန်နဝါရီလတွင် Ballon d'Or ဆုပေးပွဲကို ကျင်းပမည်ဖြစ်ရာ အသက်(၃၆)နှစ်ရှိ ဖာနန်ဒါကိုပင် အစီအစဉ်မှူးအဖြစ် FIFAက တာဝန်ပေး ရွေးချယ်ခံရသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲမှု အခမ်းအနားတွင် လူသိများခဲ့သည့် ဘရာဇီးလ်အလှမယ် ဖာနန်ဒါလီမာ အနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) ဆုပေးပွဲတွင်လည်း အစီအစဉ်မှူးအဖြစ် တာဝန်ယူသွာမည်ဟု သိရသည်။ အသက်(၃၆)နှစ်ရှိ ဖာနန်ဒါ၏ ဆွဲဆောင်မှု အားကောင်းသော ပုံရိပ်သည် FIFA၏ ကမ္ဘာ့ဖလား မဲခွဲမှု အခမ်းအနားတွင် ဘောလုံးပရိသတ်များ တသသ အောက်မေ့ပြောဆိုရမည့် အခြေအနေအဖြစ် ပုံရိပ်ထင်ကျန်ခဲ့သည်။


သို့သော်လည်း ဖာနန်ဒါ၏ ပရိသတ် အနေဖြင့် ဘောလုံးနှင့် ပတ်သက်သည့် နောက်ထပ် အထင်ကရ အစီအစဉ် တစ်ခုတွင် ဖာနန်ဒါကို ထပ်မံတွေ့မြင်ခွင့် ရရှိလာမည် ဖြစ်သည်။ ဇန်နဝါရီလတွင် Ballon d'Or ဆုပေးပွဲကို ကျင်းပမည်ဖြစ်ရာ အသက်(၃၆)နှစ်ရှိ ဖာနန်ဒါကိုပင် အစီအစဉ်မှူးအဖြစ် FIFAက တာဝန်ပေး ရွေးချယ်ခံရသည်။ ကိုစတာဒိုဆူပီတွင် ပြုလုပ်သော မဲခွဲမှု အစီအစဉ်၌ ဖာနန်ဒါ၏ ရွှေရောင်ပွဲတက် ဖက်ရှင်ကို နှစ်သက်သူ အများအပြား ရှိခဲ့သလို လျှပ်ပေါ်လွန်းသည်ဟု ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့ရာ ဇူးရစ်ခ်ျတွင် ကျင်းပမည့် အခမ်းအနား၌မူ အတန်ငယ် အဝတ်အစား ဆင်ခြင်ရန် FIFAက သူမအား ဖိအားပေး တောင်းဆိုထားသည်။

အစ္စလာမ်မစ် နိုင်ငံအချို့က သူမကို ဝေဖန်ခဲ့သည့်နောက် ဖာနန်ဒါက "ဖြစ်ခဲ့တာတွေအတွက် ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မဘက်ကတော့ ဘယ်နိုင်ငံကိုမှ ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုး မရှိခဲ့ပါဘူး။ နောက်ပြီး အငြင်းပွားစရာတွေလည်း မဖြစ်စေချင်ဘူး။ ဒီအတွေ့အကြုံကနေ ကျွန်မ သင်ယူခဲ့ပါပြီ။ ဒါကြောင့် Ballon d'Orလို တစ်ကမ္ဘာလုံး စောင့်ကြည့်နေမယ့် အခမ်းအနားကြီး တစ်ခုမှာ ကျွန်မအနေနဲ့ အဝတ်အစားကို သတိထား ရွေးချယ်သွားပါမယ်"ဟု ပြောကြားသွားသည်။ 
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်