Subscribe to our RSS Feed

KIA မှ ရှမ်းရွာသားအားလုံး ပြန်လွှတ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေလည်း ရှမ်းရွာသားတချို့ ပြန်ရောက်မလာသေး

From : ဧရာဝတီမြစ်ဖျားဆီက         



ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက်မှစ၍ ဖမ်းဆီးသွားသော ဒေသခံ ရှမ်းရွာသားများ အားလုံး ပြန်လွှတ်လိုက်ပြီလို့ သတင်းများထွက်ပေါ်နေသော်လည်း မန်စီမြို့နယ်၊ မန်ဖွကျေးရွာမှ ဖမ်းဆီးသွားသည့် ရှမ်းလူငယ်(၂၁)ဦး ရွာသို့ ပြန်ရောက်လာခဲ့ခြင်း မရှိသေးကြောင်း သိရှိရပါသည်။
ဟန်ထက်ရွာက ရှမ်းလူငယ်(၁၆)ဦးနဲ့ မံဝိန်လေးကျေးရွာက ရှမ်းလူငယ်(၈)ဦးသာ ရွာသို့ပြန်ရောက်လာခဲ့ပါသေးတယ်၊ မံဖွကျေးရွာမှ ဖမ်းဆီးသွားသည့် ရှမ်းလူငယ်(၂၁)ဦး ရွာသို့ ပြန်ရောက်လာခဲ့ခြင်း မရှိသေးပါဘူး၊ ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီး စာရင်းကောက်လာခဲ့တာပါလို့ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းက ပြောဆိုပါတယ်။

နောက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)နှင့် တစ်ခါမျှ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းလည်း မရှိပါဘူး၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က KIO/KIA နည်းပညာအကြံပေးအဖွဲ့နှင့်သာ ဖမ်းဆီးခံလူငယ်များ ပြန်လွှတ်ပေးရေး တစ်ကြိမ်သာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

ပြန်လွတ်မြောက်လာတဲ့သူတွေကတော့ -

ဟန်ထက်ကျေးရွာမှ-
၁- မောင်ညီပု၊ အသက်(၁၄)နှစ်၊ (ဘ)ဦးစိန်ဝင်း (ပြန်လွှတ်နေ့-၁၈-၁၂-၂၀၁၃နေ့)
၂- မောင်နောင်းနောင်း၊ အသက်(၁၄)နှစ်၊ (ဘ)ဦးကျော်မြင့် ။
၃- မောင်ငြိမ်းထွန်း အသက်(၁၅)နှစ်၊ (ဘ)ဦးဝင်းမြင့် ။
၎- မောင်ထွန်းထွန်းနိုင် အသက်(၁၆)နှစ်၊ (ဘ)ဦးကျော်သိန်း ။
၅- မောင်လှမင်းကို အသက်(၁၅)နှစ်၊ (ဘ)ဦးမြင့်စိန် ။
၆- မောင်ထွန်းဇော်ဦး အသက်(၂၀)နှစ်၊ (ဘ)ဦးစန်းအောင် ။
၇- မောင်ငယ်လေး အသက်(၁၄)နှစ်၊ (ဘ)ဦးသိုက်ထွန်း ။
၈- မောင်ငြိမ်းငြိမ်း အသက်(၁၅)နှစ်၊ (ဘ)ဦးမြ၀င်း ။
၉- မောင်မော်ထွန်း အသက်(၁၈)နှစ်၊ (ဘ)ဦးသိုက်ထွန်း ။
၁၀- မောင်ဝင်းနိုင် အသက်(၂၅)နှစ်၊ (ဘ)ဦးလှဟန်လေး ။
၁၁- ဦးဖိုးတူ အသက်(၃၄)နှစ်၊ (ဘ)ဦးမောင်ညို ။
၁၂- ဦးမြင့်ထူး အသက်(၃၈)နှစ်၊ (ဘ)ဦးတင်အောင် ။
၁၃- မောင်ဝိုင်း အသက်(၂၅)နှစ်၊ (ဘ)ဦးထွန်းအောင် ။ (တန့်ဆည်မြို့သား)
၁၄- ဦးကျော်တင့် အသက်(၄၀)နှစ်၊ (ဘ)ဦးထွန်းအောင် ။ ( ။ )
၁၅- ဦးထွန်းအေး အသက်(၃၀)နှစ်၊ (ဘ)ဦးဖိုးမှီ ။
၁၆- မောင်ရှိုင်းကို အသက်(၁၆)နှစ်၊ (ဘ)ဦးတင်ဇော် ။

မန်ဝိန်းလေးကျေးရွာမှ-
၁- မောင်ငယ်လေး အသက်(၂၆)နှစ်၊ (ဘ)ဦးခင်အောင် (ပြန်လွတ်နေ့-၁၈-၁၂-၂၀၁၃)
၂- ဦးချိုနိုင် အသက်(၃၃)နှစ်၊ (ဘ)ဦးအုန်းငွေ ။
၃- ဦးမောင်ဦး အသက်(၃၃)နှစ်၊ (ဘ)ဦးထွန်းစိန် ။
၎- မောင်ရီကျန် အသက်(၂၅)နှစ်၊ (ဘ)ဦးမောင်ထွန်း ။
၅- မောင်ဆန်းဦး အသက်(၁၈)နှစ်၊ (ဘ)ဦးသောင်းခင် ။
၆- မောင်ယဉ်ကို အသက်(၂၅)နှစ်၊ (ဘ)ဦးမောင်ခန့် ။ (ထွက်ပြေး)
၇- မောင်အောင် အသက်(၂၁)နှစ်၊ (ဘ)ဦးမောင်ရန် ။ (ထွက်ပြေး)
၈- မပင်းဆိ အသက်(၂၂)နှစ်၊ (ဘ)ဦးအိုက်သန်း ။
စုစုပေါင်း (၂၄)ယောက် ဖြစ်ပါတယ်လို့ ဦးစိုင်းထိန်လင်းကပဲ ပြောဆိုပါတယ်။

KIA က ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ ရှမ်းတိုင်းရင်းသား အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့က RFA ကို ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

1 comments:

မ အေ လိုး ခ ရီု နီ အိတ် စ ပတ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်