From : EMG
 
 
 

ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီက နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက်ချီးမြှင့်ခဲ့ပြီး (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြား၍ ဆီးဂိမ်းစ်ပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။ အခမ်းအနားတွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံအား ဆီးဂိမ်းစ်အလံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပိတ်ပွဲအခမ်းအနားကို အားကစားနည်း ၃၃ မျိုး၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့သော အားကစားသမားများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေတံဆိပ်ရ မြန်မာအားကစားသမားများ ကွင်းအတွင်း ချီတက်လာစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
ပိတ်ပွဲအခမ်းအနား မစတင်မီ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ခဲ့ပြီး ရောင်စုံဥယျာဉ်၊ အာရှမြန်မာ၊ We can do it၊ Our Sea Games စသည့် တေးသီချင်းများကို အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဖျော်ဖြေရေး အစီအစဉ်များအပြင် တေးသရုပ်ဖော် ပြကွက်များကိုလည်း ပြသခဲ့ပြီး နောက်ဆုံးပြသခဲ့သည့် “ပြန်ဆုံကြမယ်” အစီအစဉ်တွင် လူအင်အား ၁၀၀၀ ကျော်ဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ခြင်းလုံးစွမ်းရည် ပြသမှုများကို တင်ဆက်ခဲ့ပြီး ဆင်ရတနာအက အစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ (၂၇) ကြိမ်မြောက်ဆီး ဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည်။

၂၀၁၅ ဆီးဂိမ်းစ်အိမ်ရှင် စင်ကာပူနိုင်ငံအား ဆီးဂိမ်းစ်အလံနှင့် တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
 







 
.jpg) 
 
 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
 
 
 
 
 
.jpg) 
 
 
 
  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်