From : New Myanmar Foundation
သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီ ဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတေ
 
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတ
ရောက်နေတတ်သည်ဟု မီးယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင်ကင်ဆာအဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမ
 
HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်းအတွင်းဝင်ရောက
 
ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင
 
လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သားအိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိ
 
အဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်
 
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူ
 
”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့်
 
သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့် မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေး ခံခဲ့သည့်အမျိုးသမီး ၁ဝ ဦး ခန့်တွင် ရောဂါတွေ့ရှိသူ နောက်တစ်ဦး ရှိခဲ့သည်။
 
”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။
 
မြတ်စုငြိမ်း
..........................
 
လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်
 
၁။ ရောဂါဖြစ်နိုင်ချေရှိသူတွေက
 
ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊
 
၂။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။
 
ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ၀မ်းဗိုက်အောက်ပိုင်းနာတာတိ
 
၃။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။
 
ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ်
 
၎။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။
 
ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြ
 
၅။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။
 
သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။
 
Health Digest

.jpg) 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
.jpg) 
 
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်