Subscribe to our RSS Feed

ဘောလုံးပွဲမှ ရသော သင်ခန်းစာ

From : မြ၀တီ
 

ဒီကနေ့ ဘောလုံးပွဲအပြီးမှာ ကျွန်တော်တို့ မြန်မာတွေ ရှုံးသွားသည်။
တစ်ဂိုးရှုံးသည် မဟုတ်၊ တစ်နိုင်ငံကို ရှုံးသည်မဟုတ်။ တချိန်က နာမည်
ကြီးခဲ့သော၊ထိုနာမည်ကို ပြန်အဖတ်ဆည်ရန် ကြိုးစားနေသော Sleeping Giant(အိပ်နေသော နဂါးကြီး) ဘ၀ကို ရောက်ဖို့ ကြိုးစားနေသော မြန်မာကို ယနေ့ မြန်မာများလုပ်ရပ်က ရှုံးနိမ့်သွားစေတာဖြစ်ပါသည်။

ဘောလုံးသည် အလုံးကြီးဖြစ်သည်ဟု ကြားဖူးပါသည်။ မည်သည့် အားကစားပွဲ
တော်များမှာ မဆို ဘောလုံးပွဲသည် စိတ်ဝင်စားအခံရဆုံးပွဲ ဖြစ်ပါသည်။

ကိုယ်မထင်ထားသည့် ပွဲရလဒ်ကို သိလိုက်ရသည့်အခါ လက်မခံနိုင်။ ထိုအခါ
တုံ့ပြန်မှု အမျိုးမျိုး ရှိလာပါသည်။ နောက်ခံပညာအရည်အချင်း၊ အရက်သေစာ သောက်စားထားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုစသည်တို့ အပေါ်မူတည်ပြီး အရှုံးအပေါ်တုံ့ပြန်မှုသည် ကွာခြားသွားတတ်ပါသည်။

ဘောလုံးပွဲ ရှုံးသဖြင့် မကျေနပ်သောကြောင့် ကွင်းအတွင်းမှ ထိုင်ခုံကို ရိုက်ချိုး
သောသူကို တိုင်းပြည်ကို ချစ်လွန်းသဖြင့် ပေါက်ကွဲလို့ လုပ်မိတာဟု ဘယ်သူက ခွင့်လွှတ်နိုင်ပါမည်နည်း။ ထိုထိုင်ခုံများသည် တိုင်းပြည်၏ ဘဏ္ဍာငွေဖြစ်ပါသည်။ 

အာဏာရှင်စနစ်ကို မုန်းသော၊ ခရိုနီများကိုမုန်းသော ရွှေမြန်မာများထဲမှ တချို့ ၏ သုဝဏ္ဍကွင်းအတွင်းမှ ထိုင်ခုံများကို ရိုက်ချိုးနေသောပုံများကို မြင်လိုက်ရသည့်အခါ “သြော်၊သူတို့တွေမှာလဲ အဆိပ်တွေ ကိုယ်စီနဲ့ပါလား”ဟု တွေးပြီး စိတ်မကောင်းဖြစ်မိသည်။

တိုင်းပြည်ကို ချစ်ခြင်း၊အမျိုးကို ချစ်ခြင်းသည် ဘယ်လိုသောအကြောင်းနှင့်မှ
မင်းမဲ့စရိုက်သို့ ဦးတည်သွားစရာ အကြောင်း မရှိပါ။

“ဘောလုံးပွဲ ရှုံးတာနဲ့ ထိုင်ခုံကို ရိုက်ခွဲရမယ်။ ရဲဆေးတင်တဲ့ အနေနဲ့ အရက်တွေ ၀ယ်လာကြမယ်။” ဆိုသော သူများမှာ စွမ်းအားရှင်တွေလဲ မဟုတ်ကြ၊ ဘယ်ပါတီ၊ဘယ်အဖွဲ့မှလဲ မဟုတ်ကြ။ အားလုံးနှင့် သက်ဆိုင်သော “ရွှေ”များသာ ဖြစ်ပါသည်။ 

Youtube ပေါ်တွင် မြန်မာတွေ ရှုံးလို့ မီးရှို့ကြ၊ခဲနဲ့ ပစ်ကြ၊မီးရှို့ကြသော
ဗီဒီယိုဖိုင်များ ပျံ့နှံ့နေလေပြီတည်း။

သူများတွေ တိုင်းပြည်မှာလည်း ဒီလိုပဲ ဖြစ်တတ်သည်ဆိုစေကာမူ
“ေ၇ွှ”တိုင်းပြည်သည် ထိုတိုင်းပြည်များထက် ဆင်းရဲနေပါသေးသည်။
ကျွန်တော်တို့ ချွေတာဖို့လိုပါသည်။ 

ဒီကနေ့ ဘောလုံးပွဲအပြီးမှာ ကျွန်တော်တို့ မြန်မာတွေ ရှုံးသွားသည်။
ဂုဏ်သိက္ခာ အရှုံးဖြစ်ပါသည်။ စည်းကမ်းကျနမှု အရှုံးဖြစ်ပါသည်။
အရက်သေစာ၏ အရှုံးဖြစ်ပါသည်။

ယနေ့ Youtube ပေါ်မှ ပုံများကို နောက်နှစ် ၂၀ကြာသည့်အခါ 
မြန်မာ့မျိုးဆက်သစ်လူငယ်များသည် မကြည့်ရဲသဖြင့် ဖျက်ဆီးပစ်ကြပါလိမ့်မည်။

ဒေါက်တာလွှမ်းမိုးဟန် (Dr Hlwan Moe Han) 

10 comments:

Head to Head စနစ်ကိုမသိတဲ့သူကိုမှ နည်းပြခန့် ရသလားဗျာ
တစက်မှအသုံးမကျတဲ့ ကျော်ဇေယျာဝင်း ကိုမှ အသင်းခေါင်းဆောင်ခန့် ရလား....မျိုးလှိုင်ဝင်း ရဲ့ ခြေဖျားတောင်မမီဘူး...

မေမေစုရေ.. မေမေ၇ဲ့ သားတွေက မေမေ့ လို စိတ်မျိုးတွေ ၇ှိကြတာတွေ့တော့ သားလေ အ၇မ်း ၀မ်းသာတယ်.. ဘာလို့လဲဆိုတော့ မေမေလဲ မြန်မာ စကားပုံထဲကလို မင်းသားပေးမလုပ်၇င် ပန်းမကြီး ထိုးဖောက်မယ်ဆိုတဲ့ အတိုင်း နိုင်ငံတော် သမ္မတ ပေးမလုပ်၇င် နိုင်ငံတကာလှည့်ပီး မြန်မာနိုင်ငံ မကောင်းကြောင်းပြောမယ် နိုင်ငံ သိက္ခာကျဆင်းဖို့ အတွက် ကုလားနဲ့ မြန်မာ တိုတ်ပေးမယ် ၇ိုဟင်ဂျာ ဆိုတာ မြန်မာတိုင်း၇င်းသားပါဆိုပီး ပြောလိုက်တော့ မြန်မာတိုင်း၇င်းသားတွေနဲ့ ၇ိုဟင်ဂျာ ကုလား မွတ်ဆလင်နဲ့ ထိပ်တိုတ်တွေ့အောင် လုပ်ပေးလိုက်တာတွေဟာ နိုင်ငံခေါင်းဆောင် လုပ်မဲ့ သူတယောက်၇ဲ့ စိတ်ခားမဟုတ်ဘူးဆိုတာ သားတို့ သိပါတယ် မေမေ... ခုလဲ သားတို့ မေမေ၇ဲ့ စိတ်ထားလေး အတိုင်း ဘောပွဲ အနိုင်မ၇လို့ ၇ှိတာတွေ ချိုး ခွဲ ကွဲ ခဲ့၇တာ အားမ၇လို့ နိုင်ငံကြီး တခု လုံးကိုပါ မေမေ၇ဲ့ စိတ် မေမေသားတွေမှာ ၇ှိတယ် ဆိုတာ ကမ္ဘာက သိအောင် မီး၇ှို့ပြလိုက်ချင်ပါ၇ဲ့.. ခု သားတို့ ဘောပွမြှာ အခုလို လုပ်လိုက်တာတွေဟာ မေမေ၇ဲ့ သားတွေက မေမေအတိုင်း လုပ်လိုက်တာ မေမေမြင်တော့ ဘာပဲပြောပြော မေမေ ကြေနပ်နေမှာပါ..မေမေစု ကျန်းမာပါစေ..

ဒီ အ ရှုံး အ တွက် နောက် ထပ်တာဝန်ရှိသူကတော့မြန်မာအသင်အုပ်ချုပ်သူနဲ့လက်ထောက်နည်းပြ မြန်မာလူမျိုးများဖြစ်ပါတယ်သူတို့ကိုပါထုတ်ပယ်သင့်ပါတယ်

မင်းတို့ကိုပြောမယ်။အရှုံးကိုလက်ခံလို့ရပေမယ့် သည်းခံလို့မရတဲ့
ဟာတွေကအများကြီး။ ပရိတ်သတ်အမှားလို့
ပြောရင် မင်းတို့တတွေမှာတာဝန်ရှိတယ်ဆိုရင် ပရိတ်
သတ်ကိုကော စိတ်ကြေနပ်မှုကို ပေးစွမ်းနိုင်
လို့လား။ အခုနိုင်ငံ့လက်ရွေစင်လို့သာခေါ်
တာနိုင်ငံခြားတိုင်းပြည်တွေက တက္ကသိုလ်
အဆင့်တောင်မရှိဘုး။

သန်း ၆၀ သော လူထုအတွက် ၁၀၀၀ မပြည့်သော လူတစ်စုအား နောင်ကျဉ်စေလောက်သော ပြစ်ဒဏ် ပေးဖို့ လိုနေပါပြီ ဘောလုံးပွဲရှုံးရင် တော်ပြီပေါ့ဗျာ ခုတော့ ဂုဏ်သိက္ခာ ပါ ရှုံးရတယ် ဖွင့်ပွဲမှာ ရခဲ့တဲ့ ရလာဘ် တော့ သွားပါပြီဗျာ

ပထမဦီးဆုံးအ​နေနဲ့ အာရှသားအချင်းချင်း အထင်​ကြီးစရာမရှိတဲ့ ကိုရီးယားဖွတ်​ကြားနည်းပြကို နှစ်​ရှည်​လများခန့်​ထားတဲ့ မြန်​မာ့​ဘောလုံးအဖွဲ့ချုပ်​ကို အံ့ဩတယ်​။ အ​နောက်​တိုင်းနည်းပြ​တွေကို ငှါးဖို့ ပိုက်​ဆံမရှိလို့လား။ ပတ်​​ဆောင်​ဟွာဆိုတဲ့​ကောင်​က ဘာ​စောက်​သုံးမှမကျပဲ ဆင်​​ခြေ​တွေပဲများ​နေတဲ့​ကောင်​မှန်း မသိကြဘူးလား။ မြန်​မာ​ဘောလုံးသမား​တွေလည်း ​ပြောလိုက်​ရင်​ ​လေတစ်​လုံး မိုးတစ်​လုံးနဲ့ တစ်​ညလုံးမအိပ်​ပဲ တန်းစီပြီးလက်​​မှတ်​​စောင့်​ဝယ်​ပြီး အလုပ်​ပျက်​ ​ငွေကုန်​အား​ပေးရတဲ့ ငါတို့မျက်​နှာ​တောင်​မ​ထောက်​ပဲ အရူးချီးပန်းကန်​​နေကြတာ ရှက်​စရာ​တောင်​​ကောင်းတယ်​ ​နောင်​နှစ်​ ဆီးဂိမ်းပြိုင်​ပွဲတိုင်းမှာ အမျိုးသား​ဘောလုံးအသင်းကို လုံးဝမထည့်​သင့်​​တော့ဘူး။ ​တိုင်းပြည်​​​ငွေကုန်​တယ်​ မင်းတို့လို ​ခြေစုတ်​​ခြေစ​တွေနဲ့​တော့ ကမ္ဘာပျက်​​တောင်​ ဖလားမရဘူး။ ​နောက်​ဆိုလည်း မင်းတို့အမျိုးသားအသင်းကို လီး​တောင်​ အားမ​ပေး​တော့ဘူးကွာ။

ပရိတ်သတ်လုံးဝမ မှားဘူးဟေ့ကောင် ၊ မြန်မာနိုင်ငံကပရိတ်သတ်ထဲ မှာ တနေ့ လုပ်မှတနေ့ စားတွေအများကြီးပဲ ၊ မျိုးချစ်စိတ်ရှိလို့ လာအားပေးတာ ၊မှောင်ခိုလက်မှတ်ခက ၄၀၀၀၀၊ ငါ့ လ၀က်စာပေးပြီးကြည့် ရတာ ၊ကန်တော့ တောကကောင်တွေလောက်အဆင့်နဲ့ .... ဆက်ပြောရင်ဒေါသတွေပါလာတော့မယ်... ဘောလုံးအဖွဲ့ တစ်ခုလုံးလီးပဲကွာ

ပရိတ်သတ်မှန်တယ်... ဘောလုံးတစ်ဖွဲ့ လုံးလီးပဲ့ကွာ

မှန်လိုက်တာ

Hey, Myanmar... Myanmar..Now the whole world knew Myanmar is stupid country. Proud .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်