Subscribe to our RSS Feed

သန်း၆၀သောမြေဇာပင်တွေကိုသနားပါ

From : We Love True



 ဂျာနယ်မှာ ဒီသတင်းကို ကျတော်ဖတ်မိတာ မနေ့ကတည်းပါ...
မရေးဘူးလို့စဉ်းစားထားမိပေမဲ့ ရေးလိုက်ပါတော့မယ်.....

ကျတော်တို့နိုင်ငံမှာ ၂၀၁၄နောင်းပိုင်းနဲ့ ၂၀၁၅နှစ်စပိုင်းတို့ဟာ အထူးတလည်စောင့်ကြည့်ရမဲ့ အချိန်အခါဖြစ်ပါတယ်.....
အဲ့ကာလတွေမှာ ဒေါ်စုအနေနဲ့ အကြံကုန်ဂဠုန်ဆားချက် လုပ်မဲ့ပုံရှိပါတယ်....

Constitution မပြင်ရင် ရွေးကောက်ပွဲ သပိတ်မှောက်မယ်လို့ သူပြောလိုက်ချင်းဟာ....
၁။ သူ့ကိုယ်သူယုံကြည်မှုလွန်ကဲနေတယ်

၂။ သူဟာ လူထုကို ၈၈ ကလို အသုံးချပြီး နိုင်ငံကမောက်ကမ ဖြစ်အောင်လုပ်လာနိုင်တယ်

၃။ သူမှာတိကျရေရာတဲ့ Constitution ကိုပြင်မဲ့မူမရှိသေးဘူး ဒါကြောင့်လည်း သူ့စည်းရုံးရေးသာဆင်းနေတယ် ခြေဥမှာဘာကိုပြင်ချင်တာလည်းဆိုတာကို ပြည်သူကို မချပြရသေးဘူး 

၎။ အကယ်၍ အစိုးရက ၄ပွင့်ဆိုင်တွေ့ဆုံမှု အပြင် သူလိုချင်တဲ့ Constitutuion မူကိုမလုပ်ပေးရင် သူပိုင်တဲ့ USနဲ့အနောက်အုပ်စုတွေကို တဖန် ပိတ်ဆို့မှုတွေလုပ်ဖို့တိုက်တွန်းနိုင်တယ်

၅။ ၅၉ စ လုံးဟာ သူ့ကိုဦးတည်ရေးဆွဲထားတာ မဟုတ်သလို နိုင်ငံရဲ့ရေရှည် အကျိုးစီးပွား အတွက်ရေးထားတာကို သူသိရဲ့သားနဲ့ ကိုယ့်အာဏာ တစ်ခုတည်းအတွက်သူ ဂရုမစိုက်ဘူး

၆။ နောက်NLDမှာ Capacity Building မလုပ်နိုင်သေးဘူး 
ဒေါ်စန္ဒာမင်းလိုအလုပ် လုပ်နေတဲ့သူတွေကိုတော့မြင်တယ်
ဒါပေမဲ့ အသက်၇၀နီးပါး ပါတီဥက္ကဌဟာ သူ့နေရာ ဆက်ခံနိုင်မဲ့ အရည်အချင်းရှိသူကိုအခုထိ မရွေးချယ်ရသေးသလို.....
NLDမှာ ဒေါ်စု လိုအရည်အချင်းရှိသူကိုမတွေ့မိသေးဘူး

၇။ ဒေါ်စုမှာ ၂၀၁၅ရွေးကောက်ပွဲအတွက် Plan B မရှိသေးဘူး
၅၉ စ လုံးအရ သူသမ္မတမဖြစ်နိုင်တာသေချာတယ်
ဒါပေမဲ့ ၂၀၁၅မှာ မဲဆန္ဒနယ် အများစုကို NLDအနိုင်ရခဲ့ရင် NLDအမတ်တွေဟာ အစိုးရဖွဲ့မယ်..... ဒေါ်စုသမ္မတ လုပ်ခွင့်မရှိရင် သမ္မတလုပ်မဲ့သူ နောက်တစ်ယောက် အဲ့အတွက် ဒေါ်စု မပြင်ရသေးဘူး

၈။ သူ့စကား တခွန်းကြောင့် အခု ပြည်သူတော်တော်များများဟာ ၈၈ကလိုပြန်ဖြစ်မှာကို အရမ်းစိုးရိမ်နေတယ်
ပြည်သူအားလုံးနီးပါးဟာ နိုင်ငံရေးတည်ငြိမ်တာကိုလိုလားပါတယ်...
အရေး အခင်းဖြစ်မှာ ပွဲဆူမှာကို မလိုလားပါဘူး
ပြည်သူလူထုခေါင်းဆောင်လို့ ခံယူထားသူ ဒေါ်စုအနေနဲ့ကိုယ့် အတ္တကိုရှေ့တန်းတင်တာ မကောင်းပါဘူး ပြည်သူမျက်နှာထောက်ထားသင့်ပါတယ်

------------------------------------

ကျတော်တို့နိုင်ငံဟာ လက်နှစ်ဖက်ကြားရောက်နေပါတယ်…………

တစ်ဖတ်က လက်ရှိအစိုးရနဲ့ အတိုက်အခံပါတီကြားပါ

နှစ်ဖတ်လုံးဟာ နိုင်ငံကိုတိုးတက်စေချင်တဲ့စေတနာရှိပါတယ်.......

တစ်ဖတ်နဲ့တစ်ဖတ် မတူတာတွေဘေးဖယ်ပြီး တူတာတွေရွေးလုပ်မယ်ဆို တော်တော်ခရီးပေါက်မှာပါ.....

လက်ခုပ်ဟာ နှစ်ဖတ်တီးမှာအသံမြည်မှာ ဖြစ်သလို အစိုးရနဲ့ အတိုက်အခံကြား Check&Balance ရှိမှ လိုရာပန်းတိုင်ကို ရောက်မှာပါ.........

၁၈ကြိမ်လောက် Back Fireနဲ့အသားကျနေတဲ့ ထိုင်းလိုနိုင်ငံမျိုးတောင် နောက်ဆုံး အတိုက်အခံတွေ အစိုးရကို ဆန္ဒပြပွဲမှာ လူတွေသေတယ် ထိခိုက်ဒဏ်ရာတွေရတယ် စီးပွားရေးတွေ ထိုးကျတယ်.......

Back Fireနဲ့ ခဏ ခဏ အသားမကျတဲ့ နိုင်ငံမှာ (မြန်မာ) ၈၈ကလို ပြန်သာဖြစ်ရင်တော့.......

ကျတော်တို့နိုင်ငံနောက်ထက် အနှစ်၄၀လောက် စုံးစုံးမြုပ်သွားနိုင်ပါတယ်
၈၈ထက်လူတွေသေတဲ့အရည်အတွက်မလျော့နိုင်ပါဘူး
ပျက်ဆီး ဆုံးရှုံးမှုတွေ ၈၈လိုဖြစ်လာနိုင်သလို.....
ကြားကနေ ငထွားခါးနာမဲ့ စစ်တပ်ဟာ ပြည်သူနဲ့ပိုပြီး ဝေးကွာသွားနိုင်ပါတယ်.......

အမှန်ဆို ဒေါ်စုလုပ်သင့်တာဟာ သူပြောပြောနေတဲ့ "အမျိုးသားရင်ကြားစေ့ရေး"ပါ 
ဒါပေမဲ့ သူလုပ်နေတာတွေက သူပြောခဲ့တာတွေနဲ့ ကွဲနေပါတယ်......

ကျတော်တို့ပြည်သူတွေက ဘယ်အစိုးရပဲတက်တက် အေးအေးချမ်းချမ်းနဲ့နေချင်ပါတယ်။
အစိုးတစ်ခုတက်ဖို့အရေး သွေးထွက်သံယို ဆူဆူပူပူနဲ့ဖြစ်နေရင် ကြားထဲက မြေဇာပင်တွေလည်း အထောင်းခံနေရပါတယ်.....

ဒေါ်စုကို ပြောချင်တာကို ကိုယ့်အတ္တနဲ့ ပြည်သူကို ယှဉ်ထိုးကြည့်ပါ.....

သန်း၆၀သော မြေဇာပင်တွေကိုသနားပါ


အသင်လူသား
 

6 comments:

ဒေါ်အောင် ဆန်း စုကြည် ဘာဖြစ်နေ တာလဲ နော်

အသင်လူသား is alarmist. Uprising like 1988 will not happen because are more or less well off or at least have a better living standard than 1988. Police are better equipped to break up the riots than in 1988. Not many students or workers or government employees will come out as in 1988.

အကောင်းဆုံးကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ယုံတင်မ
ဟုတ်ဘူး တိုင်းပြည်ထဲကပါထွက်သွားရင်အကောင်းဆုံးဘဲ
တိုင်းပြည်သန့်သွားတာပေါ့ ထွက်သွားရင်လည်းနောက်လိုက်
စောက်ပေါကျွန်စော်နံနေတဲ့ အကောင်တွေ ကောင်မတွေပါ
ခေါ်သွားနော် ကျန်ခဲ့ရင်မြေလေးတယ်။

ဖါစုကြည်ကို ရှင်းပစ်

88 လိုတော့ အဖြစ် မခံနိုင်ပါ ဒေါ်စုကြောင့် ညဖစ်လာ၇င်လဲ ပျက်စီး ဆုံး၇ှုံးမူ့တွေကို ဒေါ်စုကပဲ တာဝန်ယူ ၇မှာပါ.. အ၇ာအားလုံး ဒေါ်စု အကောင်း မြင်နိုင်ပါစေ..ပန်းမကြီးတော့ မထိုးဖောက်လိုက်ပါနဲ့ဗျာ.. မြန်မာနိုင်ငံသားအားလုံးသေကြေ သွေးထွက် သံ၇ို ဖြစ်တာကို ဒေါ်စု မြင်ချင်တယ် လားးဗျာ...

မင်းတို့လဲလုပ်ချင်တာလုပ် သူလဲလုပ်ချင်တာလုပ်မယ် ရှင်းတယ်နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်