Subscribe to our RSS Feed

လက်နက်ပြတိုင်း ခြိမ်းခြောက်တာမဟုတ်



ပြီးခဲ့တဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ မြန်မာ့တပ်မတော်အနေနဲ့ သံချပ်ကာကားများ၊ ဒုံးလက်နက်များ၊ ယာဉ်တင်အမြောက်များ၊ တိုက်လေယာဉ်များကု ထည့်သွင်းပြသသွားတာတွေ့ရပါ တယ်။အဆိုပါ စစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မီလက်နက်တွေထည့်သွင်းပြသ ခဲ့တဲ့အပေါ်ပြည်တွင်း မီဒီယာတစ်ခုက လက်နက်တွေပြပြီး တိုင်းရင်းသားတွေကိုခြိမ်းခြောက်နေတာ လား ဆိုပြီးဝေဖန်ရေးသားသွားတာ တွေ့ရပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့တိုင်းရင်းသားတွေ အပေါ် လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေသလား၊ အနိုင်ကျင့်နေသလား ဒါမှ မဟုတ် ခေတ်မီ လက်နက်တွေကိုဘယ်လိုသဘောနဲ့ ထုတ်ဖော်ပြသခဲ့တာလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။

အရင်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်သား တွေသာလမ်းလျှောက် စစ်ရေးပြခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၆၈ နှစ်မြောက်ကစလို့ ခေတ်မီ လက်နက်တွေ၊ ကားတွေ၊ လေယာဉ်တွေ ထည့်သွင်းပြသခဲ့တာ ယခုဆို ၂ နှစ်ရှိပါပြီ။ ဒီလိုပြသတဲ့ အပေါ်မှာ တပ်မတော်ကလက်နက်ပြပြီး တိုင်းရင်းသားတွေကို ခြိမ်းခြောက်တာလို့ ဆိုလို့မရပါဘူး။ နိုင်ငံတကာက တပ်မတော်နေ့အခမ်းအနားတွေမှာ တပ်ဖွဲ့ပေါင်းစုံ၊ လက်နက်ပေါင်းစုံ၊ ကား၊ လေယာဉ်ပေါင်းစုံနဲ့စစ်ရေးပြခဲ့ကြတာ အလွန်ကြာပြီ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ကတော့ တပ်မတော်နေ့အခမ်းအနားကို အရင်က ရန်ကုန်မှာ ကျင်းပနေရာကနေ နေပြည်တော်သို့ပြောင်းရွေ့ ကျင်းပပြီးနောက်ပိုင်းမှာမှ ကျင်းပတဲ့ နေရာကျယ်ဝန်းတာကတစ်ကြောင်း လုံခြုံမှုရှိတာက တစ်ကြောင်းတို့ကြောင့် ယခုလို ခေတ်မီလက်နက်တွေကို ထည့်သွင်းပြသလာတာပဲ ဖြစ်ပါတယ်။

တပ်မတော်ဟာ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါမှာ ယခုပြသခဲ့တဲ့ ခေတ်မီလက်နက်တွေကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုကြောင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။အနီးစပ်ဆုံး ကချင်နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ အဆမတန် အစွမ်းထက်တဲ့ လက်နက်ကြီးတွေကို အသုံးမပြုခဲ့ဘူးလို့ ဆိုရပါမယ်။ လက်နက်ကြီးတွေရဲ့ တန်ဖိုးဟာ ဒေါ်လာသိန်းချီတန်ရုံမက ဒီလက်နက်တွေနဲ့ တိုက်မယ်ဆို အတိုက်ခံရသူအနေနဲ့ စိစိညက်ညက်ကြေကုန်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လက်နက်ကြီးတွေကို မဖြစ်မနေသုံးမှရမဲ့ အခြေအနေမှာတောင် အလယ်အလတ်အဆင့်ရှိတဲ့ သမားရိုးကျ ၁၂၀ မမ ၇၆ မမ အမြောက်တွေသာ အသုံးပြုခဲ့ပါတယ်။



ဘာလို့အစွမ်းထက်တဲ့ လက်နက်တွေကို ရှိလျက်သားနဲ့ မသုံးတာလဲလို့ မေးခွန်းထုတ် လာရင်ရှင်းရှင်းလေးပါ။ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာ ကိုယ့်လူမျိုးပါပဲ။ လူမျိုးခြားမဟုတ် ပါဘူး။ပြည်ပကျူးကျော်သူ မဟုတ်ပါဘူး။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး ကြီးပြင်း လာကြတဲ့ကိုယ့်မြန်မာလူမျိုးတွေပါပဲ။ မတူကွဲပြားတဲ့ အယူအဆတွေကြောင့် အခန့်မသင့်လို့ တိုက်ရ ခိုက်ရပေမဲ့ကိုယ့်မြန်မာလူမျိုးခြင်းဆိုတဲ့ အသိကြောင့် ထိန်းထိန်းသိမ်းသိမ်းနဲ့သာ တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။တပ်မတော်နေ့မှာ ပြသခဲ့တဲ့လက်နက်တွေနဲ့သာ တိုက်မယ်ဆို ခံရသူတွေဟာ ခဏအတွင်း ပျောက်ခြင်းမလှပျောက်ပြီး လူမျိုးတုန်းကုန်မှာ ဖြစ်ပါတယ်။ ဘာလို့ ဒီလိုဆိုရလဲဆိုတော့ တပ်မတော်နေ့မှာ ပြသခဲ့တဲ့ လက်နက်တွေရဲ့ စွမ်းပကားဟာ ပြည်တွင်းတိုက်ပွဲတွေအတွက် မဟုတ်ပါဘူး။ပြည်ပကျူးကျော်စစ်ကို ခုခံကာကွယ်နိုင်တဲ့ စွမ်းအားအပြည့်ရှိတဲ့ လက်နက်တွေသာ ဖြစ်ပါတယ်။ဒီလက်နက်တွေ ဘယ်လောက်အစွမ်းထက်လဲဆိုတာ တပ်မတော်နဲ့ ပတ်သက်တဲ့ Social Media တွေမှာ တင်ပြထားတာတွေကို လေ့လာရပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တွေပဲသေသေ၊ စစ်သားပဲသေသေ ဘယ်သူသေသေ မြန်မာတစ်ယောက်သေတာပဲ ဖြစ်တယ်ဆိုတဲ့ အသိမျိုး၊ အတွေးမျိုး တပ်မတော်မှာ လည်းရှိပုံပေါ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဦးသိန်းစိန်က စစ်ဘက်က သမ္မတဖြစ်လာတာပါ။ ဒါကြောင့်လည်း မလွှဲသာလို့ တိုက်ပွဲဖြစ်ရရင်တောင် လိုအပ်တဲ့ ပမာဏလောက်သာ သက်ညှာစွာ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။တပ်မတော်နေ့မှာ ပြသသွားတဲ့ ၁၅၅ မမ လို လက်နက်မျိုး၊ ဒါမှမဟုတ် ၂၄၀ မမ လို လက်နက်မျိုးတွေနဲ့သာ ပစ်ခတ်တိုက်ခိုက်ခဲ့မယ်ဆို ဒါမှမဟုတ် K-8 လို အမောင်းသင်လေယာဉ်တွေကို မသုံးခဲ့ဘဲ တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ တပ်မတော်နေ့မှာ ပြခဲ့တဲ့ MIG-29 တွေကိုသာ သုံးခဲ့မယ်ဆို တောင်တစ်လုံးကိုတောင် ခဏအတွင်း မြေမှုန့်ဖြစ်သွား စေနိုင်တဲ့ ဒီလက်နက်တွေ စွမ်းအားကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ပါဘူး။



ဘယ်လက်နက်ကိုင်အဖွဲ့ မဆို တပ်မတော်အနေနဲ့ တစ်ပတ်အတွင်း အပြုတ်တိုက်လို့ ရတယ်ဆိုတဲ့ စကားတွေလည်း ပေါ်ထွက်လာဖူးပါတယ်။ ဒီစကားဟာ တပ်မတော်ရဲ့ အင်အားတောင့်တင်းမှု၊ ခေတ်မီလက်နက်တွေပိုင်ဆိုင်မှုတွေအပေါ် မူတည်ပြီး ပေါ်ထွက်လာခြင်းလို့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်လက်နက်ကိုင်အဖွဲ့မှ အပြုတ်တိုက်မခံရဘဲ ယခုလို ငြိမ်းချမ်းရေးစကားဝိုင်းအပေါ် တက်လာနိုင်တာဟာ တပ်မတော်ဟာ ဘယ်လို သဘောရှိလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ ဘယ်သူသေသေ မြန်မာတစ်ယောက်သေတာပဲ ဆိုတဲ့ကိုယ်ချင်းစာ စိတ်ရှိတဲ့ တပ်မတော်အနေနဲ့စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တာခေတ်မီလက်နက်တွေပြသတာ တွေဟာ တိုင်းရင်းသားတွေအပေါ် ခြိမ်းခြောက်လိုခြင်း မဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ ဒါဆို ဘာလို့ပြလဲလို့မေးလာရင် သုံးသပ်တင်ပြပါ့မယ်။ တပ်မတော်နေ့လို စစ်ရေးပြအခမ်းအနားတွေမှာ မိမိပိုင်ဆိုင်တဲ့ လက်နက်တွေကို ထုတ်ဖော်ပြသတာဟာ နိုင်ငံတိုင်းလိုလို ပါပဲ။ ပြသရခြင်းရည်ရွယ်ချက် တွေလည်းရှိပါတယ်။ ခေတ်မီလက်နက်တွေကို ပြသခြင်းအားဖြင့် အင်အားကြီးနိုင်ငံအဖြစ် တခြားနိုင်ငံတွေကသတိပြုမိစေလာသလို၊ အကျိုးအားဖြင့် ကိုယ့်ရေမြေ အချုပ်အခြာအာဏာကို ထိပါးလာမဲ့ ဘေးအန္တရာယ်ကနေ အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ 

ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကိုလည်း တိုးပွားစေပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလိုလက်နက်တွေရှိနေသရွေ့ တပ်မတော်ရဲ့ စွမ်းရည်ထက်မြက်နေသရွေ့ ကိုယ့်နိုင်ငံအပေါ် မည်သည့်နိုင်ငံကမှ အလွယ်တကူ မကျူးကျော်နိုင်ဘူးဆိုတဲ့ ဂုဏ်ယူတဲ့ စိတ်တွေ ပြည်သူတွေ အပေါ်မှာတဖွားဖွား ပေါ်ပေါက်လာစေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေအနေနဲ့တပ်မတော်နေ့ လိုစစ်ရေးပြအခမ်းအနားတွေမှာ မိမိပိုင်ဆိုင်တဲ့ ခေတ်မီလက်နက်တွေကို ထုတ်ဖော်ပြသကြတာ မဆန်းပါဘူး။


တရုတ်နိုင်ငံ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် လက်နက်များပြသနေစဉ်

မြန်မာ့တပ်မတော်အနေနဲ့ ယခုလို ခေတ်မီလက်နက်တွေ ထုတ်ဖော်ပြသလာခြင်းအပေါ် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဂုဏ်ယူကြဖို့လိုပါတယ်။ တပ်မတော်အတွက် ရရှိတဲ့ ဘတ်ဂျက်တွေ အပေါ်မှန်မှန်ကန်ကန် အသုံးပြုတဲ့ အကျိုးရလဒ်အနေနဲ့ ယခုလို လက်နက်အင်အား တောင့်တင်း လာတာလို့ မြင်ဖို့ လိုပါတယ်။ ပွင့်လင်းလာတဲ့ တပ်မတော်အပေါ်ကြိုဆိုကြဖို့ လိုပါတယ်။ လက်နက်တွေပြတာနဲ့ ခြိမ်းခြောက်တယ်လို့ စွပ်စွဲလို့ မရပါဘူး။ တပ်မတော်သာ အစွမ်းထက်တဲ့ လက်နက်တွေကိုအသုံးပြုချင်စိတ်ရှိမယ်ဆို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယခုလို ငြိမ်းချမ်းရေးခရီးလျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် တွေ အနေနဲ့လည်း တပ်မတော်ရဲ့ သဘောထားအမှန်ကို နားလည်လာပြီး ငြိမ်းချမ်းရေးလိုချင်စိတ်ရှိတဲ့ တပ်မတော်ကို ယုံကြည်လာကြပြီ ဖြစ်ပါတယ်။

တိုးတက်ခေတ်မီလာတဲ့ ခေတ်ကြီးမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ခေတ်မီလက်နက်တွေ တီထွင်လာတာ၊ ပြသလာတာ၊ စစ်ရေးလေ့ကျင့်ခန်းတွေ လေ့ကျင့်လာကြတာကို တွေ့ရပါမယ်။ အင်အားကြီး နိုင်ငံတွေကြားထဲမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့တပ်မတော်
က ခေတ်မီလက်နက်တွေကို ပြသတာ၊ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တာဟာ တိုင်းရင်းသားတွေအပေါ်ခြိမ်းခြောက်တာလား၊ ဒါမှမဟုတ် ကိုယ့်နိုင်ငံရဲ့ စစ်အင်အားကို တောင့်တင်းခိုင်မာကြောင်း ပြသပြီးပြည်ပမှ ရန်လိုသူတွေရဲ့ ရန်ကို ကာကွယ်လိုသည့်အနေဖြင့် ပြသတာလား ဆိုတာအထက်က တင်ပြခဲ့တဲ့အချက်တွေကို ကြည့်ပြီး ဝေဖန်ပိုင်းခြားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဓာတ်ပုံ။ အင်တာနက်

ကိုရင်သာဗြော(ပတ္တမြားမြေ)

KIO.ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင်

From : .DVB


 

မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက်ယူနေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။

ဒီလို သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက် ကချင်လူမျိုး စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း၊ လူဦးရေ ၄ သိန်းလောက် စာရင်းပျောက်မှာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ လ၀က ၀န်ကြီးဦးခင်ရီက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့်ပြုဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကတဆင့် ပြောခဲ့ပေမယ့် ကေအိုင်အိုဘက်က ကြိုတင် ညှိနှိုင်းထားတာ မရှိလို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့က ဟန့်တားနှောင့်ယှက်

From : https://www.facebook.com/photo.php?fbid=595196403908855&set=a.312121195549712.67927.312118148883350&type=1&theater




မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ စတင် ကောက်ယူနေပြီဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေပါ မကျန်ရလေအောင် နေပြည်တော်မှာ ပြုလုပ်တဲ့ Launching Ceremony မှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ KIO/KIA အဖွဲ့က လွဲလို့ ကျန်တဲ့ဒေသတွေမှာ ကောက်ယူဖို့ သဘောတူညီမှုတွေ ရခဲ့ပါတယ်။ ကချင်ပြည်နယ်ကို မတ်လ ၁၆ ရက်နေ့က သွားရောက်ခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်မှာ KIO/KIA ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။

NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ အဂတိလိုက်စားနေ ဟု ပြင်းပြင်းထန်ထန် ဝေဖန်

From : ပြည်သူ့အာဏာ

ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ပြည်တွင်း ပြည်ပမှ အလှူငွေအမည်ခံ၍ လာဘ်လာဘများ ရယူလျက် ရှိကြောင်း ယနေ့ထုတ် Weekly Eleven သတင်းဂျာနယ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲတွင် ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း NLD ကပြုလုပ်သည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲများကို ရွှေသံလွင်ပိုင်သည့် ရွှေထွဋ်တင်ကွင်းတွင် ပြု လုပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲတွင်လည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့သည့် ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီက လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ ကြောင်း၊ ၂၀၁၃ တွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေးဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ကြောင်း၊ ၄င်းတို့မှာ ထင်သာမြင်သာရှိသည့် ထောက်ပံ့မှုတွေ ဖြစ်ပြီး နောက်ကွယ်တွင် ထင်သာမြင်သာမရှိသည့် ထောက်ပံ့မှုများလည်း ရှိနေနိုင်ကြောင်း ဖော်ပြထားသည်။

အင်အားတစ်သိန်းနီးပါးရှိ တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင်အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်မည်



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည်အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို ပညာအရည်အချင်း၊ အဆင့်အတန်းအလိုက် တပ်မတော်တွင် အရာရှိ၊ အကြပ် စသည်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး၊ တပ်မတော်သို့ မဝင်လိုသူများကို နယ်စပ်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ပညာရေးကဲ့သို့သော ကဏ္ဍများတွင် နေရာချထားပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းက ရှင်းပြသည်။

“အဲဒီလိုမှ မလုပ်ရင် ဒီသောင်းကျန်းမှု သံသရာကြီးက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ လုပ်စရာ မရှိရင် သေနတ်ပြန်ကိုင်မယ်။ ပြန်ကိုင်ရင် သံသရာ ထပ်လည်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အပစ်ရပ်ရုံ၊ လက်နက်ချရုံ ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးအရ အဓိက ဆွေးနွေးရမည် ဖြစ်ပြီး အနာဂတ် ပြည်ထောင်စု တပ်မတော်တွင် တိုင်းရင်းသားများ ပါဝင်ထမ်းဆောင်ရေး၊ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ တပ်မတော်တွင် မည်သို့မည်ပုံ ပါဝင်ရေး တို့ကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိအချိန်၌ လက်နက်ကိုင် တိုင်းရင်းသားများမှာ ဥပဒေပြင်ပရောက် လူပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ဥပဒေ မလိုက်နာမှုများကို အပြစ်မတင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် အဆိုပါ လူပုဂ္ဂိုလ်များကို ဥပဒေဘောင်တွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ထပ်လောင်း ပြောဆိုသည်။

တပ်မတော်အစိုးရမှ သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရသို့ အသွင်မကူးပြောင်းမီ တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့် အဖြစ် ပြောင်းလဲရန် အစိုးရက ကြိုးပမ်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အများစုက လက်မခံသဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယင်းနောက် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသားများ ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထူထောင်ရန် လက်နက်ကိုင် ခေါင်းဆောင်များက တင်ပြခဲ့ပြီး အစိုးရကမူ တပ်မတော်ဆိုင်ရာ ကိစ္စများကို အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပြန်ကြားထားသည်။

- The Voice Weekly

မိမိပုံ မိမိ တစ်နေ့ ပုံ ၂၀၀ ရိုက်ပြီး Facebook ပေါ်တင်သူ ပုံမလှ၍ သေကြောင်းကြံ



ပုံထဲက မြင်တွေ့နေရတဲ့ ဗြိတိန်နိုင်ငံက လူငယ်လေး ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးပြီး အသက် ၁၅ နှစ်သားက စလို့ ကိုယ့်ပုံကိုယ် ဖုန်းနဲ့ ရိုက်လို့ (Selfie) လုပ်လို့ Facebook ပေါ်မှာ ပုံတင်လာသူ ဖြစ်ပါတယ်။

ပြောရင် ယုံချင်စရာတောင် မရှိပါဘူး။ သူဟာ တစ်ရက်ကို Selfie ပုံ အပုံ ၂၀၀ ရိုက်ပါတယ်။ Faceboook ပေါ်မှာ အလှဆုံးတွေ ရွေးတင်ပြီး သူငယ်ချင်းတွက ဆံပင်မလှဘူး၊ အသားဝါတယ်၊ နှာခေါင်းမလှဘူး အစရှိသဖြင့် ဝေဖန် ကွန်းမင့်များကို ကြည့်လို့ စိတ်ဖိစီးမှု ရပြီး အကောင်းဆုံး ဓာတ်ပုံကို နေ့တိုင်း ရိုက်ပါတော့တယ်။ ဓာတ်ပုံ ရိုက် အားကောင်းမှုကြောင့် ကျောင်းတောင် ထွက်ရ ပါတယ်။ မနက် အိပ်ယာထရင် ၁၀ ပုံ၊ သွားတိုက်ရင် ၁၀ ပုံ၊ ရေချိုးရင် ၁၀ ပုံ၊ ကျောင်းသွားခါနီး မှန်ကြည့်ရင် အပုံ ၂၀ အစရှိသဖြင့် ရိုက်ပြီး နောက်တော့ ကျောင်းတောင် မရောက်နိုင်တော့ တာကြောင့် ကျောင်း ထွက် ရတဲ့အထိ အခြေအနေ ဆိုးသွား ပါတယ်။

ဒါလဲ လက်မလျော့ပဲ အိမ်ထဲမှာပဲ ၆ လကြာ နေပြီး ဆက်ရိုက် ပါတယ်။ ပေါင်ချိန် ၂ စတုံကျပြီး အအိပ်အစား မမှန်တော့တဲ့အထိ ရိုက်ပါတယ်။ နောက်တော့ အလှဆုံးပုံ ထွက်မလာ ပါလား ဆိုပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ အတွက် ဆေးအလွန်အကျွံသောက်ပါ တော့ တယ်။ နောက်တော့ အမေဖြစ်သူ အချိန်မှီကယ်လို့ ဆေးရုံတင်ပေးခဲ့ တာကြောင့် အသက်ဘေးမှ လွတ်မြောက် ခဲ့ ပါတယ်။ သူ ဟာ တစ်ရက်ကို အပုံ ၂၀၀ ပျမ်းမျှ ရိုက်ကြောင်းလည်း စစ်ဆေး တွေ့ရှိခဲ့ ပါတယ်။ အိုင်ဖုန်းကို အသုံးပြုပြီးတော့ ရိုက်ကူးခြင်း ဖြစ်ပါတယ်။ Selfie ဆိုတဲ့ စကားလုံး ဝေါဟာရဟာ အရင်နှစ်ကမှ အောက်စ်ဖို့ အဘိဓာန် မှာ စတင် ပါဝင်လာခြင်း ဖြစ်ပါတယ်။ မိမိပုံ မိမိ ကင်မရာ၊ ဖုန်း ကိုင်လို့ ရိုက်ကူးခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Danny Bowman လို့ အမည်ရတဲ့ ယင်းလူငယ်လေးလိုပဲ 
Selfie စိတ်ရောဂါ ဝင်သူများ ကမ္ဘာ တစ်လွှားမှာ သိန်းနဲ့ချီ ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ စိတ်ရောဂါ တစ်မျိုး ဖြစ်လာ ကြောင်း သိရ ပါတယ်။

Ref: ရိုးရာလေး

ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမဆုံး တွေ့ဖူးသည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း

From : မြ၀တီ



ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။

၎င်းမျိုးနွယ်စု ဝင်များသည် လေယာဉ်ပေါ်မှ ဓာတ်ပုံ ရိုက်သည်ကို ထိတ်လန့်၍ ၎င်းတို့ ကိုင်ထားသော လှံများပင် လှုပ်ရမ်း သွားသည့်အတွက် လေယာဉ်ကို ပထမဆုံး တွေ့မြင်ဖူး ပုံ ပေါ်သည့် အပြင် ခေတ်မီတိုးတက်သော ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက် နေသယောင်ရှိသည်ဟု ခန့်မှန်းရသည်။

ကာကွယ်စောင့်ရှောက်ဖို့ မလိုတော့ဘူးလား..


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) ၆၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားပါမယ်လို့ မိန့်ခွန်းထဲ ထည့်ပြောတာကို မီဒီယာတစ်ချို့က အထူးအဆန်း သတင်းလုပ်ရေးကြတာကို တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်နေတဲ့ နိုင်ငံတစ်ခုမှာ လက်နက်ကိုင်တပ်မတော်ဟာ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်တယ်ဆိုတာ ဘာများ ဆန်းကြယ်နေပါသလဲ။ တပ်မတော်က အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ မလိုအပ်ဘူးလား။
ဒါနဲ့ပတ်သက်ပြီး ပြောရရင် တပ်မတော်သားတစ်ယောက်ရဲ့ ဘ၀ အစကို ပြောပြမှ ပြည့်စုံမယ် ထင်ပါတယ်။ မြန်မာ့တပ်မတော်ကို စစ်မှုထမ်းအဖြစ် စတင် ၀င်ရောက်ပြီဆိုတာနဲ့ နိုင်ငံတော်အလံကို လက်နဲ့ ထိပြီး ကတိသစ္စာပြုကြရပါတယ်။ ကတိသစ္စာပြုရမယ့် စာသားကို ၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၆ မှာ အခုလို ရေးထားတာ တွေ့ရပါတယ်။

"ကျွန်ုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မိမိ၏ အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည် ဟူ၍လည်းကောင်း တပ်မတော်တွင် ဝင်ရောက် အမှုထမ်း၍ ကုန်းကြောင်း ခရီးဖြင့် ဖြစ်စေ ရေကြောင်းခရီးဖြင့် ဖြစ်စေ လေကြောင်း ခရီးဖြင့်ဖြစ်စေ မည်သည့် နေရာ အရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏ အသက်စွန့်၍ပင် သွားမည်ဟူ၍ လည်းကောင်း မိမိကို အုပ်ချုပ်သော အထက်အရာရှိ တစ်ဦးဦး၏ အမိန့်အားလုံးကို မိမိ၏ အသက်စွန့်၍ပင် နာခံပါမည် ဟူ၍ လည်းကောင်း ကတိသစ္စာ ပြုပါသည်။"

အဲသည် ၁၉၅၉ တပ်မတော် အက်ဥပဒေဆိုတာ မြန်မာနိုင်ငံမှာ ပထမဆုံး ပြဌာန်းခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၃) မှာပါတဲ့ ပြည်ထောင်စု ဥပဒေပြုစာရင်းအရ ရေးဆွဲပြဌာန်းခဲ့ပြီး အခုထိတိုင် လိုက်နာကျင့်သုံးနေဆဲ ဥပဒေတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(စ) မှာလည်း တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည် လို့ ပြဌာန်းထားပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ဘိုးအေကြီးလို့ တင်စားနေကြတဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း အလားတူပါပဲ။ အမေရိကန်တပ်မတော်မှာ စစ်မှုထမ်းအဖြစ် စာရင်းသွင်းတဲ့ စစ်သည်တွေဟာ အခုလို ကတိသစ္စာပြု ကြရပါတယ်။

"I, XXXXXXXXXX, do solemnly swear (or affirm) that I will support and defend the Constitution of the United States against all enemies, foreign and domestic; that I will bear true faith and allegiance to the same; and that I will obey the orders of the President of the United States and the orders of the officers appointed over me, according to regulations and the Uniform Code of Military Justice. So help me God."

ဒီလို လက်နက်ကိုင် တပ်မတော်တွေ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ဘာလို့ လိုအပ်သလဲဆိုရင် တစ်ခြားသော နိုင်ငံရေး အဖွဲ့အစည်းများအနေနဲ့ပဲ ဖြစ်ဖြစ် လူပုဂ္ဂိုလ် တစ်ယောက်ချင်းအနေနဲ့ပဲဖြစ်ဖြစ် အခြေခံဥပဒေကို စက္ကူစုတ်သာသာ သဘောထားပြီး မြောင်းထဲရောက်အောင် လုပ်ချင်ရင် လေနဲ့သာ လုပ်လို့ ရပါလိမ့်မယ်။ လက်နက်ကိုင်ထားတဲ့ တပ်မတော်ကတော့ သူ့မှာ လက်နက်ရှိတဲ့အတွက် အခြေခံဥပဒေကို မြောင်းထဲပို့ချင်ရင် တကယ်ပို့နိုင်တဲ့အစွမ်းလည်း ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးစနစ်တစ်ခုကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အခြေခံဥပဒေကို ကိုယ်တိုင်လည်း လိုက်နာဖို့လိုသလို အခြားသူတွေကလည်း အခြေခံဥပဒေကို စက္ကူစုတ် လုပ်မပစ်နိုင်အောင် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အထူးတာဝန်အပ်နှင်းထားရတာပါ။
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာကို အကောက်အယူလွဲကြတဲ့ အမြင်တွေကိုလည်း မကြာမကြာဆိုသလို ကြားသိနေရပါတယ်။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ အခြေခံဥပဒေကို လုံးဝ(လုံးဝ) မပြင်ဆင်စေရ လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး တပ်မတော်က အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်မှုအပေါ် ပြစ်တင်ဝေဖန်နေတာတွေကိုလည်း ကြားသိနေရပါတယ်။ တကယ်တော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း အာဏာသက်ရောက်စေဖို့နဲ့ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ခြင်း မပြုနိုင်ကြစေဖို့ ထိန်းသိမ်းဆောင်ရွက်တဲ့သဘောသာဖြစ်ပြီး အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုရင်လည်း အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်းဆောင်ရွက်နိုင်ဖို့ သဘောတူခွင့်ပြုထားပြီးသား ဖြစ်ပါတယ်။
အခြေခံဥပဒေနဲ့ အလှမ်းဝေးတဲ့၊ အခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုထားခြင်းမရှိတဲ့ သာမန်လူတွေထဲက အဲသလို နားလည်မှု လွဲတယ်ဆိုတာကို ဘာမှ မပြောလိုပေမယ့် နိုင်ငံရေးကို တကယ်ထဲထဲဝင်ဝင် လုပ်နေကြတဲ့ နိုင်ငံရေးပါတီများအနေနဲ့ကတော့ ဒါကို အဓိပ္ပာယ်ကောက် မလွဲသင့်ပါဘူး။ ဒါမှမဟုတ် အဓိပ္ပာယ် တလွဲကောက်ပြီး ပြည်သူကို ချောက်မချသင့်ပါဘူး။

ပြည်သူလူထုကို နိုင်ငံရေးအသိအမြင် နားမျက်စိတွေ ဖွင့်ပေးဖို့က ဆိုခဲ့ပါ နိုင်ငံရေးပါတီတွေ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ပြည်သူလူထုဆိုတာ နလပိန်းတုံးပါပဲဆိုတဲ့ သဘောနဲ့ လှည့်စားတိုင်းခံရမယ်ဆိုပြီး ကိုယ့်ပါတီရည်မှန်းချက်အတွက် အသုံးချဖို့ မဟုတ်ဘဲ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက်ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးအတွက်ပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ နားမျက်စိကို တတ်နိုင်သလောက်ဖွင့်ပေးပြီး ပြည်သူတွေကိုယ်တိုင် ချီတက်နိုင်အောင် လုပ်ပေးရမှာပါ။
ဒီနေရာမှာ ဒါကို ဘာလို့ ထည့်ပြောရသလဲ ဆိုရင် နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်ဆိုသူက ပြီးခဲ့တဲ့ မိုးကုတ်မြို့ ခရီးစဉ် ဟောပြောပွဲမှာ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကတိသစ္စာပြုတာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိပါးရာရောက်တယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့လို့ပါပဲ။ အဲသည်စကားရဲ့ အကျိုးဆက်ကို တွက်ဆကြည့်ကြပါစို့။ သူဆိုလိုချင်တာက တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ မသင့်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ခုချိန်မှာ အာဏာမရသေးပေမယ့် တစ်ချိန်မှာ ရွေးကောက်ပွဲ မဲအများဆုံးရပြီး အစိုးရဖွဲ့နိုင်ခြေရှိတဲ့ ပါတီကြီးတစ်ခု ဖြစ်တာနဲ့အညီ အခြေခံဥပဒေထဲက ဆိုခဲ့ပါ ပြဌာန်းချက်ကိုလည်း ဆိုခဲ့ပါ ပါတီကြီးက ပယ်ဖျက်လိုက်နိုင်ပြီဆိုပါတော့။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ မလိုတော့ပါဘူး။ လက်နက်ကိုင်ထားတဲ့ တပ်မတော်ဟာ လုပ်ချင်ရာ လုပ်လို့ ရသွားပြီဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ သမ္မတအမိန့်ကို နာခံစရာ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတော်ကို ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်အခတွေ ပေးဆောင်ချင်မှပေးဆောင်မယ် မပေးဘဲ နေချင် နေလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ကုန်ကုန်ပြောရရင် လက်နက်အားကိုးနဲ့ နိုင်ငံတော်ကို အာဏာသိမ်းချင်လည်း သိမ်းလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ထိ သက်ရောက်သွားပါတယ်။
ဗိုလ်ကောင်းလို သာမန် ကျောင်းသားလေး တစ်ယောက်ကတောင် ဒါကို ဒီလောက် တွေးမိတယ်ဆိုရင် အဲသည်စကားကို ပြောကြားခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးက ဒါကို မသိဘဲနေမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဒီလောက် အန္တရာယ်ကြီးတဲ့စကားကို ဘာသဘောနဲ့ ပြောခဲ့တာပါလိမ့်။ ဗိုလ်ကောင်း ဉာဏ်မမီတော့လို့ ကိုယ့်ဘာသာကိုယ်သာ ဆက်စဉ်းစားကြည့်ကြပါတော့ လို့ ပြောလိုက်ပါရစေ။


ဗိုလ်ကောင်း

မီဒီယာ ရည်ရွယ်ချက်က ဘာလဲ



မနေ့ ကတည်းက ဒီအတွေး ဖြတ်ကနဲ ပေါ်လာခဲ့ဘူးတယ်. . .
အင်း. . . .မီဒီယာတွေကတော့ ဒီယုန်မြင်လို့ ဒီခြုံထွင်အုံးမယ် ဆိုတာကိုပါ...
ထင်တဲ့ အတိုင်းပါပဲ. . .
ဒီကနေ့ ဂျာနယ်တွေမှာ ဒီလို အဆင့်မရှိတဲ့ အောက်တန်းစား အတွေး. . .
လမ်းဘေး ချီးယို. . ဓါတ်တိုင်သေးပန်း..ပလက်ဖောင်းခေါင်းအုံး အရေး...
ကြွက်တွင်းအဖီဆွဲ. .အိမ်သာ ထရံ သွားကြားထိုး အဆင့် စိတ်ကူးတွေနဲ့. .
ဝေဝေဆာဆာ ဖော်ပြလာခဲ့ ကြပါပြီ. . . .
ဒီလက်နက်၊ဒီပစ္စည်းတွေ ဆိုတာ ဒီနှစ်မှ မဟုတ်ပါဘူး. . .မနှစ်ကလည်း
ပြသခဲ့တာပါပဲ. . . .(ဒီနှစ်တော့ အနည်းငယ် ပိုတာပေါ့လေ)
ဘာကိုရည်ရွယ်တာလည်း. . .ဘာကိုဦးတည်တာပါလဲ. . .

မီဒီယာများခင်ဗျာ. . . .
ခင်ဗျားတို့ နေတဲ့ နိုင်ငံရဲ့ ပတ်ဝန်းကျင်က နိုင်ငံများကို တစ်ချက်ကြည့်ပါ...
ဘာတွေ ပြောလာသလဲ. . ဘယ်လိုတွေ စော်ကားလာနေပါသလဲ. .
ဒီနိုင်ငံတွေရဲ့ အနာဂတ်ခြိမ်းခြောက်မှု အတွက် ဒီပစ္စည်းများဟာ မရှိမဖြစ်၊
မပြမဖြစ်ကို ထုတ်ဖော် ပြသသင့်တဲ့ အခြေအနေပါ. . .
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို ခက်ခက်ခဲခဲ တည်ဆောက်နေတဲ့ အချိန်မှာ ဒီလို အတွေးတစ်စ၊စာတစ်ပိုဒ်ဟာ အများကြီး
တာသွားပါတယ်. . မသိတဲ့သူများ အထင်လွဲစရာ ဖြစ်နိုင်ပါတယ်. . .
ဒီပစ္စည်းများရဲ့ ဒီနိုင်ငံရောက် သက်တမ်းဟာ အနည်းဆုံး ၅ နှစ် အထက်ရှိပါ
တယ်. . .ခြိမ်းခြောက်ချင်မှဖြင့်. . . .လူလိုတွေး. . လူလိုရေးပါ. . .
လွတ်လပ်ခွင့်ဆိုတာ ယူတိုင်းမကောင်းပါဘူး. . အထူးသဖြင့် တာဝန်ယူမှု
နည်းတဲ့ ဒီက မီဒီယာ ခင်ဗျားတို့ အတွက်ဆို ပိုလို့တောင် မတန်ပါဘူး. .
ဘင်္ဂလား ဂျာနယ်တစ်စောင်က စော်ကားမော်ကားမီဒီယာ attack လုပ်တာ
ကြတော့ ခင်ဗျားတို့ မီဒီယာတွေ CP ကြက်ဖကြီးတွေလိုပါပဲ. .
အကောင်သာကြီးပြီး စောက်ဖြစ် မရှိကြပါဘူး...ဘာမှ ပြန်လည်တုံ့ပြန်တာ
မျိုး မတွေ့ခဲ့ပါဘူး. . . . . .
ဒီတော့ ခင်ဗျားတို့ လေးဖက်ထောက်မဏ္ဍိုင်ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ. .
စစ်ပွဲတွေ ပြန်ဖြစ်စေချင်တာလား????
သွေးထွက်သံယိုတွေ ဖြစ်စေချင်တာလား???
တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေတာလား???
စစ်ဘေး ဒုက္ခသည်တွေ များစေချင်တာလား????
ခင်ဗျားတို့ ရည်ရွယ်ချက်က ဘာလဲတော့ မသိဘူး. . .
ဒါပေမဲ့. . . .
ဒီက မီဒီယာဆိုတဲ့ အဆင့်၊အတွေး၊အယူအဆတွေဟာ. . .
ဒေါက်တာ ချက်ကြီးရဲ့ အပြာစာအုပ် အဆင့်လောက်ပဲ ရှိတယ်လို့
ကျွန်တော်တော့ ယူဆတယ်. . .
(အားလုံးကို မဆိုလို)
photo Htet Aung
ဖိုးဥာဏ်

နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း

From : president-office



နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ခင်ဗျား-

ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အား ထက်သန်စွာဖြင့် ကိုယ်ရောစိတ်ပါ ပါဝင် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက နိုင်ငံရေးပါတီ (၆၅) ဖွဲ့နဲ့ တွေ့ဆုံခွင့်ရတာ ကျွန်တော့်အနေနဲ့ အင်မတန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ ရှေ့မှာ နိုင်ငံရေး ပါတီများနဲ့ (၃) ကြိမ် တွေ့ပြီး ဖြစ်ပေမယ့် အကန့်အသတ်နဲ့ တွေ့နိုင်ခဲ့တာ ဖြစ်ပြီး ဒီနေ့တော့ နိုင်ငံရေး ပါတီအားလုံးနဲ့ တွေ့နိုင်တာဖြစ်တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။

နိုင်ငံတော်အလံကို အလေးပြုသင့်မပြုသင့်

From : https://www.facebook.com/photo.php?fbid=266609986842128&set=a.131750700328058.25726.130347030468425&type=1&relevant_count=1


အလံအကြောင်းဖတ်မိတာတစ်ခုလောက်ပြောချင်တယ်။ အခု Hot Topic ဖြစ်နေတဲ့ အလေးပြုတယ် မပြုဘူးကိစ္စမဟုတ်ပါဘူး။ အဲဒီနေရာမှာ ကိုယ်တိုင်လည်းရှိခဲ့တာမဟုတ်တော့ သိလည်းမသိသလို ထင်မြင်ယူဆချက်လည်းမရှိပါဘူး။ ပြောချင်တာက အဲဒါနဲ့ဆက်စပ်ပြီး အခုတလောခဏခဏဖတ်မိနေတဲ့ တချို့တွေရဲ့ပြောစကားပါ။ စစ်အစိုးရက သူတို့စိတ်ကြိုက်ပြောင်းခဲ့တဲ့အလံကြီးကို ဘာလို့အလေးပြုရမှာလဲ။ ပြည်သူ့အလံမှမဟုတ်ဘဲ။ သုံးရောင်ချယ်ပိတ်စကြီးကို ငါတို့တော့ အလေးမပြုနိုင်ပါဘူး။ စသဖြင့်ပေါ့။ ဆိုလိုတာကတော့ အခုအလံက ပြည်သူ့ဆန္ဒမပါလို့ အလေးမပြုနိုင်ဘူး။ အရင်အလံဆိုရင်တော့ အလေးပြုမယ်ပေါ့။

အမျိုးသား မော်ဒယ်လ်များနှင့် နီးကပ်စွာ သရုပ်ဆောင်ခြင်းကို ချစ်သူက တားမြစ်ထားသည်ဟု ရှကီရာ ပြောကြား

From : မြ၀တီ 



ဝါကာဝါကာသီချင်း အဆိုတော် ရှကီရာက သူမ၏ ချစ်သူ ကမ္ဘာကျော် ဘောလုံးသမား ဂျရတ်ပီကေးသည်သူမအား နာမည်ကြီး အမျိုးသား မော်ဒယ်လ်များနှင့် နီးကပ်စွာ သရုပ်ဆောင်ခြင်းကို တားမြစ် ထားကြောင်း ထုတ်ဖော် ပြောကြားထားသည်။ ပီကေးက သူမအား ဂီတ ဗီဒီယိုများ၌ အမျိုးသား မော်ဒယ်လ်များနှင့် နီးနီး ကပ်ကပ် သရုပ်ဆောင်ခြင်းကို တားမြစ် ထားသော်လည်း ဆွဲဆောင်မှု ပြင်းသော ဝတ်စားဆင်ယင်မှုကိုမူ တားမြစ် ပိတ်ပင်ထားခြင်းမရှိဟု ရှကီရာက ထပ်လောင်း ပြောကြားခဲ့သည်။ ထို့အပြင် မိမိသည် ပီကေးထံမှ တစ်ကိုယ်ကောင်းဆန်မှု ကင်းသည့် ကောင်းမွန်သော စိတ်ဓာတ်နှင့် အဖွဲ့အစည်း အတွက် တွေးပေး တတ်သည့် စိတ်ဓာတ်ကောင်းတို့ကို အတုယူ သင်ကြားလေ့ ရှိကြောင်း၊ မိမိသည် အောင်မြင်သော အနုပညာ ရှင်တစ်ဦး ဖြစ်သော်လည်း ကလေးဆန်သော အတွေးအခေါ်နှင့် အပြုအမူများ ရှိသည့်အတွက် ပီကေးက သူ၏ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာ ရှင်းပြ သင်ကြားလေ့ ရှိကြောင်း ရှကီရာက ဝန်ခံ ပြောကြားခဲ့ သည်ဟု သိရသည်။

ပြည်သူ့ တပ်မတော်





ပြည်သူ့  တပ်မတော် ဖြစ်လာအောင် ...
ဘယ်လို လုပ်မလဲ ....

အို … ပြည်သူ့  အလိုဆန္ဒကို ဦးထိပ်ပန်ဆင်လိုက် ပေါ့ ....

ကောင်းပါပြီလေ...
အာ့ဆိုလဲ ဖေ့စ်ဘုတ်ပေါ်က ...
ပြည်သူ့ အလိုဆန္ဒတွေ ပဲ ...
အရင် ဦးထိပ် ပန်ဆင်ကြည့်ရအောင် ....

မျိုးစောင့် ဥပဒေကို ထောက်ခံတဲ့ ကောင်လဲ ရှိတယ်
မထောက်ခံတဲ့  ကောင်လဲ ရှိတယ် ...
အဲတော့ တပ်က နှစ်ဖွဲ့ ခွဲ ....
တစ်ဖက်စီမှာ ၀င်နေ ...
အာ့အုပ်စု နှစ်ခု ဆော်ပလော်တီးကြ ...

၅၉ စ ပြင်ချင်တဲ့ သူနဲ့  မပြင်ချင်တဲ့ သူ တွေ ရှိတယ် ...
အဲတော့ တပ်က နှစ်ဖွဲ့ ခွဲ ....
တစ်ဖက်စီမှာ ၀င်နေ ...
အာ့အုပ်စု နှစ်ခု ဆော်ပလော်တီးကြ ...

ဒေါ်စုကို ကြိုက်တဲ့ သူ နဲ့  မကြိုက်တဲ့ သူ တွေ ရှိတယ် ....
အဲတော့ တပ်က နှစ်ဖွဲ့ ခွဲ ....
တစ်ဖက်စီမှာ ၀င်နေ ...
အာ့အုပ်စု နှစ်ခု ဆော်ပလော်တီးကြ ...

တိုင်းရင်းသား နယ်မြေတွေက တပ်တွေအားလုံး ...
ရုပ်စေချင်တဲ့ သူ နဲ့ မရုပ်စေချင်တဲ့ သူတွေ ရှိတယ် ...
အဲတော့ တပ်က နှစ်ဖွဲ့ ခွဲ ....
တစ်ဖက်စီမှာ ၀င်နေ ...
အာ့အုပ်စု နှစ်ခု ဆော်ပလော်တီးကြ ...

ကုလားကို အပီ တွယ်ချင်တဲ့ သူ နဲ့  ...
အပီ မတွယ်ချင်တဲ့ သူတွေ ရှိတယ် ...
အဲတော့ တပ်က နှစ်ဖွဲ့ ခွဲ ....
တစ်ဖက်စီမှာ ၀င်နေ ...
အာ့အုပ်စု နှစ်ခု ဆော်ပလော်တီးကြ ...

တရုတ်ကို အပီ တွယ်ချင်တဲ့ သူ နဲ့ ...
အပီ မတွယ်ချင်တဲ့ သူတွေ ရှိတယ် ....
အဲတော့ တပ်က နှစ်ဖွဲ့ ခွဲ ....
တစ်ဖက်စီမှာ ၀င်နေ ...
အာ့အုပ်စု နှစ်ခု ဆော်ပလော်တီးကြ ...

အာဏာရှင်တွေ နဲ့  ...
သူ့ တို့ စီးပွားရေးလုပ်ငန်းတွေ ကို ...
တပ်မတော်ကြီးက ဦးဆောင်ပြီး အပြတ်ချပြစ်ရမယ် ....
အဲထဲမှာ တိုင်းရင်းသား စစ်အာဏာရှင် ခေါင်းဆောင်တွေရော ....
သူတို့ လုပ်ငန်းတွေရော အားလုံးပါတယ်....

ခရိုနီတွေကို တပ်မတော်ကြီးက ဦးဆောင်ပြီး …
အပြတ်ရှင်းရမယ်…
လုပ်ငန်းတွေ အားလုံး ပြည်သူပိုင် သိမ်းရမယ်…
အဲထဲမှာ အရင်စစ်အစိုးရတုန်းက တပ်နဲ့ ပေါင်းပြီး…
အခွင့်အရေးယူခဲ့တဲ့ ကောင်တွေ ….
အားလုံးပါတယ်…

အဓိကရုဏ်း တွေ ဖြစ်လာရင် …
ပြည်သူတွေ ဖြစ်တဲ့ အတွက် ….
ထိုင် တောင်းပန်ရမယ်….
ဟိုက လက်မခံရင် အိမ်ပြန်လာရမယ်…
ပြည်သူတွေ ဖြစ်လို့  သူတို့ အလိုအတိုင်း ….
လုပ်ချင်တာ ဆက်လုပ်ပါစေ….

၆၂ ခုနှစ် ကတည်းက ….
မြေသိမ်းထားတာတွေ အားလုံးပြန်ပေးရမယ်…
အရင်ပိုင်ရှင် နောက်ပိုင်ရှင် ပြသနာဖြစ်ရင် …
နှစ်ဖက်လုံးပြည်သူတွေ ဖြစ်လို့ …
တပ်ကို နှစ်ဖွဲ့ ခွဲပြီး…
တစ်ဖက် နဲ့ တစ်ဖက် ပြန်တိုက်ကြရမယ်…

ရှမ်းနီ နဲ့ ကချင် မတည့်ဘူး …
ဝ နဲ့ ရှမ်း မတည့်ဘူး …
မွန် နဲ့ ကရင် မတည့်ဘူး…
အားလုံး ပြည်သူတွေ ဖြစ်လို့ …
တပ်မတော်ကို အဖွဲ့ တွေခွဲပြီး …
တစ်ဖွဲ့ စီ ဘက်က ၀င်တိုက်ပေးရမယ်…

ကျောက်ဖြူပိုက်လိုင်း ကို ဗုံးခွဲပြီး …
မြစ်ဆုံကို ဒုံးပျံ နဲ့ ပစ်ရမယ်…
ဝ ဒေသကို မီးလောင်တိုက်သွင်းရမယ်…

ဖမ်းခံလိုက်ရတဲ့ တပ်မတော်သား နဲ့ …
အရပ်သား ၂ယောက်ကို ကယ်ဖို့  …
ဘင်္ဂလားဒေ့ရှ်ထဲကို တပ်တွေ ၀င်ရှာရမယ် …
ဟိုက လက်မခံရင် စစ်တိုက်ရမယ်….

တရုတ်ကို မကြောက်ကြောင်းပြဖို့ …
တရုတ်ထောက်ပံ့ နေတဲ့ ….
လက်နက်ကိုင်အဖွဲ့ အားလုံးကို စစ်တိုက်ရမယ်…
ဒါမှ ဆက်ထောက်ပံ့ နေရင် …
တရုတ်ကိုပါ စစ်ကြေငြာရမယ်…

အာ့လောက်ဆိုရပြီလားဟင်…..
      

( ပြည်သူ့ တပ်မတော်သား ရဲမိုး )

မနှစ်ကလဲ အလေး မပြုခဲ့သလို ဒီနှစ်မှာလဲ အလေး မပြုခဲ့ပါ..

From : https://www.facebook.com/photo.php?fbid=576192222488205&set=pcb.576195589154535&type=1




အလေးပြုတယ် ဆိုတာ ကာချုပ်ကို အလေးပြု ရတဲ့ အစီအစဉ် မပါ ပါဘူး.. ဘယ် အရပ်သား ဧည့်တော် တွေက မှ ကာချုပ်ကို ဦးညွှတ် အလေး မပြုရပါ...

ပုံထဲက အစီအစဉ်ထဲမှာ ပိတ်ငြင်းနေကြတဲ့ ဒေါ်စုသားသမီးများ သေချာ ကြည့်ကြပါ... နိုင်ငံတော် အလံအား အလေးပြု ခြင်း နဲ့ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ နှင့် တပ်မတော်သားများ အားအလေး ပြုချင်း ၂ ခုပဲ ပါ ပါတယ်...

နောက်ပြီး နိုင်ငံတော် အလံက ဘယ်သူ ဘယ်ဝါ ပြောင်းသွားလို့ ဆိုပြီး အလေး မပြုတာ ဆိုတဲ့ သူများ... ကိုတော့ ပထမဆုံး အနေနဲ့ မေးချင် ပါတယ်... ခင်ဗျားတို့ အာဏာ ရသွားလို့ ပြောင်းသွားရင် ကော ကျနော် သ ဘောကျလို့ အလေး မပြုဘူးဆိုရင် လက်ခံ နိုင်မလား?

မင်းဘယ်လမ်း ... ရွေးမလဲ ... (ဒီမို)



အခုတစ်လော ... ဥပဒေတွေကို ပြင်ဖို့
သေကောင်ပေါင်းလဲ ... ကြိုးစားအားထုတ်နေကြတဲ့

ဒီမိုမယ်တော်ကြီးရယ် ... 
ထောင်ထွက် ဘွဲ့မရကျောင်းသားတစ်သိုက်ရယ် ... 
သူတို့ရဲ့နောက်လိုက် ... ဒီမိုလေးတွေရယ်ကို ကြည့်ပြီး 
ပြောပြခြင်တာတစ်ခုတော့ ... ရှိတယ်ဗျ 

(၄၃၆) တစ်မျိုးထဲကိုပဲ ... ပြင်ပြင်
(၅၉) (စ) တစ်ခုထဲကိုပဲ ... ပြင်ပြင်
အခြေခံဥပဒေ တစ်ရပ်လုံးကိုပဲ ... ပြင်ပြင် 

ပုဒ်မ (၄၃၆) ပါ ပြဌာန်းချက်တွေအတိုင်း ... 
လွှတ်တော်ရဲ့ (၇၅)% ... ထောက်ခံမှုရှိမှသာ
ပြင်ဆင်ဖျက်သိမ်းနိုင်မှာ ... မဟုတ်ဘူးလား ... ၊

လူကြည့်ကောင်းအောင် ... တပ်မတော်သားအမတ် ... 
အင်အားတစ်ဝက်လောက်က ... ထောက်ခံမှုပြလိုက်ပြီး 

ကြံဖွန့်တစ်ဝက်ကျော်လောက်ကပဲ ... ကန့်ကွက်လိုက်မယ်ဆိုရင်
ဒါမှမဟုတ် ကြားနေမဲအဖြစ် ... ရပ်တည်လိုက်မယ်ဆိုရင်ရော ...
(၇၅)% က ... ဘယ်လိုပြည့်နိုင်ဦးမှာလဲ ...

------------------------------

ဒီလိုဥပဒေဘောင်အတွင်းက ... နည်းလမ်းက 
မဖြစ်နိုင်တော့လို့ ... မသုံးချင်ဘူးဆိုရင် ... 

၂၀၀၈ အခြေခံဥပဒေကို ... 
ပျက်ပြယ်အောင်လုပ်နိုင်တဲ့ ... တစ်ခြားနည်းလမ်းက ...

အဲဒီ ဥပဒေနဲ့အညီ ... ရွေးချယ်တင်မြှောက်ခဲ့တဲ့ 
လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေကို ... ဖျက်သိမ်းပစ်ဖို့ပါပဲ 

သူ့အလိုလို နှုတ်ထွက်ကြမှာလား .... ဝေးသေး
ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အမတ်တစ်ယောက်ကို 
ပြန်လည်ရုတ်သိမ်းနိုင်တဲ့ ... ဥပဒေကိုတောင် ... 
ဆိုင်းငံ့လုပ်ထားခဲ့သေးတာ ပဲ ... 

ဒီလို ထိုင်ခုံအရသာ ... သိပြီးသားလူတွေကို ... 
တစ်အုံတစ်မကြီး ထွက်ပေးခိုင်းဖို့ဆိုရင် ... သာလို့တောင်ဝေးသေး 

ကဲ ဒါဆိုရင် ... အာဏာသိမ်းဖို့ လုပ်ကြည့်မလား 
ပိုဝေးသွားပြန်ပြီ ... မပြန်နိုင်တဲ့ လမ်းထက်ကို ဆိုးသွားနိုင်တယ် 

ဘာ့ကြောင့်လည်းဆိုတော့ ... 

မြန်မာပြည်ရဲ့ ... ခေတ်အဆက်ဆက် ပြန်ကြည့်လိုက်ရင် 
နိုင်ငံရေးသမားတွေ အာဏာသိမ်းနိုင်တယ်ဆိုတာ ... ရှိဖူးလို့ လား

ဒါပေမယ့် ... ရှိခဲ့ဖူးတာ တစ်ခုကတော့
အဲဒီလို ... တည်ဆဲဥပဒေတွေကို ဖျက်သိမ်းခြင်တိုင်းမှာ

မပြောင်းမလဲဘဲ ... အမြဲတမ်း အာဏာသိမ်းခဲ့တဲ့ 
တစ်ခုထဲသောအဖွဲ့အစည်းကတော့ ... ( စစ်တပ် ) ဆိုတာပါပဲ ...

ဒီတော့ ... မင်းတို့တစ်တွေ သတ္တိရှိရင် ... 
အမယ်အိုကြီး စိန်ခေါ်ခဲ့ဖူးသလို ... သပိတ်မှောက်ကြည့်လိုက်ပါလား ... ဘယ်သူအာဏာသိမ်းသွားနိုင်မလဲဆိုတာ ... တွေ့ရတာပေါ့ ... 

ကဲ ... ဒီမိုလေးတွေ ရေ ... 
ဘယ်လမ်းက နီးမယ်ထင်လို့ ... ဘယ်လမ်းကိုရွေးကြမှာလဲ
သတိတော့ထားပြီး ရွေးပေါ့ကွာ ... ဘာဘူကြီးနဲ့ အရာကြီးကိုလေ ... 

အစဉ်လေးစားလျှက် 


True Lie

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရ

From : The Voice Weekly


 
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်ပေါ်တွင် အပိုင်းအစများ ၃၀၀ ခန့် တွေ့ရှိရသည်ဟု ထိုင်းဂြိုဟ်တု တစ်လုံးက မှတ်တမ်းတင်နိုင်ခဲ့ရာ မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် MH 370 ဟု ယူဆကာ ယင်းနေရာကို ရှာဖွေရန် ရှိကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။

မတ်လ ၂၄ ရက်နေ့က Thaichote ဂြိုဟ်တုမှရုပ်ပုံများတွင် ရေပေါ်တွင် မျောနေသော အရာဝတ္ထု ၃၀၀ ခန့် တွေ့ရှိရခြင်းဖြစ်ကာ ယမန်နေ့ကလည်း ပြင်သစ် ဂြိုဟ်တုတစ်ခုက အပိုင်းအစ ၁၂၂ ခုကို တွေ့ရှိခဲ့ရသေးသည်။

လေယာဉ် ခရီးစဉ်အမှတ် MH 370 သည် မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးလျက်ရှိရာ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦး ပါဝင်သွားခဲ့သည်။

နိုင်ငံတော်အလံကို အလေးမပြုသူကိုနိုင်ငံသားအဖြစ် မသတ်မှတ်နိုင်ကြောင်း မကွေးဆရာတော်မှ မိန့်ကြား



အောင်သူရ | Thursday, 27 March 2014

မကွေးဆရာတော် အရှင်ဦးပါမောက္ခက မိမိနိုင်ငံ၏ တည်ဆဲဥပဒေကိုမလိုက်နာ၊ မိမိနိုင်ငံ၏အလံကို အလေးမပြုသူများကို အမိနိုင်ငံ၏ နိုင်ငံသားအဖြစ် သတ်မှတ်ရန်အပြင်းအထန် ကန့်ကွက်ကြောင်း ကို မတ်လ ၂၆ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားခဲ့သည်။

" နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်တဲ့အရေးကို နိုင်ငံရေးလို့ခေါ်တယ်။ ကျုပ်တို့နိုင်ငံရေးကို ပြည်ပမှဝင်ရောက်စွက်ဖက်တာ ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ မိမိက နိုင်ငံသားတော့ခံယူချင်တယ် နိုင်ငံရဲ့ တည်ဆဲဥပဒေကိုတော့ဖြင့် မလိုက်နာ နိုင်ငံတော်အလံအလေးမပြုတဲ့သူ
တွေကို ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံသားဖြင့် မသတ်မှတ်နိုင်ပါ"ဟု ဆရာတော် ဦးပါမောက္ခခက ဆန္ဒဖော်ထုတ်ပွဲတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Dhakka Tribume ၏ ရေးသားချက်ဖြစ်သည့်ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသများကို စစ်တကောင်းနယ်မြေ အဖြစ်ထည့်သွင်း ရန် ကြေညာချက်ကို ဘုန်းကြီးများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့မှအပြင်းအထန်ကန့်ကွက် ကြောင်း ဆန္ဒပြပွဲတွင် သဘောထား ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် လူအင်အား ၅၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြပြီး ဗဟန်းမြို့နယ် ဘင်္ဂလားဒေ့ရှ်သံရုံး တွင် စုရပ်ထားကာ ထိုနေရာမှ မြေနီကုန်း ပြည်သူ့ရင်ပြင်ထိ နေ့လည် ၁ နာရီ၌ စုဝေးဆန္ဒပြခဲ့ကြသည်။

Myanmar times

သံဃာဂိုဏ်း ... ခွဲကြသူများ



ဒီနေ့ ... မရောက်တာကြာပြီဖြစ်တဲ့ 
သံဃမဟာနာယကအဖွဲ့ဝင် ... သြဝါဒစရိယအဖွဲ့ဝင် 
ကျေးဇူးရှင် ဆရာတော်ကြီးဆီကို သင်္ကန်းသွားကပ်ဖြစ်ခဲ့တယ်

အဲဒီမှာ ... ဆရာတော်ကြီးနဲ့
လက်ရှိဘာသာရေး အခြေအနေလေးတွေ လျှောက်ထားဖြစ်တော့ ... 

ကိုယ့်ဘာသာဝင်တွေ ... ကိုယ်တိုင်က 
သံဃာကို ... ဂိုဏ်းခွဲဖို့ကြံစည်နေကြတာကို
ကြောက်မက်ရွံရှာဖွယ်ကောင်းစွာ ... သိလိုက်ရတယ် ဗျာ ... ၊

သံဃဂိုဏ်းမှ ... ပေါ့ပေါ့သေးသေးမဟုတ်ဘူးဗျ 
သံဃာ့မဟာနာယက အဖွဲ့ကြီးကို ... ဂိုဏ်းခွဲခြင်တာတဲ့ .. ၊

ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်တဲ့
( မင်းကိုနိုင် ) ဦးစီးပြီး ... အပြင်းအထန် စည်းရုံးလှုံ့ဆော်နေတာက

သံဃမဟာနာယက ... အဖွဲ့ကြီးဆိုတာဟာ ... 
နဝတ လက်ထက်ကဖွဲ့စည်းခဲ့တာဖြစ်လို့ ... တရားမဝင်ပါဘူးတဲ့ ၊

ဒါ့ကြောင့် ပြန်လည်ဖျက်သိမ်းပြီး ... သံဃာ့အဖွဲ့အစည်းတွေကို
သူ့ဂိုဏ်းဂဏအလိုက် ... လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးရမယ်တဲ့ ၊

တော်တော်ပက်စက်ယုတ်မာ ... တဲ့အကြံအစည် ပါပဲ

သူ့ရဲ့စစ်တပ်ဖိုဘီးယား ရောဂါကြောင့် ... 
ဖြစ်လာခဲ့တဲ့ နာကျည်းချက်တွရဲ့ ... စေစားမှုတွေပါသလို 

သူတို့အတိုက်အခံအုပ်စုအတွက် ... 

အကြီးမားဆုံး ... အနှောင့်အယှက်လိုခံစားနေကြရတာက ... 
အမျိုးဘာသာကို ... ဦးထိပ်ထားကာကွယ်ပေးနေတဲ့ ... 
ဘုရားသားတော် ... သံဃာထုကြီးပါပဲ ၊ 

ပြစ်တင်ရှုတ်ချဆဲဆိုတာတွေနဲ့ ... မထိရောက်နိုင်မှန်းရိပ်မိလာတော့ 
ပြည်သူတွေရဲ့ ... စစ်တပ်အပေါ် နာကျည်းချက်တွေနဲ့ လှည့်တိုက်ပေးပြီး ... သံဃာ့မဟာနာယက အဖွဲ့ကြီးကို ... ဂိုဏ်းခွဲဖို့ကြံကြတာပေါ့ဗျာ ... 

ပြီးတော့လည်း ... ဒီအကြံစည်တွေဟာ 
ဒေါ်စု ၊ ကို နီ ၊ မြအေး တို့နဲ့ ... မပူးပေါင်းဘဲနဲ့တော့ 
ထွက်မလာလောက်ဘူး ... ထင်တာပါပဲ ... 

သံဃာတွေသာဂိုဏ်းကွဲသွားရင် ... တော့ 
မိစ္ဆာဝါဒီတွေရဲ့ချေမှုန်းမှုအောက်မှာ ... ကျွန်တော်တို့တစ်တွေ 
လည်စင်းခံကြရုံပဲ ... ရှိတော့တာပေါ့ .... ၊

လူတွေများ ... သူတို့ ရာထူးအာဏာ ပြည့်ဝဖို့အတွက် 
ကိုးကွယ်ရာ သံဃာတော်တွေကိုတောင် ... ချေနင်းဖျက်ဆီးရက်ကြပါလား ...

အရင်ဘဝက ... အကုသိုလ် အကျိုးပေးတွေကြောင့် 
ဒီဘဝမှာ ... မိတကွဲဖတကွဲ နဲ့ အချုပ်အနှောင်ခံ ခဲ့ကြရတာကိုမှ 
သတိသံဝေဂ ... မထားတတ်ကြတဲ့အပြင် .... 

တေးဘုမ္မာ ... သီချင်းထဲက

( မိုက်စ ... မိုက်ပင်ပျိုးလို့ ... မိုက်ဆိုးခဲ့တာ 
အခုလည်းပဲ ... မိုက်ဆဲမှန်စွာ ... ရှေ့ကိုတိုးလို့ 
တပိုး ... မိုက်ဦးမှာ ) ... ဆိုသလိုပါပဲ ... 

ကမ်းကုန်အောင် ... မိုက်နေကြပါပေါ့လား ။

-----------------------------------------

ဒါပေမယ့် ... ဘုရားသားတော်တွေဖြစ်တဲ့ 
ဥာဏ်ပညာအမြှော်အမြင်နဲ့ ပြည့်ဝတဲ့ ... ဆရာတော်ကြီးတွေဟာ ... 

ရှေ့ရေးမျှော်တွေးပြီး ... သာသနာတော်ကိုကာကွယ်နိုင်မယ့် ... အကောင်းဆုံးအစီအမံတွေကို ... မကြာသောကာလအတွင်းမှာ ... ကျင်းပဆောင်ရွက်ကြ တော့မှာဖြစ်ပါတယ် ... 

ဒီလိုကျင်းပမယ့် ... အကြောင်းအရာကို 
ဆရာတော်ကြီးပြောပြလိုက်ချိန်မှာ ... ဝမ်းသာပီတိဖြစ်လွန်းလို့
ကြက်သီးမွေးညှင်းများတောင် ... ထမိပါရဲ့ဗျာ ... ၊

အဲဒီအချိန်ကြရင် ... ကျွန်တော်တို့ တစ်တွေ 
အတူတစ်ကွ ... ကုသိုလ်ပွါးများ ကြည်ညိုကြတာပေါ့ ... ဗျာ ။


True Lie

တပ်မတော်နေ့အခန်းအနားတွင် နိုင်ငံတော်အလံအား အလေး မပြုသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်ဝေဖန်ခံရ

From : We Love True


 


၂၇.၃.၂၀၁၄ ရက်နေ့တွင် နေပြည်တော်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ကျင်ပ ပြုလုပ်ခဲ့သည် ၆၉ နှစ်မြောက်တပ်မတော်နေ့ အခန်းအနားသို့ တက်ရောက် ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အလံအား အလေးပြုခဲ့ခြင်းမရှိသည်အတွက် ၄င်းကိစ္စနှင့် ပက်သတ်၍ ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရ သတ်မှတ်ထားသော အလံမဟုတ်သဖြင့် အလေးမပြုခြင်းဖြစ်ကြောင်း ၊ ဗဟန်းမြို့နယ် NLDပါတီဝင်တစ်ဦးမှ ပြောဆိုပါသည်။ `` ဒီနိုင်ငံတော်အလံက ပြည်သူလူထုဆီက ဆန္ဒကောက်ခံပြီး အတည်ပြုထားတဲ့ အလံမှမဟုတ်တာ၊ ဒါစစ်အစိုးရလက်ထက်က သူ့ သဘောသူဆောင်ပြီး သတ်မှတ်ထားတဲ့ အလံပဲ၊ ဒီတော့ ဒီမိုကရေစီကျင့်စဉ်တွေ အတိုင်းသွားနေတဲ့ ကျွန်တော်တို့ ပါတီဥက္ကဌကြီးအနေနဲ့ ပြည်သူ့ ဆန္ဒမပါဘဲ သတ်မှတ်ထားတဲ့ နိုင်ငံတော်အလံကို အလေးမပြုတာ သဘာဝကျပါတယ်၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့်တို့ အနေနဲ့ကတော့ အထွေအထူးပြောစရာမရှိပါဘူး´´ ဟု ၄င်းက ဆက်လက်ပြောဆိုပါသည်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေ နဲ့ တပ်မတော်သားတွေကို အလေးမပြုတဲ့ ဒေါ်စု

From : https://www.facebook.com/photo.php?fbid=757975057555384&set=a.688219711197586.1073741826.100000286908873&type=1


ကျဆုံးလေပီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေ နဲ့ တပ်မတော်သားတွေကို အလေးမပြုတာ 

မနက် အစောကြီး ထရလို့ အိပ်ငိုက်နေလို့လား???

သတိမေ့နေတာလား အန်တီ ရေ ???

အာဇာနည်ခေါင်းဆောင်ကြီးတွေထဲ မှာ အန်တီ့ဖေဖေ ပါ ပါတယ်ဗျာ 

အခုတော့ :'-( 

ကြည့်ရတာ မြင်လို့မကောင်း ဘူးး

ဘာသဘောပါလိမ့် ဗျာ 
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှုသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်း

From : နိုင်ငံတော်သမ္မတရုံး


ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-
နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘောထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။