Subscribe to our RSS Feed

ရှမ်းလက်နက်ကိုင်အဖွဲ့များ၏ နှိပ်စက်မှုများကို မခံနိုင်တော့သည့်အဆုံး ဟိုပုံးကိုရင်လေးမှ ဦးဆောင်၍အင်အား ၈၀၀ ခန့်ဖြင့် စစ်ရေးလေ့ကျင့်ခဲ့












ဆီဆိုင်၊ မတ် ၁၄

ရှမ်းလက်နက်ကိုင်အဖွဲ့များမှ နယ်မြေကျော်၍ ဟိုပုန်း၊ ဆီဆိုင်ဘက်သို့ဝင်ရောက်ကာ
ဆက်ကြေးကောက်ခြင်း၊ လူသစ်စုခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက်
ဟိုပုံးကိုရင်လေးမှ ဦးဆောင်ကာ ဒေသခံများအား စစ်ပညာများ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ဟိုပုံးမြို့နယ်၊ ဟိုတိကျေးရွာရှိ ကိုရင်လေးကျောင်းသွားကားလမ်း အရှေ့ဘက်တွင်
ဟိုပုံးကိုရင်လေး ရှင်ပေါရိဿမှ ဦးဆောင်ကာ ရှမ်းလက်နက်ကိုင်အဖွဲ့များ၏ နှိပ်စက်မှုများမှ
ကာကွယ်ရန်အတွက် လက်နက်မဲ့ စစ်ရေးလေ့ကျင့်မှုအား လုံခုပ်ပြည်သူ့စစ်အဖွဲပမှ
ခေါင်းဆောင် ဦးတခေါခမ်း ခေါင်းဆောင်ကာ နည်းပြ ၂၀ နှင့် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ
လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ဟိုပုံး၊ ကျောက်တလုံးကြီး၊ ပင်လောင်း၊ နောင်တရား၊ ဆီဆိုင်၊
ရပ်စောက်၊ လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်၊ မောက်မယ်မြို့နယ်တို့မှ ဒေသခံ ပအိုဝ်းတိုင်းရင်းသား
၈၀၀ ကျော်ခန့်ဖြင့် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

ဆီဆိုင်မြို့နယ် ပွန်ချောင်းကျေးရွာမှ အိုက်လောင်းမှလည်း အဆိုပါလေ့ကျင့်မှုမှာ
ကောင်းမွန်ကြောင်း၊ မိမိတို့ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့များ၏
အနိုင်ကျင့်နှိပ်စက်မှုကို ခံလာရသည်မှာ ကြာမြှင့်ပြီဖြစ်ကြောင်းပြောကြားခဲ့ကာ
သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သွားမည်ဖြစ်ကြောင်း
The Irrawaddy Newss သို့ ပြောဆိုခဲ့သည်။

အဆိုပါ စစ်အခြေခံသင်တန်းသို့ အနယ်အနယ်အရပ်ရပ်မှ ပအိုဝ်းအမျိုးသားများ
နေ့စဉ်လာရောက် လေ့ကျင့်လျက်ရှိပြီး လူအင်အားထပ်မံတိုးလာရန်ရှိကြောင်း
ဟိုပုံးကိုရင်လေး ပေါရိဿမှလည်း The Irrawaddy Newss ၏ မေးမြန်းချက်ကို
ပြန်လည်ဖြေကြားခဲ့သည်။


- The Irrawaddy Newss

7 comments:

ကိုရင်လေး ရယ်အဲဒီလိုလုပ်ချင် ရင်လူထွက်လိုက်ပါ။ လုပ်တာကိုတော့ အပြစ်မပြောလိုပါဘူး။ ဒီပအိုဝ်းတွေမှာလည်း ခေါင်းဆောင်နိုင်တဲ့ဗသူတွေမရှိတော့ဘူးလား။

Myanmar Express News က ဘာမှန်းညာမှန်းလျှောက်တင်ထားတဲ့သတင်းသတင်းတစ်ပိုဒ်၊ မယုံဘာဘူး၊ တို့ တိုင်းရင်းသားအချင်းချင်း ညီညွတ်မှ စစ်အစိုးရ တိုက်ထုတ်ပစ်ရမယ်အချိန်ရောက်နေပါပြီး

မင်းတို့  ပအိုဝ်းတွေ...သွားသေလိုက်လေ...
ဘာလဲကွာ....ဘုန်းကြီးက စစ်သင်တန်းပေးနေတယ်လို့ 
လူကြားလို့ မှ မကောင်း... ဒါတောင် ရဲရဲကြီးတင်လိုက်တဲ့  စောက်ရှက်မရှိတဲ့ေ+ာက် ပအိုဝ်းတွေ...

မင်းတို့  ပအိုဝ်းတွေ...သွားသေလိုက်လေ...
ဘာလဲကွာ....ဘုန်းကြီးက စစ်သင်တန်းပေးနေတယ်လို့ 
လူကြားလို့ မှ မကောင်း... ဒါတောင် ရဲရဲကြီးတင်လိုက်တဲ့  စောက်ရှက်မရှိတဲ့ေ+ာက် ပအိုဝ်းတွေ...

အစိုးရနဲ့အပစ်ခတ် ရပ်စဲကြတယ်ဆိုတော့

တိုင်းရင်းသားအချင်းချင်း အပစ်ခတ်ရပ်စဲဖို့
အတွက်လွတ်တော်ထဲက ဥပဒေ မထွက်သေးဘူးလား

divide and rule strategy, အကွက်ထဲကျနေကြတာသတိထားပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်