Subscribe to our RSS Feed

KNU / KNLAအမည်ခံပြီး လက်နက်ကိုင်၍ NLD သင်္ကန်းညီနောင် အတွင်းရေးမှူးဦးစီး ၍ အဖွဲ့ဝင် (၂) ဦး ညောင်နန်းသာ ရွာသားများကို ပါးရိုက် နှိပ်စက်


ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ် ၊ ရှေ့ရှမ်းကျေးရွာ ၊ ညောင်နန်းသာကျေးရွာ၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်းစီအမည်ခံ လက်နက်ကိုင် NLD ပါတီဝင် (၃) ဦးကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူများက (၁၀.၃.၂၀၁၄)ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ကိစ္စကို စုံစမ်းမေးမြန်းရာတွင် အမျိုးဘာသာ သာသနာကို ထိခိုက်ခြင်းမှ စတင်လာခဲ့သည်ဟု သိရသည်။၎င်းကိစ္စကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မြ၀တီမြို့နယ်အတွင်းရေးမှူး (၂) ဆရာတော် ဦးသောဘတ (ရွှေကျွန်း)ကိုမေးမြန်း လျှောက်ထားရာတွင်

“ဘုန်းဘုန်းတို့ရဲ့မြို့ကနယ်စပ်မြို့ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ရဲ့ ဘာသာ သာသနာအပေါ် အလေးထားပြီး
စောင့်ရှောက်နေရတယ်။ ဒီကိစ္စကို အမျိုးဘုာသာ သာသနာ စောင့်ရှောက်ရေးအသင်း ဆရာတော်ကြီးများနဲ့ မြို့နယ်သံဃနာယက ဆရာတော်တွေဆီကို ညောင်နန်းသာကျေးရွာပြည်သူလူထုက လာလျှောက်ကြတယ်။ ရွာသားတွေကို KNU/KNLA အမည်ခံလက်နက်ကိုင် NLDအဖွဲ့ဝင် (၃)ဦးက ပါးရိုက်နားရိုက်အမြဲတမ်း သေနတ်နဲ့ ခြိမ်းခြောက်နေတယ်။ ညောင်နန်းသာကျေးရွာက မဟာဂန္ဓ၀င်သုခဘုန်းကြီးကျောင်းက သံဃာတွေကိုမောင်းထုတ်ပြီး ဘုန်းကြီးကျောင်းကိုပါ ချိပ်ပိတ်ပစ်မယ်လုပ် နေတယ်။ သူတို့က လက်နက်တွေကိုင်ထားတယ်။သူတို့က KNU/KNLA
ငြိမ်းချမ်းရေးကောင်စီကဆိုလို့ ငြိမ်းချမ်းရေးကောင်စီကို အကြောင်းကြားလိုက်တယ်။ ဒီကိစ္စအတွက် သူတို့တာဝန်ယူဖြေရှင်းပေးပါ့မယ်လို့ ဗျူဟာမှူးတိုက်ဂါးက ပြောတဲ့ အတွက် အခု ငြိမ်းချမ်းရေးကောင်စီက ဖမ်းပြီး စစ်ဆေးနေတယ်လို့ သိရတယ်”
ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ လက်နက်ကိုင်၍သောင်းကျန်းနေသော NLD ပါတီဝင် (၃) ဦးကို ထိန်းသိမ်းထားသည့် KNU/KNLA မှ ဗျူဟာမှူးကို မေးမြန်းရာ

”အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ကန်းညီနောင်အတွင်းရေးမှူး ဦးလှမောင် ၊ ပါတီဝင် ဦးရာဇာမင်း နဲ့ ဦးထားဝယ်တို့ဖြစ်ကြတယ်။ဆရာတော်တွေနဲ့ ညောင်နန်းသာ ကျေးရွာပြည်သူတွေက ကျွန်တော်တို့ကို အကူအညီတောင်းတယ်။ နောက်တစ်ခုက KNU/KNLA ငြိမ်းချမ်းရေးကောင်စီနာမည်နဲ့ ဆိုတော့ မဖမ်းလို့ မဖြစ်လို့ ဖမ်းရတော့မယ်ဆိုပြီး ဖမ်းပါတယ်။လက်နက်တွေ မိပါတယ်။သူတို့ကို အခု နော်တယာ
မြို့တော်၊ ငြိမ်းချမ်းရေးကောင်စီဌာနချုပ်ဗဟိုတို့ ကော်ကိုးဒေသမှာ ထိန်းသိမ်းစစ်ဆေးပြီးရင် သက်ဆိုင်ရာ ဌာနတွေကို ပို့ဆောင်ပေးမှာပါ”


ဟု ၎င်းက အတည်ပြုပြောကြားသွားသည်။

Hot News
Vol-4 NO-184

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်