Subscribe to our RSS Feed

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေမိသားစု ထီးတော်တင်လှူမည်

ယခင် တပ်မတော်အစိုးရ အကြီးအကဲနှင့် ကာကွယ်ရေး ဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မိသားစုက မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု စိတ္တရကျေးရွာရှိ ရှေးဟောင်း စေတီတစ်ဆူကို မတ်လ
၁၅ ရက်နေ့တွင် ရွှေထီးတော် တင်လှူမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ၏ ဆွေမျိုးများနှင့် ယင်းကျေးရွာ ဒေသခံများက The Voice သို့ ပြောကြားသည်။
ယင်းစေတီမှာ ဘိုးဘွား ဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သော စေတီတစ်ဆူ ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ ရွှေထီးတော် တင်လှူပွဲ ကျင်းပသည့် စိတ္တရကျေးရွာသည် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ ဖခင်ဇာတိ ဖြစ်ပြီး ထီးတော်တင်ပွဲသို့ ဦးသန်းရွှေ တက်ရောက်နိုင်ခြင်း မရှိဘဲ ဒေါ်ကြိုင်ကြိုင်နှင့် မိသားစုဝင်များ၊ ဆွေမျိုးများသာ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ဆွေမျိုး အသိုင်းအဝိုင်းထံမှ သိရှိရသည်။
Aye Chan Mon# Credit To : The Voice Weekly

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်