Subscribe to our RSS Feed

Personal Cult

From : https://www.facebook.com/photo.php?fbid=1463756333853010&set=a.1405628046332506.1073741828.100006559726470&type=1
 
 နိုင်ငံရေးနယ်ပယ်တွင်ပုဂ္ဂိုလ်ရေးအရကိုးကွယ်မှုဟာ...
ကျတော်တို့နိုင်ငံမှာ ဟိုးရှေးပဝသီထဲကရှိခဲ့ပါတယ်
....
ဥပမာအနေနဲ့

မြန်မာရိုးရာ ဇာတ်သဘင် ပြဇာတ် နောက်ဆုံးယနေ့ခေတ် တချို့ဗီဒီယိုရုပ်ရှင်ဇာတ်လမ်းများတွင်.....
မင်းသား မင်းသမီး ဇာတ်ကောင်များဟာ....
ဇာတ်ထုတ်ထဲတွင် ဒုက္ခပေါင်းစုံ ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့လေ့ရှိပါတယ်......
အစပိုင်းမှာ ပြဿနာပင်လယ်ဝေ၍....
ဇာတ်သိမ်းပိုင်း၌ သိကြားမင်း(ဝါ)ကယ်တင်ရှင်ပေါ်ပေါက်လာကာ...
အလုံးစုံ အဆင်ပြေပြီး...
ပျော်ရွှင်စွာ ဇာတ်သိမ်းကျပါတယ်....

ဒီလို ဇာတ်လမ်းမျိုးနဲ့ အမြဲတစေ
ကြီးပြင်းလာတဲ့ ကျတော်တို့လူမျိုးတွေရဲ့ မသိစိတ်မှာ...
ကယ်တင်ရှင်မျှော်ဝါဒ (ဝါ) သိကြားမင်းမျှော်ဝါဒ ကြီးစိုးနေပါတယ်....

ဒီလို စိတ်အခြေခံမျိုးကို မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ
အထူးတွေ့ရပြီး
သူရဲကောင်းကိုးကွယ်မှု ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ လွန်စွာကြီးထွားလာပါတယ်.....

ဆရာဗန်းမော်တင့်အောင်ကဒီလိုပြောခဲ့ပါတယ်...
"ကံဆိုးမိုးမှောင်ကျနေတဲ့အချိန်မှာ သူရဲကောင်းတွေပေါ်ထွန်းလာစမြဲပဲ"

မြန်မာ့နိုင်ငံရေးခေတ်အဆက်အဆက်မှာ ကံဆိုးမိုးမှောင်ကျတဲ့ အချိန်ဟုသတ်မှတ်လို့ရတဲ့ ကိုလိုနီခေတ်မှာ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာတဲ့ အားလုံးအသိပါ........
-----------------------------------------

ယနေ့ခေတ် Democratization ဒီမိုကရေစီအကူးအပြောင်းကာလကို...
မြန်မာ့နိုင်ငံရေးအတွက် ကံဆိုးမိုးမှောင်ကျတဲ့ကာလလို့ သတ်မှတ်လို့မရပါဘူး........

ဒါ့ကြောင့် ဒီလိုကောင်းတဲ့ဘက်ကို ကူးပြောင်းနေတဲ့ကာလမှာ
မည်သည့် သူရဲကောင်း မှပေါ်ထွန်းလာမည်မဟုတ်ပါ....

ဒါပေမဲ့....
ယနေ့ခေတ် မြန်မာ့နိုင်ငံရေးကာလတွင် သူရဲကောင်းကိုးကွယ်သည့်ဝါဒ
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများ လွန်စွာပြင်းထန်လာသလို
ဂိုဏ်းဂဏဝါဒ( Factionalism ) လည်းလွန်စွာပြင်းထန်နေပါတယ်......

ဒါဟာ ဒီမိုကရက်တိုက်ဇေးရှင်းကာလအတွက် ကောင်းမွန်တဲ့ကိုးကွယ်မှုတွေ မဟုတ်ပါဘူး...
ဒီအကူးအပြောင်းကာလဟာ အမှားမခံနိုင်သလို လွန်စွာ သိမ်မွေ့၍ ပါးနပ်လိမ္မာစွာ ကိုင်တွယ်ရမဲ့ ကာလဖြစ်ပါတယ်......

ပုဂ္ဂိုလ်ရေးအရ ဘုရားသခင်ဆန်ဆန်ကိုးကွယ်မှုကြောင့်.......
ထိုသူဘာလုပ်လုပ် အပြစ်မမြင် သူလုပ်သမျှအမှန်ဆိုတဲ့ တယူသန်ဝါဒတွေဖြစ်ပေါ်လာသလို.....

ထိုပုဂ္ဂိုလ် ထိုအဖွဲ့အစည်းကို
ဒီမိုကရေစီသဘောအရ လွတ်လပ်စွာ ဝေဖန်ကျသောအခါ......
ဝေဖန်ကျသူများကို လွန်စွာမကောင်းမြင်လာသလို....
ထိုဝေဖန်သူများ ဘာလုပ်လုပ် မကောင်းမြင်တက်လာကျပါတယ်.....

ဒါဟာ ပုဂ္ဂိုလ်ရေးအရကိုးကွယ်မှုရဲ့ side effectတွေဖြစ်ပြီး....
ပုဂ္ဂိုလ်ရေးအရကိုးကွယ်မှုလွန်ကဲလာပါက
ထိုကိုးကွယ်ခံရသူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလွန်ကဲလာပြီး....
ငါလုပ်ရင် ဘာမဆိုဖြစ်တယ် ငါနောက်မှာ ငါ့လူတွေရှိတယ် ငါကိုအကုန်ထောက်ခံမှာပဲ စသည့် အတ္တများကြီးထွားလာပြီး အာဏာရှင်ဆန်လာတက်ပါတယ်......

စစ်မှန်သော လစ်ဘရယ်ဒီမိုကရေစီမှာ သူရဲကောင်းဝါဒမရှိသလို ပုဂ္ဂိုလ်ရေးအရကိုးကွယ်မှုလည်းမရှိပါဘူး.....

---------------------------------------

ယနေ့...
ဒီမိုကရေစီအကူးအပြောင်းကာလ လူထုရဲ့ကိုးကွယ်မှုကိုခံနေရသော မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေသော ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလက်ရှိမြန်မာ့နိုင်ငံရေးအတွက် သူရဲကောင်းမဟုတ်ပါဘူး [ယနေ့ခေတ်ဟာ ကံဆိုးမိုးမှောင်ကျနေတဲ့ အချိန်လို့မသတ်မှတ်ပါ]

ဒါပေမဲ့သူဟာ ကိုးကွယ်မှုအလွန်အမင်းခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်....

မင်းလောင်းမျှော်ဝါဒနဲ့ အသားကျနေတဲ့ ကျတော်တို့နိုင်ငံသားတွေကြောင့်.....
ဒေါ်စုသာ မတော်တဆနိုင်ငံရေး အမှားတစ်ခုခုကိုပြောဆိုလုပ်ကိုင်မိပါက...
တိုက်ရိုက်ထိခိုက်မှာက သူ့ကိုကိုးကွယ်တဲ့ပြည်သူတွေဖြစ်ပါတယ်....

ဒေါ်စုကို ကိုးကွယ်မှုလွန်ကဲနေမှုကြောင့်...
သူ့ကိုပဲအားကိုးနေပြီး ကိုယ်တိုင်ကြိုးစားချင်စိတ်များ...
ကိုယ့်အားကိုယ်ကိုးချင်စိတ်များပျောက်ကွယ်ပြီး.....
သူလုပ်သမျှအမှန် ကျန်သူတွေအမှား သူသာလျှင်အခရာ သူသာလျှင်pioneer သူသာလျှင်ခေါင်းဆောင် စသည့်စိတ်များကြောင့်....
ကိုးကွယ်သည့်လူထုဟာ ကိုယ်ရည်ကိုယ်သွေးညံဖျင်းလာသလို
ဝေဖန်ပိုင်းခြားစဉ်စားတွေးခေါ်မှုများလည်း လျော့နည်းလာပါတယ်......

ဒေါ်စုသာ အသက် နှစ်ပေါင်းရာချီ၍ရှည်နေရင်တော့
ကောင်းပါတယ်...
သူအိုးနဲ့သူဆန် အဆင်ပြေနိုင်ပါတယ်....

ဒါပေမဲ့ သူ့အသက်အရွယ်က မီးစာကုန်ဆီခမ်းနေပါပြီ.....

ကျတော်တို့တွေဟာ မျက်တောင်တစ်ဆုံးမကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်သင့်နေပါပြီ.....

ဒေါ်စုအလွန် မြန်မာ့နိုင်ငံရေးအခြေအနေကို သေချာစဉ်းစားပြီးပြီလား?
ဒေါ်စုအလွန် မြန်မာနိုင်ငံအနာဂါတ်ကို သေချာစဉ်းစားပြီးပြီလား?

ဒေါ်စုသာမရှိတော့လျှင် မြန်မာ့ဒီမိုကရေစီပျက်သုန်းသွားပြီလား?
ဒေါ်စုသာမရှိတော့လျှင်
မြန်မာနိုင်ငံ အနာဂါတ်ပျက်သုန်းသွားပြီလား?

သေချာစဉ်းစားပါ......

===================================

ဂိုဏ်းဂဏဝါဒ
သူရဲကောင်းကိုးကွယ်မှုဝါဒ
ပုဂ္ဂိုလ်ရေးအရကိုးကွယ်မှုများ......
လွတ်မြောက်နိုင်ပါစေ........

ကျတော်တို့မှာ
ကိုယ်တိုင်းထွင်းထုရမဲ့ အနာဂါတ်တွေရှိပါတယ်......

မိမိကိုယ်သာလျှင်မိမိကိုးကွယ်ရာပါ။




1 comments:

People do not read this kind of article. Unscrupulous parties, countries, media (BBC, VOA, RFA, etc.) are casting spells on the people and male the people think that Su Kyi is a Goddess, Saviour and Heroine.
After all she is only an ordinary Oxford graduate.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်