Subscribe to our RSS Feed

သံချောင်းပါတီအား ဂုဏ်ပြုပွဲ ကျင်းပမည်




ယခင်‌စစ်‌အစိုးရကို ‌လော်‌ဘီလုပ်‌ကြသည်‌။
စစ်‌‌ခွေးဟုအ‌ပြောခံရသည်‌။
အတိုက်‌အခံပါတီကို‌လော်‌ဘီလုပ်‌ကြသည်‌။
ဒီမို‌ခွေးဟုအ‌ပြောခံရသည်‌။
ပြည်‌သူ့သံ‌ချောင်းကို‌လော်‌ဘီ
လုပ်‌သည်‌။
အရက်‌သမားဟုအ‌ပြောခံရသည်‌။

အရက်‌သမားဟူသည်‌ ‌ခွေးပင်‌မ‌သောက်‌ရဲ‌သော အရည်‌များကို‌သောက်‌သုံး
ရဲသူ သူရဲ‌ကောင်းများဖြစ်‌ကြသည်‌။
မူးလာသည့်‌အချိန်‌တွင်‌ စည်းရုံးကြသည်‌။
‌အော့အန်‌သည့်‌အခါ တစ်‌‌ယောက်‌နှင့်‌တစ်‌‌ယောက်‌ချစ်‌ခင်‌မှုကိုပြကြသည်‌။
‌မှောက်‌သွားသူအ‌ပေါ် မိမိပုဆိုးကိုချွတ်‌၍ ‌စောင်‌သဖွယ်‌လွှမ်းခြုံ‌ပေး ထားခြင်းဖြင့်‌ ‌မေတ္တာတရားကို ‌ဖော်‌ပြကြသည်‌။ ထိုအချိန်‌တွင်‌ ပုဆိုးချွတ်‌‌ပေးသူက ရှူး‌ပေါက်‌၍လည်းအဆင်‌‌ပြေနိုင်‌သည်‌။
အရက်‌ကိုအ‌ခြေပြု၍ ငြိမ်းချမ်း‌ရေးကိုတည်‌‌ဆောက်‌နိုင်‌သည်‌။
ရန်‌သူကိုပင်‌အရက်‌တိုက်‌၍ ‌စေ့စပ်‌‌ဆွေး‌နွေးနိုင်‌သည်‌။

ဤ‌လောက်‌ငြိမ်းချမ်း‌သော‌လောကကြီးကို အဘယ်‌သူဖန်‌တီးနိုင်‌ပါ
မည်‌နည်း။

မည်‌သို့ပင်‌ဆို‌စေကာမူ သံ‌ချောင်းပါတီဝင်‌ဖြစ်‌‌နေခြင်းကို ဂုဏ်‌ယူလိုက်‌ပါ။

TCP ဘယ်‌‌တော့မှအရက်‌ခွက်‌မချ။
TCP သည်‌အရက်‌သမားများအ‌ပေါ်ဘယ်‌‌တော့မှသစ္စာမ‌ဖောက်‌။
‌ဆော်‌ကိုသာဖန်‌ပါ ပါတီကိုအာမခံပါနှင့်‌။
TCP သည်‌လွတ်‌‌ လပ်‌ သော ပါတီဖြစ်‌သည်‌။

We are TCP

- ဗိုလ်‌မှူးချုပ်‌ ကိုကို‌မောင်‌- ကို ကိုမောင်
(သံချောင်းပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဌာန)

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်