Subscribe to our RSS Feed

နိုင်ငံတော်အလံကို အလေးမပြုသူကိုနိုင်ငံသားအဖြစ် မသတ်မှတ်နိုင်ကြောင်း မကွေးဆရာတော်မှ မိန့်ကြား



အောင်သူရ | Thursday, 27 March 2014

မကွေးဆရာတော် အရှင်ဦးပါမောက္ခက မိမိနိုင်ငံ၏ တည်ဆဲဥပဒေကိုမလိုက်နာ၊ မိမိနိုင်ငံ၏အလံကို အလေးမပြုသူများကို အမိနိုင်ငံ၏ နိုင်ငံသားအဖြစ် သတ်မှတ်ရန်အပြင်းအထန် ကန့်ကွက်ကြောင်း ကို မတ်လ ၂၆ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားခဲ့သည်။

" နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်တဲ့အရေးကို နိုင်ငံရေးလို့ခေါ်တယ်။ ကျုပ်တို့နိုင်ငံရေးကို ပြည်ပမှဝင်ရောက်စွက်ဖက်တာ ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ မိမိက နိုင်ငံသားတော့ခံယူချင်တယ် နိုင်ငံရဲ့ တည်ဆဲဥပဒေကိုတော့ဖြင့် မလိုက်နာ နိုင်ငံတော်အလံအလေးမပြုတဲ့သူ
တွေကို ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံသားဖြင့် မသတ်မှတ်နိုင်ပါ"ဟု ဆရာတော် ဦးပါမောက္ခခက ဆန္ဒဖော်ထုတ်ပွဲတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Dhakka Tribume ၏ ရေးသားချက်ဖြစ်သည့်ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသများကို စစ်တကောင်းနယ်မြေ အဖြစ်ထည့်သွင်း ရန် ကြေညာချက်ကို ဘုန်းကြီးများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအဖွဲ့မှအပြင်းအထန်ကန့်ကွက် ကြောင်း ဆန္ဒပြပွဲတွင် သဘောထား ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် လူအင်အား ၅၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြပြီး ဗဟန်းမြို့နယ် ဘင်္ဂလားဒေ့ရှ်သံရုံး တွင် စုရပ်ထားကာ ထိုနေရာမှ မြေနီကုန်း ပြည်သူ့ရင်ပြင်ထိ နေ့လည် ၁ နာရီ၌ စုဝေးဆန္ဒပြခဲ့ကြသည်။

Myanmar times

2 comments:

Monks are advised to visit Sittwe to demonstrate that all Myanmar monks and people are willing to fight shoulder to shoulder with Rakhine people/

နိင်ငံတော် အလံ ကို အလေးမပြုရင် နိုင်ငံတော် အလံ ဆိုင်ရာ ဥပဒေအရ အရေးယူတရားစွဲခံရတတ်ပါတယ် ၊ မစုကြည် ကင်းလွတ်ချက်ရနေရင်တော် မပြောတတ်ဘူးပေါ့.လေ ၊ အခု ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပေးမှာ ၄၃၇(ခ) က နိုင်ငံတော် အလံနှင့်စပ်လျဉ်း၍ ဥပဒေ ပြဌာန်းရမယ် ဆိုတာ၊ ပြဌာန်း ပြီးမပြီး အသိရသေးတဲ့ အတောအတွင်း ဥပဒေ ဟောင်းနဲ့ အရေးယူနိုင်တယ်။ ၁၉၆၃ ခု လောက်က အင်းစိန်ကြို.ကုန်း ဆေးဝါ ထုတ်လုပ်ရေးစက်ရုံ ကားဝပ်ရှော့(ပ်) မှာ စက်ပြင်ဆရာတယောက်ကို နိုင်ငံတော် အလံ ကို အ၀တ်စုတ် သဘောနဲ့ နဲ့ သူ.ဖိနပ် သုတ်မှု ၊ လက်မှ ဆီချေးတွေ အညစ် အကြေးတွေ သုတ်မှုကြောင်.သက်သေအထောက် အထား နဲ့ ရုံးတင်တရားစွဲတာ ထောင် ၃ နှစ်ကျသွားတယ် လို. မှတ်ရဘူးပါတယ် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်