Subscribe to our RSS Feed

ရုရှား ပြည်သူများ က သမ္မတ ပူတင် အား ဖြုတ်ချ နိုင် အမေရိကန် ဆီးနိတ် အမတ် ဂျွန်မက်ကိန်း ပြော


ရုရှား ပြည်သူ များက သမ္မတ ဗလာဒီမာ ပူတင် အား နောက်ဆုံး ဖြုတ်ချ လိမ့်မည် ဖြစ်ကြောင်း အမေရိကန် ရီပတ် ဘလီကင် အမတ်လည်း ဖြစ်၊ သမ္မတ လောင်းလည်း ဖြစ်ခဲ့ဖူး သူ ဂျွန်မက်ကိန်း က သတိပေး ဟြေကြား လိုက် သည်။

ယူကရိန်း က ဗစ်တာယာနူ ကိုဗစ် လို ရုရှား ပြည်သူများ က သမ္မတ ပူတင် အား ဖြုတ်ချ လိမ့်မည် ဟု ဂျွန်မက်ကိန်း က ဟြေကြား ခဲ့သည် ကို နယူးယောက် တိုင်း(မ်) က ဖော်ပြ သည်။ ဖေဖော်ဝါရီ လ အတွင်း ယူကရိန်း မြို့တော် ကိယက်ဗ် မှ ထွက်ပြေး ခဲ့သော ယူကရိန်း သမ္မတ ဗစ်တာ ယာနူကို ဗစ်ကို ပြည်သူ များ က ဖြုတ်ချ ခဲ့ခြင်း ကို ရည်ညွှန်း ၍ ဂျွန်မက်ကိန်း က ဟြေဆို ခဲ့ခြင်း ဖြစ် သည်။ ရုရှား နိုင်ငံ အနေဖြင့် ယူကရိန်း ကဲ့သို့ သော အိမ်နီးချင်း နိုင်ငံ များ လွတ်မြောက် မှု အပေါ် လက်မခံ နိုင် ကြောင်း၊ မော်စကို က အိမ်နီးချင်း နိုင်ငံများ ကို သြဇာ လွှမ်းမိုးချင် ကြောင်း မက်ကိန်း က ပြောသည်။
ယူကရိန်း အနေဖြင့် အကျပ် အတည်းမှ ရုန်းထွက် လာလျှင် ဥရောပ နိုင်ငံ များနှင့် ဆက်ဆံရေး တိုးတက် လာမည် ကို ရုရှား က သဘော မတူ နိုင်ဘဲ ရှိ သည်။ မစ္စတာ ပူတင် အနေဖြင့် ရုရှား အင်ပါယာ အိပ်မက်ကို အဆုံးသတ် သင့်ပြီ ဖြစ်ကြောင်း လည်း ဂျွန်မက်ကိန်း က ပြောဆို လိုက်သည်။ ယူကရိန်း အကျပ် အတည်း ကို မကိုင်တွယ် သည့် အတွက် သမ္မတ ဘားရက် အိုဘားမား ကိုလည်း ဂျွန် မက်ကိန်း က ဝေဖန် လိုက်သည်။

ပရက်စ်တီဗွီ

1 comments:

Silly remark by John Mac Cain.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်