Subscribe to our RSS Feed

ဒေါ်စုဘာကြောင့်သမ္မတဖြစ်ချင်တာလဲ

From : We Love True

 

“ လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနဲ့ဘ“ ဟူ၍ စကားရှိပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ အဖေနဲ့ အမေဟာ မိမိဘဝရဲ့ ပဲ့ကိုရှင်တွေပါ။ ငယ်ငယ်လေးထဲက မိဘတွေရဲ့ သွန်သင်မှု အောက်မှာ နေထိုင်ရင်း ကောင်းမွန်တဲ့ ဘဝလေးတွေကို တည်ဆောက်နိုင်အောင် မိဘတွေ လမ်းခင်းပြသပေးပါတယ်။ ဘဝရပ်တည်မှုတွင် မိမိဘဝပျက်စီး နိုင်မှုဟာ ပတ်ဝန်းကျင်ကြာင့် ဖြစ်နိုင်ခြေ ရာခိုင်နှုန်းနည်းပါးသော်လည်း မိဘတွေရဲ့ အထူးသဖြင့် မိခင်ရဲ့ သွန်သင်မှုဟာ ရာခိုင်နှုန်းများပါတယ်။ 
ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီးဗိုလ်တေဇ (ခေါ်) ဗိုလ်ချုပ်အောင်ဆန်း ဟာ မိခင်ဒေါ်စုရဲ့ ကောင်းမွန်သော သွန်သင်ဆုံးမမှု အောက်မှာကြီးပြင်း ရပ်တည်နိုင်ခဲ့လို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အသိမှတ်ပြုခြင်း ခံရတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီလိုဆိုရင် ဗိုလ်ချုပ်ရဲ့အမေဒေါ်စုအကြောင်း အနည်းငယ် ဖော်ပြချင်ပါတယ်။ 


အမေစုဟာခင်ပွန်းဖြစ်သူဦးဖာကို လယ်သမားဘဝအဖြစ်မလုပ်ခိုင်းတော့ပဲ ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်းသွားရောက် သင်ကြားစေခိုင်းခဲ့ရာ ဦးဖာသည် တတိယတန်းအမိန့်တော်ရ စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သောကြောင့် ဒေါ်စုသည် လယ်သမားကတော်ဘဝမှ အမိန့်တော်ရ ရှေ့နေကတော် ဒေါ်စုဘဝသို့ မမျှော်လင့်ပဲရောက်ရှိခဲ့သည်။ 
ထို့နောက် ဗိုလ်ချုပ်အပါအဝင် သားသမီးကိုးဦးထွန်းကားခဲ့ရာ ဦးဖာသည် ငယ်စဉ်ကတည်းက မြင်းစီး အလွန်ဝါသနာ ပါသူဖြစ်လို့ ထိုစဉ်ကနက်မောက်တွင် ခေတ်စားနေသော မြင်းပွဲများတွင်ဝင်ရောက်၍ ယှဉ်ပြိုင်အချိန်ဖြုန်းနေသောကြောင့် အမေစုသည် တစ်ဦးတည်းသာ အိမ်ထောင့်တာဝန်ကို ထိန်းသိမ်း၍ သားသမီးများကို ရင်နှင့်မကွာကျွေးမွေးပြုစုခဲ့သည်။ သားသမီးများ အရွယ်ရောက်လာသော အခါတွင်လဲ ၎င်းတို့နှင့် ထိုက်တန်သော အိမ်ထောင်ဖက်များနဲ့ ကောင်းမွန်စွာ နေရာချပေးခဲ့သည်။ 

နှစ်ဦးသဘောတူချစ်ကြိုက်ကျသော ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်ကိုလဲ အမေစုကိုယ်တိုင် B.I.A ပြည့်သူ့ဆေးရုံကြီး တွင် လက်ထပ်ပေးခဲ့သည်။ အမေစုသည် သား၊ သမီးများကိုလဲ အသက်ကြီးသည့်တိုင်အောင် ကလေးများ ကဲ့သို့ ဂရုစိုက် ကြင်နာသည်။ ထိုကဲ့သို့ပင် အမေစုသည် ဇနီးကောင်း တယောက် ပင်မက မိခင်ကောင်း တယောက် အဖြစ်ပါတာဝန် ကျေသောမိန်းမမြတ်၊ မိန်းမကောင်းတယောက်ဖြစ်ပေသည်။
ထိုသို့ပင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် ဇနီးကောင်း၊ မိခင်ကောင်းတယောက် ဖြစ်ပါသလားဟု မေးခွန်း ထုတ်စရာရှိပါသည်။ အမေစုခေါ် ဒေါ်ခင်ကြည်သည် မြန်မာ့နိုင်ငံရဲ့ တစ်ဦးတည်းသော အမျိုးသမီးသံ အမတ်တစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံတကာရဲ့ ဆုများပေးအပ်ခြင်းခံခဲ့ရသောအမျိုးသမီးကောင်းတစ်ဦးဖြစ်ပါ သည်။ ဒေါ်ခင်ကြည်သည် ၁၉၄၇ - ၅၃ တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ယူ ဆောင်ရွက်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်း ကောင်စီဥက္ကဌ၊ မိခင်နဲ့ ကလေးစောင့်ရှောင့်ရေးဥက္ကဌ၊ ကလေးသူငယ် စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့် ပြည်ရေး ပြည်ရာအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသမီးအသင်းများ ကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘော တရား တိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံသူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ရာမာခရစ်ရှ်နာသာသနာပြုဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ် တင်မြောက်ခံရသည်။

ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ်သော ပရဟိတလုပ်ငန်းအဖြစ် အများက စိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။ သို့သော် ဒေါ်ခင်ကြည်သည် စိတ်ထက်သန်သော အမျိုးသမီးတစ်ယောက် ဖြစ်သလိုစိတ်ထဲတွင်လည်း အငြိုးတေး မှတ်တက်သောအမျိုးသမီး ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ် အပြင်းဖျားလို့ ဆေးရုံတက်ရတဲ့အချိန်မှာ ဗိုလ်ချုပ်မှာ အမျိုးသမီးများနှင့် ဆက်ဆံရာတွင် မျက်နှာထားတည်လွန်း၊ တင်းလွန်းသဖြင့် ငယ်ရွယ်သေးသော ဆရာမ များ မပြုစုရဲသောကြောင့် ဒေါ်ခင်ကြည်ကအနီးကပ် ကိုယ်ဖိရင်ဖိပြုစုခဲ့ရာ ဒေါ်ခင်ကြည်ရဲ့ ယုယမှုအောက်မှာဗိုလ်ချုပ်ဟာ နှစ်သက်မြတ်နိုးမှုတွေ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအခြေနေကိုရိပ်စားမိသော ဗိုလ်ချုပ်ကြီးနေဝင်းတို့က “ဗိုလ်ချုပ် ခင်ဗျားဟာခေါင်းဆောင် ကောင်း တယောက်ဖြစ်မဲ့ အလားလာရှိတဲ့လူပါ၊ ခင်ဗျားအဆင့်အတန်းနဲ့ ဒီထက်သာတဲ့သူကို ကျုပ်တို့ရှာပေးမယ်”ဆိုပြီး ဗိုလ်ချုပ်ကို သတိပေးစကားပြောခဲ့ရာ ထိုစကားကို ဒေါ်ခင်ကြည်ပြန်ကြားပြီး အငြိုးတေးထားခဲ့သည်။ ဗိုလ်ချုပ်နဲ့ အိမ်ထောင်ကျပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းတို့ကို အမျိုးမျိုးတိုက်ခိုက်ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်မှာသူ၏အမေအမေစုရဲ့ သွေးပါတာ ကြောင့် အေးအေးဆေးဆေးပင် ဘာမှတုံ့ပြန်မပြောပဲနေခဲ့သည်။

ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းတို့က အမျိုးသားခေါင်းဆောင်ကြီး ၏ ဇနီးဖြစ်သောကြောင့် ဒေါ်ခင်ကြည်အား ဘာအာဃာတမှ မထားပဲကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ မြန်မာလူမျိုးတို့၏ မြတ်နိုးဖွယ် ဓလေ့တစ်ဖြစ်သလို တပ်မတော်သားတစ်ဦး၏ ရဲဘော်၊ ရဲဘက်စိတ်ကြောင့်လဲ ဖြစ်မည်ဟုထင်ပါသည်။ ဦးနု ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့သော်လည်းဒေါ်ခင်ကြည်မှာ အိန္ဒိယအရာရှိများနဲ့ လက်ပွန်းတတီးနေသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့သည်။ 

ဗိုလ်ချုပ်ကြီးနေဝင်းတို့က “အမဗိုလ်ချုပ်ကတော် တစ်ယောက်ဖြစ်တဲ့အတွက် သူများပြောစရာ ဖြစ်အောင် မနေပါနဲ့”ဟုစေတနာဖြင့် သတိပေးစကားဆိုခဲ့သော်လည်း ဒေါ်ခင်ကြည်ကတော့ ပို၍အမြတ်တိုးကာ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် သူဦးစီးသောတပ်မတော်ကို အမုန်းကြီးမုန်းနေမိသည်။ ထို့အပြင် ဗကပတို့သောင်းကျန်း သည့် အချိန်တွင်လဲသူမ၏ အမဖြစ်သူသည် ဗကပမှ သခင်သန်းထွန်းရဲ့ အမျိုးသမီးဖြစ်သောကြောင့် အချို့အတွင်းသတင်း များကို ၎င်းတို့အားပြောပြခဲ့သည်။ သမီးဖြစ်သူ ဒေါ်စုကြည်ကိုလဲ သူမ၏မုန်းတီးစိတ် တွေရိုက်သွင်းပေးခဲ့သည်ဟု ထင်ပါသည်။ ဒေါ်စုကြည် ပြည်ပနိုင်ငံတွင် အခြေပြုနေထိုင်စဉ်ကာလတွင် နိုင်ငံခြားသားများနှင့် နေထိုင်သွားလာမှု များကိုလည်း အမေဖြစ်သူက လစ်လျူရှုခဲ့သည်။ ဒေါ်စုကြည်က မိုက်ကယ်အဲရစ်နှင့် လက်ထပ်တာကိုလဲသားဖြစ်သူ ဦးအောင်ဆန်းဦးက တားဆီးသလို ဒေါ်ခင်ကြည်သည် မိမိတို့မှာတိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်ခဲ့သော ဗိုလ်ချုပ်၏အနွယ်ဝင်၊ မျိုးချစ်ပုဂ္ဂိုလ်၏ ဇနီး၊ သားသမီးဖြစ်သည်ကို သိရက်နဲ့ သဘောတူခဲ့သည်။ ဒါဟာနောင်မှာ အရှုပ်အရှင်း ဖြစ်ပေါ်မည်ကို သိသိကြီးနဲ့ ကြည့်နေခဲ့သလားလို့ မေးခွန်းမေးစရာ ရှိပါသည်။

ဒေါ်စုကြည်မှာလဲ သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉ (စ) ကိုပြင်ချင်သည်။ ၅၉(စ) ကိုပြင်ပါကအခြေခံဥပဒေကို ပြင်ရမည်။ ထိုအခါ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမည်ဖြစ်သဖြင့် ဒေါ်စုကြည်သည် တပ်မတော်နဲ့ ထိပ်တိုက်တွေ့ချင်သော အနေအထားတရပ်ကို ဦးတည်နေသည်။ သူမ ကိုယ်တိုင်လည်း “ကျွန်မရဲ့ အဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကိုချစ်ပါတယ်” လို့ပြောဘူးတော့ ဗိုလ်ချုပ်ကြီး နေဝင်းတို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ဦးစီးခဲ့သောတပ်မတော်ကိုမချစ်ဘူးလို့ ပြောသလိုအဓိပ္ပာယ်သက်ရောက် နေသည်။ ထိုကြောင့်လဲ ယခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အထိ အမျိုးမျိုးအတိုက်ခံ ပြုလုပ်ခဲ့ပြီးနောက်ဆုံး ကြီး(၄)ကြီးတွေ့ဆုံရန် တောင်းဆိုမှုတွေ၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွေကိုသာ အဓိကထားပြီးအတိုက်အခံ ပြုလုပ်နေခြင်းဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တဖက်တလမ်းမှ ပါဝင်ဆောင်ရွက်မှုများအား ထိရောက်စွာ ကူညီလုပ်ဆောင်ခြင်း မရှိဘဲ သူမ၏ ပုဂ္ဂိလ်ရေး ခံစားချက်များကိုသာ အဓိကထားကာလုပ်ဆောင်နေသလို ဖြစ်နေပါသည်။ 

ဒေါ်စုကြည် မေ့နေသည်အချက်မှာ သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်ြ ဖစ်တယ်ဆိုတဲ့ ခံယူတက်တဲ့စိတ် ကင်းမဲ့နေခြင်းဖြစ်သည်။ ယနေ့အချိန်တွင် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရမည့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေခြင်းသည် အာဏာရရှိရေးကိုသာ ဦးတည်နေခြင်းပင် ဖြစ်ပေသည်။ နိုင်ငံကိုအုပ်ချုပ်တဲ့ သမ္မတဖြစ်ချင်သည် ဟုပြောဆိုပြီး အာဏာရရှိရေးကိုသာ ဦးတည်ပြီး ပြည်သူ့အားကိုရယူနေတော့ သည်။ တန်ဖိုးရှိသော အချိန်ကို ဖြုန်းနေခြင်းသာဖြစ်သည်။ သူမအသက်အရွယ်ကို ကြည့်ပါကလဲအချိန်သိပ့်မရှိတော့ပေ။ သို့သော် အသိတရားလဲမရ၊ တိုင်းပြည်အတွက်လဲ အကျိုးရှိအောင် မလုပ်နိုင်၊ သူမမှာဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်မှုမှာလဲ အမှန်ပင်မရှိတော့ပေ။ သူမ၏စိတ်ထဲတွင် နိုင်ငံတိုးတက်ဖို့ထက် ပြည်ပနိုင်ငံကြီးများကိုသာ အထင်ကြီးအားကိုး လိုစိတ်များ ဖုံးလွှမ်းနေခြင်းပင်ဖြစ်သည်။ ဥပဒေကိုမလိုက်နာသူ၊ အစိုးရကိုဆန့်ကျင်လိုစိတ်ရှိသူ၊ မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်ကိုအကောင်းမမြင်သူ၊ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိသူကို ကျွန်တော်တို့ နိုင်ငံ ခေါင်းဆောင်အဖြစ် မည်ကဲ့သို့ အသိအမှတ်ပြုနိုင်မည်နည်း….ဆိုတာကို ကျွန်တော်တို့ စဉ်းစားစရာဖြစ်နေပါတော့သည်။ 
မောင်ဇော် 

9 comments:

aye byar a pwar gyi ka sate kone sa yar kg lar v :(

မောင်ဇော် မျိုးရို မြန်မာ ဘယ်သူမှ မသိပါ။

မောင်ဇော် fills out a small detail explaining Su Kyi behavior.

ဒီ သ တင်း ကို ​ရေး တာ လူ မှ ဟုတ်​ ရဲ လား ​တော်​ ​တော်​ ရွံ ဖို့​ ​ကောင်း တယ် ဗိုလ်​ ချုပ်​ က ​တော်​ ကို ဒီ လို ​ပြော တဲဟာ ကြီး အ​ ​သေ ဆိုး နဲ ​သေ ပါ ​စေ

ဖာသည်မကြီးက သူသမ္မတဖြစ်ဖို့ ဘယ်လောက်ပဲကြံကြံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နည်းနည်းမှအလျှော့မပေး မတွေဝေလို့ တော်သေးတာပေါ့။ ခွေးမကြီး ဘာတွေပဲပြောပြော စောက်ရူးဖြစ်တာပဲ အဖတ်တင်လိမ့်မယ် အစိုးရကတော့ အပြုံးမပျက်ဘူး။ ခွေးဟောင်တိုင်း ထကြည့်နေရရင်လည်း အိပ်ရေးပျက်တာပဲ အဖတ်တင်မှာပေါ့။

န လပိန်းတုန်း nld နောက်လိုက်ခွေးတွေသေချာဖတ်ကြ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်