Subscribe to our RSS Feed

အမေရိကန် နှင့် ရုရှား နိုင်ငံခြားရေး ၀န်ကြီးများ လန်ဒန် တွင် ယူကရိန်း အရေး ဆွေးနွေး

အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဂျွန်ကယ်ရီ နှင့် ရုရှား နိုင်ငံခြားရေး ၀န်ကြီး ဆာဂေလက်ဗ်ရော့တို့သည် ယူကရိန်း အရေး ဆွေးနွေးရန် အတွက် ဗြိတိန် နိုင်ငံ လန်ဒန်မြို့ တွင် တွေ့ဆုံ ခဲ့ကြ ကြောင်း သိ ရသည်။

ကရိုင်းမီးယားဒေသအား ရုရှား၏ အုပ်ချုပ်မှုအောက်ထားရှိသင့်မသင့် ဆုံးဖြတ် မည့် ပြည်သူ့ဆန္ဒ ခံယူ ပွဲ ကျင်းပခြင်းနှင့် ကရိုင်း မီးယားဒေသသို့ ရုရှားက စစ်ရေးအရ ၀င် ရောက် ကျူးကျော်ခြင်း တို့ကြောင့် အမေရိ ကန် နှင့် ဥရောပသမဂ္ဂတို့သည် ရုရှား အပေါ် အရေး ယူပိတ်ဆို့မှုများ ချမှတ်လာနိုင်ကြောင်း ကယ်ရီက လက်ဗ် ရော့ အား သတိပေးစကား ပြောဆိုလာနိုင်သည်ဟု မျှော်မှန်းချက်များ ရှိနေခဲ့သည်။ ကရိုင်းမီးယား ဒေသအား ရု ရှား က လက်အောက်ခံအဖြစ် သိမ်းပိုက် ခဲ့ပါက အရေး ပါသော လုပ်ဆောင်မှု များကို ပြုလုပ်မည်ဖြစ်ကြောင်း ကယ်ရီက သတိပေး ခဲ့ပြီး ဖြစ်သည်။ ယူကရိန်း၏ ရုရှားလိုလားသော သမ္မတ ဗစ်တာယာနူကိုဗင့်ခ်ျ ဖေဖော်ဝါရီ (၂၂) တွင် ပြုတ်ကျခဲ့ပြီးနောက် ရုရှားစစ်တပ်သည် ကရိုင်းမီးယားဒေသသို့ ကျူးကျော် မှုများကို ပြုလုပ်ခဲ့သည်။ လန်ဒန်သည် ယခုအချိန်တွင် စစ်အေးခေတ် တင်းမာမှုများပြန်လည် အသက် ၀င်ရာ နေရာတစ်ခုဖြစ် နေပြီ ဖြစ် ကြောင်း မီဒီ ယာများက ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီးများသည် လန်ဒန်မြို့လယ်ရှိ အမေရိကန် သံအမတ်ကြီး၏ အိမ်တော်တွင် တွေ့ဆုံမည် ဖြစ်သည်။ ယူကရိန်း ရှိဖြစ်ရပ်များနှင့် ပတ် သက်ပြီး အမေရိကန်နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီးများသည် အမြင်ချင်းများစွာ ကွဲပြား နေကြသည်။

တနင်္ဂနွေနေ့ ပြည်သူ့ဆန္ဒခံယူပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ရုရှားသည် နိုင်ငံရေးနှင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုများကို ကြုံတွေ့ရမည်ဖြစ် ကြောင်း ကယ်ရီက ပြောဆိုခဲ့ဖူးသည်။ ကရိုင်း မီးယား အရေးနှင့်ပတ်သက်ပြီး ရုရှားသည် အပြုသဘောဆောင်သော လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိပါက အမေရိ ကန်နှင့် ဥရောပသမဂ္ဂတို့သည် တနင်္လာနေ့ တွင် အ ရေးယူမှုများကိုချမှတ်ချတော့မည်ဖြစ်ကြောင်း ကယ်ရီက လန်ဒန်မြို့  ၌ သောကြာနေ့တွင် ပြော ဆိုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ ဆွေးနွေး မှုသည် ကရိုင်းမီးယား ၌ ပြည်သူ့ဆန်္ဒ ခံယူပွဲ မပြုလုပ်မီတွင် အဆင့်မြင့်ခေါင်းဆောင် နှစ်ဦး ၏ မျက်နှာချင်းဆိုင်ဆွေးနွေးမှုဖြစ်ပြီး ယင်း ဆွေးနွေးမှုသည် ယူကရိန်းအကျပ်အတည်း ပြေလည်သွားမည်မသွားမည်နှင့် ပိုမိုဆိုး ၀ါးသော အကျပ်အတည်း ဖြစ် ပေါ်လာမည် လာမည်ကို ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။ ယူကရိန်း လက်အောက်ခံဒေသ တစ်ခုခု သည် နိုင်ငံတွင်းမှ ခွဲထွက်လိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖြစ်စဉ်များ အရသာ ခွဲထွက် ခွင့် ရှိကြောင်း ယူကရိန်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြထားသဖြင့် ယူကရိန်းအစိုးရ သည် ကရိုင်းမီးယား ၌ ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပမည့်ကိစ္စကို လက်သင့်ခံကောင်းခံမည် ဖြစ်သော်လည်း ရုရှားမှာမူ ယူကရိန်း နိုင်ငံ တွင်း ကျူးကျော် ၀င် ရောက်ရန် အခွင့်မရှိ ကြောင်း ကယ်ရီကသောကြာနေ့တွင် ပြော ဆိုခဲ့သည်။

ရုရှားသည် ယာနူကိုဗင့်ခ်ျ ပြုတ်ကျ သွားပြီးနောက် ပေါ်ပေါက်လာသည့် ကိယက်ဗ် ရှိ ကြားဖြတ် အစိုး ရသစ်အား အာဏာသိမ်း သည့်နည်းလမ်းဖြင့် အာဏာရရှိခဲ့သည့် အစိုးရ အဖြစ်သတ်မှတ်ထားပြီး အသိအမှတ် ပြု ခြင်း မရှိခဲ့ချေ။ ကုလလုံခြုံရေးကောင်စီ၌ ကြာသ ပတေးနေ့တွင် ချာကင်က နိုင်ငံ အားနှစ်ခြမ်း ကွဲအောင် လုပ်ဆောင်နေသူများမှာ ရုရှား အစိုးရမဟုတ်ဘဲ ကိယက်ဗ်ရှိ ကြားဖြတ်အစိုးရ သာ ဖြစ်ကြောင်း စွပ်စွဲပြော ဆိုခဲ့ သည်။

Source:BBC

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်