Subscribe to our RSS Feed

Dhaka Tribune သတင်းစာဆောင်းပါးက ထုတ်နှုတ်ရသော အသိ



Dhaka Tribune သတင်းစာတွင် ပါရှိသော Zeeshan Khan ၏ ဆောင်းပါးသည် မြန်မာနိုင်ငံအား စော်ကားသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ဖက်မှ စဉ်းစားလျှင် ၎င်းဆောင်းပါးကြောင့် မြန်မာ့နိုင်ငံရေး၌ အတိုက်အခံများ စစ်တပ်နှင့် အစိုးရအပေါ် စွပ်စွဲနေသည့် အောက်ပါ အချက်သုံးခုသည် အမြင်လွဲမှားနေကြောင်း အလိုလို ဖြေရှင်းပြီးသား
ဖြစ်သွားသည်။

၁။ မြန်မာနိုင်ငံတွင် လွှတ်တော်တွင်း နှင့် အခြေခံဥပဒေ၌ စစ်တပ် နှင့် ကာချုပ်တို့ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို လုံးဝဖျက်သိမ်းရန် ကြိုးစားမှု

ဆောင်းပါးရှင် Zeeshan Khan ၏ ဘင်္ဂလားဒေ့ရှ်အစိုးရအား အဓိက တိုက်တွန်းချက်မှာ ရုရှသမ္မတပူတင်မှ တင့်ကားများဖြင့် ခရိုင်းမီးယားကို ကျူးကျော်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ မြန်မာ့မြေပေါ် စစ်အင်အားဖြင့် ကျူးကျော်ဝင်ရောက်ရန် ဖြစ်သည်။ အမှန်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရသည်လည်း ဤသို့ လုပ်ဆောင်ရန် အစဉ်တစိုက် စိတ်ကူးရှိခဲ့သည်။ မြန်မာဘက်မှသာ ကြိုတင်ကာကွယ်မှုများ မပြုလုပ်ခဲ့လျှင် ရခိုင်တစ်ခြမ်း ပါသွားဖွယ်ရာ ရှိသည်။

"ယခုခေတ်ကြီး အင်အားကြီးတိုင်း မနိုင်ပါဘူး။ စစ်တပ်မလိုပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ငြိမ်အေးချမ်းဖို့သာလိုတယ်" စသည်ဖြင့် ပြောကြသည်။ စစ်တပ်၏ ကာကွယ်ရေးကဏ္ဍကို အရေးမပါသလို နှိမ့်ချကြသည်။ မြန်မာလို ဘင်္ဂလားဒေ့ရှ် နှင့် လူမျိုးရေး ဘာသာရေးအရ ပဋိပက္ခ
ရှိနေပြီး အချိန်မရွေး စစ်ဖြစ်နိုင်သည့် နိုင်ငံတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ ကာချုပ်၏ အခန်းကဏ္ဍကို နိုင်ငံရေးနယ်ပယ်မှ ဖျောက်ပစ်၍ မရ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်အားကြီးရာ အနိုင်ယူသည်သာ ဖြစ်သည်။ အမေရိကန် အီရတ်အား ကျူးကျော်မှု။ အင်္ဂလန်-အာဂျင်တီးနား ဖော့ကလန်ကျွန်းအရေး။

မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး risk ရှိနေသရွေ့ စစ်တပ်၏၊ ကာချုပ်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေး၌ အရေးပါသော ကဏ္ဍအဖြစ် ပါဝင်နေရဦးမည် ဖြစ်သည်။ အခြေခံဥပဒေ၌ အတိုင်းအတာ တစ်ခုထိ ကန့်သတ်၍သာ ရနိုင်သည်။ ဖျောက်ဖျက်ရန် ကြိုးစားခြင်းသည် ကိုယ့်ပေါင်ကို တံတောင်နှင့် လှန်ထောင်းရာ ကျသည်။ ယခုပင်လျှင် ဘင်္ဂလားဒေ့ရှ်မှ အသံထွက်လာသည်နှင့် မြန်မာစစ်တပ် နှင့် ကာချုပ်ကို တကြရသည် မဟုတ်ပါလော။

၂။ စစ်လက်နက်အင်အား တိုးချဲ့မှုအပေါ် ဝေဖန်ခြင်း

မြန်မာနိုင်ငံ၏ စစ်ရေးအသုံးစားရိတ်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။ ယခုလည်း ရှိနေဆဲ ဖြစ်သည်။ ဝေဖန်မှုများမှ ပညာရေး နှင့် ကျန်းမာရေးအသုံးစားရိတ်အား လျှော့ချ
ထားခြင်းအား ဝေဖန်မှုကို လက်ခံသည်။ မှန်သည်။ ထိုအသုံးစားရိတ်များကို မြှင့်တင်ရမည်။ သို့သော် ၎င်းနှင့် ဆက်စပ်အဆို စစ်ရေးအသုံးစားရိတ်၊ အထူးသဖြင့် စစ်လက်နက် ဝယ်ယူရေးအတွက် သုံးစွဲခြင်းအား ကန့်သတ်မှုကိုမူ သဘောမတူပါ။ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဟူသည်မှာ အမှန်ပင်ဖြစ်သည်။ အမေရိကန်၊ တရုတ်၊ အစ္စရေးလ်တို့ကို နမူနာထားနိုင်သည်။ ကျွန်တော်တို့ တားမြစ်သင့်သည်က တပ်မတော်အင်အားကောင်းလာမှုကို မဟုတ်ပဲ ထိုအင်အားကို အလွဲသုံးစား အသုံးချမည်ကိုသာ ဖြစ်သည်။ ကျွန်တော့်အမြင်အရမူ မြန်မာ့ စစ်လက်နက်အင်အားကို
နျူလီးယားထိပ်ဖူးများ တပ်၍ တိုးချဲ့ ပါစေ လက်ခံသည်။ ဝမ်းမြောက်သည်။ ထိုထိပ်ဖူးများကို အလွဲသုံးစားမလုပ်ရန်သာ အရေးကြီးသည်။ မြန်မာ နျူ ပိုင်ဆိုင်မည်ဆိုသည်ကို တားမြစ်ကြသောသူများသည် မည်သည့် mindset ရှိသည်ကို စဉ်းစားမရ။ ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာကို မကျူးကျော်ရဲသည်မှာ တပ်မတော်နေ့က ခင်းကျင်းပြသခဲ့သော ဒုံးကျည်များကြောင့် ဖြစ်သည်ကို သဘောပေါက်သင့်သည်။

အရာရာတိုင်း အစိုးရ သို့မဟုတ် စစ်တပ်ကို ကန့်လန့်တိုက်တိုင်း ကောင်းသည်မဟုတ်။ အတိုက်အခံသည်လည်း တိုင်းပြည်ကာကွယ်လိုစိတ်၊ မျိုးချစ်စိတ်၊ အမျိုးသားအကျိုးစီးပွားကို တိုးတက်စေလိုစိတ် ရှိသင့်သည်ဟု သတိပေးလိုသည်။

၃။ နယ်စပ်လုံခြုံရေးအတွက် စစ်အင်အား တိုးချဲ့ချထားခြင်းအပေါ် နောက်ကြောင်းပြန်လိုမှုဟု စွပ်စွဲခြင်း


ယခုလက်ရှိ အခြေအနေအရ အစိုးရမှ ချထားသော တပ်များသည်ပင် မလုံလောက်ဟု ညွှန်းဆိုနေသည်။ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာတို့၏ ရေပိုင်နက်ပြသနာ နှင့် "ရိုဟင်ဂျာ" (ဘင်္ဂါလီ) ပြသနာများသည် နှစ်နိုင်ငံ စစ်ရေး alert ဖြစ်နေရသော အခြေအနေဖြစ်သည်။ တပ်များတိုးချဲ့ ချထားခြင်းသည် နယ်စပ် မူဆလင်သူပုန်များ၏ ရန်ကိုလည်း ကာကွယ်ရာ ရောက်သည်။ ဤအခြေအနေသည် လူတိုင်းသဘောပေါက်နိုင်သော အခြေအနေဖြစ်သည်။ သို့သော် ဘူးလုံးနားမထွင်း၊ ရွှေဥာဏ်တော် စူးရောက်၍ "တပ်များတိုးချဲ့  ချထားခြင်းသည် နောက်ကြောင်းပြန်ချင်လို့" ဟု စွပ်စွဲချင်သူများ ရှိသေးသည်။

မည်သို့ပင်ဖြစ်စေ ယခု Zeeshan Khan မှ ပူတင်ပုံစံ အချုပ်အခြာအာဏာပိုင် မြန်မာအား ကျူးကျော်၍ ခွဲထွက်ရေး/မထွက်ရေး eferendum ပြုလုပ်ချင်သည်ဟုပင် ဆိုနေပြီဖြစ်ရာ မြန်မာတပ်များ တိုးချဲ့  ချထားသင့်သည်မှာ လုံးဝထင်ရှားနေပြီဖြစ်သည်။ ဤအခြေအနေ၌ပင် တပ်များတိုးချဲ့ ချထားသည်ကို ဝေဖန်လာလျှင်တော့ ထိုသူကို အမေကျော် ဒွေးတော်လွမ်းသူဟုသာ ဆိုရတော့မည်။

မြန်မာနိုင်ငံသားမှန်လျှင် မည်သည့်ဘာသာဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်နိုင်ငံရေးဝါဒကို ခံယူသည်ဖြစ်စေ တိုင်းပြည်ချစ်စိတ်ကို အရင်းခံပြီး အမျိုးသားလုံခြုံရေးကို ပူးပေါင်းကာကွယ်ကြဖို့ အချိန်ရောက်ပြီ ဖြစ်သည်။ ကျဉ်းမြောင်းသော တစ်ဖက်သတ်အမြင်များဖြင့် အမေကျော်
ဒွေးတော်လွမ်းသည့် အပြောအဆို၊ အပြုအမူများကို စွန့်လွှတ်ကာ အမျိုးသားအကျိုးစီးပွားကိုသာ
ရှေ့တန်းတင်ကြဖို့ တိုက်တွန်းလိုက်ပါသည်။

credit to Myo Min Thant

5 comments:

ကျွန်တော်ကတော့ ကမ္ဘာတည်သရွေ့မြန်မာနိင်ငံရှိနေစေချင်သည်
ဒါမှသာ သိနားလည်တော်သောလူမျိုးဖြစ်ပေလိမ့်မည်
မိမစစ် ဖမစစ်တို့သည်ဘာမှနားမလည်

No matter how much you write on the value of Tat-Ma-Daw, the people like Su Kyi, NLD and others including some monks do not listen. It is like playing harp near the buffalo.

စစ်တပ် က နိုင်ငံတစ်နိုင်ငံအတွက် တကယ်အရေးပါ အရာရောက်ပါသည်၊ စစ်လက်နက်သည်လည်း အရေးပါ သည်ကို လက်ခံပါသည်။ သို့သော် စစ်အင်အား တိုးချဲ့ရာတွင် အင်အားရလျှင်ပြီးရော ဆိုပြီး အရင်လို တွေ့ကရာ လူကို ဆွဲသွင်းနေမယ်ဆိုရင်...အရည်အသွေး မရှိတဲ့ စစ်တပ်ဖြစ်လာရုံမက တပ်ထဲက တကယ်ကောင်းတဲ့၊တော်တဲ့ သူလူတွေပါ နာမည်ပျက် စိတ်ဓာတ်တွေကျဆင်း ပျက်ပြားနိုင်ပါတယ်။ အရေအတွက်မှ အရည်အချင်း မဟုတ်ဘဲ..အရည်အချင်းမှ အရေအတွက် ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းပြီး ကျင့်သုံးစေချင်သည်ဟု အကြံပြုချင်ပါသည်။ (မျိုးချစ်တပ်မတော်သားဟောင်း (အငြိမ်းစား၊ ပင်စင်စား တစ်ဦး)

မင်းတို့လို စစ်ခွေးဖားတဲ့ကောင်တွေက ကာချုပ်နဲ့ပေါင်းပြီး စာရေးဆရာကို ဘယ်လောက်ပေးပြီး အရေးခိုင်းထားသလဲမှန်းမှ မသိတာ။ လွှတ်တော်ထဲ ကုလားအမတ်တွေ ၀ှိုက်ကဒ်နဲ့ ၀င်လို့ရအောင်လုပ်တာလည်း မင်းတို့လို စစ်ခွေး ကို မအေပေးထားတဲ့ကောင်တွေပဲ။

ဖာစုကြည်​ လို ဒီမိုအဓိက စစ်​တပ်​ကိုဖယ်​ရှားပါဆီုခဲ့ ရင်


၇၈၆ ကုလား​တွေက မြန်​မာ​တွေ အမ အထိးပါမကျန်​ ဖင်​အသားနီလန်​​အောင်​​တောင်​လိုးသွားလိမ့်​မယ်
၈၈၈၈ အ​နောက်​​မျော်​ ကျွန်​သ​ဘောက်​ ဖာဒီမီု အဖွချုပ်​တို့  အထူးသတိထားကြ လိးဒီမိုက​ရေစီလား ဖင်​ခံချင်​​နေကြတာလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်