Subscribe to our RSS Feed

တစ်မိနစ် ၂၅ကျပ်နှုန်းဖြင့်မိုဘိုင်းဖုန်းနံပါတ်သုံးခုကို ခေါ်ဆိုနိုင်တဲ့ဝန်ဆောင်မှုစပေး

From : .. The Modern News Journal

တစ်မိနစ် ၂၅ ကျပ်နှုန်းနဲ့ MPT မြန်မာ့ဆက်သွယ်ရေးက ယနေ့ (ဇူလိုင် ၂၉) ကစပြီး သြဂုတ်လ ၃၁ ရက်ထိ Friends and Family (သူငယ်ချင်း/ မိတ်ဆွေ/ မိသားစုဝင်) မိုဘိုင်းဖုန်းများကို ၀န်ဆောင်မှုပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးကကြေညာချက်ထုတ်ပြန်ပါတယ်။

၁) GSM နဲ့ WCDMA တွေမှာသုံးနိုင်ပါတယ်။

၂) ၀န်ဆောင်မှုရလိုသူတွေဟာ 1331 ကို Message ပေးပို့ရပါမယ်။


၃) တစ်မိနစ် ၂၅ ကျပ်နှုန်းနဲ့ မိုဘိုင်းဖုန်းနံပါတ် ၃ ခုကို ခေါ်ဆိုခွင့်ရမှာဖြစ်ပြီး ၂၅ ကျပ်နဲ့ခေါ်ချင်တဲ့ ဖုန်းနံပါတ် ၃ခုကို 1331 သို့ ADD နဲ့ (ပေးပို့လိုသောဖုန်းနံပါတ်)ကိုရိုက်ပြီး Message ပေးပို့ရမှာဖြစ်ပါတယ်။


၎) ဖုန်းနံပါတ်တွေပေးပို့ပြီးတဲ့အခါ "Success! You can call 09…… for 25 kyat/min until 2014-8-31" ပြန်လည်လက်ခံရရှိမှာဖြစ်ပါတယ်။ ဖုန်းနံပါတ်သုံးခုထက်ကျော်ပြီး ပေးပို့လို့မရပါ။

၅) စာရင်းသွင်းထားပြီးတဲ့ ဖုန်းနံပါတ်သုံးခုကိုအခြားမိုဘိုင်းဖုန်းနံပါတ်နဲ့အစားထိုးပြောင်းလဲလိုပါက မိမိဖုန်းမှာ MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုတဲ့ဖုန်းနံပါတ်အသစ်) ကို 1331 သို့ Message ပေးပို့ပြောင်းလဲနိုင်ပါတယ်။


၆) ၀န်ဆောင်မှုအတွက် မှတ်ပုံတင်ကြေးအဖြစ် ကျပ် ၂၅၀၀ကို ၀န်ဆောင်မှုအသုံးပြုမယ့်သူရဲ့ မိုဘိုင်းဖုန်းလက်ကျန်ငွေကနေ နုတ်ယူမှာဖြစ်ပါတယ်။


လောလောဆယ် CDMA ဖုန်းတွေပါဝင်ခွင့်မရသေးဘဲ မကြာခင်အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။ အသေးစိတ်သိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့ှ်ုရှုနိုင်ပြီး 1876 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

.
. www.MyanmarExpress.net
 

2 comments:

- ရူးနေလား MPT ရယ်
- ဒီလို service တွေဟာ နိုင်ငံခြားမှာ Free ပေးတာပါ .
- ၂၅ကျပ်နဲ့ ပြောဖို့အတွက် ၂၅၀၀ ဖြတ်မယ် ...
- နောက် ရက်၃၀ ပဲ သုံးလို့ရမယ်
- နံပါတ် ၃ ခု ပဲ ရမယ်
- ဘာလို့ အပင်ပန်းခံပြီး MPT ပြောတဲ့ အတိုင်း လုပ်မှာလဲ
- အခု ရောင်းနေတဲ့ Ooredoo Card ဝယ်လိုက် ပိုတောင်
- သက်သာသေးတယ်
MPT ကလူတွေ ဘာ Idea မှ မရှိ ။ ဘာအတွေ့အကြုံ မှလဲမရှိ
မြင်ယောင်ပါသေးတယ် ...

တစ်လ ၂၅၀၀ ပေးရမှာလားဒါမျမဟုတ်တစ်ခာါပဲပေးရမျာလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်