Subscribe to our RSS Feed

ကေအိုင်အေအဖွဲ့မှ မိုင်းနောင်ကျေးရွာမှ ရွာသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ဒေသခံများ ထိတ်လန့်နေ



ယမန်နေ့ည ၅ နာရီအချိန်ခန့်တွင် ပါကွယ်ယန်မြို့နယ်မှူးအဆင့်ရှိ မရစ်လလုံး၊
ဒုမြို့နယ်မှူးအဆင့်ရှိ လနူးနှင့် စီဗွီ ဘရန်ဆိုင်းတို့ ၃ ဦးသည် မိုင်းနောင်ကျေးရွာ၏  အနောက်တောင်ဘက်တွင် တရားမ၀င်ရွှေတူးဖော်သည့်နေရာသို့ ရောက်ရှိလာခဲ့ပြီး
ရွှေမှော်တွင် ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်နေသော မိုင်းနောင်ကျေးရွာမှ မောင်ယောဟန်နှင့် မောင်နော်ထွန်းတို့အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ထိုကဲ့သို့ ကေအိုင်အေ( ကချင်) အဖွဲ့၏ မင်းမဲ့စရိုက်ဆန်ဆန် လူသစ်စုရန် ဖမ်းဆီးသွားမှုနှင့် ပါတ်သတ်ပြီး ဒေသခံကျေးရွာများမှ တပ်မတော်စစ်ကြောင်းများသို့ အကူအညီတောင်းခံထားကြောင်းသိရသည်။

တပ်မတော်စစ်ကြောင်းများမှ နိုင်ငံတော်သမ္မတကြီး၏လမ်းညွန်မှုနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ အမိန့်အောက်တွင် ငြိမ်းချမ်းရေးအတွက် ရှေးရှူကာ အပစ်အခတ်ရပ်စဲထားသည့်အချိန်တွင် KIA အဖွဲ့မှ ဒေသခံများအား အတင်းအဓမ္မလူသစ်စုခြင်း၊ ဆက်ကြေးကောက်ခြင်း၊ တပ်မတော်စစ်ကြောင်းများအား ခြောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထို့အပြင် မဘိမ်းမြို့နယ်၊ မိုးလှိုင်းကျေးရွာနေ အမျိုးသမီး (၄) ဦးအား ဇူလိုင် (၁၅) ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့်
ဇူလိုင် ၁၉ ရက်နေ့က တစ်ဦးလျှင် ငွေ (၁၅) သိန်း ပေး၍ ပြန်ရွေးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်