Subscribe to our RSS Feed

ဒေါ်စု သမ္မတဖြစ်လျှင် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားအားလုံး အမေရိကန်သိမ်းမည်

From : .. irrawaddy

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်မှု အပါအဝင် အပြောင်းအလဲများ ဆက်မလုပ်ပါက မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားများကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ပိတ် ပင်ထားမည်ဟု ထိပ်တန်း အမေရိကန် အထက်လွှတ်တော်အမတ်တဦးက ပြောကြားလိုက်သည်။

မစ်ခ်ျ မက်ကော်နဲလ်၏ ယမန်နေ့က အထက်လွှတ်တော် မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို စိုးရိမ်ကြောင်း၊ မြန်မာအနေဖြင့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် မလုပ်ဆောင်ပါက အမေရိကန်ပြည်ထောင်စုကို တင်သွင်းမည့် ကျောက်စိမ်းနှင့် ပတ္တမြားများကို ထပ်မံ ပိတ်ဆို့မှု အဆုံးသတ်ရန် မမြင်ကြောင်း၊ တသီးပုဂ္ဂလများအပေါ် ဆက်ဆက် ပိတ်ပင်ထားနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

“၂၀၁၅ ရွေးကောက်ပွဲ တရားဝင်မှုကိစ္စနဲ့ အဓိက ဆက်စပ်နေတာက ဖွဲ့စည်းပုံဆိုင်ရာ သမ္မတ အရည်အချင်း သတ်မှတ်မှုကိစ္စ တိုးတက်မှု မရှိဘဲနဲ့တော့ ကန့်သတ်ပိတ်ပင်မှုတွေ ဖြေလျှော့ဖို့ ခက်ခဲပါတယ်” ဟု မြန်မာ့အရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ လေ့လာပြောဆိုခဲ့သူ မစ္စတာ မစ်ခ်ျ မကော်နဲလ်က ဆိုသည်။

မစ္စတာ မစ်ခ်ျ မကော်နဲလ်သည် လွန်ခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သေးသည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သတင်းမီဒီယာ လွတ်လပ်ခွင့် အလွန်တင်းကြပ်ထားခဲ့သည်ကို ဖြေလျှော့ပေးခြင်း၊ နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း၊ နိုင်ငံရေးအကျဉ်း သားများအား ပြန်လွှတ်ပေးခြင်းများသည် သိသာထင်ရှားသည်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလင်းရောင်တွေထဲက တော်တော်များများကို ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတုန်းက ကျနော် မြန်မာနိုင်ငံကို သွားစဉ် ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့ရတာပါ။ ဒီကနေ့ ကမ္ဘာကြီးမှာ အမှောင်ကို ဖြတ်သန်းနေရတဲ့ လူ့အဖွဲ့အစည်းတွေထဲက ထူးခြားတဲ့ တိုးတက်မှုအနေနဲ့ မြန်မာ့ အပြောင်းအလဲ ကိစ္စဟာ သေးသေးလေးမှ မဟုတ်တာပဲ” ဟု မစ္စတာ မစ်ခ်ျ မကော်နဲလ်က ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိသော်လည်း လက်ရှိ အခြေအနေတွင် ဒီမိုကရေစီ နည်းလမ်း မကျသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အရိပ်အယောင် မမြင်ရသေးပေ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ဦးဆောင်ကာ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ခက်ခဲသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး လှုပ်ရှားမှုလည်း လုပ်ဆောင်ခဲ့ပြီး လက်မှတ်ပေါင်း ၅ သန်းကျော် ရကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်သည် ပြည်သူ့အသံ ထင်ဟပ်ရမည်ဟု ဆိုသော်လည်း  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကမူ အဆိုပါ ဖွဲ့စည်းပြင်ဆင်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှုသည် လွှတ်တော်အမတ်များ တင်ပြမှု သဘောထား ဆန္ဒမဟုတ်၍ ပြည်သူ့လွှတ်တော်တွင် အကျုံးမ၀င်ကြောင်း မကြာသေးမီက ပြောဆိုထားသည်။

အမေရိကန် ပြည်ထောင်စုက အထူး ထောက်ပြနေသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) အရ သမ္မတ အရည်အချင်း သတ်မှတ်မှုတွင်  မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦး သော်လည်းကောင်း၊ ထို တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဟု ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ နိုင်ငံခြားသား ဖြစ်နေသည့်အတွက် အဆိုပါ ဥပဒေနှင့် ငြိစွန်းနေ၍ သမ္မတဖြစ်ခွင့် မရဘဲဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီက ပခုက္ကူမြို့ ခရီးစဉ်အတွင်း လူထု ဟောပြောပွဲ တခုတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

မစ်ခ်ျ မကော်နဲလ်က ပြောကြားရာတွင် လွတ်တော်ကော်မတီ တခုလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုကို အကောင် အထည်ဖော်နေကြောင်း၊ ပြင်ဆင် ပြောင်းလဲမည့် လက္ခဏာ မမြင်ရ၍ သူ့အနေဖြင့် စိုးရိမ်ကြောင်းလည်း ဆိုသည်။

ဖွဲ့စည်းပုံကို ပြင်ဆင်မှု မရှိဘဲ ဆက်လက် ပိတ်ပင်ကန့်သတ်မှုများ ရှိနေပါက အမေရိကန်  အထက်လွှတ်တော် အမတ်များနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စောင့်ကြည့်နေသည့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားဝင်ကြောင်း အသိအမှတ်ပြုရန် ခက်ခဲလိမ့်မည်ဟုလည်း မစ်ခ်ျ မကော်နဲလ်က ဆိုသည်။


.. www.MyanmarExpress.net
 

12 comments:

သူ့​စောက်​ပူလား မ​အေလိုးကြီး

ရာဇ၀င်ရိုင်းတယ်ကွာ ။ ။

why we should follow their suggestion?We are colonel of USA?

Hello Stupid USA !

Any reasons behind this?
Myanmar people are not stupid.
Fuck out USA.

ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်စုကြည်သမ္မတဖြစ်ခွင့်ကိုပိတ်တာဆိုရင် အခြားနိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံခြား သား/သူကိုယူထားရင်ရော ဒီဖွဲ့စည်းပုံက သူ့ကိုသမ္မတဖြစ်ခွင့်ပေးမှာလား၊ စဉ်းစားရမှာက ဒီအချက်က ဒေါ်စုကို ပိတ်ပင်တာလား ဒါမှမဟုတ် နိုင်ငံခြားသားနဲ့ ထဲထဲဝင်ဝင်ပတ်သက်သူမှန်သမျှ သမ္မတဖြစ်မလာအောင် တား ဆီးထားတာလားဆိုတာ သေချာစဉ်းစားကြပါ။ ဒီအချက်က အခုမှဖြစ်လာတဲ့အချက်မဟုတ်ပါဘူး၊ သေချာ လေ့လာကြည့်ကြပါ။

ဘယ်နိုင်ငံကပဲ ဖိအားပေးပေးမပေးပေးဂရုစိုက်စရာမလိုဘူး၊
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကိုပြင်စရာမလိုဘူး။
သမ္မတ ဖြစ်ချင်သူတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) နဲ့ ကိုက်ညီနေရမယ်။ မကိုက်ညီတဲ့ သူကတော့
သမ္မတ ဖြစ်ခွင့်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်မှု မရှိဘဲ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို
တရားဝင်ကြောင်း အသိအမှတ်ပြုရန် ခက်ခဲလိမ့်မည်ဟုဆိုတာ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ လုံးဝ ဆန့်ကျင်ဖက်ဖြစ်နေ တယ်။
ဘယ်သူက သမ္မတဖြစ်ပါမှ ဒီမိုကရေစီ
အစစ်အမှန်ဖြစ်တယ်ဆိုတာ လုံးဝလက်ခံနိုင်စရာ
အကြောင်းမရှိပါ။

အမေရိကန်က မြန်မာနိုင်ငံရဲ့ ၅၉(စ)ကိုပဲဝေဖန်နေပြီး သူ့တို့နိုင်ငံရဲ့ သမ္မတအရည်အချင်းကန့်သတ်ချက်ကိုကျတော့ ထုတ်မပြောတာ ဘာကြောင့်ပါလဲ ?????????

Fucking USA!
What happen in Libya?
http://news.yahoo.com/us-evacuates-embassy-libya-amid-clashes-115645465--politics.html

Blatant interference of our Myanmar affairs. We condemn US bullies.

စောက်ရေးမပါတာတွေပြောနေတယ် မအေလိုးတွေသူတို့ဘဲစောက်လုပ်မရှိတကမ္ဘာလုံးလိုက်စိုးရိမ်နေတယ်

သိမ်းပေါ့
ငါ့ဟာမှမဟုတ်တာ
ရွှေတောင်မှ တစ်ကျပ်ဆွဲကြိုးဝယ်ဖို့ လေးနှစ်လောက်စုလိုက်ရတယ်
ဝိုင်းမဆဲနဲ့နော်
ဟဲဟဲ

ရုပ်သေးရုပ်မဟုတ်ဘူးကွ။
အဘွားကြီးကိုသာ ကြိုးကိုင်လို့ရမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်